Pages

Friday, December 7, 2012

ပြင်းအား ၇.၃အင်အားရှိ ငလျင်တစ်ခု ဂျပန်တွင် လှုပ်ခတ်သွား

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းကိုဗဟိုပြု၍ ပြင်းအား ၇.၃ရှိသော မြေငလျင်တစ်ခု ဂျပန်ဒေသစံတော်ချိန် နေ့လည် ၅နာရီ ၁၈မိနစ်တွင် ဂျပန်နိုင်ငံမြောက်ပိုင်း၌ လှုပ်ခတ်သွားကြေင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုငလျင်ဒဏ်ကြောင့် တိုကျိုမြို့လယ်ရှိအဆောက်အဦးများ လှုပ်ရမ်းသွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုသည် တောင်ဘက်ကီလိုမီတာ ၃၀၀အထိရိုက်ခတ်သွားကြောင်းသိရသည်။ NHKသတင်းဌာန၏ဖော်ပြချက်အရ လက်ရှိတွင် အပျက်အဆီးများမပါရှိသေးပေ။
 ငလျင်ဒဏ်ကြောင့် ဆူနာမီသတိပေးချက်များကို ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတန်းတစ်လျောက်တွင် ထုတ်ပြန်ထားကြောင်းသိရသည်။