Pages

Saturday, August 4, 2012

သမ္မတ ဦးသိန်းစိန်နှင့် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသူများ တွေ့ဆုံ

သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာ ယနေ့ နေ့လယ်ပိုင်းက သမ္မတ ဦးသိန်းစိန်သည် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံကြပါတယ်။

နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ နိုင်ငံရေးပါတီများ က ခေါင်းဆောင်တွေက တဦးချင်းအနေနဲ့ သမ္မတနဲ့ မိတ်ဆက်စကားစပြောပြီး ရင်းရင်းနှီးနှီး နိုင်ငံအကျိုး အတွက် ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။

သမ္မတကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ချက်ချင်းဖြည့်ဆည်းပေးရန် မစွမ်းနိုင်သေးတဲ့ သက်တမ်း တနှစ်ကျော်သာ ရှိသေးတဲ့ အစိုးရဖြစ်ကြောင်း၊ အားလုံး လိုအပ်ချက်တွေ များစွာ ရှိနေတာကို ရှိနေတဲ့ ဓနစွမ်းအားနဲ့ ကြိုးစားလုပ်နေကြောင်း၊ ရေခံ မြေခံ ကောင်း တဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေ မှာ မြန်မာဟာ တဦးချင်း အနိမ့်ဆုံး ဖြစ်နေတာကို ကြိုးစားလုပ်နေတာဖြစ်ကြောင်း၊ အားလုံးက အခက်အခဲများ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ကောင်းစားဖို့ ဆိုတာ အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်
ကြောင်း၊ ဆွေးနွေးတယ်လို့ နိုင်ငံပိုင် သတင်းရုပ်သံ က ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ အဆင်ပြေပြီး အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တာ၊ ကချင် လက်နက်ကိုင်အဖွဲတွေနဲ့ ဆွေးနွေးနေတာ တနှစ်ကျော်ရှိပေမယ့် အခုထိ အဆင်ပြေတဲ့ အခြေအနေကို မရောက်သေးပေ မယ့် အောင်မြင်စွာနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ဖြစ်လာ မယ်လို့ ယုံကြည်ကြောင်း၊ အခု လုံးဝ မပြေလည်သေးခင် ကချင်ဒေသမှာ ဒုက္ခရောက်နေသူများ အရေးက အကူအညီတွေ
အရေးတကြီးလိုအပ်နေတာဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေကို အားလုံးကလည်း လက်တွဲ ဆောင် ရွက်ကာဖြေရှင်းသွားကြဖို့ လိုတယ်လို့ သမ္မတက ပွင့်ပွင့်လင်းလင်းပဲ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေး ရာမှာ ပြောကြားတာပါ။

ဒီအပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ အလုံးအရင်းဝင်လာပြီး နိုင်ငံသား တိုင်းကလည်း အားလုံး ၀ိုင်းကြိုးစားကြရင် အောင်မြင်မည်မှာ မလွဲဖြစ်ပါကြောင်း၊ နိုင်ငံတ၀ှမ်းလုံး ငြိမ်းချမ်းရေး ရအောင် အားလုံး သော နိုင်ငံရေးပါတီများနဲ့ အတူ တလှေတည်းစီးဖြစ်တဲ့အတွက် လိုရာခရီးကို ရောက်ဖို့ အားလုံး စည်းလုံး ညီညွတ်စွာ လုပ်ကြရန် တိုက်တွန်းပြီး အခုလို ပါတီများရဲ့ ကိုယ်စားလှယ်တွေက ရင်းနှီးပွင့်လင်းစွာ ပြောဆို ဆွေးနွေး အကြံပြုတဲ့အတွက် ကျေးဇူး တင်ရှိကြောင်း ပြောပါတယ်။ 

The Irrawaddy's Blog 

တိုင်ဖွန်းမုန်တိုင်း SAOLA အကြွင်းအကျန်တိမ်တိုက်များနှင့် မိုးရွာသွန်းနိုင်မည့် အခြေအနေ


တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များသည် တရုတ်ပြည်မကြီး အနောက်တောင်ကမ်းရိုးတန်းအတိုင်း အနောက်ဘက်သို့ ရွေ့လျားလျှက်ရှိနေပြီး ဟောင်ကောင်/မကာအိုတို့ အပေါ်မှ ဖြတ်ကျော်ကာ ဟိုင်နန်ကျွန်း မြောက်ဘက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် လာမည့် ၇၂ နာရီ(သြဂုတ်လ ၇ ရက် – မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီအထိ) မိုးရွာသွန်းနိုင်မည့် အခြေအနေခန့်မှန်းချက်ပုံနှင့် တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ တရုတ်ပြည် တောင်ဘက်ကမ်းရိုးတန်းအား ထပ်မံဝင်ရောက်ဦးမည့် မုန်တိုင်း HAIKUI(12W) အခြေအနေအား အောက်တွင် တင်ပြထားပါသည်။
 
သြဂုတ်လ ၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် တွေ့မြင်ရသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားမှု အခြေအနေ(အောက်ပုံ)
 
လာမည့် တနင်္လာနေ့(သြဂုတ်လ – ၆ ရက် 0600 UTC)တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည့် မုန်တိုင်း HAIKUI(12W) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၊ အိုကီနာဝါမြို့ အရှေ့ဘက် မိုင် ၃၄၀ ခန့်တွင် ဗဟိုပြလျှက်ရှိပါသည်။ HAIKUI သည် တနင်္ဂနွေနေ့ 0600UTC တွင် အိုကီနာဝါကျွန်း၊ KUNIGAMI မြို့ အနီးမှ ကပ်၍ ဖြတ်သန်းပြီး အရှေ့တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ တရုတ်ပြည်တောင်ဘက် ကမ်းရိုးတန်းအား Zhejiang ပြည်နယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။ ထို့ကြောင့် မုန်တိုင်း HAIKUI ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန် (ခန့်မှန်း သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီ) နောက်ပိုင်းတွင် မုန်တိုင်းတိမ်တိုက်များ ရွေ့လျားမှုကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 12W HAIKUI – 04 Aug 2012 0600Z
Location: 25.6 133.1
Winds: 35 knots
Central Pressure: 996 hPa


