Pages

Friday, July 20, 2012

မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲသင့်ပြီ

၂၀ ဇူလိုင် ၂၀၁၂။

 မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲသင့်ပြီလို့ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စတင်ပြီး မန္တလေးမြို့ Oriental House ခန်းမမှာ ကျင်းပတဲ့ လူငယ်ပြုစုပျိုးထောင်ရေးပညာရေးဆွေးနွေးပွဲမှာ တညီတညွတ်တည်း ပြောကြားကြပါတယ်။ ပညာရေးစနစ်ပြောင်းလဲနိုင်ဖို့ မြန်မာနိုင်ငံ မန္တလေးမြို့ ဗဟိုပြု ပညာရေးပြုပြင်ပြောင်းလဲမှု အခြေခံ မူကြမ်းကို စုပေါင်းရေးဆွဲနိုင်ဖို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ဒီမိုကရေစီပါတီနဲ့ နိုင်ငံရေးပါတီများ၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေဆိုင်ရာပညာရှင်များ ဦးဆောင်တဲ့အဖွဲ့များက စုပေါင်းတိုင်ပင်ညှိနှိုင်းကြပြီး အစိုးရအဖွဲ့ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ပြောင်းလဲရေး တွေလုပ်ဆောင်သွားဖို့ စီစဉ်တာလည်းဖြစ်ပါတယ်။ မနက်တစ်ပိုင်းမှာကျောင်းတက်ပြီး ညနေပိုင်းမှာ အသက်မွေးဝမ်းကျောင်းပညာသင်တဲ့စနစ်ကိုလည်း တင်ပြတာရှိပါတယ်။

DVB