Pages

Thursday, June 28, 2012

The Voice နဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှု တရားလိုစစ်ဆေးမှုစတင်

Popular Myanmar News Journal

The Voice Weekly ဂျာနယ်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့၏ အမှုနှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၂၈ ရက်တွင် တရားလို စစ်ဆေးမှု စတင်ခဲ့သည်။

သတ္တုတွင်းဝန်ကြီးဌာနမှ တရားလိုအဖြစ် ဦးဇော်ကိုကို ( ညွှန်ကြားရေးမှူး-သတ္တုတွင်းဝန်ကြီးဌာန) မှ အစစ်ဆေးခံခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာနနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစားပြုခြင်း ၊ ငွေစာရင်းမမှန်မကန်ဖော်ပြခြင်းတို့သည် သတ္တုတွင်းဝန်ကြီးဌာနတွင် မရှိသောကြောင့် ယခုလို တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။


““ အခုကိစ္စမှာတော့ မီဒီယာတွေ ကို နစ်နာစေချင်လို့ တရားစွဲခြင်းမဟုတ်ပါဘူး။ ဒီသတင်းကိုပဲတခြား ဂျာနယ်တွေမှာဖော်ပြထားတာရှိပါတယ်။
Weekly Eleven နဲ့ Bi Weekly Eleven
ဂျာနယ်တွေဖော်ပြထားတယ်။ ဒါပေမယ့်
ကျွန်တော်တို့ အဲဒီဂျာနယ်တွေကို တရားမစွဲပါဘူး။ အခု Voice ဂျာနယ်မှာရေးသားဖော်ပြချက်ဖြစ်တဲ့ အလွဲသုံးစားပြုခြင်း ငွေစာရင်းမမှန်မကန်ဖော်ပြခြင်း ကျွန်တော်တို့မှာမရှိတဲ့အတွက်
Voice ဂျာနယ်တစ်ခုထဲကိုပဲ တရားစွဲခြင်းဖြစ်ပါတယ်”” ဟု
၎င်းက တရားခွင်တွင် ထွက်ဆိုပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ တရားပြိုင်ဖက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးလျှက်ရှိသော
ဦးသိန်းညွှန့်က ပထမအကြိမ် ပြည်သူ့လွှတ်တော်ပြည်ထောင်စုငွေစာရင်းကော်မတီ၏
အစီရင်ခံစာ ၃/၂၀၁၂ ကို နေပြည်တော်၌ ၂၉-၂-၂၀၁၂ တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာတွင်ပြည်ထောင်စုငွေစာရင်းကော်မတီမှ အကြံပြုတိုက်တွန်းချက်များနှင့်အတူ ၀န်ကြီးဌာန ၅ ခုနှင့်ပတ်သက်၍ နောက်ဆက်တွဲများအဖြစ် အသေးစိပ်ဖော်ပြထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ ရရှိခဲ့သည့် ယင်းအချက်များကို သတင်းအဖြစ်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်တစ်ကြိမ် တရားရုံးချိန်းကို ဇူလိုင် ၁၂ သို့ ထပ်မံချိန်းဆိုလိုက်ကြောင်းသိရသည်။