မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံတက္ကသိုလ် လမ်းဆုံရှိ ထည်ဝါခန့်ငြားသော ကုန်ထုတ်လုပ်မှုကုမ္ပဏီပိုင် ရသာကောင်း ချိုချဉ်အမျိုးမျိုး နှင့် ပီကေလုပ်ငန်း တွင် ဇွန်လ ၂၃ ရက်နေ့ နံက် ၈ နာရီ ၄၅ မိနစ်မှ စပြီး အလုပ်သမား ၂၀၀ ကျော်က အလုပ်သမားများ အတွက် တောင်းဆိုချက် အချက်(၉)ချက် ရရှိရေး အတွက် တောင်းဆိုဆန္ဒပြ လျှက်ရှိသည်။
Pages
▼
Saturday, June 23, 2012
ရသာကောင်း ချိုချဉ်နှင့် ပီကေလုပ်ငန်း အလုပ်သမားများ ဆန္ဒပြ
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံတက္ကသိုလ် လမ်းဆုံရှိ ထည်ဝါခန့်ငြားသော ကုန်ထုတ်လုပ်မှုကုမ္ပဏီပိုင် ရသာကောင်း ချိုချဉ်အမျိုးမျိုး နှင့် ပီကေလုပ်ငန်း တွင် ဇွန်လ ၂၃ ရက်နေ့ နံက် ၈ နာရီ ၄၅ မိနစ်မှ စပြီး အလုပ်သမား ၂၀၀ ကျော်က အလုပ်သမားများ အတွက် တောင်းဆိုချက် အချက်(၉)ချက် ရရှိရေး အတွက် တောင်းဆိုဆန္ဒပြ လျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ် ဆွေးနွေးပွဲ
Saturday, June 23, 2012
Sithu Linn
Rule of Law က မြန်မာပြည်မှာ အရေးကြီးပါတယ်။ ဥပဒေနဲ့ စည်းကမ်းလိုက်နာခြင်းက အဓိကကျပါတယ်။ ပြီးတော့ အဲသည် ဥပဒေတွေနဲ့ စည်းကမ်းနည်းလမ်းတွေက ခေတ်နောက်ပြန်မဆွဲဖို့ လိုပါတယ်။ အနှစ်သာရတင်သာမက အကောင်အထည်ဖော်ပုံတွေက အရေးကြီးပါတယ်။ ဒါတွေကို ဖော်ဆောင်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ လိုအပ်မလား စဉ်းစားရပါမယ်။
နောက်အရေးပါတာတခုက နိုင်ငံသားဖြစ်တည်မှုဥပဒေ ဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း၊ ပြည့်ပြည့်စုံစုံ ရှိရပါမယ်။ လက်ရှိ ဥပဒေတွေက ခေတ်မီသလား၊ တရားမျှတသလား၊ လူဝင်မှုကြီးကြပ်ရေးတို့၊ တရားရုံးတို့၊ လုံခြုံရေးအဖွဲ့တို့က ဘယ်လို အလုပ် လုပ်နေကြသလဲ။ ဘာကြောင့် သည်လူတွေက နိုင်ငံမဲ့တွေ ဖြစ်နေကြရတာလဲ။ ဒါတွေကို ကြည့်ကြရမယ်။

မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွား
ယခုနောက်ပိုင်း နှစ်များတွင် မြန်မာအသင်းမှာ
နိုင်ငံတကာပြိုင်ပွဲများတွင် ရလာဒ်မကောင်းသော်လည်း အိမ်ကွင်းပွဲစဉ်တွင်
မြန်မာ ယူ-၂၂ ကို တခဲနက်အားပေးနေသော မြန်မာဘောလုံးပရိသတ်များ
ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)
မြန်မာ-ဖိလစ်ပိုင်ပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွားသည်။ အုပ်စုအဖွင့်ပွဲနေ့သုံးပွဲကစားရာတွင် မြန်မာအသင်းမှာ ခြောက်သင်းပါအုပ်စုတွင် အားအနည်းဆုံးအသင်းဖြစ်သော ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူနိုင်မှုကြောင့် ဂိုးကွာခြားချက်ဖြင့် အုပ်စုဗိုလ်ဖြစ်နေသည်။
တောင်ကိုရီးယားမှာ မလေးရှားကို ၃ဂိုး-၂ဂိုး၊ တရုတ်(တိုင်ပေ)မှာ ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရထားကြ၍ တောင်ကိုရီးယားက ဒုတိယ၊တရုတ်(တိုင်ပေ)က အုပ်စုတတိယနေရာ၌ ရမှတ် ၃မှတ်စီဖြင့် ရှိနေသည်။
အုပ်စုတွင် တောင်ကိုရီးယား ယူ-၂၂ မှာ အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေပြီး၊ မြန်မာအသင်းမှာ ဗီယက်နမ်၊ မလေးရှား၊ တရုတ်(တိုင်ပေ)တို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ပြည်တွင်းဘောလုံးရေးရာကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ခြောက်သင်းပါအုပ်စုမှာ နှစ်သင်းသာ နောက်တစ်ဆင့်တက်ခွင့်ရမည်ဖြစ်သည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် ပါရီရောက် မြန်မာများအား ဖိတ်ကြား
