Pages

Wednesday, April 11, 2012

ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး

Messenger News Journal
ဧပြီလ ၁၁ ရက်နေ့ ၂၀၁၂

 လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။

မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။

၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။

ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။

ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။


Messenger News Journal

အဆိုတော်အချို့ သင်္ကြန်မဏ္ဍပ်များတွင် သီဆိုရန်ချုပ်ဆိုထားသော စာချုပ်များ ဖျက်သိမ်းခံရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီအစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းလင်း


Wednesday, 11 April 2012 20:55
1111a


ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ
လာမည့် သင်္ကြန်တွင် နေပြည်တော်နှင့် ရန်ကုန်ရှိ မဏ္ဍပ်အချို့၌ ဖျော်ဖြေရန် စာချုပ်ချုပ်ဆိုထားသော အဆိုတော်နှင့် သရုပ်ဆောင်အချို့ စာချုပ်ဖျက်သိမ်းခံရခြင်းမှာ မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၁ ရက်နေ့ ည ၇နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ၀န်ကြီးချုပ် အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သည်။
"အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုတော်နှင့် သရုပ်ဆောင်အချို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့လို့ အခုလို ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာကလည်း လုံးဝမဟုတ်ပါဘူး။ ဒီအဆိုတော်နဲ့ သရုပ်ဆောင်တွေ အနေနဲ့ သဘောတူညီမှုရပြီးမှ စာချုပ် ဖျက်လိုက်တဲ့ ကုမ္ပဏီ အမည်ကိုသာ ပြောမယ်ဆိုရင် သဘောတူညီခွင့် ပြန်ရအောင်  ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံပေးပါ့မယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
တစ်နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအပြင် ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အနုပညာရှင်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် စည်းရုံးလှုံ့ဆော်ခဲ့မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အပြစ်ပေးအရေးယူရန် ညွှန်ကြားခဲ့ခြင်း မရှိဟု အတိအလင်း ငြင်းဆိုသွားခဲ့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းကြောင့် မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်သဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သက်ဆိုင်ရ ကုမ္ပဏီများထံ လူမှုရေးအရ မေတ္တာရပ်ခံပေးလိုသည်ဟု ပြောကြားခဲ့သည်။ 

 ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့



ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလဆန်းပိုင်းက ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် အင်တာဗျူးနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲသည်။
ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဦးခင်ညွှန့်၏ မီဒီယာတွေ့ဆုံမှုများကို အဓိကစီစဉ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်တို့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်အနေဖြင့် ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်း နှင့် ဒီပဲယင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားမှုမရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ


ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။

ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။

အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 
 7Day News

ဆူနာမီလှိုင်း ဖြစ်ပေါ်နိုင်မှုနှင့် ပတ်သက်ပြီး မိနစ်အလိုက် သတင်းများ


Wednesday, 11 April 2012 17:47

7:20 PM
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် ယခု ည ၇ နာရီအထိ လာရောက်လည်ပတ်သူများဖြင့် အေးချမ်းစွာရှိနေကြောင်းနှင့် ဆူနာမီနှင့် ပတ်သက်၍ ထူးခြားမှုမရှိကြောင်း ငပလီကမ်းခြေတွင် အပန်းဖြေနေသူ တစ်ဦးက ပြောပါသည်။
7:01 PM
စစ်တွေမြို့အတွင်း ဆူနာမီနှင့် ပတ်သက်ပြီး သတိပေးချက်များကို လိုက်လံ ကြေငြာလျက် ရှိနေကြောင်း သိရသည်။ ထို့အပြင် စစ်တွေ ကမ်းရိုးတန်း တလျှောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည် ၀င်ရောက်လျက် ရှိနေပြီး ကမ်းနီး ငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးဟု သိရပါသည်။
6:52 PM
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၊ မြို့တော် Meulaboh မြို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် ရေလှိုင်းအမြင့်ပေ တစ်မီတာ(၃ဒသမ၃) ခန့်သာ မြင့်တက်မှု ရှိခဲ့ကြောင်းသိရသည်။ Meulaboh မြို့သည် ၂၀၀၄ ခုနှစ်က ဆူနာမီဒဏ် ခံခဲ့ရသည့် မြို့ဖြစ်ပြီး ယခု ငလျင် လှုပ်ခတ်ရာ နေရာနှင့် အနီးစပ်ဆုံးတွင် ရှိသော နေရာ တစ်နေရာလည်း ဖြစ်ပါသည်။
6:44 PM
နောက်ဆုံးသိရှိရသော သတင်းများအရ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဆူနာမီ သက်ရောက်နိုင်ခြေမရှိတော့ကြောင်း၊ အန္တရယ်ကင်းကြောင်း သတင်းကို ည ၈ နာရီ သတင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူမှ ညနေ ၆နာရီ ၃၆ မိနစ်တွင် ပြောကြားခဲ့ပါသည်။  
6:29 PM
ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသော ခရီးသွားများ ဆူနာမီ သတိပေးချက်ကြောင့် ကမ်းခြေမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်ကြောင်းနှင့် အချို့သည် ပုသိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

6:22 PM
ထိုင်နိုင်ငံ အက်ဒမင် ကမ်းခြေသို့ ဆူနာမီလှိုင်းအသေးစာ ရိုက်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ လှိုင်းသည် ၁၀ စင်တီမီတာ လေးလက်မခန့် ရှိခဲ့ကြောင့်း ထိုင်း အမ်ျိုးသား သဘာဝဘေးအန္တရယ်စောင့်ကြည့်ရေးဌာနမှ ပြောကြောင်း AFP သတင်းဌာနတွင် ဖေါ်ပြထားပါသည်။
6:14 PM
အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်မှုမှာ နည်းပါးကြောင်း ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့(BGS)မှ ထုတ်ပြန်ခဲ့ပါသည်။
6:10 PM
မြန်မာ့ကမ်းရိုးတန်းသို့ ဆူနာမီ သက်ရောက်နိုင်ချေနှင့် ပတ်သက်၍ ယနေ့ည ၇နာရီအထိ စောင့်ကြည့်ရန် လိုအပ်ပြီး ည ၇နာရီ အထိ ထူးခြားမှု မရှိပါက ဆူနာမီ သက်ရောက်မှု မဖြစ်နိုင်တော့သဖြင့်  စိတ်ချနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်မှ ပြောကြားခဲ့သည်။

5:53 PM
ယနေ့ ညနေ ၆နာရီ ၁၅ မိနစ် နောက်ပိုင်း ဆူနာမီရိုက်ခတ်မှု မရှိပါက မြန်မာနိုင်ငံသို့ ဆူနာမီ သက်ရောက်မှု ဖြစ်နိုင်ချေမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။

4:10 PM
အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ သြစတေးလျ၊ မြန်မာ၊ ထိုင်း၊ မော်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆိုမာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့်၊ ကင်ညာ၊ တောင်အာဖရီကနှင့် စင်ကာပူ တို့သည် ဆူနာမီ သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဟာဝိုင်ရီ အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက် ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

4:00 PM 

ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
3:30 PM
မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ ငလျင်တစ်ခု ကြောင့် မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရကြောင်း သိရှိရသည်။
3:20 PM
ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။

ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား


ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal

Monday, April 9, 2012

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်

ရန်ကုန် (မဇ္ဈိမ)
 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

metpaliman1
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။

“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာ
တော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကိုသိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက
 ပြောဆိုသည်။

“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္ဈိမကိုပြောသည်။

လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။

လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်းကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော်
နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် လက်ထောက်ဆရာဝန်ဦးရေ ၁၈၀၀ကျော် လစ်လပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပြောကြား

