Pages

Thursday, September 27, 2012

ငြိမ်းချမ်းရေးစင်တာကို နောက်လတွင် တရားဝင်ဖွင့်လှစ်မည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တစ် နေရာတည်းတွင် အဖြေရှာဆွေးနွေးရန် တည်ထောင်ထားသော ငြိမ်းချမ်းရေး စင်တာအား အောက်တိုဘာလဆန်း ပိုင်းတွင် တရားဝင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလအစောပိုင်းက ပြုလုပ် သေ
ာ ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"Peace Center ဆိုတာ ပြည်သူလူထု က သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ ဟစ်တိုင်ပဲ။ လမ်းပေါ် ထွက်စရာမလို ဘူး။ Soft Opening တော့ ပြီးသွားပြီ။ မိုးကုန်လို့ အောက်တိုဘာလမှ ရုံးအဖွဲ့ တွေနဲ့ ရုံးစထိုင်ပြီး ဖွင့်မယ်"ဟု ဦးအောင် မင်းကပြောသည်။

ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ ၀င်ဒါမီယာအတွင်း ဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေးစင်တာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ ညှိနှိုင်းဆွေးနွေးရာ ဘုံနေရာတစ်ခုဖြစ်လာမည့် အပြင် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ အစိုးရ၊ တိုင်းရင်းသားကိုယ် စားလှယ်တွေနဲ့ ထောက်ပံ့ပေးမယ့်အလှူရှင် အဖွဲ့တွေ သုံးဦးသုံးဖလှယ် ပါဝင်မှာပေါ့။ Peace Center ဖွင့်တယ်ဆိုတာက နိုင်ငံတကာ အဖွဲ့အစည်းတွေ တောက်လျှောက်ဝင်လာလို့ရ အောင် သူတို့ ကူညီချင်တာ တွေကို ချက်ချင်း လုပ်လို့ရအောင်"ဟု ဦးအောင်မင်းက ပြောသည်။

အစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရန် နိုင်ငံတော် သမ္မတဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီများဖွဲ့စည်းကာ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့အနေဖြင့် ကချင်မှလွဲ၍အခြား တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲ ရေးအဆင့်ကို တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သော် လည်း စစ်ဘေးသင့်ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် နိုင်ငံတကာအကူအညီများ လိုအပ်ဆဲပင်ဖြစ် ကြောင်း သိရသည်။

ငြိမ်းချမ်းရေးစင်တာ၏ လုပ်ငန်းများ လည် ပတ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော Peace Donor
Supporting Group က ရန်ပုံငွေနှင့် အခြား လိုအပ်သော နည်းပညာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အိအိတိုးလွင်
News from : The Myanmar Times