Saturday, June 23, 2012
အိမ့်သံစဉ်

ပြင်သစ်ရောက် မြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ဟာ လာမယ့် ဇွန်လ ၂၇ ရက် နေ့ မှာ ပါရီ ( ပဲရစ်) မြို့တော်ခမ်းမအတွင်းရှိ Le salon des Arcade ခမ်းမမှာ နံနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ စီစဉ်ထားပါတယ်တဲ့။
ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီက ညနေ ၄ နာရီအထိ ပါရီမြို့တော်ဝန်ကလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရီမြို့သူ ဆုကိုလည်း ချီးမြှင့်ဖို့ ရှိပါတယ်။

စစ်တွေပါတလိဆိပ်ကမ်းမှာ ဘင်္ဂလီရွာက ဖမ်းဆီးလာတဲ့သူများ
စစ်တွေပါတလိဆိပ်ကမ်းမှာ ဘင်္ဂလီရွာက ဖမ်းဆီးလာတဲ့သူများ
တရားခံများထဲတွင် ယခုကဲ့သို့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။
ပထမသတင်းတုန်းက၂၂ ဦး အခု ၂၆ ဦးဆိုတော့ တရားခံ ၂ ဦး
ထပ်တိုးလာ ။
ထပ်တိုးလာ ။
အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့
အလောင်း ၈ လောင်းနဲ့ မီးရှို့ထားတဲ့ အလောင်းတစ်လောင်း ပြန်ပေးပါတယ်။
အဲဒီအတွက် အနောက်ပြင်ကုလားရွာမှ လူသတ်မှု၊ အလောင်း ဖျောက်ဖျက်မှု၊ လူကို
အပိုင်းပိုင်း ခုတ်ဖြတ်ကာ သတ်မှု တို့ကြောင့် အဆိုပါ လူသတ်မှုတွင်ပါဝင်သူ
၂၆ ဦးကို ဖမ်းဆီးအရေးယူထားသည်။
အင်တာနက် မင်းသမီး မဖြစ်စေဖို့

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွက် သိန်း ၁၀၀ ကျော် အလှူ ၈၈ လက်ခံ
Saturday, June 23, 2012
အိမ့်သံစဉ်
ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့ လှူဒါန်းမှုများကို ၈၈ မျိုး ဆက် ကျောင်းသားများက တာဝန်ယူဆောင်ရွက်လျက်ရှိရာ
ယနေ့ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂၁၄) ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည် (တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅ သိန်းတိတိ တို့ကို ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့ လာရောက် လှူဒါန်းသွားသည်။
လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ကို ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံရ
ရန်ကုန်၊ ဇွန် ၂၂
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန စည်းမျဉ်း အရ ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်နားခံထားရသော လျှပ်တစ်ပြက် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုသည့် သမ္မန်စာ လက်ခံရရှိထားကြောင်း ဦးမြတ်ခိုင်က အတည်ပြု ပြောကြားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍The Voice Weekly က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ အတည်ပြု ဆက်သွယ်မေးမြန်းခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံ
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်း
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက် အမှတ် (၃၁/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ်
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲခြင်း
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က အမည်စာရင်း တင်သွင်း ထားသော တပ်မတော်သား တိုင်းဒေသကြီး
လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးကို အမည်စာရင်း
ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက် အရ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂ဝ-၁-၂ဝ၁၁ ရက်စွဲပါ ကော်မရှင်၏
