Pages

Friday, September 28, 2012

အိုဘားမား၊ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊ ဟင်နရီ ကစ်ဆင်းဂျားတို့ မြန်မာနိင်ငံ လာမည်



သမ္မတဦးသိန်းစိန်နဲ့ သမ္မတအိုဘားမားတို့ဟာ ဒီတကြိမ်မှာ အမေရိကမှာ မတွေ့ဆုံနိုင်ခဲ့ပေမယ့်လို
ဒီခရီးစဉ်အတွင်းမှာပဲ သမ္မတဦးသိန်းစိန်ကနေ သမ္မတအိုဘားမားဆီကို သ၀ဏ်လွှာတစောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်နဲ့ နီ
းစပ်တဲ့ အသိုင်းအ၀ိုင်းက
ဘီဘီစီကို ပြောပါတယ်။
အလားတူပါပဲ သမ္မတ အိုဘားမားအစိုးရကလည်း သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်ခရီးစဉ်အဖြစ်
အမေရိကကို နောက်တခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ သမ္မတအိုဘားမားတို့ဟာ ဒီတကြိမ်မှာ အမေရိကမှာ မတွေ့ဆုံနိုင်ခဲ့ပေမယ့်လို
ဒီခရီးစဉ်အတွင်းမှာပဲ သမ္မတဦးသိန်းစိန်ကနေ သမ္မတအိုဘားမားဆီကို သ၀ဏ်လွှာတစောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ စက်တင်ဘာ ၂၆ က တွေ့ဆုံခဲ့တဲ့ စည်းဝေးပွဲတွေအပြီးမှာ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားတို့ဟာ
မြန်မာနိုင်ငံကို မကြာမီ သွားရောက်လည်ပတ်ကြလို့ မြန်မာ့မျက်မှောက် အပြောင်းအလဲတွေကို မျက်တွေ့/လက်တွေ့ လေ့လာကြမယ်လို့ သိရပါတယ်။
သတင်း-BBC Burmese