Pages

Tuesday, June 12, 2012

CBE ဘွဲ့ ချီးမြှင့်ခံရမယ့် ကိတ်ဝင်းစလက်

Tuesday, June 12, 2012  အိမ့်သံစဉ် 
တိုက်တန်းနစ် ရုပ်ရှင်ကားသရုပ်ဆောင်စဉ်က မင်းသမီး ကိတ်ဝင်းစလက်

တိုက်တန်းနစ် ရုပ်ရှင်ကားကြီးနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဗြိတိန်မင်းသမီးချော ကိတ်ဝင်းစလက်ကို ဗြိတိန် ဘုရင်မကြီး အဲလီးဇဘက်က သူ့ရဲ မွေးနေ့ ဖြစ်တဲ့ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကဘဲ Commander of the Order of the British Empire (CBE) ဘွဲ့ကို ချီးမြှင့်အပ်နှင်းမှာဆိုတဲ့ အကြောင်း ဗြိတိန်ထုတ် The Sun သတင်းစာမှာ ဖော်ပြထားပါ တယ်။

အော်စကာများဆုရှင် အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကိတ်ဝင်းစလက်ဟာ ခေတ်သစ်ဗြိတိန်နိုင်ငံ အတွက် စံနမူနာကောင်းတွေကို သူမတူ စွမ်းဆောင်တင်ပြနိုင်ပြီး ဗြိတိန်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်သူဖြစ်လို့ အခုလို CBE ဂုဏ်ထူးဆောင် ဘွဲ့ကို အပ်နှင်းမှာ ဖြစ်ပါတယ်တဲ့။

ကိတ်ဝင်းစလက်ကတော့ တိုက်တန်းနစ် ရုပ်ရှင်ကားမှာ မင်းသားချော လီယို နာဒို ဒီကာပရီယိုနဲ့အတူ တွဲဖက်ပြီး နံမည်ကြီးလာခဲ့သူလည်း ဖြစ်ပါတယ်။

ကိတ်ဝင်းစလက်နဲ့ အလားတူ မကြာသေးခင်က အဲလီဇဘက် ဘုရင်မကြီးရဲ့ စိန်ရတု မွေးနေ့ ဖျော်ဖြေပွဲမှာ တင်ဆက်ခဲ့သူ Gareth Malone ဟာလည်း (OBE)- Order of the British Empire ဘွဲ့ကို ချီးမြှင့်ခံရမှာဖြစ်ပါ တယ်တဲ့။