ကြေညာချက် အမှတ်(၃/၂ဝ၁၁)တွင် ဖော်ပြထားသည့် အောက်ပါ တပ်မတော်သား
တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
လေးဦးအား ယှဉ်တွဲ ဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်သည် -
မုတ္တမ၊ တနင်္သာရီ ကမ်းလွန် လုပ်ကွက်များတွင် အီးယူနိုင်ငံများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နိုင်ရေး စွမ်းအင်ဝန်ကြီးဌာန၌ ဆွေးနွေးမှုများပြုလုပ်
Saturday, 23 June 2012 14:50 |
မုတ္တမ၊ တနင်္သာရီကမ်းလွန် လုပ်ကွက်များ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီးယူနိုင်ငံများမှ အဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံရှိ ကမ်းလွန် (offshore) လုပ်ကွက်များ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုပါက တိုက်ရိုက် ရင်းနှီးမြှုပ် နှံနိုင်ကြောင်း၊ ကုန်းတွင်း(onshore) လုပ်ကွက်များ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်မူ စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူဆောင်ရွက်လေ့ရှိကြောင်းလည်း သိရှိရသည်။ |
တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား
“ စစ်တွေ လေယာဉ်ကွင်း အနီးက အုန်းတောမှာ ဖြစ်ပါတယ်။ များများတော့ မလောင်ဘူး။ သူတို့အိမ် ကို သူတို့ လာရှို့တယ်လို့ သိရပါတယ်။ နောက်မီးသတ်ကားက အချိန်မှီ ရောက်လာတော့ မီးက ငြိမ်း သွားပါတယ်။” မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၀ ရက်နေ့က စစ်တွေတွင် မီးလောင်မှုတခု ထပ်မံဖြစ် ပွား ခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဆီလုံးဝမဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိ၊ ဆီမဟုတ်သည့်အရာများ မှောင်ခိုတင်သွင်းရောင်းချသူများကို အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သို့ အသိပေးထား
Saturday, 23 June 2012 11:36 Eleven Media Group |
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟုဆိုသော ဆီများမှာ စားသုံးဆီ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။ အဆိုပါ ဆီမဟုတ်သည့်အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက်အတွင်း ဆီမဟုတ်သည့်အရာများအား စစ်ဆေးအရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထားကြောင်း သိရသည်။ ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ မြင့်တက်နေသည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င်တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင်တူသော်လည်း ဆီမဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါဆီများကို တရားမ၀င် တင်သွင်းဖြန့်ဖြူးသူဟု ယူဆရသူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ဖော်ထုတ်ထားပြီး စစ်ဆေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ |
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗြိတိန်ဝန်ကြီး ဒေးဗစ် ကင်မရွန်းတို့ ထပ်မံတွေ့ ဆုံကြတဲ့ မြင်ကွင်း (ရုပ်/သံ-ဓါတ်ပုံ)
by ဒီမိုဝေယံ
>
ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။
ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီး နှင်းဆီပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့ မြင်ကွင်းပါ..။
>

ဒီဓာတ်ပုံလေးကြည့်ပြီး ကြည်နှူးဝမ်းသာမိပါတယ်..
ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။
ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီး နှင်းဆီပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့ မြင်ကွင်းပါ..။

ဗြိတိန်ဝန်ကြီးချုပ်
ဆောင်းပေးတဲ့ ထီးကို သတိထားမိလို့ အမေစု ရယ်မောနေလေသလားပဲ.. ပကာသနမပါ
ဟန်ဆောင်မှုမပါ.. အင်မတန် သဘာဝကျပြီး အေးချမ်းလှတဲ့ မြင်ကွင်းလေးပါ..။
အာဆဒ် ကို ဖြုတ် ချဖို့  စီအိုင်အေ ထောက်ပံ့
by FNG on June 23, 2012
ပုန် တွေ ကို အမေရိကန် စီအိုင်အေ က အကူ အညီ ပေး နေတယ် လို့  အမေရိကန် နဲ့  ဆော်ဒီအာ
ရေး ဗီးယား ထောက် လှမ်း ရေး သတင်း တွေ ကို ကိုကား ပြီး New York Times သတင်းစာ မှာ
ဖော်ပြထား ပါတယ်။
တူရကီ နိုင်ငံ တောင် ပိုင်း တစ်နေ ရာ မှာ အာဆဒ် အစိုးရ ဘက်က နေ ဘက် ပြောင်း လာ တဲ့ သူ
ပုန် တွေ ကို အမေရိကန် စီအိုင် အေ က တင့် ကား ဖျက် ဒုံး တွေ ၊ ရိုင်ဖယ် သေနတ် တွေ ၊ လက်ပစ်
ဗုံး တွေ ထောက်ပံ့ မှု ပေး နေ ပြီး သင်တန်း လေ့ကျင့် ပေးတာ တွေ လည်း ရှိ တယ် လို့  ဆို ပါ
တယ်။
ဆော်ဒီ အာရေး ဗီးယား နိုင်ငံ က ဘက် ပြောင်းလာ တဲ့ စစ်သား တွေ ကို လစာ ပေး ဖို့  ပါ စီစဉ် ထား
ရှိ တယ် လို့  ဒီနေ့  ဆော်ဒီ အစိုးရ က တရား ၀င် သတင်း ထုတ် ပြန်ပါတယ်။ ဒီလို ပေး ရတဲ့ ရည်ရွယ်
ချက် က အာဆဒ် ကို ထောက်ခံ သူ တွေ ဘက် ပြောင်း လာ ဖို့  နဲ့  မြန်မြန် ဆန်ဆန် ဖြုတ် ချ နိုင်ဖို့  အတွက်
လို့  ဆို ပါတယ်။
လယ်ယာမြေ အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက်
2012-06-22
လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ် လေးထောင့်ကန် လယ်သမားတွေ အရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လယ်ယာမြေ
အငြင်းပွားမှု ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန်
လယ်သမားများနှင့် ရှေ့နေ ကိုဖိုးဖြူတွေ့ဆုံ ဆွေနွေးနေစဉ်။
ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီ ၁၅ ခုက သိမ်းယူထားတဲ့
ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ချောင်းရွာက လယ်မြေဧက ၁၂၀၀ ကျော်မှာ လယ်သမားတွေက
ပြန်လည် ထွန်ယက်ဖို့ ကြိုးစားခဲ့ကြရာ လယ်တွေထဲကို ၀င်လို့မရအောင် ပိတ်ဆို့
တားဆီးထားတာနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်း ဆွေးနွေးတာ ဖြစ်ကြောင်း ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ရှင်းလင်းပြောဆိုပါတယ်။
ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း
2012-06-22 RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်က ဘင်္ဂါလီ မိသားစု တချို့နဲ့ သန်းခေါင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
RFA
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအား သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားသော ယာယီစခန်းများ ဖြစ်ပါသည်။
လုံခြုံရေးအရ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက် နဲ့
အောင်မင်္ဂလာရပ်ကွက်တို့ကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထား တာဖြစ်ပြီး
အောင်မင်္ဂလာရပ်ကွက်က လူတွေကို ရွှေ့ပြောင်းလိုက် တာလို့ ဒေသခံတဦးက အခုလို
ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ
2012-06-22
မကွေးတိုင်း ရေစကြိုမြို့နယ် ငမြာကြီး၊ လေးရာပြည့်ရွာနဲ့ ငါးလန်ရွာက လူတွေဟာ ဧရာဝတီမြစ်ကမ်း ပြိုတဲ့အတွက် ရွာရွှေ့ပြောင်း ကြရပြီး နေရေးထိုင်ရေး သာမက ရေအခက်အခဲနဲ့ပါ ကြုံနေရတယ် လို့ ပြောပါတယ်။
RFA
ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်တွေကို ဧရာဝတီ မြစ်ကမ်းပါးမှာ
တွေ့မြင်ရစဉ်။
အခု လေး ငါးရက် အတွင်း နေလို့မရအောင် ကမ်းကပြိုလာပြီလို့ ငမြာကြီးရွာ ဒေသခံ ဦးကြည်ဝင်းက ပြောပါတယ်။
"ငမြာကြီးရော၊ လေးရာပြည့်ရွာနဲ့ ငါးလန်
သုံးရွာလုံး ပြိုနေတယ်ခင်ဗျ။ အိမ်တွေဖျက်ပြီး ရွှေ့နေရတယ်။ ဟိုဘက်က ကပ်ရက်
ငမြာလေး ဆိုတဲ့နေရာကို ရွှေ့ရတယ်ခင်ဗျ။ လက်ရှိပေါက်ဈေးက မြေ တစ်ဧကမှာ ၆
သိန်းခွဲ ၇ သိန်း လောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ဒီကမ်းပြိုလို့
အိမ်တွေရွှေ့ဖို့ ဝိုင်းကွက် စိတ်နေရသူတွေက တစ်ဧကကို ၁၅ သိန်း ပေးရတယ်ခင်ဗျ။
ငါးလန်နဲ့ လေးရာပြည့်က ၁၉ သိန်းနှုန်း ပေးရတယ်ခင်ဗျ။ တစ်လခွဲလောက်က
တော်တော် အနေအထိုင် ဆိုးတယ်။ ရွာအပြင်မှာ ပစ္စည်းတွေ ပုံပြီးတော့ လူတွေက
တဲတွေနဲ့ ဖြစ်သလို နေရတာ၊ အခုဟာ သောက်ရေရရှိဖို့ကို ကျွန်တော် တို့မှာ
တော်တော် ခက်ခဲနေတယ်ခင်ဗျ"
လောလောဆယ်မှာ သောက်ရေရဖို့ တစ်မိုင်လောက်ဝေးတဲ့ နေရာက အ၀ီစိတွင်းရေကို
အားကိုးနေရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကမ်းစပြိုနေပြီး
နေရေး ထိုင်ရေး အခက်အခဲ ကြုံတွေ့နေရတာပါ။အစိုးရ တောင်းဆိုချက်အရ တပ်စခန်းနေရာကို SSA (မြောက်ပိုင်း)က ဆုတ်ခွာပေး
2012-06-22 RFA
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာ SSA မြောက်ပိုင်းနဲ့ အစိုးရဘက် က နှစ်ဘက် တာဝန်ရှိသူတွေ ဒီနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရဘက်က တောင်းဆိုချက်အရ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်စခန်းနေရာကို SSA က ဆုတ်ခွာပေးလိုက် တယ်လို့ သိရပါတယ်။
RFA
SSA တပ်ဖွဲ့ဝင်များ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေစဉ်။
ဇွန်လ ၁၇ ရက်နေ့ ကစပြီး မနေ့ကအထိ ရှမ်းပြည်မြောက်ပိုင်း
နယ်မြေအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ ဒီကနေ့
နေ့လည် ၁၂ နာရီခန့်က မန္တလေးမြို့ရှိ ရိုဆာ မန္တလေး ဟိုတယ် မှာ SSPP
ရှမ်းပြည်တိုးတက်ရေးပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆရ်မ်
ဦးစီးတဲ့အဖွဲ့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ကြပါတယ်။
အင်္ဂလန် ရောက် မြန်မာ မိသားစု တွေ နဲ့  ဒေါ်စု တွေ့  (၊ ဗီဒီယို)
by FNG on June 23, 2012
အင်္ဂလန် နိုင်ငံ ကို လေးရက် ကြာ အလည် အပတ် ခရီးစဉ် အဖြစ် ရောက် ရှိ နေ တဲ့ မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့  မှာ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်
မရွန် တည်ခင်း ဧည့် ခံ တဲ့ နေ့ လည် စာ ကို သုံး ဆောင် ခဲ့ ပြီး နောက် ၀န်ကြီးချုပ် ရဲ့  အယ်(လ)
ဇဘောရို က လယ်တော ယာ မြေ အိမ် က ချေကွာ နှင်းဆီ ပန်း ခြံ ထဲ ကို သွား ရော ကြည့် ရှု
ခဲ့ ပါတယ်။
မနက် ပိုင်း မှာ ၀န်ကြီး ချုပ် နဲ့  အတူ Aston Pottery လက်ဖက် ရည် ဆိုင် မှာ လက် ဖက်ရည်
ကျ ဆိမ့် သုံး ဆောင် ခဲ့ ပါတယ်။
ညနေ ပိုင်း မှာ Royal Festival Hall မှာ အင်္ဂလန် ရောက် မြန်မာ မိသား စု တွေ နဲ့  တွေ့ ဆုံ ခဲ့
ပြီး ဒီအခမ်း အနား မှာ လန်ဒန် ရောက် ကိုဇာဂနာ ၊ ပန်းချီ နဲ့  အနု ပညာရှင် ကိုထိန်လင်း ၊ အမေရိ
ကန် နိုင်ငံ က နေ ရောက်လာ ခဲ့ တဲ့ အဆို တော် ဒေါ်မာမာ အေး တို့  ကလည်း ဒေါ်အောင်ဆန်း စု
ကြည် နဲ့  မြန်မာ မိသား စု တွေ့ ဆုံ ပွဲ အတွက် အဖက် ဖက် က ပံ့ ပိုး ခဲ့ ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်မည်
2012-06-22 RFA
