Pages

Wednesday, September 12, 2012

၈၈မျိုးဆက်ကျောင်းသားများ မုံရွာရောက်ရှိလာ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက လယ်သမားများကို ခေတ္တနားခိုခွင့်ပေးထားသည့် မြို့မဂါတ်ဘုန်းကြီးကျောင်းတိုင်အား ကျေးဇူးတင်စကားပြောနေစဉ်
ဓါတ်ပုံ - ဂျေပိုင်

၈၈မျိုးဆက်ကျောင်းသားများဖြစ်သော ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)၊ ဦးဇော်ဇော်မင်းတို့သည် ယနေ့ညနေပိုင်းက မုံရွာမြို့သို့ရောက်ရှိလာပြီး ညနေ ၆နာရီကျော်က မြို့မဂါတ်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေသည့် ၀က်မှေးရွာဒေသခံများ၊ မုံရွာမြို့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂအဖွဲ့ဝင်များကိုတွေ့ဆုံခဲ့သည်။
 တွေ့ဆုံစဉ် ဆန္ဒပြခြင်းကို ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးကာ ညှိနှိုင်းခြင်းကို သာလုပ်ဆောင်
ရန်တိုက်တွန်းခဲ့ပြီး ၀က်မှေးရွာ သူရွာသား များကိုလည်း ကိုယ့်ရပ်ရွာသို့ပြန်ရန် ပြောကြားပြီး ယင်းတို့အနေနှင့် တတ်နိုင်သမျှကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း မုံရွာသတင်းထောက် ကသတင်းပေးပို့သည်။
၈၈ကျောင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်လက်တွေ့ဆုံရန် သွားရောက်လျှက်ရှိပြီး လက်ပံတောင်းတောင် အရေးကိစ္စဆောင်ရွက်
သူ၎ဦးကိုပြန်လွှတ်ပေးရန်နှင့်လက်ပံတောင်းတောင်စီမံကိန်းကိုရပ်ဆိုင်းပေးရန်
ည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ပံတောင်းတောင်စီမံကိန်းသည် နိုင်ငံတော်အစိုးရနှင့် တရုတ်အစိုးရကြား သဘောတူညီထားသည့် စီမံကိန်းဖြစ်သည့် အတွက် ဖြေရှင်းရန်အချိန်ယူရမည်ဖြစ်ကြောင်းလည်း
၈၈မျိုးဆက်ကိုဂျင်မီက ဒေသခံများနှင့် ဗကသကျောင်းသားများကို ရှင်းလင်းပြောကြား ခဲ့သည်ဟု မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
ဗကသ အဖွဲ့များက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြ သည့်အတွက် ကျေးဇူးတင်ခြင်းများပြောခဲ့သည်။ ဖမ်းဆီးခံထားရသည့် မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်း တို့အား ပြန်လွှတ်ပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် လက်ရှိတွေ့ဆုံ ဆွေးနွေး နေကြောင်း သိရသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက ၀က်မှေးကျေးရွာရှိလယ်သမားများကိုတွေ့ဆုံအားပေးနေစဉ်
ဓါတ်ပုံ - ဂျေပိုင်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက အဖမ်းခံရသဖြင့် မကျန်းမမာဖြစ်နေသည့် လူနာတစ်ဦးကို အားပေးနေစဉ်
ဓါတ်ပုံ - ဂျေပိုင်