Eleven media group
Monday, 09 April 2012 10:08

7287 မြန်မာတစ်နိုင်ငံလုံးရှိ ခုတင် ၂၀၀ နှင့်အထက် ပြည်သူ့ဆေးရုံ  ကြီးများတွင် လက်ထောက်ဆရာဝန် ဦးရေ ၁၈၀၀ ကျော် လစ်လပ်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၏ ပြောကြားချက်များ အရ သိရသည်။
လက်ရှိ လုပ်ငန်းခွင်သို့ မကြာမီ ၀င်ရောက်ရမည့်သစ်လွင်လက်ထောက် ဆရာဝန်ဦးရေ ၄၈၇ ဦးခန့်ရှိပြီး ဆရာဝန်များသည် ပြည်ထောင်စုရာထူး ၀န်အဖွဲ့မှ ရွေးချယ်ပြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင်ဖွင့်လှစ် ခဲ့သည့် အရာထမ်းလောင်း အခြေခံ သင်တန်းအမှတ်စဉ် (၃၅)သို့ တက်ရောက် အောင်မြင်ပြီးသူများဖြစ် ကြောင်း သိရသည်။

The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ

The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ
သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထား
ရန်ကုန်၊ ဧပြီ ၉

သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly သတင်းစာစောင်မှ အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသား သူတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲ ဆိုမှုကို ဧပြီလ ၉ရက်နေ့က ဆက်လက် စစ်ဆေးခဲ့ရာ The Voice Weekly အနေဖြင့် သတင်း ရေးသားသူ အမည်ကို စာနယ်ဇင်း ကျင့်ဝတ်အရ ဖော်ထုတ် သွားရန် တာဝန် မရှိကြောင်း၊ ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရား စွဲဆို ရမည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒဂုံမြို့ နယ် တရားရုံးသို့ စာဖြင့် ရေးသား လျှောက်ထား ခဲ့ကြောင်း The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်က ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ်၏ တရားရုံး သို့ တင်ပြလျှောက်ထား လွှာတွင် “သတင်း ရေးသား သူသည် မည်သူ မည်ဝါ ဖြစ်နေ စေကာမူ ထိုသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာချုပ် ပေါ်တွင်သာ တာဝန်ရှိပြီး သမိုင်းအစဉ်အလာ တင်ပြရလျှင် ၁၉၃၆ ခုနှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း ( အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း) အယ်ဒီတာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အိုးဝေ ဂျာနယ်တွင် ‘ငရဲ ခွေးကြီး လွတ်နေသည်’ ဟူသော ဆောင်းပါး ရေးသားသူ အား တက္ကသိုလ် ဗြိတိသျှ အာဏာပိုင် တို့က ဖော်ထုတ် ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ် အရ ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်းခဲ့သည်” ဟု ပါရှိသည်။

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly ၏ ယနေ့ ပြုလုပ်သော တရားခွင်သို့ Eleven Media Group မှ သတင်းထောက် နှစ်ဦးနှင့် ဥပဒေ အထူးပြု ဘာသာရပ် သင်ယူနေသော ကျောင်းသားများ တက်ရောက်ခဲ့ပြီး ဧပြီလ ၄ရက်နေ့က ပြုလုပ်ခဲ့သော တရားခွင် သို့လည်း ပြည်ပ သတင်း မီဒီယာမှ သတင်းထောက် သုံးဦး တက်ရောက်ခဲ့ဟု အဆိုပါ တရားခွင်သို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။


