Pages

Friday, September 21, 2012

ဒေါ်အောင်ဆန်းစုကြည်အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့တွေ့ဆုံမယ်

 
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သောကြာနေ့မှာ ၀ါရှင်တန်ဒီစီမြို့တော်ကနေ နယူးယောက်မြို့ကို သွားရောက်မှာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ ညနေခင်းမှာပဲ နယူးယောက်မြို့ အခြေစိုက် Atlantic ကောင်စီအဖွဲ့က ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မှာဖြစ်ပြီး အဖွဲ့ကြီးက ချီးမြင့်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Award ကို လက်ခံရယူမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Henry Kissinger ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata နဲ့ လူသားချင်း စာနာမှု အကူအညီပေးသူ ဂီတပညာရှင် Quincy Jones တို့ကိုလည်းဒေါ်အောင်ဆန်းစုကြည်နဲ့အတူု ဂုဏ်ပြုချီင်္းမြင့်မှာဖြစ်ပါတယ်။