Pages

Wednesday, August 15, 2012

နိုင်ငံတော်၏ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူတည်နေကြောင်း ဒုတိယသမ္မတ ပြောကြား

5209
ဒုတိယသမ္မတက ကော်မတီအဖွဲ့ဝင်များအား နှုတ်ဆက်နေစဉ် ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
ပကတိအခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူ တည်နေသော သဘောပါရှိနေသည့် အတွက် ငြိမ်းချမ်းရေးကို မည်သို့ပင် ဖြစ်စေရအောင် ယူမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာ လမ်းမရှိ ဖြစ်နေပါကြောင်းဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သြဂုတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး လူ့စွမ်း အားအရင်းအမြစ်၊ လူဦးရေသင့်တင့် မျှတစွာရှိသည့်နိုင်ငံ၊ တစ်ချိန်က အာ ရှတွင် စီးပွားရေးထိပ်တန်းက ပါဝင် ခဲ့သောနိုင်ငံမှ ယခုစီးပွားရေးချွတ်ခြုံ ကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC ဖြစ်နေရသည်မှာ ငြိမ်းချမ်းရေး မရရှိသည့်အချက် တစ်ချက် ပါဝင် နေပါကြောင်း”ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြော ကြားခဲ့သည်။
ငြိမ်းချမ်းရေးသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ဥပမာ အားဖြင့် တိုးတက်နေသော အိမ်နီး ချင်းအာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များတို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သကဲ့ သို့ လက်နက်ကိုင်ပဋိပက္ခများသည် စီးပွားရေး ချွတ်ခြုံကျမှုနှင့်လည်း တိုက်ရိုက်အချိုးကျနေသည်ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်ပါကြောင်းလည်း ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး မယူခဲ့ ကြသော တိုင်းရင်းသားလက်နက် ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ပြည်နယ်အဆင့်ဖြင့်သော် လည်းကောင်း၊ ပြည်ထောင်စု အဆင့်ဖြင့် သော်လည်းကောင်း အချို့သဘောထား တူညီသည့် အချက်များကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် နောက်ဆုံးကျန်ရှိ နေသေးသည့် ကချင်ပြည်နယ်မှ KIO/KIA နှင့်လည်း သဘောတူညီ ချက် ရရှိနိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“မြောက်ပိုင်း ကချင်ပြည်နယ် အတွင်းတွင်ရှိသည့် ကချင်လက်နက်ကိုင် KIO/KIA အဖွဲ့နှင့် ယနေ့ အထိ ညှိနှိုင်း၍မရဖြစ်နေပါကြောင်း၊ KIO/KIA ခေါင်းဆောင်ပိုင်းများနှင့် မိမိတို့အဆက်အသွယ်ရှိပါကြောင်း၊ စိတ်ရှည်ရှည်ထားပြီး  တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု တည်ဆောက် နေပါကြောင်း”ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၄ ရက်  နေ့က နိုင်ငံရေးပါတီ ၁၄ ပါတီမှ  တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
Eleven Media Group