 The Voice Weekly

မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး

ဓါတ်ပုံ-ဒီဗွီဘီ
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပြားတွေကို ဖယောင်းသုတ်ထားတယ် ဆိုတဲ့ တိုင်ကြားခဲ့မှုနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကလောမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် အောင်ပန်းမြို့နယ်ထဲက လက်မပင်မဲရုံ၊ မိုးကောင်း ရပ်ကွက်မဲရုံနဲ့ အောင်ပန်း ရပ်ကွက် ၃ အမက ၁၂ မဲရုံတွေက မဲပြားတွေကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မဲရုံစောင့်ကြည့်ရေးကိုယ်စားလှယ် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။ "၆ ရက်နေ့မှာ ဖယောင်းသုတ်တယ် ဆိုတဲ့ ကိစ္စကို NLD နဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ပြည်နယ်ကော်မရှင်ရယ်၊ ခရိုင်ကော်မရှင်ရယ်၊ မြို့နယ် ကော်မရှင်ရယ်၊ နောက် ကျမတို့ ပါတီ ၂ ခုက ကိုယ်စားလှယ် ၂ ယောက်ရယ်၊ ၅ ဦးပါတဲ့ အဖွဲ့ကနေပြီးတော့ ဖယောင်းသုတ်တယ်လို့ စွတ်စွဲခံရတဲ့ မဲရုံက မဲကဒ်ပြားတွေကို ဖောက်ဖွင့်ပြတယ်။ ကျမတို့ ကြည့်တယ်။ ဖယောင်းသုတ်ထားတာ လုံးဝမရှိဘူး။" ဒီမဲရုံသုံးရုံကို ပြန်စစ်ဆေးခဲ့ရတာဟာ ကလောမဲဆန္ဒနယ်က မဲပြားတွေမှာ မဲပေးလို့မရအောင် ဖယောင်းသုတ်ထား တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တဲ့အတွက် ပြန်စစ်ဆေးဖို့ ပြောဆိုလာတာကြောင့် ပါတီကြီး ၂ ခုရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး စစ်ဆေးခဲ့တာလို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ဒါပေမယ့် ဒီတိုင်တန်းမှုဟာ နယ်ခံ NLD က တိုင်ကြားတာမဟုတ်ဘဲ နယ်ခံပြည်သူတွေက တိုင်ကြားခဲ့တဲ့အတွက် အဖွဲ့ချုပ် အောင်နိုင်ရေးမှူး ဦးဥာဏ်ဝင်းက ကော်မရှင်ကို တင်ပြခဲ့တဲ့အတွက် အခုလို စစ်ဆေးတာလို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ပြည်သူ့လွတ်တော်နေရာမှာ NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချူပ် ပါတီနဲ့ ကျားဖြူပါတီ စတဲ့ ပါတီ ၅ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သန်းငွေ က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။

RFA

၂၂ဘီး ကုန်တင်ကား တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၈

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ ၊ ပြည်တော်သာကွေ့ တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်၌ ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး ကုန်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုနေရာဝန်းကျင် ရှိသူများမှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ ပြည်တော်သာကွေ့၌ ယာဉ်လမ်းများ ပိတ်ဆို့ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ ကုန်တင်ကားမှာ ဟိုင်းလတ် အမျိုး အစား ခရီးသည်တင်ယာဉ်နှင့် ယှဉ်ပြိုင် မောင်းနှင်ရာမှ အကွေ့တွင် ယင်းကဲ့သို့ဖြစ်ခဲ့ကြောင်း အဆိုပါ နေရာအနီးတွင် ကုန်တင်ကား တိမ်းမှောက်စဉ်က အဆိုပါနေရာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

The Voice Weekly

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ အနီး၊ ပြည်တော်သာ ကွေ့တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်က ပေလေးဆယ် ပုံး ၂ပုံးတင် ၂၂ဘီး ကုန်တင်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ ကားအတွင်း ကျန်ရှိနေသည့် ဆီများအား ထုတ်ယူနေစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တွေ့ဆုံ တိုင်းပြည်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အဓိကဆွေးနွေး

