Pages

Friday, July 20, 2012

ညနေခင်း Facebook သတင်းများ

င်္ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီးဟောင်း မောင်အေး ကျန်းမာရေး ပြန်ကောင်းလာပြီ ဖြစ်ကြောင်း မြန်မ့ာတပ်မတော် ဆေးတပ်အသိုင်းဝိုင်းကတဆင့် သိရပါတယ်။ ဒုတိယဗိုလ်ချုပ်မှုးကြီးဟောင်း မောင်အေးဟာ ဇူလိုင်လ ၈ ရက်နေ့က ဂေါက်သီးရိုက်နေစဉ် ကျန်းမာရေးဆိုးလာတဲ့အတွက် နေပြည်တော် တိုက် ချောင်း ကုတင် ၁၀၀၀ စစ်ဆေးရုံကို တက်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၉ ရက်ညနေပိုင်းမှာ စင်င်္ကာပူနိုင်ငံကို ပို့ဆောင် ခဲ့တာပါ။ အသည်းခြောက်ရောဂါ ခံစားနေရပေမဲ့ အခုတော့ ကျန်းမာရေးပြန်ကောင်းလာပြီလို့ ဆေးတပ်အသိုင်း အ၀ိုင်းက ပြောပြခဲ့ပါတယ်။
*******************************************************************************************
Yangon Media Group
စစ်တွေ သဲချောင်းရွာတွင် ပဋိပက္ခဖြစ်ပွား သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့
==========================================
စောမြင့်သန်း(ပေါက်တော)
==========================================
့ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သဲချောင်းကျေးရွာတွင် ယနေ့ညနေ ၃နာရီခွဲခန့်က လုံခြုံရေးတာဝန်ယူနေရသော ဝန်ထမ်းများနှင့် ဘင်္ဂလီများ ပဋိပက္ခ အနည်းငယ် ဖြစ်ပွားခဲ့သဖြင့် သေနတ်ပစ်ဖောက်ကာ လူစုခွဲလိုက် ရကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ဘင်္ဂလီများသည် ၀တ်ပြုပြီးအပြန်တွင် လူစုလူဝေး မပြုလုပ်ဘဲ အေးအေးဆေးဆေး အိမ်ပြန်ရန် တာဝန်ရှိသူများက ပြောကြားခဲ့သည်ကို လက်မခံဘဲ လူအုပ်စု ပိုမိုများလာေ အာင် ဆောင်ရွက် သဖြင့် သေနတ် ပစ်ဖောက် ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့က သောကြာနေ့ဖြစ်နေတဲ့အတွက် ၀တ်ပြုပြီးအပြန်မှာ သူတို့ကို အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ပြော ပါတယ် လက်ရှိဆိုရင် လည်း စစ်တွေမြို့မှာ ပုဒ်မ ၁၄၄ က ရှိနေသေးတာမို့ ငါးဦးထက်ပိုတဲ့ လူစုလူဝေးတွေ၊ ညမထွက်ရ အမိန့်တွေက တည်ဆဲဥပဒေ အရ ရှိနေသေးတာမို့ တာဝန်ရှိသူတွေက သူတို့ကို ဗလီကအပြန်မှာ လူမစုဘဲ ပြန်ကြဖို့ ပြောတာကို မလိုက်နာ တဲ့အတွက် နယ်မြေလုံခြုံရေးကို တာဝန်ယူထား ရတဲ့ ၀န်ထမ်းတွေ က သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်ရတာဖြစ်ပါတယ် " ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Flower News Journal သို့ပြောကြားသည်။

ထိုသို့ သေနတ်ပစ်ဖောက်ကာ လူစုခွဲလိုက်ရသဖြင့် ဘင်္ဂလီ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အဆိုပါ လူနာများကို ယခုအခါဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

******************************************************************
>ချက်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ မြန်မာအစိုးရတို့အကြား သဘောတူထားတဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အစီအစဉ်အရ အသက် ၁၈ နှစ်အောက် မြန်မာကလေး ၃-ဥိး ချက်သမ္မတနိုင်ငံမှာ ဆေးကုသမှုခံယူဖို့အတွက် ဇူလိုင်လ ၁၉ ရက်နေ့က ပရပ်မြို့ ကို ရောက်ရှိလာကြောင်း CTK သတင်းမှာ ရေးထားပါတယ်။ အဲဒီကလေး ၃ ဥိးကို မြန်မာနိုင်ငံကပြန်လာတဲ့ ချက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးလေယဉ်နဲ့ တပါတည်း ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မြန်မာကလေး ၃ ဥိးဟာ ပြင်းထန်တဲ့နှလုံးရောဂါ ခံစားနေရတာကြောင့် ပရပ်မြို့ က Motol ဆေးရုံကြီးမှာ ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးကို ကျွမ်းကျင်ဆရာဝန်နဲ့ ခေတ်မီပစ္စည်းကိရိယာတွေ မရှိတာကြောင့် မြန်မာ နိုင်ငံက ဆေးရုံတွေမှာ ပြုလုပ်ဖို့ မလွယ်ကူကြောင်း CTK သတင်းမှာ ရေးသားထားပါတယ်။ 
*******************************************************************


လှည်းခူး ၊ မင်းကုန်း
ဒီဘကြီး ရဲ့လယ်ထဲမှာ ရာဘာပင်တွေ ၀င်စိုက်တော့ ဘာလုပ်တာလဲလို့ သွားမေးတယ်။ သူဌေးစိုက် ခိုင်းလို့ စိုက်တာလို့ အလုပ်သမားတွေက ပြောတယ်။ မလုပ်ကြနဲ့ အဘတို့လယ်တွေလို့ ပြောတော့ ကျွန်တော်တို့ကိုလာမပြောနဲ့ သက်ဆိုင်ရာကို သွားတိုင်ဆိုတဲ့ မခန့်လေးစားပုံစံမျိုးပြောတယ် ရပ်ရွာလူကြီးကို သွားပြောတော့ လယ်ထဲမှာ စိုက်ထားတဲ့ ရာဘာတွေကိုတော့ ပြန်နှုတ်ပေးသွားတယ်။ ကုန်းမြင့် ခြံထဲမှာ သရက် ၊ ပိန်းနှဲတွေ စိုက်ထားတာကိုတော့ အခုဝင်ရှင်ပြီး အတင်းဝင်စိုက်နေတယ် ... ရပ်ရွာလူကြီးကို ထပ်ပြီးသွားပြောတော့ လယ်ကိစ္စပဲ ရှင်းပေးနိုင်မယ် ကျန်တာ လုပ်ပေးလို့ မရဘူးတဲ့ ... ဥပဒေအသစ် လဲထွက်နေပါပြီ ... မြေလွတ် မြေလပ်တွေ မှာ တောတိုးပြီး သွားရောက်လုပ်ကိုင် စားသောက်နေသူတွေကို အလွတ်မဲ့ လူပါးဝလို့ မရတော့ပါဘူး .... အခုထိတော့ ၀နေပါသေးတယ်။ လက်ညှိုးထိုးရောင်းစားသွားသူကို အရေးယူပေးဖို့ တောင်သူတွေက တောင်းဆိုပါတယ်။ သူတို့ ခြံတွေထဲမှာ ၀င်စိုက်ပြီး သူတို့ကိုြိခိမ်းခြောက်သွားပုံတွေကိုလဲ ပြောပြပါတယ်။ အပင်တွေကို ကျွဲတွေနွားတွေ ၀င်လို့ ပျက်စီးရင် လျော်ရမယ် ... ဖျက်စီးရင် ဖမ်းမယ် စီးမယ်အထိ လူပါးဝနေကြောင်း ....................