Pages

Tuesday, June 12, 2012

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ဖွံ့ဖြိုးရေးအသုံးစရိတ်ပါဝင်


မြတ်မေဇင်       မြန်မာတိုင်းမ် အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)

မေလ ၃ ရက်နေ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဓာတ်ငွေ့ပိုကိုင်းနှင့် ရေနံဆိပ်ကမ်းတည်ဆောက်ရာ ရခိုင်ပြည်နယ် မဒေးကျွန်းတွင် ဒေသခံများအတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းပွဲပြုလုပ်နေစဉ်။
ဓာတ်ပုံ-ကိုတိတ်
ရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကောင်အထည် ဖော်ရာတွင် အဆိုပါပိုက်လိုင်း ဖောက်လုပ်ဖြတ်သန်းရာဒေသရှိ ဒေသခံများအတွက်ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်အား တစ်နှစ်လျှင် ကန်ဒေါ်လာ နှစ်သန်း လှူဒါန်းရန်အချက်လည်း ပါဝင်သည်ဟု ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (CNPC) မှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းမှ လာရောက်တင်ပို့ မည့် ရေနံစိမ်းများအား ရခိုင်ပြည်နယ် မဒေးကျွန်းတွင် ပိုင်လိုင်းစက်ရုံနှင့် ဆိပ်ကမ်း တည် ဆောက်ကာ တရုတ်နိုင်ငံ ရွှေလီအထိ ပိုက်လိုင်းကြီးများဖြင့် မြန်မာ နိုင်ငံအား ဖြတ်သန်းကာ ဖောက်လုပ် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရာတွင် ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံ နယ်မြေများတွင် ပညာရေးနှင့် ကျန်းမာ ရေးအသုံစရိတ်အဖြစ် တစ်နှစ်လျှင် ကန်ဒေါ်လာ နှစ်သန်းဖြင့် နှစ် ၃၀ ထောက်ပံ့လှူဒါန်းရန်အချက်လည်း ပါရှိ ပြီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (CNPC) အနေဖြင့် ကနဦးအဆင့် ကန် ဒေါ်လာ ခြောက်သန်းစတင်လှူဒါန်းခဲ့ သည်ဟု CNPC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီနှစ်မှာက CNPC က လှူဒါန်းတဲ့ ခြောက်သန်းရယ်၊ ပုံမှန်ရမယ့် နှစ်သန်း ရယ်၊ ရှစ်သန်းကို ပိုက်လိုင်းဖြတ်တဲ့ တစ်လျှောက်မှာရှိတဲ့ ဒေသခံတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး အသုံး စရိတ် လှူမယ်။ အခုကျောက်ဖြူမှာ အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်းအတွက် ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းပါတယ်"ဟု CNPC တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ မခင်စန္ဒီက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျောက်ဖြူမြို့ပေါ်ရှိ အထက(၂) ကျောင်းအတွက် ငွေကျပ်သိန်း ၂,၄၀၀ အလက(၄)အတွက် ငွေကျပ်သိန်း ၂,၄၀၀၊ အလက(၂) အတွက် ငွေကျပ် သိန်း ၆၀၀၊ မူလတန်းကျောင်းဆောင် အတွက် သိန်း ၁,၂၀၀ တို့ကို ဆောက်လုပ် လှူဒါန်းသည်ဟု သိရသည်။