Pages

Monday, November 5, 2012

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် 97B ဖြစ်ပေါ်လျှက်ရှိ

နိုဝင်ဘာ-၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၊ Visakhapatnam မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့် ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 97B ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။ လေဖိအားနည်းဆဲလ် 97B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၁၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ဘွယ် ရှိ/မရှိ စောင့်ကြည့်တင်ပြပေးသွားပါမည်။
 97B – 05 Nov 2012 0000Z
Location: 17.3 84.3
Winds: 15 knots
Central Pressure: 1010 hPa