Pages

Monday, September 17, 2012

ဖားကန့်ဒေသ သေနတ်သံတွေ ငြိမ်းပါစေ၊

 
            ၈၈ မျိုးဆက်ကျောင်းသားများ၏ပထမဆုံး ကချင်ပြည်နယ်ဖားကန့်ခရီးစဉ်

၂၀၁၂ စက်တင်ဘာလ ၁၆ ရက် တွင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်သော
 ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော် နှင့် ကိုမာကီ တို့၅ ယောက် သည် ကချင်ပြည်နယ်ဖားကန့်
ဒေသ သို့ ငြိမ်းချမ်းရေးခရီအဖြစ်သွားခဲ့ပါသည်။ လမ်းတလျှောက် KIA အဖွဲ့ဝင် များနှင့် တရင်းတနှီး နုတ်ဆက်စကားများ ပြောခဲ့ပြီး
လုံးခင်အ၀င်နားတွင် ထောင်နဲချီသော ပြည်သူများ ကြိုဆိုခဲ့ကြသည်။ ထိုမှတဆင့် IDP camp များသို့သွားကာ ဒုက္ခသည်များအား
 အားပေးစကားပြောခဲ့သည်။ အလုငွေများလည်းပေးခဲ့သည်။ “ကျောက်မက်ရတနာကျောက်စိမ်းတွေ ဒီလောက်ထွက်တဲ့ နေရာမှာလာရတဲ့လမ်းက
ကျွန်တော်ဘ၀ မှာ သွားခဲ့ဖူးတဲ့ လမ်းတွေထဲက အဆိုးဆုံးပဲ၊ အခုလဲ ဒီဖားကန့်ဒေသမှာ ဘုရားကျောင်း ခေါင်းလောင်သံတွေ
ကျောင်းခေါင်းလောင်းသံတွေ ကြားချင်တယ်၊ ဖားကန့်ဒေသ သေနတ်သံတွေ ငြီမ်းပါစေ၊ ကချင်ပြည်နယ် သေနတ်သံတွေ ငြိမ်းပါစေ” ဟ
ု ပြည်သူများ အား မိန့်ခွန့်အားပေးစကား ပြောခဲ့ပါသည်။ ၁၉ ရက်နေ့မှ မြစ်ကြီးနားကို ပြန်လာမည် သည်။