Pages

Thursday, June 28, 2012

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ (ပေးစာ)

အယ်ဒီတာထံ ပေးစာ — June 28, 2012 at 1:23 pm
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ
၈-၆-၂၀၁၂ နေ့ ဘင်္ဂါလီကုလားများ မောင်တောမြို့ ၌ စုဝေး ၀တ်ပြုဆုတောင်းပွဲလုပ်ရန် လက်ဆောင် ဘဏ္ဍာငွေ ရယူ၍ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီးမှ ခွင့်ပြုပေးခဲ့ပါသည်။

၎င်းနေ့  နေ့ လည်၂ နာရီခန့် တွင်ဘဂါင်္လီ ကုလားများ ဆုတောင်း အပြီးတွင် မြို့ မ ဘုန်းကြီးကျောင်းနှင့် ယူနှိုက်တက် ဧည့်ရိပ်သာကို ခဲဖြင့် ပေါက်ပြီး မီးရှို့ရန် ကြံရွယ်နေစဉ် ရဲတပ်ရင်း အမှတ် ၂ တပ်ဖွဲ့ ဝင်များ သေနတ်ဖြင့် မိုးပေါ်သို့ ထောင်ပစ်ခတ်သဖြင့် ၄င်းဘင်္ဂါလီလူစုမှ ရပ်ကွက် ၄ ဗိုလ်မှူးရွာ သဇင် ဧည့်ရိပ်သာ ဘက်သို့ ရွေ့ လျား စုရုံးလာပြီး ဧည့်ရိပ်သာကို မီးရှို့ ရန် အော်ဟစ်နေစဉ် နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး အောင်ကြီးမှာလည်း ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များနှင့် အတူကားနှစ်စီးနှင့် ၄င်းဆူပူနေသော ဘင်္ဂါလီလူစုနှင့် ကိုက်တစ်ရာခန့် အကွာသို့ ရောက်ရှိနေပြီး အချိန်မှီ တားဆီး နိုင်ပါလျှက် မျက်ကွယ်ပြုပြီး ဆူပူမူုဖြစ်နေသော ဘင်္ဂါလီ လူစုနှင့်၂ ဖာလုံခန့် ကွာဝေးသော ဆေးရုံဝင်း အတွင်းသို့ ကားကို နောက်ဆုတ် ရပ်တန့် စဉ် အတွင်း တွင် သဇင် ဧည့်ရိပ်သာနှင့် ဗိုလ်မူးရွာ အိမ်တန်းကို မိးရှို့ ပြီး ဒေါက်တာခင်မောင်လတ်တို့  တစ်အိမ်သားလုံး ကိုလည်း ဓါးဖြင့်ထိုး လုယက် အကြမ်းဖက်နေခြင်းများကို ၄င်း နစကဒုဗိုလ်မှူးကြီး အောင်ကြီး မှ မတားဆီးပဲ မျက်ကွယ် ပြုနေခဲ့ပါသည်။
၎င်းနာရီပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်ရှိဝေသာလီရွာ၊ ရွှေရင်အေးရွာ၊ ခရေမြိုင်ရွာ၊ ကန်သာယာရွာ၊ ဗောဓိကုန်းရွာ၊ သရီကုန်ဘောင်ရွာ၊ ကိုင်းကြီးရွာ၊ မောရ၀တီရွာ များကိုလည်းမီးရှို့ လုယက် သတ်ဖြတ်ခံရခြင်းမှာလည်း ၄င်းနစကတပ်ဖွဲ့ မှ နယ်စပ် တလျောက် ကုလားကျေးရွာများ၌ တဖက် နိုင်ငံမှ တရားမ၀င် GSM တယ်လီဖုန်း တစ်လုံးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် လာဘ်ငွေယူ၍ ရိုဟင်ဂျာ ဘင်္ဂါလီ ကုလား များအား ကိုင်ဆောင်ခွင့်ပြုထားခြင်းကြောင့် ဆက်သွယ်မူ အားကောင်းကာ နာရီပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျယ်ပြန့် စွာလုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်မူတွင် ဦးဆောင် ပါဝင်သူ ဘင်္ဂါလီ လူမျိုးများဖြစ်သော ကမ်းနား ဟိုတယ်ပိုင်ရှင် ဒီလ်လာ၊  မောင်လှမြိုင်၊ ဆော်လာမောက် နှင့် တခြားစီးပွားရေးသမား ဘင်္ဂလီ ကုလားများကို မောင်တောနယ်စပ် ဒေသလုံခြုံမှူး ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီးနှင့် အမှတ်(၁) ၀င်ထွက်ဂိတ် မောင်တော နယ်မြေခံ နစက အရာရှိများမှ ၄င်းကုလားများထံမှ လာဘ်ငွေယူပြီး သတင်းပေး အမာခံဆိုပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ မဖမ်းဆီးနိုင်အောင်အကာကွယ်ပေးနေသောလုပ်ရပ်များကိုလည်းမျက်ဝါး ထင်ထင် တွေ့ မြင် နေရပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချူပ်ကြီး သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။
မောင်တောဒေသခံ နစကတပ်ဖွဲ့ ဝင်တစ်ဦး
( လုံးဝ တည်းဖြတ်ခြင်း မရှိဘဲ  ပေးပို့သော စာအတိုင်း ဖေါ်ပြလိုက်ပါသည်။)