Pages

Thursday, June 7, 2012

"ဦးပဉ္စင်းကိတ္တိသာရက မော်ကင်းဥဒါန်း ဇာတ်ကားအပေါ် ပရိသတ် အမြင်အား မေးမြန်းကြောင်းသိရ"



ပ်ကီးဆဲဗင်းထုတ် လုပ်ရေးပိုင်ရှင်ကို အုန်းဝင်း က သူ့ထုတ်လုပ်ရေးက ဆင် ဆာပိတ်ခံရတဲ့ ဇာတ်ကား ၄ ကားရှိပြီးပြန်လည်စိစစ်ရန် အတွက် ဗီဒီယိုဆင်ဆာ အဖွဲ့ ကို ပြန်လည် တင်ခွင့်ရပြီဖြစ် ကြောင်း သိရပါတယ်။ ပထမဦးဆုံးကားက ၂ဝဝ၁ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “သူ့ခေါင်းမှာ သပြေ ညို” ဇာတ်ကားဖြစ်ပြီး ဇာတ်ကားနာမည်ကြောင့် ပြသခွင့် မရတာလို့ထင်ကြောင်း ကိုအုန်းဝင်းကပြောပါတယ်။ သူတို့အတွက် အခုလိုပြသ ခွင့်ပြန်ပေးတဲ့အပေါ် ကိုအုန်း ဝင်းက “ဖွင့်ပေးလိုက်တာ တော့ ကောင်းပါတယ်။ အနု ပညာဆိုတာ ပရိသတ်ဆီ ရောက်မှ အနုပညာမြောက်တာလေ။ ပိတ်ထားတဲ့အတွက် ပရိသတ်အပေါ်ကျွန်တော်တို့တာ ဝန်မကျေ သလိုဖြစ်နေတယ်။ ဒါမျိုးဖွင့်လိုက် တော့လည်း တာဝန်ကျေသွား တာပေါ့။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ ဆီမှာ၁ဝနှစ်လောက် ကြာပြီဆိုတော့လည်းဇာတ်ကားက ရှိများ ရှိမလား ဆိုတာ ပြန်ရှာနေရတယ်။ ဇာတ်ကားတွေက အများကြီးထုတ်လုပ်ခဲ့ တာလေ။ 
 ဒီ့ပြင်အလုပ်တွေ လုပ်နေတော့ အဲဒီအခွေ တောင် ပြန်မရှာရသေးဘူး” လို့ပြောပါတယ်။ “မော်ကင်းဥဒါန်း” ဇာတ်ကား ကို အခုဆိုရင် ရုံတင်ပြသနိုင် ပြီဖြစ်ပြီး ဒီရုပ်ရှင်ပရက်ရှိုးပြသ ချိန်မှာလည်း ဦးကျော်ဟိန်း (ဦးပဉ္စင်း ကိတ္တိသာရ) လာမယ်လို့သတင်းကြားပေမယ့်မကြွ လာနိုင်ခဲ့ပါဘူး။ ဒီရုပ်ရှင် ကားကြီး ပြသမယ့်အကြောင်းကိုတော့ ဦးပဉ္စင်းကို ဖုန်းနဲ့ဆက်သွယ် ပြီး ဖိတ်ကြားခဲ့ကြောင်းကို ကိုအုန်းဝင်းက “ဦးပဉ္စင်းဦးကျော်ကြွဖို့ ကျွန်တော် တို့ လျှောက် ထားပါတယ်။ ဦးပဉ္စင်းက မော်လမြိုင် ရောက်နေတယ်လို့ပြောတယ်။ ဦးကျော်ကို ဖုန်းနဲ့တိုက် ရိုက်လျှောက်ထားတာပါ။ ရောက်ရင်တော့ လာဖြစ် ချင် လာဖြစ်မယ်လို့ပြော ပါတယ်။ နောက် တော့ ဦးပဉ္စင်း မော်လမြိုင်မှာ ခရီးလွန်နေတယ်လို့ သိရတယ်။ ဦးပဉ္စင်းကတော့ ဒီကားကို ပရိသတ်ဘယ် လိုမြင်လဲလို့ မေးတယ်။ ပရိသတ်က ဦးပဉ္စင်းကို စိတ်ဝင်စား မှုရှိတယ်လို့ ပြောဖြစ်တယ်။ အဲဒါလောက်ပဲပြောဖြစ်ပါတယ်” လို့ပြောပါတယ်။ ထုတ်လုပ် ရေးဘက်မှာတော့ ရုံတင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကြန့်ကြာမှုတွေရှိ ကြောင်း၊ ၂ နှစ်လောက်နေမှ ပြသခွင့်ရတဲ့ အတွက် အချိန်နှောင့်နှေးမှုဖြစ်ကြောင်း ကိုအုန်းဝင်းကပြောပါ တယ်။ အခုခေတ် နာမည်ကြီး မင်းသားတစ်ယောက်က နောင် ၂ နှစ်ကြာမှ ရုပ်ရှင်မင်းသား ဖြစ်မယ်ဆိုရင် မကောင်းကြောင်း၊ နောက် ပိုင်းမှာ တိုးဝင်ချင်နေတဲ့ လူငယ်တွေကိုလည်း ပိတ်ဆို့ နေသလိုဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
By: Popular Journal