Pages

Saturday, July 7, 2012

7 July အခမ်းအနား ကျောက်ဆည်မှာ ကြိုတင် ကျင်းပ(ရုပ်-သံ)


Burma VJ: Fri, Jul 6th, 2012


ဇူလိုင်လ ၇ ရက်နေ့ ကျရောက်မယ့် နှစ် ၅၀ ပြည့် 7 July အထိမ်းအမှတ် အဖြစ် မန္တလေးတိုင်း ကျောက်ဆည် နည်းပညာ တက္ကသိုလ် ကျောင်းသားများ
သမဂ္ဂမှ ဦးဆောင်ပြီး ကျောက်ဆည်မြို့ရေဦး ကျောင်းတိုက်မှာ ဇူလိုင်လ ၅ ရက်နေ့က အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။
ဇူလိုင်လ
၇ ရက်နေ့ မရောက်ခင် ကြိုတင် ကျင်းပတာ ဖြစ်တဲ့ ဒီ 7 July အောင်းမေ့ဖွယ် အခမ်းအနားမှာ တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေက 7 July အရေး
အခင်းမှာ ကျဆုံးခဲ့ကြတဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁ မိနစ် ငြိမ်သက် ဆုတောင်း ခဲ့ကြသလို ဂုဏ်ပြု ကဗျာ ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ ကြ
ပါတယ်။ ဒါ့အပြင် ရေဦး ကျောင်းတိုက်က သံဃာတော် အပါး ၃၀ ကို ဆွမ်းကပ် လှူဒါန်းပြီး ကျောင်းသားတွေ အတွက် ရေစက်ချ အမျှ ပေးဝေတာတွေ
ပြုလုပ် ခဲ့ပါသေးတယ်။ ဒီအခမ်းအနားကို ကျောက်ဆည် မြို့မိ၊ မြို့ဖတွေ NLD အဖွဲ့ဝင်တွေ ကျောက်ဆည် နည်းပညာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်း
သားတွေ အပါအဝင် လူဦးရေ ၆၀ လောက် တက်ရောက် လာခဲ့ကြပါတယ်။