Pages

Wednesday, September 12, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့်လူမှုရေးအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များသည် ယနေ့(စက်တင်ဘာ၁၂ရက်) နေ့လည် ၃ နာရီတွင် တိုင်းဒေသကြီးရုံး၌ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့်တွေ့ဆုံ

မသွဲ့သွဲ့ဝင်း၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့်လူမှုရေးအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များသည် ယနေ့(စက်တင်ဘာ၁၂ရက်) နေ့လည် ၃ နာရီတွင် တိုင်းဒေသကြီးရုံး၌ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပွားနေသော ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကိစ္စများနှင့် ပတ်သက်ကာ ဆွေးနွေးသွားရန်ရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့် ယနေ့ညနေတွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အချက်နှစ်ချက်တောင်းဆိုခဲ့ကြောင်း သူမက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကိုပြောကြားသည်။
တောင်းဆိုသည့်နှစ်ချက်မှာ လက်ပံတောင်းတောင် အရေးဆောင်ရွက်ခဲ့ သော မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းနှင့် ကိုဝေဠုတို့ ၄ဦးကို ပြန် လွှတ်ပေးရန်၊ထိန်းသိမ်းခံထားရသူ၎ဦး နှင့်တွေ့ဆုံခွင့်ရရန်တို့ တောင်းဆိုခဲ့ပြီး ၀န်ကြီးချုပ် ဦးသာအေးက “ထိုတောင်းဆိုချက်များကို ဒီရက်ပိုင်းအ တွင်း အမြန်ဆုံးလိုက်လျောသွားနိုင်အောင် ကြိုးစား သွားပါ့မယ်”ဟုပြော ကြားကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားသည်။
ထိန်းသိမ်းခံထားရသူ ၄ဦးမှာ ပြစ်မှု့များကျူးလွန်ထားသည့်အတွက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်းဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ညနေ ဖေ့ဘွတ်လူမှုကွန်ယက်တွင် သတင်းပျံ့နှံ့လာသကဲ့သို့ မုံရွာမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိကြောင်းလည်း 7 Day News မုံရွာသတင်းထောက်က သတင်းပေးပို့သည်။