နိုဝင်ဘာ ၃၊ ၂ဝ၁၂
ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်ရာတွင် အခြေခံအဆင့် သစ္စာ ရွတ်ဆိုသည့် စာသားများပါပြင်ဆင် ပြောင်းလဲရမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးစင် တာ၌ ဒီမိုကရေစီမိတ်ဆွေပါတီများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
''တပ်မတော်သားတွေမှာ သစ္စာဆိုရတာ ရှိတယ်၊ ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သား တို့၏ သစ္စာကိုစောင့်သိရိုသေပါမည် လို့ ဆိုရတယ်၊ ဒီလိုပဲ ကချင်တပ် မတော်ကလည်း ငါတို့သည် ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်လို့ ဆိုရတာပဲ ဒါတွေပါပြင်ဆင်ရမယ်'' ဟု ဦးအောင်မင်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့အနေဖြင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြု လုပ်နေပြီး ယခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မတိုင်မီ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခု ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် အခြေခံကတိ ၃ ခု ဖြင့်စတင်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံ တော်မှ ခွဲမထွက်ရေးတို့ တာဝန်အ ရေးသုံးပါးကို စောင့်ရှောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ ရေးတို့ဖြစ်ကြောင်း သိရသည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေကို လိုက်နာရန် ပြောကြားရာတွင် လက်ရှိ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေသာရှိသည့် အတွက် ၄င်းကိုသာ လိုက်နာရမည် ဖြစ်ပြီး မနှစ်သက်ပါက ပြင်ဆင် နိုင်သည့် အခွင့်အရေး ရှိသော်လည်း လွှတ်တော်မှသာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြော သည်။
''ငြိမ်းချမ်းရေး ဖော်ဆောင် ရာမှာ အခက်အခဲ ဖြစ်နေတာက နှစ် ချက်ရှိတယ်။ သတင်းအချက် အပြည့်အစုံမရတာနဲ့ Capacity မရှိ တာကြောင့်ပါ။ နောက်ပြီး နှစ်ဖက် ဆွေးနွေးတဲ့ ခေါင်းဆောင်တွေရဲ့ အရည်အသွေးအပေါ်မှာလည်း မူ တည်ပါတယ်''ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးက ပြော သည်။
Messenger News Journal