Pages

Monday, October 22, 2012

နန်းခင်ဇေယျာရဲ့ကျေးဇူးတင်စကား

အားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်လို့ ညီမပြောပါရစေ။ အားလုံးရဲ့ပံ့ပိုးကူညီမှုနဲ့ ညီမမျှော်လင့်ထားတဲ့ ဆုနှစ်ဆုကို ယူခဲ့နိုင်ပါပြီ။ ညီမနဲ့ထပ်တူအားလုံးပျော်ကြမယ်လို့လည်း ညီမယုံကြည်ပါတယ်။ ပြိုင်ဖက်တွေကြားမှာ၊ ဒိုင်တွေကြားမှာ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကို အံ့သြသွားရအောင်၊ အသိအမှတ်ပြုသွားရအောင် အတိုင်းအတာတစ်ခုအထိတော့ ညီမတို့လုပ်ပြနိုင်ခဲ့တယ်လို့ ညီမယုံကြည်ပါတယ်။ ညီမရဲ့ရှေ့ဆက်လှမ်းရမယ့် နေ့တွေမှာလည်း ညီမကိုအားပေးကူညီခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို မမေ့ဘဲ၊ အကောင်းဆုံး ဖြစ်အောင် ညီမလျှောက်လှမ်းသွားပါ့မယ်။ ညီမ တတ်နိုင်တဲ့အပိုင်းကနေ မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုအောင် အမြဲတမ်းကြိုးစားသွားပါ့မယ်လို့ ဒီနေရာကနေ အားလုံးကို ညီမကတိပေးလိုက်ပါတယ်။ ညီမချစ်တဲ့ မြန်မာနိုင်ငံသားအားလုံး အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 ချစ်ခြင်းများစွာနဲ့ နန်းခင်ဇေယျာ