Pages

Thursday, August 30, 2012

RNDP စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ပိုလန် သို့ သင်တန်းသွားမည်


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်သည် ပိုလန်နိုင် ငံခြားရေး ၀န်ကြီးဌာနမှ ခေါ်ယူသည့် သင်တန်း တစ်ခုကို တက်ရောက်ရန် အတွက် သြဂတ်စ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံက ထွက်ခွာမည် ဖြစ်သည်။
“ မင်္ဂလာ မြန်မာက စီစဉ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူတွေ ပါ။ စုစုပေါင်း ၁၅ ဦး ဖြစ်ပါတယ်” ဟု ဦးအောင်မြကျော်က ပြောသည်။
သင်တန်းမှာ  Strategic Economic Needs and Security Exercise Programme (SENSEP)  ဖြစ်ပြီး သင်တန်းကာလမှာ တစ်ပတ်ကြာမြှင့်မည်ဟု သိရသည်။
“နိုင်ငံခြားကို ထွက်ပြီး ခုလို သင်တန်းတက်ဖြစ်တာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  နိုင်ငံခြား ပထမဆုံး အတွေ့ အကြုံဖြစ်သလို  ဥရောပ နိုင်ငံဖြစ်တဲ့ အတွက် စိတ်လူပ်ရှားမိပါတယ်။ သင်တန်းက ရရှိတဲ့ ဗဟုသု တတွေ ၊ အတွေ့ အကြုံတွေက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်စုံတစ်ရာ အထောက်အ ကူ ပြု လိမ့် မယ်လို့ မျှော်လင့်ပါတယ်” ဟု ပထမဆုံး နိုင်ငံခြား အတွေ့အကြုံနှင့် ပတ်သက်ပြီး သူက ပြော သည်။
သြဂတ်စ်လ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ဘန်ကောက်မှ ၀ါဆော သို့  ဆက်လက် ခရီးထွက်ခွာမည် ဖြစ်သည်ဟု ဆိုသည်။
စက်တင်္ဘာလ ၈ ရက်နေ့တွင် ပိုလန်မှ မြန်မာ သို့ ပြန် လာမည် ဖြစ်ကြောင်း သိရသည်။