Pages

Saturday, July 21, 2012

Weekly Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက် hackခံရ



Weekly Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပြည်တွင်းအခြေစိုက်လွပ်လပ်သောမူဆလင်အဖွဲ့အစည်း Freedom For Muslims In Borma ဟု အမည်ခံသည့်အဖွဲ့အစည်းတစ်ခုမှ hacked လုပ်ထားသဖြင့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ရရှိတော့ခြင်း မရှိတော့ကြောင်း Weekly Express Times မှ သတင်းထောက်၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်း Weekly Express Times သတင်းဂျာနယ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ဘာသာရေးအရ ဖိနှိပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် မူဆလင်အဖွဲ့အစည်းအပေါ် ဖိနှိပ်ဆောင်ရွက်မှုများကို ဖိအားပေးရပ်တန့်ရန် သတိပေးချက်ဖော်ပြထား သည်။
သတိပေးချက်အောက်တွင် ၎င်းတို့၏ သတိပေးချက်ကို လိုက်နာဆောင်ရွက်ပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လက်စားချေခြင်းခံရမည်ဖြစ်ပြီး မိမိတို့ဘ၀ကို ကယ်တင်လိုပါက ၎င်းတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ခြိမ်းခြောက်ထားသည်ကို တွေ့ရှိရသည်။
ပြည်သူ့ခေတ် ·