Pages

Saturday, July 21, 2012

မြောက်ဥက္ကလာတွင် လေဆင်နာမောင်းတိုက်

 
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် “ဌ“ ရပ်ကွက်တွင် ဇူလိုင်လ ၁၉ ရက် ည ၉နာရီ ၄၅ မိနစ်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေတစ်ရာခန့် ပျက်စီးခဲ့ပြီး မိသားစု ၃၀၀ ကျော် ထိခိုက် ဆုံးရှုံးကာ လူအသေအပျောက် မရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးကြွယ်က ပြောကြားသည်။ ယင်းလေဆင်နှာမောင်း ကြောင့် ဌ ရပ်ကွက် ခေမာကျောင်းလမ်း ၃၊ ၄၊ ၅၊ ၇၊ ၈၊ စကားဝါလမ်း ၊နှင်းဆီ ၁လမ်း၊ ၂လမ်း၊ ပတ္တမြားလမ်းတို့မှ လူနေအိမ်များ၏ ခေါင်မိုးများ လန်ထွက်ကုန်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။ ”ဓနိမိုး ထရံကာ အိမ်တစ်လုံးတော့ ပြိုသွားတယ်”ဟု ၄င်းက ဆိုသည်။ ”၀ုန်းကနဲဆိုပြီး ခဏလေးပဲ အကုန်လုံး ပါသွားတယ်”ဟု နှင်းဆီလမ်းတွင် နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။ ကောင်းကင်တွင် အနီရောင်ကြီး ပေါ်လာပြီးနောက် ငါးစက္ကန့်လောက်အတွင်း အမိုးများ အကုန်လုံး လန်ထွက်သွား သည်ဟု ၄င်းက ဆိုသည်။





The Voice Weekly