Pages

Friday, December 28, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြမည်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့်  မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် Ecology Expert (၁)ဦး, Natural Hazzard and Enviromental Management (၁)ဦး,Health Safety and Enviromental Consultant (၁)ဦး,Soil and Water Expert(၁)ဦး,Social Impact Assessment  Expert(၁)ဦး,Air Quality Expert(၁)ဦး,EIA Consultant(၁)ဦး,Cultural Expert(၁)ဦး စသည့် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသူများအနက်မှ သံဃာတော် ၂ပါးကို ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Eleven Media Group