Pages

Thursday, September 13, 2012

ထားဝယ်စီမံကိန်းတွင် ITD ၏ ရှယ်ယာပါဝင်မှု လျှော့ချဟု ထိုင်းသတင်းစာ ဆို

ဘဏ္ဍာရေး အခက် အခဲကြောင့် မရေရာမှု များ ကြုံတွေ့နေ ရသော ထားဝယ် စီမံကိန်း အဓိက ဆောက်လုပ်ခွင့် ရသူ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) ၏ ရှယ်ယာ ပါဝင်မှုကို ၂၅ ရာခိုင်နှုန်း အထိ လျှော့ချု လိုက် ပြီဖြစ်ကြောင်း ထိုင်း အခြေစိုက် သတင်း တစ်ရပ် တွင် ဖော်ပြ ထားသည်။ ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ဘုတ် အဖွဲ့၊ ထိုင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန တို့နှင့်တွေ့ဆုံ ညှိနှိုင်းပြီးနောက် အစိုးရ ၏ စီမံကိန်း တွင် ပါဝင်မှုကို လက်ခံ လိုက်ပြီး ကုမ္ပဏီ အနေဖြင့် မူရင်း ပိုင်ဆိုင်မှု၏ ထက်ဝက်ကျော် ကို လျှော့ချ လိုက်ခြင်းဖြစ်ကြောင်း ထားဝယ် ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ၏ မန်နေဂျင်း ဒါရိုက်တာ Mr. Somjate Tinnapong ကို ကိုးကား၍ Suthichaiyoon သတင်း အင်တာနက် စာမျက်နှာ တွင် ထိုင်း ဘာသာ ဖြင့် ဖော်ပြထားသည်။ သို့သော် ထားဝယ် စီမံကိန်း တွင် ကနဦး ရှယ်ယာ ၅၁ ရာ ခိုင်နှုန်း ပါဝင်ထားသော ITD က ယင်း ကိစ္စကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ Dawei Watch အနေနှင့် ယင်းကိစ္စ ကို အခြား သတင်း အရင်း အမြစ် များမှ အတည်ပြုနိုင်ခြင်းမရှိ သေးပေ။ ”ကျန်တဲ့ ၇၅ ရာခိုင်နှုန်း ကို မြန်မာ ဒါမှမဟုတ် ဂျပန် အစိုးရ တွေကို ပိုင်ဆိုင်ခွင့် ပေးတဲ့ ကိစ္စတွေ ကို ထိုင်း အစိုးရ က လုပ်မှာပါ” ဟု Somjate က ပြော ဆိုကြောင်း ထိုင်း သတင်းတွင် ဖော်ပြထားသည်။ ထားဝယ် စီမံကိန်း၏ လေးပုံ တစ်ပုံ ပမာဏ ကိုသာ ရှယ်ယာ ပါဝင် မည်ဆိုသော်လည်း ITD သည် အဓိက ကျသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု အနေနှင့် ရှိနေဦးမည်ဖြစ် ကြောင်း ဘန်ကောက် အခြေစိုက် ထားဝယ် စီမံကိန်း သုတေသီ ဦးဇော်အောင် က သုံးသပ်သည်။ သို့သော် ITD သည် တည်ဆောက်သူ အနေ အထားမှ ရင်းနှီး မြှုပ်နှံသူ အနေ အထား သို့ ပြောင်းလဲ သွား မည်ဖြစ် သည်။ ”ထားဝယ် Project ကတော့ အစိုးရ ချင်း ဦးဆောင်တဲ့ Project အဖြစ် ပြောင်းသွားတယ်။ ITD က ဒီစီမံချက် တစ်ခုလုံး အပေါ် Decision Making Power မရှိတော့ဘူး” ဟု ဦးဇော်အောင်က ဆိုသည်။ ထားဝယ် စီမံကိန်း တွင် ရင်းနှီး မြှုပ်နှံမည့် ပုံစံ ကိစ္စကို ဆွေးနွေး ရန် ရှိသော ထိုင်း ဝန်ကြီး ချုပ် ယင်းလပ်ရှင် နာဝပ်၏ စက်တင်ဘာ ၁၉ မှ ၂၁ ရက်နေ့အထိ မြန်မာ ခရီးစဉ် တွင် စီမံကိန်း ကို ထောက်ပံ့ ရန် ထိုင်း ၊မြန်မာ နှင့် ဂျပန်နိုင် ငံ တို့ သုံး ပွင့်ဆိုင် အဖွဲ့ ဖွဲ့စည်း ရန် အဆိုပြုဖွယ် ရှိနေသည်။ သို့သော် ထိုင်း ဝန်ကြီးချုပ် ၏ ခရီး စဉ် အတွက် နေပြည်တော် ၏ မီးစိမ်းပြ မှုကို စော င့်နေ ရဆဲဖြစ်သည်။ စီမံကိန်း ၏ အဓိက ပြည်တွင်း မိတ်ဖက် အဖွဲ့ အစည်းဖြစ်သော Max Myanmar ကုမ္ပဏီသည် စီမံကိန်း မှနုတ်ထွက် ရန် အ တည်ပြုပြီး နောက် ဘဏ္ဍာရေး နှင့် အခြား မိတ်ဖက် အဖွဲ့ အစည်း များ ရရှိရန် ITD က ရုန်းကန် နေရသည်။ သမ္မတ ဦးသိန်းစိန် ၏ ဇူလိုင် လ အတွင်း က ထိုင်းနိုင်ငံ ခရီးစဉ် တွင် ထားဝယ် စီမံကိန်း အား အစိုးရ ချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
Dawei Watch