Pages

Monday, September 17, 2012

စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် စတင်ရောင်းချမည်


ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့် ကတ်များကို စက်တင်ဘာ တတိယပတ် အတွင်း စတင်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့် ကတ်များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ်တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီ အမှတ်အသား ပါမှာပါ'' ဟု ပြောကြားသည်။ ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 MHz သည် ခဲရောင်ဖြစ်၍ 450 MHz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။