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ တွေ့ဆုံခဲ့ပြီး နိုင်ငံ၏စီးပွားရေး၊တိုင်းရင်းသားအရေးနှင့်မီဒီယာကိစ္စရပ်များဆွေးနွေးခဲ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  နိုင်ငံရေးပါတီ ၁၄ပါတီတို့သည် သြဂုတ်လ ၄ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် တက်ရောက်ခဲ့သူများမှာ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေနှင့် ဦးသိန်းထွန်း၊ ကရင်ပြည်သူ့ပါတီမှ ဦးစောထွန်း အောင်မြင့်၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးထွန်းအောင်ကျော်၊ မွန်ဒီမိုကရေစီပါတီမှ ဦးမင်းကျော်ဝင်း၊ ဇိုမီးတိုင်းရင်းသားများ ကွန်ဂရက်ပါတီမှ ဦးတင်ခန်းလျန်၊ ချင်းတိုးတက်ရေးပါတီမှ ဦးလိုထန်းခက်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဦးကောင်းမြင့်ထွဋ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်မျိုးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးနေ၀င်းထွန်း၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှ ဦးတင်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။
''သမ္မတကြီး ပြောသွားတာကတော့ ကျွန်တော်တို့ရဲ့  အမျိုးသားဝင်ငွေကို ဒေါ်လာသုံးထောင် ဖြစ်စေချင်တယ်။  အဲဒါနဲ့ပတ်သက်လို့ ဆက်စပ်နေတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပဲ။ စီးပွားရေး ပိတ်ဆို့မှုတွေ ရပ်တန့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ဖြစ်လာနိုင်မယ်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားမှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူ ၂သိန်းလောက် အလုပ်အကိုင်ရကြတယ်။ အဲဒါလေးတွေ ပြောသွားတယ်''ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က ပြောပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတက နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း လုပ်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကလည်း အားလုံးပူးပေါင်းလုပ်ဆောင်ပြီး အကြံဥာဏ်များ ပေးနိုင်ကြောင်း၊ အဆိုပါ အကြံဥာဏ်များကိုလည်း လေးလေးနက်နက်ဖြင့် အစိုးရအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။  ထို့နောက် ဦးသိန်းညွန့်က ၎င်းတင်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်၍ ''ကျွန်တော် အဓိကတင်ပြတာကတော့ မီဒီယာတွေ ကိစ္စပါ။ လျှပ်တစ်ပြက်၊ The Voice  ဂျာနယ်တွေကို တရားစွဲတဲ့ ကိစ္စတွေနဲ့ အခု  The Voice  ဂျာနယ် နဲ့ Envoy  ဂျာနယ်တွေကို ပိတ်ပစ် တာမျိုးတွေပေါ့။ အဲဒါတွေက မဖြစ်သင့်ဘူး။ စတုတ္ထမဏ္ဍိုင်ကို သမ္မတကြီးက အသိအမှတ်ပြုထားတဲ့ အချိန်မှာ ဒီလိုလုပ်တာက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူမပြုတဲ့အပြင် ထိခိုက်နိုင်တယ်။ ဒါတွေကြောင့် ချက်ချင်း၊ အမြန်ဆုံးနဲ့ ဖြစ်နိုင်ရင် ပြုပြင်ပြောင်းလဲမှုအတွက် မဖြစ်သင့်တဲ့ တရားစွဲတာတွေကို ရပ်ဆိုင်းပေးဖို့၊ ပိတ်ထားတာတွေကို ပြန်ဖွင့်ပေးဖို့ အဲဒါတွေ ပြောခဲ့ပါတယ်။ သမ္မတကြီးက ပြန်ပြောတဲ့အခါမှာတော့ မီဒီယာတွေရဲ့ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုတယ်။ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်ခွင့်ကို ယူတဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ခံယူရမယ်။ တည်ငြိမ်မှု ကို မထိခိုက်စေဘဲနဲ့ နိုင်ငံတော် လုံခြုံရေးကို မထိခိုက်စေဘဲနဲ့ ဟန်ချက်ညီညီ လုပ်သွားမယ်ဆိုရင် မီဒီယာကိစ္စတွေဟာ ပြေလည်သွားမှာပါလို့ ပြောခဲ့ပါတယ်'' ဟု ဦးသိန်းညွန့်က ပြောပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တက်ရောက်ခဲ့သူ ပါတီ ဒုတိယခေါင်းဆောင် ဦးစိုင်းညွန့်လွင်က ''ကျွန်တော်တို့က သုံးခု ဆွေးနွေးတယ်။ ပထမတစ်ချက်က နောင်လာမယ့်နှစ်တွေမှာ သန်းခေါင်စာရင်း ကောက်တဲ့အခါ အိမ်နီးချင်း နိုင်ငံတွေက လူမျိုးတွေ ခိုးဝင်နေတာ တွေရှိတယ်။ အဲဒီအချိန်မှာ ကောက်ရင် သူတို့က သန်းခေါင်စာရင်းထဲပါပြီး တိုင်းရင်းသားအစစ်တွေက ကျန်ခဲ့မှာကို စိတ်ပူတယ်။ အဲဒါကို ကာကွယ်ပေးဖို့နဲ့ အဲဒီအချိန်မှာ ပြည်ပရောက်နေတဲ့ သူတွေကို ပြန်လာခွင့်ပေးဖို့ပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကတော့ သမ္မတကြီးက အကာအကွယ်ပေးမယ်။ သန်းခေါင်စာရင်းကောက်တာ က မြန်တယ်။ ဒါပေမယ့် ပြင်ဆင်ရတာက များတယ်။ နည်းပညာ လိုတယ်။ နိုင်ငံခြားက အကူအညီတွေ လိုတယ်လို့ ပြောတယ်။ ဒုတိယ အချက်ကတော့ ရှမ်းပြည်နယ်မှာ ပြည်ထောင်စုအဆင့်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပေမယ့် ထိတွေ့မှုတွေ ရှိနေတယ်။ အဲဒါတွေမဖြစ်အောင် ကျွန်တော်တို့ကလည်း နိုင်တဲ့သူတွေကိုပြောမယ်။ သမ္မတကြီးဘက်ကလည်း ပြောပေးဖို့ပါ။ ဒါမှ ထာဝရငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်မယ်ပေါ့။ အဲဒါကိုတော့ သမ္မတကြီးက ပြောတာကို သူလက်ခံတယ်။ တချို့ကိစ္စတွေက အောက်ခြေကအဖွဲ့တွေက သဘောမပေါက်သေးလို့ ဒီလိုဖြစ်ရတာပါ။ သူဆောင်ရွက်ပေးပါ့မယ်လို့ ပြောသွားပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့တင်တာကတော့ တိုင်းရင်းသားစာပေကိစ္စပါ''ဟု ပြောပါသည်။ ယခု လွှတ်တော်တွင် တင်ထားသည့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့်အခါတွင် အချက်အလက် စုဆောင်းသူအဖြစ် ပါဝင်ခွင့်ရလိုကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း လွတ်လပ်သော ကော်မရှင်ဖြစ်စေရန် ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ပါဝင်ခြင်းမရှိစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးဦးက ပြောပါသည်။
တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတနှင့်အတူ စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ပါဝင် ခဲ့ကြောင်း သိရသည်။

"မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှု






ယနေ့ ( သြဂုတ်လ၊ ၄ ရက်) နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။



ယနေ့ သြဂုတ်လ၊ ၄ ရက်နံနက်ပိုင်းက စတင်ပြုလုပ်တဲ့ စာနယ်ဇင်းသမားများရဲ့ "မီဒီယာဖိနှိပ်မှု ရပ်" ဆိုတဲ့ လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ
ဂျာနယ် ၂ စောင်ကိုထုတ်ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ဖြစ်စဉ် ဟာ မြန်မာ့ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အလွန် အရုပ်ဆိုး အကျဉ်းတန်စေခဲ့ပါပြီ။


မြေနီကုန်း အင်ဗွိုင်းဂျာနယ်တိုက်သို့ သွားရန် မြို့တော်ခန်းမ ဘတ်စကားဂိတ်အနီး တွေ့မြင်ရသည့် လှုပ်ရှားသူ တဦး
မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်သြဂုတ် ၄၊ ၂၀၁၂၊ YPI အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။

Yangon Press International


ဆူးလေ ၄၅ကားဂိတ်သို့ ချီတက်သွားကြစဉ်

မီဒီယာတီရှပ်များ ၀တ်ဆင်ထားသော မီဒီယာသမားများ



ရပ်နားခံရသော The voice ဂျာနယ် ရုံးရှေ့တွင် မီဒီယာသမားများ စုစည်းနေကြစဉ်

တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ်


အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)

အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ    (ကချင်ပြည်နယ်) ဗဟိုအလုပ်အမှုဆောင် ကော်မတီ တွဲဖက် အတွင်းရေးမှူးဖြစ်ပြီး ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီ အတွင်းရေးမှူးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မူ လုပ်ငန်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။ ကချင်ဒေသတွင် စစ်ဖြစ်ပြီး တနှစ်အကြာတွင် လွှတ်တော်တွင်းမှ ကချင်ပြည်နယ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမူများ၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အမြင်များ၊ တိုင်းရင်းသား အခွင့်အရေး ဥပဒေပြဌာန်းရေးအဆို အလားအလာများကို ဧရာဝတီ သတင်းထောက် လဖိုင်က ဒေါ်ဒွဲဘူနှင့် ဆက်သွယ်၍ မေးမြန်းထားပါသည်။
မေး ။ ။ စစ်ပြန်ဖြစ်တာ တနှစ်ကျော်ပါပြီ။ ဒါနဲ့ပတ်သတ်ပြီး လွှတ်တော်မှာ ဆွေးနွေးတာမျိုး ရှိပါသလား။ လွှတ်တော်က သဘောတူတဲ့ စစ်ပွဲလား။
ဖြေ ။ ။ လွှတ်တော်ကနေ ဆုံးဖြတ်ပြီးတိုက်တဲ့ စစ်ပွဲတော့ မဟုတ်ဘူး။ လွှတ်တော် စပြီးတဲ့နောက် ဖြစ်တဲ့စစ်ပွဲတော့ ဟုတ်တယ်။ ဒါပေမယ့် လွှတ်တော်ကနေ စတဲ့စစ်ပွဲတော့ မဟုတ်ဘူး။ တပ်မတော်နဲ့ KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) အချင်းချင်း သုံ့ပန်းပြဿနာကနေ စပြီး ဖြစ်လာတာပဲ။ ကချင်တွေ ဘာလို့ လက်နက်ကိုင်လဲဆိုတော့ အခွင့်အရေးအတွက် ခိုင်မာတဲ့ဥပဒေကို မတည်ဆောက်နိုင်သေးတာကြောင့် လက်နက်ကိုင်နေတဲ့ အနေအထားမှာ စစ်ပွဲဖြစ်လာတာ။ လွှတ်တော်နဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် လွှတ်တော်မှာ တာဝန်အများကြီး ရှိတယ်။
မေး ။ ။ လွှတ်တော်ထဲရောက်နေတဲ့ ကချင်ပြည်သူကိုယ်စားပြု အမတ်တွေ ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက် နေကြပါသလဲ။
ဖြေ ။ ။ ကျမကိုယ်တိုင် ပြည်သူလူထု မိမိနေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းတဲ့ အဆိုကို ဧပြီလမှာ တင်ခဲ့တယ်။ အစိုးရပိုင်းက လက်နက်ကိုင်နှစ်ဖွဲ့ကို တိုက်တွန်းတာ မလုံလောက်ဘူး။ ပြည်သူလူထုကိုလည်း တိုက်တွန်းရမယ်ဆိုပြီး ပြည်သူလူထုထံသို့ တိုက်တွန်းကြောင်းဆိုပြီး အတည်ဖြစ်သွားတယ်။ အတည်ဖြစ်ခဲ့ပေမယ့်လည်း ကျမတို့ လွှတ်တော်ထဲမှာ စစ်ပွဲရပ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ပြီးလို့ရှိရင် KIA ဘက်ကလည်း တိုက်ရင်းနဲ့ ဆွေးနွေးသွားမယ်ဆိုတော့ အခုချိန်မှာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးတာလည်း ရှိတော့ရှိတယ်။ ဘယ်အတိုင်းအတာ ထိဘယ်လို ဆွေးနွေးလဲဆိုတာ ထုတ်ပြန်ခြင်းမရှိတော့ ကျမတို့လည်း မသိနိုင်ဘူး။ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာ ရှိဖို့လိုတယ်လို့ ထင်တယ်။
