Pages

Thursday, September 13, 2012

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က NLD မှ ဒေါ်ဖြူဖြူသင်းကို တရားစရိတ်ပေးရန် ခုံရုံးဆုံးဖြတ်

ပြည်ခိုင်ဖြိုး ပါတီမှ ဒေါ်လဲ့လဲ့အေးက မင်္ဂလာ တောင်ညွန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူ သင်းအား တရား စရိတ် ငွေကျပ် ငါးသိန်း ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။ ဒေါ်ဖြူဖြူသင်းနှင့် ဒေါ်လဲ့လဲ့ အေးတို့ ရွေးကောက်ပွဲ ကိစ္စကို အပြန် အလှန် ကန့်ကွက် လွှာ တင်ထားမှု ကို ရွေးကောက် ပွဲ ကော်မရှင် ခုံရုံးက နှစ်ဖက် သက်သေ များကို စစ်ဆေး၍ တစ်ဖက်ကို ငြင်းချက် လေးချက်စီဖြင့် ပြစ်မှု မမြောက် ကြောင်း ဆုံးဖြတ် ခဲ့ပြီး ထိုကဲ့သို့ တရား စရိတ် ပေးဆောင်ရန် အမိန့်ချ မှတ်ခဲ့ကြောင်း သိရသည်။ ဒေါ်ဖြူဖြူသင်းနှင့် ဒေါ်လဲ့လဲ့ အေးတို့သည် ဧပြီလကြားဖြတ် ရွေးကောက်ပွဲ ကာလ အတွင်း မဲဆွယ် စည်းရုံးမှု၊ ဟောပြောမှု စသည် တို့ဖြင့် အပြန် အလှန် ကန့်ကွက်လွှာ တင်သွင်း ခဲ့မှုကို ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် က မေလမှ စတင်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံး၏ ဆုံးဖြတ်ချက် ကို အများပြည် သူ လေ့လာနိုင် ရန် နိုင် ငံ တော် ပြန်တမ်း အဖြစ် ထုတ်ဝေမည် ဟု သိရသည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ခဲ့သော ကြားဖြတ် ရွေးကောက် ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၌ ဒီချုပ် နှင့်ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ငါးခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီချုပ် ပါတီ မှ ဆန္ဒမဲ ၅၅၈၁၉ ဖြင့် အနိုင်ရ ခဲ့ သည်။