Eleven media group
Sunday, 08 April 2012 16:16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့အား တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင် ဆန်းစုကြည်နေအိမ်၌ ဧပြီလ ၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နာရီ နီးပါးမျှ ကြာမြင့်ခဲ့ သည့်တွေ့ဆုံဆွေးနွေးမှု၌ တိုင်းပြည် တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော် ဆောင်နိုင်ရေး အဓိက ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က "ဒီနေ့ကျွန်မတို့ ကရင်အမျိုးသား ကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ NLD ပါတီ ခေါင်းဆောင် များနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာ အဓိကအားဖြင့်တော့ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ပြီးလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက်ကို ကရင် တိုင်းရင်းသား များအနေနဲ့ရော တိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေက ဘာလဲ၊ လိုလားချက်တွေက ဘာလဲလို့ ဆွေးနွေးတာဖြစ်တယ်။ ဘယ်လို ဆက်လက်ဆောင်ရွက်မှုမျိုးတွေ လုပ်မလဲဆိုတာကို အသိပေးဆွေးနွေး တာ ဖြစ်တယ်။ အဲဒီလိုပဲ ကျွန်မတို့ဆက်လက်ပြီးတော့ ရှေ့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲ ဘယ်ပုံစံနဲ့ လုပ်မလဲ ဆိုတာ ဆွေးနွေးတာရှိပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ထုတ်တဲ့အခါမှာ ပြည်သူ တွေရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးကြီးပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ လုပ် ဆောင်မှုတွေဟာလည်း အများကြီး အရေးပါတယ်ဆိုတာ ကျွန်မတို့ လက်ခံထားပါတယ်" ဟု ကရင်ဘာသာဖြင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောကြားခဲ့သည်။

Sunday, April 8, 2012

ပါကစ္စတန်မှာ နှင်းတောင်ပြိုလို့ စစ်သားတွေသေဆုံး



ကမ္ဘာပေါ်မှာ အမြင့်ဆုံး စစ်မျက်မှာပြင် တခု အဖြစ် သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်
ပါကစ္စတန် နိုင်ငံ ကက်ရှ်မီးယား အငြင်းပွား ဒေသဘက်က စစ်အခြေစိုက် စခန်းတခုမှာ နှင်းတောင်ပြိုတဲ့အတွက် နှင်းတွေဖုံးအုပ် သွားတဲ့ စစ်သား ၁၀၀ ကျော်ထဲက တခိျု့အလောင်း တွေကို ရှာတွေ့ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ဒါပမယ့်လည်း ဘယ်လောက်များများ အသက်ရှင် ကျန်နေတယ် ဆိုတာကို မပြောနိုင်သေးဘူးလို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။အခု နှင်းတောင်ပိတဲ့ တပ်ရင်းဌာနချုပ်ဟာ ပင်လယ်ရေ မျက်နှာပြင်အမြင့် မီတာ ခြောက်ထောင် အထက်မှာရှိတဲ့ ဆီရန်ချန် ရေခဲတောင်ပေါ်မှာ ဖြစ်ပြီး၊ ဝေးလံခေါင်သီလှတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အနံ့ခံ ခွေးတွေ ချထားရာမှာ ရဟတ်ယာဉ်တွေနဲ့ သွားရောက် ချထားခဲ့ရတယ်လို့ စစ်တပ်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပထမအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှု၌ အချက် ၁၃ ချက်ပါ သဘောတူဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့သည် ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Sedona Hotel ၌ ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ စုစုပေါင်း အဖွဲ့ဝင် ၁၉ ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ကာ ကိုယ်စားလှယ် ၁၄ ဦး တက်ရောက်ခဲ့ကြောင်းနှင့်  နှစ်ဘက် တွေ့ဆုံဆွေးနွေးရာတွင် အချက်ခြောက်ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်း အဓိကထား ဆွေးနွေးခဲ့သည့် အချက်ခြောက်ချက်မှာ တစ်ပြည်လုံး အတိုင်းအတာအားဖြင့် အပစ်အခတ် ရပ်စဲရမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်ရရှိသည့် အခြေအနေ တည်ဆောက်ရန်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံမျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်းနှင့် အခြားသော နည်းလမ်းဖြင့် ငွေကြေးကူညီစေခြင်းများ မပြုလုပ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်သူပြည်သားများ အား ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ် လုပ်ဆောင်မှုများ စတင်ရန် တို့ဖြစ် ကြောင်း သိရသည်။