အမျိုးသားလွှတ်တော်က တိုင်းရင်းသားရေးရာကော်မတီနဲ့ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီဝင်တွေ အဖွဲ့ခွဲပြီး တတိယအကြိမ် လွှတ်တော်နားတဲ့အချိန်မှာ တပြည်လုံးကို လှည့်ပြီးတော့ တိုင်းရင်းသားအသံတွေကို လိုက်နားတောင်တာ လုပ်ထားပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်တင်ထားတယ်။ အခု တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဌာန်းဖို့ အဆိုကို ဆွေးနွေးပြီး အတည်ဖြစ်တယ်ဆိုရင် ဥပဒေရေးဆွဲပြီး ပေါ်လာတဲ့အခါတော့ တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ့်အရာပါ။
မေး ။ ။ တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဌာန်းဖို့ အဆိုအတည်ဖြစ်ခဲ့ပြီဆိုရင် အပစ်မရပ်သေးတဲ့ အဖွဲ့တွေရော ပါဝင်ခွင့်ရမှာလား။
ဖြေ ။ ။ အခု ကျမတို့က တွေ့ခွင့်ရဖို့ လွှတ်တော်ဥက္ကဋ္ဌဆီမှာ တင်ပြထားတယ်။ သူတို့ကလည်း တပြည်လုံးက တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆိုနေတာ။ ကျမတို့လည်း တပြည်လုံးက တိုင်းရင်းသားတွေ အခွင့်အရေးအတွက် ဆောင်ရွက်နေတာဆိုတော့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် လွှတ်တော်ထဲက လုပ်နိုင်တာနဲ့ သူတို့ လိုချင်တာနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒါမှမဟုတ်ဘဲ တွေ့ဆုံခွင့် မရခဲ့ဘူး၊ ကျမတို့ သိထားတာ လောက်နဲ့ပဲ ရေးဆွဲမယ်၊ သူတို့ဘက်က ပေးမယ့် အကောင်းဆုံး အကြံဉာဏ်တွေ ကျန်ခဲ့ရင်လည်း မကောင်းဘူး။ ဒါကြောင့် ဥပဒေမပြုခင်မှာ အရင်တွေ့ခွင့်ရမယ်ဆိုရင် အလွန်ကောင်းတဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
မေး ။ ။ အခု ဦးအောင်မင်း ဆောင်ရွက်နေတာတွေက တကိုယ်တော် လုပ်နေတာလား။ အစိုးရအဖွဲ့ ကိုယ်စားပြု လုပ်နေတာလား။
ဖြေ ။ ။ သူကတော့ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ အနေနဲ့ပါတယ်။ အခုသွားတွေ့တဲ့အခါမှာတော့ သူတယောက်တည်းသွားတယ်။ ဒါပေမယ့် ဖွဲ့ထားပေးတဲ့ သမ္မတကြီးနဲ့ ဗဟိုအဖွဲ့ရဲ့ စီမံချက်တော့ ပါမယ်လို့ ယူဆတယ်။ ကျမတို့ လွှတ်တော်အပိုင်းက မြင်တာကတော့ သူတယောက်တည်း သွားတာထက်စာရင် အဖွဲ့များများနဲ့ ဆွေးနွေးတာက ပိုအောင်မြင်မယ်လို့ ထင်တယ်။ သူတို့သွားတာ ဘယ်လောက်အောင်မြင်တယ် ဆိုတာ ကျမတို့ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီမှာပါတဲ့ သူတွေတောင် မသိရဘူး။ တခြား ငြိမ်းချမ်းရေး အကျိုးဆောင်တွေဆီက ပြန်ကြားရတာပဲရှိတယ်။
သူတို့ပြောတာကတော့ ကောင်းလာတယ်၊ ကောင်းလာတယ် ပြောတာပဲ။ ဘာတွေကောင်းလာလဲ ကျမတို့ မသိဘူး။ အဲလိုပြောလို့ အောက်ခြေမှာ တိုက်ပွဲတွေ နည်းသွားသလား၊ အကြမ်းဖက်မူတွေ လျော့သွားသလားဆိုတော့ ပုံမှန် အတိုင်းပဲ ဖြစ်နေတယ်ဆိုတော့ ဘယ်နေရာမှာ ကောင်းနေလဲဆိုတာ ကျမတို့လည်း မခန့်မှန်းတတ်ဘူး။ ကြားလူကလည်း ကောင်းလာတယ်ပဲပြောတယ်။ ဒီ့ထက် ပိုပြီးတော့လည်း ဦးအောင်မင်းက အဖွဲ့ထဲမှာ ပါနေတဲ့ သူတွေတောင် မပြောဘူးဆိုတော့ မကျေနပ်တာတော့ မဟုတ်ပေမယ့် ပြန်လာရင်တော့ ကျမတို့ကိုလည်း ပြောပြသင့်တယ်လို့မြင်တယ်။ ဒါမှ ကျမတို့ အပိုင်းအနေနဲ့လည်း တိုင်းရင်းသားကဏ္ဍ အကြံပေးနိုင်တာပေး၊ ပါဝင်သင့်တာ ပါဝင်ရမယ်လို့မြင်တယ်။
