Pages

Sunday, October 14, 2012

Miss Myanmar နန်းခင်ဇေယျာရဲ့ Page View ၃၁သိန်းကျော်ပြီ

Miss Myanmar နန်းခင်ဇေယျာရဲ့ Pageviews ဟာ ၁ မိနစ်မှာပျှမ်း ၆၀၀လောက်တက်နေပါတယ်။
3,084,236  13:30 နာရီ
3,104,389   14:17 နာရီ
3,105,051   14:18 နာရီ
3,108,448    14:24 နာရီ
3,109,466    14:26 နာရီ

ယခု 14:33နာရီ မှာ 3,112,467 ရှိနေပြီဖြစ်သည်။
---------------------------------------------------------------------------------------------
နန်းခင်ဇေယျာ ရဲ့စိုးရိမ်မှု နဲ့ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို ပြန်တင်ပေးလိုက်ပါတယ်။
ညီမရဲ့ Facebook
Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto Refreshing Software
အကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း
ကျွမ်းကျွမ်းကျင်ကျင်ကြီးနားမလည်ပါဘူး။ ဒါပေမယ့် သူတို့ပြောသွားပုံအရတော့
အဲ့ဒါဟာ တရားမ၀င်ဘူးလို့ ပြောပါတယ်။ လူက vote လုပ်တာမဟုတ်ဘဲ Software ကပဲ
Auto Vote လုပ်တာဖြစ်တဲ့အတွက် Illegal လို့ပြောပါတယ်။ တကယ်လို့ flickr
ကသာ သိသွားလို့ တရားဝင်တိုင်ခဲ့ရင် ညီမကို vote လုပ်ထားတဲ့
မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်


အဲ့ဒါကြောင့် ညီမစိုးရိမ်လို့ ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးသလိုသာ
Illegal ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာကနေ ညီမက အဲ့ဒီ System
ကိုမသုံးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးရဲ့ ညီမအပေါ်ထားတဲ့
မျှော်လင့်ချက် နဲ့ ညီမကို နိုင်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။
ညီမအတွက်နဲ့လည်း အပင်ပန်းခံပြီး တတ်အားသရွေ့ပံ့ပိုးပေးနေ၊
စောင့်ရှောက်ပေးနေတာကိုလည်း မျက်မြင်ကိုယ်တွေ့သိရှိ ထားပါတယ်။
အဲဒါကြောင့် အားလုံးပင်ပန်းဆင်းရဲခံပြီး ကြိုးစားထားတဲ့ အရာတွေကိုလည်း
တရားမ၀င်ဖြစ်မသွားစေချင်ပါဘူး။ အခု ညီမရထားတဲ့ vote တွေဟာလည်း စက်က Auto
ပေးထားတာမဟုတ်ဘဲ အများဆုံးက ညီမတို့နိုင်ငံသားတွေကိုယ်တိုင်
ကြိုးစားပြီး၊ ပေးထားတဲ့ မဲတွေပဲလို့လည်း ညီမသိထား၊ ယုံကြည်ထားပါတယ်။
(လူအနေနဲ့ကတော့ အကြိမ်မြောက်များစွာ vote လုပ်နိုင်ပါတယ်)
နောက်ဆုံးအနေနဲ့ ညီမကို အမှန်တကယ် စောင့်ရှောက်ကူညီသောအနေနဲ့ အဲ့လို
System သုံးပြီးမဲပေးနေတဲ့လူရှိရင်လည်း အမြန်ဆုံး အဲ့ဒီ System
ကိုပြန်ဖြုတ်ပေးရမယ် လို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အခုညီမကို အားပေးပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံသားတွေရဲ့ အင်အားနဲ့လည်း
ပြိုင်ဖက်တွေကို သေချာပေါက်ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
အခုညီမကို ပံ့ပိုးကူညီနေသူများရဲ့အင်အား နဲ့ မျှော်လင့်ချက်များဟာ
တစ်ခြားဘယ်နိုင်ငံကပြိုင်ဖက်များမှ မရရှိနိုင်တဲ့ အရာတွေပါ။ အဲ့ဒါကိုလည်း
ညီမအပြည့်အ၀ယုံကြည်ပါတယ်။ ညီမတို့အားလုံး သန့်ရှင်းစွာနဲ့
အတူတူအကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့
အားလုံးကိုတောင်းဆိုပါရစေ။

ညီမကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်

ချစ်ခြင်းများစွာနဲ့   နန်းခင်ဇေယျာ