Pages

Thursday, September 20, 2012

၉၄ ခုနှစ် အပစ်ရပ်စာချုပ်ကို လိုက်နာကြလျှင် ကချင်စစ်ရေး ထပ်ဆွေးနွေးရန်ပင်မလို ဟု ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈
၁၉၉၄ ခုနှစ် ကတည်းက မြန်မာစစ်တပ်နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့တို့ ချုပ်ဆို ထားခဲ့သော အပစ် အခတ် ရပ်စဲရေး စာချုပ် ကိုသာ လိုက်နာ မည် ဆိုပါက နှစ်ဖက် ထပ်မံ ဆွေးနွေး စရာအကြောင်း မရှိဟု ကချင် ငြိမ်းချမ်းရေး ဖော်ဆောင် သူများ ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။
”အခု ဖြစ်နေတဲ့ စစ်က KIA နယ်မြေထဲမှာ ဖြစ်နေတာ။ စစ်တပ် ကသာ ထိုးစစ်ကို ရပ်လိုက်မယ် ဆိုရင် ထပ်ချုပ် စရာမလိုဘူး” ဟု ၄င်း က ပြော သည်။
၁၉၉၄ ခုနှစ်က ချုပ်ဆို ထား မှုတွင် KIA  ကို မြန်မာ စစ်တပ်က သီးသန့် နေရာ ပေးထားရာ ထိုနေရာ အတိုင်းသာ နေထိုင်ကြ မည် ဆို ပါက ယခု ကဲ့သို့သော ဖြစ်ရပ်မျိုး ကြုံတွေ့ လာစရာ မရှိဟု ဒေါ်ခွန်ဂျာ က ဆက်ပြောသည်။
မြန်မာ စစ်တပ်နှင့် KIA အကြား နှစ်ဖက် ငြိမ်းချမ်းမှု ရအောင် ဆောင်ရွက်ပေး နေသည့် ၄င်းတို့ ကွန်ရက် အနေဖြင့် ယခု အတိုင်း ဆက်သွား ပါက ပြည်တွင်းစစ် မှာ ၂ နှစ်၊ ၃ နှစ်ကြာ သွား နိုင်မည်ဟု ၄င်းက သုံးသပ်ထား သည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရန် ၂ဝ၁၂ မေလ ၃ ရက်နေ့မှ စကာ ပြည်ထောင်စု အဆင့် ပြန်လည်ဖွဲ့ စည်းထားသော်လည်း လေးလကျော် သည့် ယနေ့ အချိန် အထိ တရားဝင် တွေ့ဆုံခြင်း မျိုး မရှိဘဲ သာမန် တွေ့ဆုံမှု မျိုးများသာ ဖြစ်နေသည်ဟု ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်သူ များ ကွန်ရက် ထံမှ သိရသည်။ နိုင်ငံတော် သမ္မတက မြန်မာ စစ်တပ်ကို ထိုးစစ်ဆင်မှု အား ရပ် တန့်ရန် တရားဝင်ညွှန်ကြားမှု ပြု ခဲ့သောေ ကြာင့် မြန် မာ စစ်တပ်ကို အင်အား မတိုးချဲ့ဘဲ ရှိသမျှ အင် အားဖြင့်သာ တုံ့ပြန်မှုကို ကာကွယ်နေ ရသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အရာရှိ တစ်ဦး က ပြော သည်။