Pages

Friday, September 28, 2012

မြန်မာမစ်ရှင်ရုံး ရှေ့ကချင်များဆန္ဒပြ

သမ္မတဦးသိန်းစိန် တက်ရောက်နေတဲ့ စည်းဝေးပွဲ ကျင်းပရာ မြန်မာမစ်ရှင်ရုံး (ညာ)နဲ့ ကချင်ဆန္ဒပြသူများ (၀ဲ)။
ကချင်တွေကတော့ မြန်မာမစ်ရှင်ရုံးရှေ့မှာ အကြီးအကျယ်ကို အော်ဟစ်လို့ ဆန္ဒပြကြပါနေပါတယ်။ အခုထက်ထိလည်း ဆန္ဒပြနေတုန်း ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မစ်ရှင်ရုံးတွင်းမှာ အမေရိကထိပ်တန်း စီးပွားရေး အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
သမ္မတဦးသိန်းစိန် မြန်မာမစ်ရှင်ရုံးထဲရောက်ပြီး ၁၀ မိနစ်ကျော် အကြာမှာပဲ ကချင်တွေက မစ်ရှင်ရုံးရှေ့ တဘက်စင်္ကြံပေါ်ကနေ ဆန္ဒပြကြပါတယ်။ သူတို့က ကချင်ဒေသမှာ ကချင်ပြည်သူတွေ သေကျေနေကြရတာအပြင် စစ်ပွဲတွေ ရပ်ဖို့၊ ကချင့်အရေး ကချင်ဆောင်ရွက်ခွင့်ရဖို့တွေ တောင်းဆို ဆန္ဒပြကြပါတယ်။

ကချင့်အရေးဆန္ဒပြသတင်းကို သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သတင်းမီဒီယာအဖွဲ့ကလည်း အပီအပြင် မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။


မြန်မာမစ်ရှင်က တာဝန်ရှိသူတယောက်က ဆန္ဒပြပွဲ ဦးဆောင်သူတဦးကို ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး မေးမြန်းနေတာ ဖြစ်ပါတယ်။

Add သမ္မတဦးသိန်းစိန်ရှိနေတဲ့ နယူးယောက်က မြန်မာမစ်ရှင်ရှေ့မှာ နှစ်နာရီကျော်ကြာ လာရောက် ဆန္ဒပြကြတဲ့ ကချင်တွေထဲက ဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေကို နယ်စပ်ရေးရာဝန်ကြီးနဲ့ လ၀က၀န်ကြီးနှစ်ပါးက ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြသူတွေက သမ္မတထံပေးစာကို လက်ခံယူခဲ့ကြပါတယ်။
တနာရီနီးပါး နှစ်ဘက်တွေ့ဆုံပွဲအပြီးမှာ ဆန္ဒပြ ကချင်တွေက အေးအေးဆေးဆေးနဲ့ ပြန်လည်ထွက်ခွာသွားသလို သူတို့ ထွက်ခွာခဲ့ပါတယ်။