Pages

Friday, November 2, 2012

မင်းမဲ့စရိုက် ဆန်ဆန် ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီး ကို ၀ိုင်းရိုက်မှုဖြစ်ပွါး


( ဓါတ်ပုံ - ၀ိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ )
 နိုဝင်ဘာလ ၁ရက် ၂၀၁၂ခုနှစ် ၊

ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁း၀၀ ခန့်အချိန်တွင် ရန်ကုန် အင်းစိန်လမ်းမ၊ စံရိပ်ငြိမ် မှတ်တိုင်း အနီး။ Excellent studio ၌ လူစုဖွဲ့ ရမ်းကားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။

... ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီးကို ဝိုင်းရိုက်ပါတယ်။ အထဲမှာပါတဲ့ အမျိုးသမီးရဲ့ အော်သံက အင်မတန်ကြေကွဲဖွယ်ပါပဲ။ တုတ်တွေနဲ့ရိုက် ကားမှန်တွေခွဲ၊ သိပ်ကို တုန်လှုပ်ဖို့ကောင်းပါတယ်။

ဒီနေ့ပဲ အဒေါ်တစ်ယောက်က အဲလိုတွေ ဖြစ်နေတတ်လို့ ညဘက်တွေအပြင်မထွက်ဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် အခုလို မင်းမဲ့စရိုက်မျိုးတွေ ရှိမယ်လို့ ကျနော် မထင်ခဲ့ဘူး။ ၁း ၁၅ လောက်မှာ အားလုံး ထွက်သွားကြပြီး အရိုက်ခံရတဲ့ ကားတစ်စီးပဲ ကျန်ခဲ့ပါတယ်။ ၅ မိနစ်လောက်နေတော့ ရဲတွေ ရောက်လာကြောင်း မျက်မြင်တွေ့ ရှိသူ ပြည်သူတဦးက Myanmar News Now ကို သတင်း ပေးပို့ ထားပါတယ်။
MMN