Pages

Wednesday, August 15, 2012

မြန်မာအစိုးရကို ဘီဂျေနမ်ဘီးယား ချီးကျူး

ဘီဂျေနမ်ဘီးယား (ဓာတ်ပုံ-ဧရာဝတီ)

ရခိုင်ဒေသကို တူရကီနိုင်ငံခြားရေးဝန် မကြာသေးခင်က သွားရောက်လေ့လာခွင့်ပြုခဲ့တာဟာ ရခိုင်ဒေသပဋိပက္ခဖြေရှင်းဖို့ မြန်မာအစိုးရ လိုလားကြောင်း ပြသလိုက်တာပဲ လို့ ကုလသမဂ္ဂ သံတမန်ကြီးတဦးက သုံးသပ်လိုက်ပါတယ်။

သူကတော့ ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအရာရှိ ဘီဂျေနမ်ဘီးယားပါပဲ။

“မြန်မာပြည်သားတွေကြုံတွေ့နေရတဲ့အခက်အခဲ ဖြေရှင်းကြရာမှာ မြန်မာအစိုးရက နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလားရှိတယ်ဆိုတာ ပြလိုက်တာပါပဲ။
ဒီလို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေဟာ မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေကို အထောက်အကူ ဖြစ်ပါလိမ့်မယ်”
လို့ သူက ဆိုပါတယ်။