စကော့တလန် နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး Glasgow မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။
Photo: Glasgow Caledonian University
စကော့တလန်နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဖြစ်ပါသည်။
ပါမောက္ခ Gillies ဟာ နိုင်ငံခြားရေးဝန်ကြီး William Huage က
ဒေါ်အောင်ဆန်းစုကြည်အတွက် ဓနသဟာယ အဖွဲ့ရုံးမှာ တည်ခင်းတဲ့ ဧည့်ခံပွဲမှာ
ဗြိတိသျှကောင်စီ အဖွဲ့ဝင်တစ်ဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို
တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်သမ္မတရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်က အပြန် မှာ ပြင်သစ်နိုင်ငံကို ၀င်ရောက်မှာဖြစ်ပြီး ပြင်သစ်သမ္မတ Francois Holland နဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ လန်ဒန်မြို့  Royal Festival Hall
ခန်းမကြီးမှာ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံရှိ
မြန်မာအသိုင်းအ၀ိုင်း တွေ့ဆုံခြင်း အခမ်းအနားကို လန်ဒန်မြို့  Royal
Festival Hall ခန်းမကြီးတွင်ပြုလုပ်နေစဉ်။
အဲသလို တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့
မိမိတို့ နေထိုင်ရာ အိမ်ရှင်နိုင်ငံ့အပေါ် ကျေးဇူးတရား သိတတ်ကြဖို့၊
စည်းလုံးညီညွတ်မှုကို ဦးတည်ကြဖို့ လိုသလို ပြည်တွင်းက တိုင်းရင်းသားပြည်သူ
အားလုံးလည်း ညီညွတ်မှုကို တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ အခွင့်အရေးတွေအပေါ် အခြေခံပြီး
မြန်မာနိုင်ငံမှာ အခု လောလောဆယ် ပေါ်ထွက်နေတဲ့ အခြေအနေ အခွင့်အလမ်းတွေကို
အလဟသ မဖြစ်အောင် ကြိုးပမ်းကြဖို့ အလေးထား ပြောကြားသွားပါတယ်။ဘင်္ဂလား နယ်စပ် က ရိုဟင်ဂျာ အကြမ်းဖက် စခန်း တွေ မှာ စစ်ရေး ပြင်ဆင်မှု တွေ လုပ်နေ
by FNG on June 23, 2012
FNG မြန်မာ နဲ့  ထိစပ် နေ တဲ့ ဘင်္ဂလား ဒေရှ် နယ် စပ် က ရိုဟင်ဂျာ အကြမ်းဖက် စခန်း တွေ မှာ
အရေး ပေါ် လှို့ ဝှက် စစ် သင်တန်း တွေ ပြုလုပ် နေပြီး နာ မည် ကျော် ဘင်္ဂလား ဒေရှ် အခြေ
စိုက် အကြမ်း ဖက် အဖွဲ့  အစည်း များ ဖြစ်တဲ့ Harkat-ul-Jihad-al-Islami Bangladesh
(HuJI-B) ၊ Jamaatul Mujahidin Bangladesh (JMB) ၊ အယ်(လ) ကာယီးဒါး (ပါကစ္စ
တန်) နဲ့  ပါကစ္စတန် အစွန်း ရောက် အကြမ်း ဖက် အဖွဲ့  များ မှ ကူ ညီ ထောက်ပံ့ မှု များ ပြု နေ
သည် ဟု FNG မှ သတင်း ရရှိ သည်။
ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း က ရခိုင် ပြည် နယ် တွင် ဖြစ် ပွား ခဲ့ သည့် မငြိမ် မသက် မှု များ
ပြီး နောက် တွင် ကော့ဘဇား မြို့  တောင် ဘက် အူခိုင်း အခြေစိုက် ရိုဟင်ဂျာ အဖွဲ့  နှင့် ကရှ်မီးယား
အခြေစိုက် လက်(လ)ရှာကာ အီ တိုင်ဘာ မှ လေ့ကျင့် ပေးထားသည့် မူဂျာ ဟေဒင် အဖွဲ့  များ မှာ
နိုင်ငံ တကာ ရှိ အစွန်း ရောက် အစ္စလာမ် မစ် များ ဆီ မှာ ထောက်ပံ့ ကြေး ပို မို ရရှိ လာ ကြသည်
ဟု သိရသည်။
အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012-06-22
အတိုက်အခံဆိုတာ တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ
လက်ခံဖို့လိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က
ပြောဆိုလိုက် ပါ တယ်။
လန်ဒန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာသတင်းထောက်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
Friday, June 22, 2012
ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား
ရခိုင်ပြည်နယ် လွှတ်တော် ခန်းမ
စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြုလုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။
