Pages

Thursday, June 28, 2012

ဟိုတယ်အခန်းခ နှုန်းထားများ ၀န်ကြီး သတိပေး



မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲလာမှုကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်းဟာ အရင်နှစ်များထက် တိုးတက်မှု ရှိလာခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ဟိုတယ် အခန်းတွေ မလုံလောက်မှုတွေနဲ့ ဟိုတယ် တည်းခိုခ နှုန်းထား တွေကိုလည်း တိုးမြှင့်ခဲ့တာတွေဟာ ပြီးခဲ့တဲ့ လ အနည်းငယ်က ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာမှုကြောင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကလည်း စိတ်ဝင်စားမှုတွေ တိုးပွားလာပြီး လာရောက် လှည်ပတ်တဲ့ အခါမှ မြန်မာနိုင်ငံရဲ့ဟိုတယ်နှုန်းထားခတွေ ကတော့ အရှေ့တောင် အာရှနိုင်ငံတွေ ရဲ့ နှုန်းထားတွေထက် ပိုများပြားတာကိုကြုံတွေ့ခဲ့ရပါတယ်။

အဲဒီ အတွေ့အကြုံတွေအရ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီး ဦးတင့်ဆန်းက ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် ၀န်ကြီးရုံးမှာ အစည်းဝေးလုပ်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခန်းခ နှုန်းထားတွေ တည်ငြိမ်မှု ရရှိစေရန်နဲ့ မျှတ သင့်တင့်တဲ့ နှုန်းထားဖြစ်ဖို့အတွက် စီစဉ်ခဲ့ပါတယ်တဲ့။

အာဆီယံနိုင်ငံတွေရဲ့ ဟိုတယ် နှုန်းထားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံက ဈေးနှုန်းမြင့်မားမှု မရှိစေရန် နဲ့ အခြေခံအဆင့်ရှိတဲ့ Standard Room အခန်းခ နှုန်းထားတွေကို အမေရိကန် ဒေါ်လာ ၁၅၀ ထက်မပိုစေရန် ၀န်ကြီးဌာနက သတိပေးလိုက်ပါတယ်။

သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို မလိုက်နာခဲ့ဘူးဆိုရင်တော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ Foreign Direct Investment ဟိုတယ် အထွေထွေ မန်နေဂျာများရဲ့ ဗီဇာသက်တမ်း တိုးမြှင့်ရေး ကိစ္စများကိုလဲ တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ၀န်ကြီးက အသိပေးလိုက်ပါတယ်။
တခြား ဟိုတယ် ၀န်ဆောင်မှု ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။