စောင့်ကြပ်စစ်ဆေးခြင်း (Monitoring) ကို အဆင့်သုံးဆင့် ထားရှိရန်နှင့် အဆိုပါ အဆင့်သုံးဆင့်မှာ နှစ်ဦးနှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ်စစ်ဆေးခြင်း Local Monitoring) အခြေအနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေး (International Monitoring)နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန် အလားအလာ မရှိတော့သည့်အခါ
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာများ နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် အချက် ၁၃ ချက်အား သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ကချင်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဆီ အကူအညီ မရောက်

RFA facebook

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ၀ိုင်းမော်မြို့နယ် အတွင်းက တိမ်းရှောင်နေတဲ့ ဒုက္ခသည် ၄၀၀၀ လောက် လမ်းပမ်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေကြောင့် အကူအညီ မရသေးတာ အများအပြား ရှိနေတဲ့အကြောင်း ကေအိုင်အို ဒုက္ခသည်အရေးတာဝန်ခံ ဆရာဒွဲပီစက
ပြောပါတယ်။

မကြာခင် ကျရောက်လာတော့မယ့် မိုးတွင်းရာသီ အတွက် အခုထိ ဘာမှ မပြင်ဆင်ရသေးသလို အစိုးရတပ်က စစ်ရေးပြင်ဆင်နေတာကြောင့် အဲဒီဒေသမှာ အကူအညီမရသေးတဲ့ ဒုက္ခသည် တွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

 မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှု ဖြစ်စဉ်များကြောင့် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများကို အဆင့် ငါးဆင့်ဖြင့် ဖြေလျော့သွားမည်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှု ဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန် ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက် နေ့တွင် ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“မြန်မာအစိုးရနဲ့ ပြည်သူတွေ က ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ် လျှောက် လှမ်းနေချိန်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ထပ်ကြပ်မကွာ လိုက်ပါဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ပြီးခဲ့တဲ့လတွေမှာ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ တခြားတိုးတက်မှုဖြစ်စဉ် တွေကို မြင်တွေ့ရပြီးတဲ့နောက် ကျွန် မတို့ တုံ့ပြန်မှုတွေ ပြုလုပ်ဖို့အတွက် ကွန်ဂရက်လွှတ်တော်အပြင် ဥရောပ နဲ့ အာရှမှာရှိတဲ့ ကျွန်မတို့ရဲ့ မဟာ မိတ်တွေ၊ မိတ်ဆွေတွေနဲ့ တိုင်ပင် ဆွေးနွေးနေပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

  မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ညီလာခံကြီးတရပ်ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မည်။


ဧပြီ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင့်ဆင့်တိုးတက်လာသည့်အခါ တိုင်းရင်းသား အလုံးစုံပါဝင်သည့် National Assembly (အမျိုးသားညီလာခံ) ကြီးတရပ် ကျင်းပပြီး ပြင်ဆင်သင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်းပြင်လို့ရပါတယ်၊ ပြင်ဖို့အတွက်ကတော့ ပြည်သူ့လွှတ်တော်မှာပဲပြင်

လို့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ရှေ့မှာ နေပြည်တော်မှာပဲ National Assembly ကြီးလုပ်ပြီးတော့ လိုအပ်တဲ့ဥပဒေတွေပြင်ဖို့လိုတယ်ဆိုရင် လွှတ်တော်ထဲမှာသွားပြီးပြင်မယ်” ဟု ဧပြီလ ၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU ) နှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မီဒီယာများအား ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ နိုင်ငံတော်သမ္မတကြီးမှ ချမှတ်ထားသည့် လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်ရှိပြီး အဆိုပါအဆင့်သုံးဆင့်တွင် ဒုတိယအဆင့်မှာ နိုင်ငံရေးရာ (political issue), နိုင်ငံရေး ဆွေးနွေးပွဲ (political dialogue) များ ဖြေရှင်းရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် တောင်းဆိုသည့် အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွင့်မပြုသည့်အချက်များပါရှိလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၎င်းကပြောသည်။