Pages

Thursday, September 20, 2012

ဆီးဂိမ်းတွင် ၀ိုင်ဖိုင်ဧရိယာ ၃၀၀ ထားရှိပေးမည်

 
၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ၀ိုင်ဖိုင် သုံးစွဲနိုင်သည့် ဧရိယာသုံးရာအထိ ထားရှိပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ၀ိုင်ဖိုင်ဧရိယာသုံးရာကို နေပြည်တော် အားကစားကွင်းနှင့် အားကစားသမားများ နေထိုင်တည်းခိုသည့် နေရာများတွင် အဓိကထား ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူ သုံးသောင်းခန့် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ၀ိုင်ဖိုင်ထုတ်လွှင့်မည့် ဧရိယာများအတွက် လုပ်ကိုင်ခွင့်ကို ရွေးချယ်ထားခြင်း မရှိသေးသော်လည်း လုပ်ပိုင်ခွင့် ရရှိမည့် ကုမ္ပဏီမှာ ပြည်ပနိုင်ငံမှ ကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဖိုင်ဘာကွန်ရက် တည်ဆောက်ပြီးစီးပါက အဓိက ချိတ်ဆက်ပေးမည့် နေရာများမှာ ဇေယျာသီရိအားကစားကွင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရွာ၊ Royal Myanmar ဂေါက်ကွင်း၊ International Broadcasting Center (IBCC) စသည့် နေရာများဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။