Pages

Tuesday, June 26, 2012

မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေကြီးမှု နောက်ဆုံးအခြေအနေ

 by 7Day News Journal
ရာဝ တီမြစ်ဘေးရှိ မြစ်ကြီးနား မြို့တွင် ဇွန်လ ၂၄ ရက်ည မှစတင်ကာ ဧရာဝ တီမြစ်ရေ တိုးလာပြီး ထိုမြို့၏ စိုးရိမ်ရေမှတ် အထက်ရောက် ရှိလျက်ရှိသည်။ မနေ့ည (ဇွန်လ ၂၅ ရက်) က မြစ်ရေပိုကြီး လာခဲ့ကြောင်း ဒေသခံများကပြောသည်။ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိပြီး မြစ်ရေကြီးခြင်းမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ရှစ်နှစ်ကြာမှ မြစ်ရေကြီးခဲ့ခြင်းဖြစ်သည်။

မြို့၏ ဧရာဝတီမြစ်ဘေးတစ်လျောက် ရပ်ကွက်အချို့တွင် မြစ်ရေ၀င်လျက်ရှိပြီး ဒေသခံများအနေဖြင့် ရေပိုမိုကြီးလာမည်ကို ပူပန်စွာစောင့်ကြည့်နေကြသည်။ မြစ်ရေ၀င်သောနေအိမ်အချို့မှ မြို့ခံများမှာ အထက (၅)ကျောင်းသို့ ယာယီသွား ရောက်ခိုလှုံလျက်ရှိကြောင်းလည်းဒေသခံအချို့ကပြောကြားသည်။

by 7Day News Journal



သီတာရပ်ကွက် ရေမြုပ် နေတဲ့အိမ် Photo- Seng Mai


မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် ဒေသခံများ မြစ်ရေစောင့်ကြည့်နေစဉ်။ Photo- Seng Mai

ရမ်ပူရပ်ကွက် လယ်ကွင်းရေမြုပ်နေစဉ် Photo- Seng Mai