Pages

Wednesday, September 12, 2012

ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အာဏာပိုင်နှင့်တွေဆုံညှိုနှိုင်းပြီး အေးအေးချမ်းချမ်း ပြုလုပ်ကြရန် နှစ်ဖက်စလုံးကို တောင်းဆို

ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (NLD) ကိုလက်ဆွဲနှုတ်ဆက်နေသည့် တာဝန်ကျရဲအရာရှိတစ်ဦးအားတွေ့ရစဉ်
ဓါတ်ပုံ- ဂျေပိုင်
ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (NLD) ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးနေစဉ်
ဓါတ်ပုံ- ဂျေပိုင်
မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်းနေထိုင်နေရသည့် လယ်သမားများကိုစောင့်ကြည့်နေသည့် ရဲများကိုတွေ့ရစဉ်
ဓါတ်ပုံ- ဂျေပိုင်

မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်းနေထိုင်နေရသည့် လယ်သမားများကိုတွေ့ရစဉ်
ဓါတ်ပုံ- ဂျေပိုင်
 မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်းနေထိုင်သည့် လယ်သမားများအား ယနေ့မွန်းလွဲ ၂နာရီ နောက်ဆုံး ထားပြီး ကျောင်းမှထွက်ခွာပေးရန် မြို့နယ်အာဏာပိုင်များက ညွှန်ကြား ထားကြောင်း ယင်းကျောင်းတွင် နေထိုင်နေသည့် လယ်သမားများက ဆိုသည်။
လက်ရှိအရေးကိစ္စအား ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်(NLD) က အာဏာပိုင်နှင့်တွေဆုံညှိုနှိုင်းပြီး အေးအေးချမ်းချမ်း ပြုလုပ်ကြရန် နှစ်ဖက်စလုံးကို တောင်းဆိုခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့် ယနေ့ညနေတွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အချက်နှစ်ချက်တောင်းဆိုခဲ့ကြောင်း သူမက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကိုပြောကြားသည်။
တောင်းဆိုသည့်နှစ်ချက်မှာ လက်ပံတောင်းတောင် အရေးဆောင်ရွက်ခဲ့ သော မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းနှင့် ကိုဝေဠုတို့ ၄ဦးကို ပြန် လွှတ်ပေး

ရန်၊ထိန်းသိမ်းခံထားရသူ၎ဦး နှင့်တွေ့ဆုံခွင့်ရရန်တို့ တောင်းဆိုခဲ့ပြီး ၀န်ကြီးချုပ် ဦးသာအေးက “ထိုတောင်းဆိုချက်များကို ဒီရက်ပိုင်းအ တွင်း အမြန်ဆုံးလိုက်လျောသွားနိုင်အောင် ကြိုးစား သွားပါ့မယ်”ဟုပြော ကြားကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားသည်။
ထိန်းသိမ်းခံထားရသူ ၄ဦးမှာ ပြစ်မှု့များကျူးလွန်ထားသည့်အတွက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်းဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ညနေ ဖေ့ဘွတ်လူမှုကွန်ယက်တွင် သတင်းပျံ့နှံ့လာသကဲ့သို့ မုံရွာမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိကြောင်းလည်း 7 Day News မုံရွာသတင်းထောက်က သတင်းပေးပို့သည်
7Day News