၂၀၁၂ ခုနှစ် မကုန်မီ ကျပ်၂ သိန်းအောက် တန်ဖိုးနည်းဖုန်းများ ချထားရန် ဆောင်ရွက်
၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ
ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး
ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းတာဝန်ရှိသူမှ ‘တန်ဖိုးဘယ်လောက်နည်းမယ် ဆိုတာတော့ အတိအကျ
မပြောနိုင်သေးဘူး။ ကိုးလပိုင်းလောက်မှာ ပေါ်နိုင်အောင်တော့ ကြိုးစားနေတယ်”
ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ၉ လပိုင်းတွင် စချထားပေးနိုင်ရန်
စီစဉ်နေသည့် တန်ဖိုးနည်းဖုန်း ဆောင်ရွက်နေမှုကြောင့် လက်ရှိ ချထားပေးနေသော
ကျပ် ၂ သိန်းတန် ဆင်းကတ်ရောင်းချနေမှုအား ဈေးကွက်အတွင်း လိုသလောက်
ချထားပေးနိုင်ခြင်းမရှိဘဲ လျှော့၍ ချထားပေးနေကြောင်း ပြောပြခဲ့သည်။
ယင်းကဲ့သို့ ကျပ် ၂ သိန်းတန် ဆင်းကတ်များ ဈေးကွက်အတွင်း လျှော့၍
ချထားမှုကြောင့် ဆင်းကတ်အရောင်းဆိုင်များ အနေဖြင့် ပစ္စည်းများ ပြတ်လပ်နေပြီး
Elitch ကဲ့သို့သော ဆိုင်များပင်လျှင် ဆင်းကတ်ပြတ်လပ်မှု ကြုံတွေ့နေခဲ့ရသည်။
ဦးအောင်သောင်း လွှတ်တော်ထဲက ထွက်မှာလား
Friday, June 22, 2012
Sithu Linn
စက်မှုဝန်ကြီးဟောင်း
ဦးအောင်သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်လွှာ
တင်သွင်းတော့မယ် ဆိုတဲ့ သတင်းက ရန်ကုန်မြို့ရှိ
နိုင်ငံရေးလေ့လာသူတချို့အကြား ပျံနှံ့နေပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်တချို့ အဆိုအရကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ပြုလုပ်မယ့် လွှတ်တော်မှာ နုတ်ထွက်လွှာ တင်မယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။
ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းဟာ ကြံခိုင်ရေးပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီမှာလည်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။
သိပ်မကြာသေးခင်အထိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ရာမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပေမယ့်၊ အောင်မြင်မှု မရရှိခဲ့တဲ့နောက်ပိုင်း ကျန်းမာရေး အကြောင်းပြချက်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကနေ နုတ်ထွက်ခဲ့တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
~

စစ်တွေမြို့ပေါ်မှ ဘင်္ဂါလီ(၆၀၀)၀န်းကျင်အား မြို့ပြင်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘင်္ဂါလီလူမျိုး (၆၀၀) ၀န်းကျင်အား အာဏာပိုင်များက ဇွန်လ(၂၂) ရက်နေ့တွင် မြို့ပေါ်မှ မြို့ပြင် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ လျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“မြိုထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို မြို့ပြင်မှာရှိတဲ့ ဘင်္ဂါလီရွာတွေမှာ နေရာပြန်ချပေးတာပါ”ပာု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီက ဦးဦးလှစောက ပြောသည်။
အဆိုပါ ဘင်္ဂါလီလူမျိုးများအား လုံထိန်းနှင့် တပ်အာဏာပိုင်များက စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်မှ မြို့ပြင်ရှိ သဲချောင်းရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။
“ကျွန်တော်သိရသလောက် မြို့ပေါ်က ဘင်္ဂါလီတွေကို မြို့ပြင်ပြောင်းရွှေ့ခိုင်းနေကြပါတယ်။ အာဏာပိုင်တွေက ပြောင်းရွှေ့ပေးနေ တာပါ။” ဟု စစ်တွေမြို့ခံ ဦးလှထွန်းက ပြောသည်။
