Pages

Wednesday, September 19, 2012

ဈေးချိုတော်ကို မသမာသော အကြံ ဖော်ထုတ်ရရှိ ။

Photo: ဈေးချိုတော်ကို မသမာသော အကြံ ဖော်ထုတ်ရရှိ ။

By ကိုဝိုင် ဝိုင်ကေ

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့
ဈေးအိမ်သာ (သန့်စင်ခန်း)အကြားမှာ ဆိုင်တွေအောက်ခြေနားက
ကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်က တွေ့ရှိပါတယ်။ ဈေးခင်းဖို့ရောက်လာတဲ့
ရှမ်းခေါက်ဆွဲဆိုင်ရှင် မိန်းမကြီးက မီးတောက်နေတာကို စတင်တွေ့ရှိလို့
ဈေးသန့်စင်ခန်းအစောင့်ကို အော်ဟစ်အကူအညီတောင်းတာကြောင့်
အခြားသောဈေးသူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့
ငြိမ်းတာကြောင့် မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့ကာ
ခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီအိတ်တွေဆက်တွေ့တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါတယ်။

ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် ဈေးသူဈေးသားများက တရားခံကို
အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူများ နေ့လည်(၂)နာရီခန့်တွင် ရောက်ရှိလာပြီး စုံစမ်းမှုများပြုလုပ်သွားသည်ကို တွေ့ရသည်။

ကိုဝိုင်ဝိုင်ကေနှင့် ရှည်ရှည်(စံကျူရီ)

မူရင်းသတင်း--ကိုဝိုင်ဝိုင်ကေ