Pages

Thursday, September 20, 2012

အာရှစာနယ်ဇင်းဆိုင်ရာ ဖဲလိုးရှစ် ပညာသင်ဆု လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ စက်တင်ဘာ ၁၅
စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာ တက္ကသိုလ်၏ အာရှစာနယ်ဇင်းဆိုင်ရာဖဲ လိုးရှစ်ပညာသင်ဆုကို မြန်မာနိုင်ငံအနေဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုကို ၂ဝ၁၂ ခုနှစ်အောက်တိုဘာလ ၁၂ ရက် နောက်ဆုံးထား၍ လျှောက် ထားရမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ Wee Kim Wee School of Communi- cation and Information သင်တန်းကျောင်း၌ ၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်မှ မေလ ၁၇ ရက်အထိ ၃ လ ကြာ တက်ရောက်သင်ကြားရမည် ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုတွင် ခရီးစရိတ်၊ ပညာသင်စရိတ်နှင့် လစဉ်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၁၅ဝဝ ပါဝင်မည်ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားသူများ အနေဖြင့် စာနယ် ဇင်း လုပ်သက်အနည်းဆုံး ငါးနှစ်နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်ရမည်ဖြစ်ကာ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရ သည်။
”ဒီအစီအစဉ်အရ စာနယ်ဇင်းသင်တန်းကို  တက်ရောက်မယ့် ပညာသင်ဆု လျှောက်ထားသူတွေဟာ အာရှဒေသတွင်း အပြန်အလှန်ချိတ် ဆက်နိုင်မှု၊ ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်မှု အခွင့်အရေးတွေရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ ပညာသင်ဆု ရရှိခဲ့ဖူးသူတွေရဲ့ ဖဲလိုးရှစ်ရဲ့ စိတ်ကျေနပ်စရာ ကောင်းမှုတွေအပေါ် တုံ့ပြန်ချက်တွေဟာ ပညာသင်ဆု လျှောက်ထားသူတွေအတွက် အချက်အလက်ကောင်းတွေ ဖြစ်စေမှာပါ”ဟု အဆိုပါ သင်တန်းကျောင်း တည်ထောင်သူ ဖောင်ဒေးရှင်းမှ စီအီးအို Benedict Cheong က သင်တန်းလျှောက်ထားမှုဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ အာရှစာနယ်ဇင်း ဆိုင်ရာ ဖဲလိုးရှစ် ပညာသင်ဆုအား ဂျာနယ်လစ်ဇင်၊ ပြည်သူ့ဆက်ဆံရေး နှင့် ဗဟုသုတ စီမံခန့်ခွဲမှုဆိုင်ရာ နယ်ပယ်များတွင် ရှိသည့် ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ၁ဝဝဝ ခန့် လျှောက်ထားလေ့ ရှိကြပြီး အချိန်ပြည့် သင်တန်းချိန် ၄ဝ တက် ရောက်ရမည်ဖြစ်ကာ သုတေသန၊ မီဒီယာဥပဒေနှင့် ဆင်ဆာကြား ကွာ ဟမှု၊ ပြည်သူ့အမြင်နှင့် ကျန်းမာ ရေးအဆက်အစပ်၊ ဗီဒီယိုဂိမ်းယဉ် ကျေးမှုနှင့် အာဆီယံ ရုပ်ရှင်စသည့် သင်ခန်းစာများ လေ့လာသင်ကြား ရမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အာရှစာနယ်ဇင်းဆိုင် ရာ ဖဲလိုးရှစ် ပညာသင်ဆုကို ၂ဝဝ၉ ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ ၁၇ နိုင်ငံမှ ပညာသင်ဆု ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံမှ မနွဲ့ ကေခိုင် ( The Voice Weekly ဂျာ နယ်)၊ မမျိုးမြတ်မြတ်ထွန်း (မြန်မာတိုင်းမ်ဂျာနယ်)နှင့် မတူးတူးသာ (ဧရာဝတီသတင်းဌာန)တို့မှ ရရှိခဲ့ဖူး ကြောင်း သိရသည်။ ဥာဏ်လင်းအောင်