Pages

Thursday, September 27, 2012

သမ္မတကြီးကိုလည်းမေးနိုင်ပြီ


သမ္မတဦးသိန်းစိန်ကို မေးခွန်းတွေသွားမေးတဲ့အခါ open question တွေ သွားမမေးကြဖို့ တိုက်တွန်းပါရစေ။ ကိုယ်သိချင်တာကို တိတိကျကျ ဘယ်ဟာ ဘယ်လို ဘယ်တော့ စသဖြင့် သေချာ အကွက်ချပြီး မေးကြပါ။ ဘယ်လိုမြင်ပါသလဲတို့၊ ဘာအစီအစဉ်ရှိပါသလဲတို့၊ ဘယ်လိုသဘောရပါသလဲတို့၊ ဘယ်လိုခံစားရပါသလဲတို့ ရန်ကုန်ရိုးရာမေးခွန်းတွေချည်း အပ်ကြောင်းသွားမထပ်ကြပါနဲ့။ ဒီနေ့ နောက်ဆုံးအခွင့်အရေးပဲမို့ နောက်ဆုံးအကြိမ်အနေနဲ့ ထပ်မံသတိပေး တိုက်တွန်းလိုက်ပါတယ်။


(၂၇ရက်နေ့ကျရင် အာရှလူ့အဖွဲ့အစည်း ခန်းမမှာ သမတဦးသိန်းစိန် အမေးအဖြေပွဲအတွက် မေးချင်တာတွေ သွားကြိုမေးထားကြဖို့ ထပ်မံ တိုက်တွန်းပါတယ်။

ဟောဒီစာမျက်နှာရဲ့ ကွန်မန့် box မှာ English လိုသွားရေးပြီး မေးကြပါ။ >> http://asiasociety.org/blog/asia/what-would-you-ask-myanmar-president-thein-sein-asktheinsein?utm_campaign=socialmedia&utm_source=twitter&utm_medium=socialmedia

မြန်မာစံတော်ချိန် ၂၈ရက် မနက် ၃နာရီခွဲမှာ ဒီlink ကနေ တိုက်ရိုက်ကြည့်နိုင်တယ်။ >>http://asiasociety.org/new-york/live

ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတွေဟာ အုပ်ချုပ်သူတွေအပေါ် မေးခွန်းတွေမေးတတ်ရမယ်။ (ဒေါ်အောင်ဆန်းစုကြည်)

အာဏာပိုင်တွေဟာ သူတို့ယခုလို အာဏာရှိတဲ့နေရာ ရောက်လာအောင် ရွေးကောက် မဲပေးခဲ့တဲ့ ပြည်သူတွေအပေါ် သူတို့ရဲ့ဆုံးဖြတ် လုပ်ဆောင်မှုတိုင်းနဲ့ပက်သက်ပြီး ရှင်းလင်း ဖြေကြားပေးဖို့ တာဝန်အပြည့်ရှိတယ်။ ဒါဟာ စိတ်ပါမှ လုပ်ချင်တဲ့အခါမှ လုပ်ရမှာ မဟုတ်ဘူး၊ လုပ်ကိုလုပ်ရမယ့် တာဝန်ပဲ။ (ဒေါ်အောင်ဆန်းစုကြည်)

ငြိမ်းချမ်းရေးရဖို့ အားလုံးမှာ တာဝန်ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်)

ဒီမိုကရေစီ ဘယ်တော့ရမှာလဲလို့ ကျမကို လာလာမေးတဲ့လူတိုင်းကို ကျမတစ်ခုပြန်မေးချင်တယ်၊ ဒီမိုကရေစီမြန်မြန်ရအောင် သင်ကောဘာလုပ်ပြီးပြီလဲ?? လူတိုင်း များများလုပ်ရင် မြန်မြန်ရမယ်လို့ပဲ ဖြေပါရစေ။ (ဒေါ်အောင်ဆန်းစုကြည်)

ငါတစ်ယောက် မလုပ်လို့လဲ ဘာမှဖြစ်မသွားပါဘူလို့ မတွေးပါနဲ့၊ လူတိုင်းအဲ့လိုတွေးရင် လုပ်မယ့်လူကျန်ပါ့ဦးမလား?? (ဒေါ်အောင်ဆန်းစုကြည်) ))
 
ခွန်ဒီးယမ်
 
ဒေါ်အောင်ဆန်းစုကြည်ကိုသွားသွားကြပ်နေတဲ့ ရိုဟင်ဂျာဆိုသူတွေ တာဝန်ယူနိုင်တဲ့ပုဂ္ဂိုလ်ရောက်
လာပြီ သွားမေးကြ ။သွားတောင်းဆိုကြ။