ပြင်းထန်သည့် တိုက်ပွဲကြောင့် ဦးသိန်းဇော် နှင့် ဆွေးနွေးရန် SSPP ပြင်ဆင်
12:46 AM
Posted by
သျှမ်းသံတော်ဆင့်
၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့ အစိုးရ၏ငြိမ်းခြမ်းရေးကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော်( ဓါတ်ပုံ- မဇ္ဈိမ)
“မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်းတဆင့်ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေတုန်းဘဲ။ ငြိမ်းချမ်း ရေး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော်နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊ စဝ်ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်း တို့ ကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့သို့ရောက်ရှိနေကြောင်း၊ နေပြည် တော် မှ လာမည့် ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆိုထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။
၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့ အစိုးရ၏ငြိမ်းခြမ်းရေးကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
“မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်းတဆင့်ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေတုန်းဘဲ။ ငြိမ်းချမ်း ရေး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော်နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊ စဝ်ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်း တို့ ကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့သို့ရောက်ရှိနေကြောင်း၊ နေပြည် တော် မှ လာမည့် ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆိုထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။
ကမ္ဘာကျော် တိုင်းတန်းနစ် ပြန်လာမယ်
Friday, June 22, 2012အိမ့်သံစဉ်

ကမ္ဘာကျော် တိုင်းတန်းနစ်အပျော်စီး သဘောင်္ကြီးကို ယခုအချိန်မှာ ပုံသဏ္ဍန်ရော အရွယ်ပမာဏပါ တူညီတဲ့ တိုင်းတန်း နစ်-၂ လို့အမည်ပေးထားတဲ့ သင်္ဘောတစီးကို သြစတြေးလျ ဘီလျံနာ သူဌေးကြီး ကလစ်ပါလ်မားက တာဝန်ယူ ဆောက် လုပ်မယ့် အစီအစဉ်အကြောင်း ဇွန်လ ၂၀ ရက်နေ့ က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်က နှစ်မြုပ်သွားခဲ့တဲ့ မူလ တိုက်တန်းနစ် သင်္ဘောကြီး ပုံစံ အတိုင်းကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည် တိုက်တန်းနစ် ၂ သဘောင်္တည်ဆောက်ဖို့ အစီစဉ်ရှိကြောင်းနဲ့ သဘောင်္ ဒီဇိုင်းကို ရေးဆွဲနေ တဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်တဲ့။

စာရွက်ပေါ်မှာ ငြိမ်း၊ လက်တွေ့မှာတော့ တဒိန်းဒိန်း
Friday, June 22, 201
သန်းထိုက်ဦး ရေးသားသည်)
ရှမ်းပြည် တပ်မတော် တောင်ပိုင်း ( SSA-S ) တပ်ဖွဲ့ဝင်များသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ်၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ SSA-S နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးကို ပြည် ထောင်စု အဆင့် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့နဲ့ ဆိုရင်တော့ ၂၂ ကြိမ် ဖြစ်သွားပြီ တိုက်ပွဲက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးပြီး နောက် ပိုင်း ဖြစ်တာပါ” ဟု SSA-S မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၇ ရက်နှင့် ၁၉ ရက်နေ့က မိုင်းကိုင်မြို့၊ သီပေါမြို့နယ်တို့တွင် တိုက်ခဲ့ကြသေးသည်ဟု ဆိုသည်။
သန်းထိုက်ဦး ရေးသားသည်)
(ဓာတ်ပုံ - www.desktopedia.com)