Pages

Friday, September 28, 2012

"အချစ်နဲ့မကြုံဖူးသေးတဲ့ စိုးပြည့်သဇင်"



'ဟန်းချိန်းလေးနဲ့ချည်တဲ့ကြိုး' ဆိုတဲ့ ဇာတ်ကားမှာ စိုးပြည့်သဇင်က အချစ်ကို တအားတန်ဖိုးထားတတ်တဲ့သူ တစ်ယောက် အဖြစ် သရုပ်ဆောင်နေပြီး ဟန်းချိန်းလေး တစ်ခုနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ခဲ့တဲ့ ရိုမန်
့ကားလေးဖြစ်ပါတယ်။ စိုးပြည့်သဇင်က အခုအချိန်ထိတော့ အချစ်နဲ့ပတ်သက်ပြီး မကြုံဖူးဘူးလို့ဆိုတာကြောင့်...''အချစ်နဲ့ မကြုံဖူးဘူး၊ မခံစားဖူးတော့ မသိဘူး။ တခြား စွဲအလမ်းတော့ကြီးတယ်။ စိုးပြည့်ကြိုက်တဲ့ပစ္စည်းတစ်ခုခုကို တအား သဘောကျတယ်ဆိုရင် သိမ်းထားတတ် တယ်။ အစွဲအလမ်းကြီးတယ်" လို့ပြောပြပါ တယ်။ စိုးပြည့်သဇင်က ဇာတ်ကားတွေရိုက် ကူးရင်း 'ချစ်သူရွေးမယ်' သီချင်းခွေအတွက် လည်း စီစဉ်နေပြီး ပရိသတ်တွေအတွက် ဗီစီဒီ ပါ တစ်ပြိုင်တည်းထွက်နိုင်အောင် ကြိုးစား နေတယ်လို့ပြောပါတယ်။
''သီချင်းက ဗီစီဒီရိုက်ဖို့ ၅ ပုဒ်လောက် ပဲကျန် တော့တယ်။ ရိုက်ကူးမှုကိုတော့ သေချာ လုပ်ထားတယ်။ အခွေထွက်လာမှပဲ ကြည့်ပြီးဝေဖန်ပေးကြပါ။ ဗီစီဒီ ရိုက် တာကလည်း ဒါရိုက်တာတွေနဲ့ ပူးပေါင်းပြီး လုပ်တာပါ။ စိုးပြည့်သီချင်းခွေထွက်ဖို့ နောက်ကျသွားတဲ့အတွက် အားနာပါတယ်။ စိုးပြည့် ပရိသတ်ကို တောင်းပန်ချင်တာက ဇာတ်ကားရိုက်နဲ့ဆိုတော့ အချိန်လည်းသိပ်မရဘူး။ သီချင်း ခွေကို ၁၁ လပိုင်း ဒါမှမဟုတ် ၁၂ လပိုင်းလောက် ထွက် မယ်ထင်ပါတယ်'' လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်

News from : Popular Journal