Pages

Thursday, August 30, 2012

နေပြည်တော်နားက ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု

နေပြည်တော် ဆိုင်းဘုတ်၊ ဓာတ်ပုံ- ဧရာဝတီ

နေပြည်တော် ပျဉ်းမနားမှာ ရဲထောက်လှမ်းရေး အရာရှိ တဦးဟာ မိမိကိုယ်ကို မိမိ မီးရှို့သတ်သေတယ်လို့ အများက ပြောကြတဲ့ အဖြစ်တခုကို သြဂုတ်လ ၂၈ ရက်နေ့ ညနေက ဖြစ်ခဲ့ပါတယ်။

ဒါဟာ နေပြည်တော် တ၀ိုက် ပထမဆုံးကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှုလည်းဖြစ်ပါတယ်။

 သေဆုံးသူကတော့ SB ရဲ သတင်းတွပ်ဖွဲ့က ရဲအုပ် ၀င်းမင်းသန်းလို့ ပါတဲ့။

သူ့ကို မီးလောင်သေဆုံးလျှက် ပျဉ်းမနားမြို့က ဘောရဇ္ဇ ဘုရားဝင်းအတွင်းက ညောင်ပင်ဝိုင်း အခြေနားမှာထိုင်လျှက် တွေ့ရတာပါ။ နောက်တော့ ဆေးစစ်ချက်ယူဖို့အတွက် နေပြည်တော် ဆေးရုံကို အလောင်းကို သယ်သွားခဲ့ပါတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပေမယ့် ရဲအသိုင်းအ၀ိုင်းနဲ့ နီးစပ်ရာတွေက ပြောတာတော့ သေဆုံးသူ ရဲအုပ် ၀င်းမင်းသန့် ဟာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေတာလို့ ပြောကြပါတယ်။ တချို့ကလည်း သတ်ပြီးမှ မီးရှို့ တာလား ဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပျဉ်းမနားက ဒေသံခံ တဦး က ပြောတာကတော့ အခုလို မီးလောင်သေဆုံးနေတဲ့ အလောင်းကို စတွေ့ကတည်းက အနီးပတ်ဝန်းကျင်မှာ သတင်းက တမုဟုတ်ချင်းပျံ့သွားခဲ့ပါတယ်တဲ့။

"ပထမတော့ ရဲထောက်လှမ်းရေးမှန်း မသိဘူး။ မီးလောင်သေဆုံးနေတာပဲ လူတွေက စိတ်ဝင် စားနေ တာ၊ နောက် တော့ ရဲ တွေ ရောက်လာတော့မှာ SB ရဲအုပ် မှန်း သိသွားကြတာ။ ဘုန်းကြီးကျောင်းဝင်းက လူလည်း ပြတ် တယ်၊ နောက် ဒီကျောင်းဝင်းအကြောင်း ပါးစပ်ရာဇ၀င်တွေကလည်း အများသား၊ စိတ်ဝင် စားကြတယ်" လို့ ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနား တ၀ိုက်က ဒေသခံတွေကတော့ ဒီကိစ္စ အလွန်စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဓာတ်ပုံတွေကိုတော့ မြင်မကောင်းတဲ့အတွက် မဖော်ပြပေးတော့ပါဘူး။

ဧရာဝတီ blog