Pages

Thursday, September 20, 2012

ဧည့်ဝန်ဆောင်မှု သင်တန်း လေးမျိုး အောက်တိုဘာ ၁ ရက် ဖွင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် ဧည့်ဝန် ဆောင်မှုဆိုင်ရာ သင်တန်းလေးမျိုးကို အောက်တိုဘာ ၁ ရက်မှ စ၍ မြရိပ်ညို ဟိုတယ်တွင် ဖွင့်လှစ်မည်ဟု သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ သင်တန်းများအသင်း (MHPA) တို့ ပူးပေါင်းကာ ပထမဆုံးအကြိမ် အဖြစ် စတင် ဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းခြင်း၊ အစားအစာနှင့် အဖျော်ယမကာ တည်ခင်းဧည့်ခံခြင်းနှင့် အစားအစာနှင့် အဖျော် ယမကာ ထုတ်လုပ်ခြင်းတို့ကို ခြောက်ပတ်ကြာ သင်ကြားပေးမည်ဟု သိရသည်။
ဝါရင့်ဆရာများက ဦးစီးသင်ကြားပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဝင်ဟိုတယ်များမှ ဝန်ထမ်းများသာမက ပြင်ပ ဟိုတယ်များမှ ဝန်ထမ်း များပါ တက်ရောက်နိုင်မည် ဖြစ်ကြောင်း MHPA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်တန်းကို တစ်ပတ်လျှင် ခြောက်ရက်နှုန်းဖြင့် တစ်နေ့လေးနာရီ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက် လိုသူများသည် MHPA သို့ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။