Pages

Friday, December 7, 2012

ဂျပန်နိုင်ငံတွင် ၇ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းများဖြစ်ပေါ်

FRIDAY, 07 DECEMBER 2012 16:25

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်း၌ အင်အား ၇ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးနှင့် ၆ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့ရာ တစ်မီတာမြင့်သော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း NHK သတင်းဌာနက ကြေညာခဲ့သည်။

မီယာဂီစီရင်စု မီနာမီဆန်ရီကုမြို့ အပါအ၀င် အခြားသော မြို့အချို့၌ လုံခြုံရာဒေသများသို့ ရှောင်ရှားရန် အကြံပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂျပန်အမျိုးသား မိုးလေ၀သနှင့် ဇလဗေဒဌာနက ဆူနာမီရေလှိုင်းများသည် အီဝိတ်ကမ်းရိုးတန်းသို့ ဒေသစံတော်ချိန် ညနေ ၅း၄၀ နာရီ၌ လည်းကောင်း၊ ဖူကူရှီးမားသို့ ၅း၅၀ နာရီ၌ လည်းကောင်း၊ အီယိုမိုရီနှင့် အီဘာရာကီသို့ ၆း၀၀ နာရီ၌ လည်းကောင်း ဆူနာမီရေလှိုင်းများ တက်ရောက်နိုင်ကြောင်း သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ငလျင်၏ ဗဟိုချက်သည် တိုကျိုမြို့ အရှေ့မြောက်ဘက် ၂၈၅ မိုင်အကွာ သို့မဟုတ် ဆန်ဒိုင်းမြို့ အရှေ့ဘက် ၁၇၆ အကွာ ပစိဖိတ် သမုဒ္ဒရာအောက် ၂၃ မိုင်အနက်တွင် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

Ref; AFP