Pages

Thursday, August 30, 2012

ချယ်ရီကား အစီး ၂၀၀ ခန့် မြန်မာနိုင်ငံတွင်း ရောင်းချမည်


အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ ပါဝင်သည်ဟု သတင်းထွက်သော တရုတ်နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် မီနီ စလွန်းကား အစီး ၂၀၀ ခန့်ကို စက်တင်ဘာလ မှ စတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သြဂုတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် ကားများ၏ အင်ဂျင် ဂတ်စ်စကတ် ( gasket ) နှင့် မီးခိုး စွန့်ထုတ် စနစ်များတွင် “Asbestos” ဟုခေါ်သော အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ တွေ့ရှိရသဖြင့် သြစတြေးလျ နိုင်ငံတွင်းတွင် အဆိုပါ ကားများ ရောင်းချခြင်းကို ရပ်ဆိုင်းထားရန် ကားတင်သွင်းသည့် ကုမ္ပဏီ Ateco Aumotive က ညွှန်ကြား ထားကာ သြစတြေးလျ နိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင် ( ACCC ) က အဆိုပါ ကားများ သိမ်းဆည်းမှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း AFP သတင်းတွင် သြဂုတ်လ ၂၅ ရက်နေ့က ရေးသားထားသည်။

ယင်းကဲ့သို့ အန္တရာယ်ရှိသော ဖိုက်ဘာ အစိတ်အပိုင်းများ ပါရှိသည်ဟု သတင်းထွက်နေသော ချယ်ရီ ဝက်ဂွန် မီနီ ဆလွန်ကား အစီး ၂၀၀ ခန့်ကို နေပြည်တော်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

ချယ်ရီ ဝက်ဂွန် ကားများသည် ဆီစား သက်သာခြင်း၊ ပုံကဏ္ဍာန် လှပခြင်းနှင့် တစ်ပတ် ရစ်ကား မဟုတ်ခြင်း ကြောင့် တစ်နှစ် ဝန်းကျင်ခန့်က ကားဈေးကွက်တွင်း လူကြိုက်များပြီး ကျပ်သိန်း ၁၅၀ ထိ ဈေးမြင့် ခဲ့သော်လည်း နှစ်ရှည် အကြမ်းခံနိုင်မှု အားနည်းခြင်း၊ ပြည်တွင်း ကားဈေးနှုန်းများ ကျဆင်းလျက် ရှိခြင်းကြောင့် လက်ရှိတွင် ကျပ်သိန်း ၇၀ မှ ၈၀ အကြားတွင်သာ ရှိကြောင်း သိရသည်။