အဖွဲ့ဖွဲ့ထားတာ  ၂ လကျော်ပြီ၊ ကျမတို့က ဘာမှ အလုပ်မလုပ်သလိုမျိုး ဖြစ်နေတာ ကျမတို့က စိတ်မကောင်းဘူး။ လွှတ်တော်မှာ ကျမတို့ ဘယ်လိုဆွေးနွေးတယ် ဆောင်ရွက်နေတယ်ဆိုတာကို လက်ရှိဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေကို လွှတ်တော်မှာ နေတဲ့သူကိုယ်တိုင်က ပြောပြချင်တယ်။ ဘယ်ကိစ္စတွေကို အာမခံတယ် ဆိုတာကို ပြောလည်း ပြောသင့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးသင့်တယ်လို့ ကျမမြင်တယ်။
မေး ။ ။ လက်ရှိအစိုးရ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ၁၇/၁ (တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု) ရဲ့ သက်ရောက်မူက ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ၁၇/၁ ဆိုတာ ကချင်ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့အရာပါ။ ထင်မြင်ယူဆချက် တခုတည်းနဲ့တင် အဖမ်းခံရတဲ့ သူတွေရှိပါတယ်။ ကချင်ပြည်နယ်တခုလုံးက တနည်းမဟုတ်တနည်းနဲ့ ပတ်သက်နေရပါတယ်။ အဖေ KIA မို့လို့ လယ်တောထဲလာလို့ ထမင်းချက်ကြွေးမိရင်လည်း အဖမ်းခံရတာတွေရှိပါတယ်။
ဖားကန့်မှာ ကျောက်တူးတဲ့ ကုမ္မဏီတွေကလည်း KIA ကို ထောက်ပံ့ကြေးပေးရပါတယ်။ သူဌေးတွေကို မဖမ်းဘဲနဲ့ ဆင်းရဲသားတွေကိုချည်းပဲ ဖမ်းတာကတော့ မသင့်တော်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဧပြီလကတည်းက လွှတ်တော်မှာ တင်ပြထားဖူးပါတယ်။ တချို့ပြန်လွတ်တာတွေလည်း ရှိပါတယ်။ လက်ရှိအောက်ခြေမှာ လုပ်လိုက်တဲ့လုပ်ရပ်တွေက အစိုးရနဲ့ တပ်မတော်အပေါ် အယုံအကြည်မဲ့စေတာတွေ ဖြစ်စေပါတယ်။ အခု ဦးဘရန်ရှောင်ကိစ္စကလည်း တရားရုံးက စီရင်ချက်မချခင် ရုပ်သံမှာ လွှင့်တာကတော့ ဥပဒေအရ လုံးဝမလုပ်သင့်တဲ့ အရာမျိုး ဖြစ်ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ အဖွဲ့အစည်းပေါင်းများစွာက အပစ်ရပ်ရုံနဲ့ မပြီးဘူး။ တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ်။ ငြိမ်းချမ်းရေးမှာ ဘယ်တိုင်းရင်းသား အဖွဲ့အစည်း တဦးတယောက်မှ မကျန်စေရဘူး။ ကျန်နေတဲ့သူ တွေကို ‘ဟာ … စကား နားမထောင်ဘူး ခေါင်းမာနေတာပဲ။ နေပါစေ ငါတို့ဖာသာ ဆောင်ရွက်သွားမယ်’ ဆိုတဲ့ ဆောင်ရွက်တဲ့ နည်းနဲ့ကတော့ လုံးဝလုပ်လို့မရဘူး။ တဖွဲ့တည်းကျန်လည်း ချန်မထားသင့်ဘူး။ လက်တွဲဆောင်ရွက်သွားသင့်တယ်။ ကျမတို့ ကိုယ်စားလှယ်အနေနဲ့လည်း မရရအောင် သူတို့နဲ့တွေ့ခွင့်ရအောင် လုပ်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထု တရပ်လုံးကလည်း လွှတ်တော်ထဲကလူတွေ လုပ်နေတာကို စောင့်ကြည့်ပြီး ကောင်းတဲ့ဥပဒေတွေ ထွက်လာဖို့ အမြဲတမ်းလေ့လာပြီး တိုက်တွန်းပူးပေါင်းသွားဖို့ ဖိတ်ခေါ်ပါတယ်။     ။
ဧရာဝတီ

ဦးအောင်သိန်းလင်း အား ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်း တာဝန်ခံ အဖြစ် မှ ရပ်နား



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကို
ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်ကြောင်း  ယနေ့  ကျင်း ပသည့် ပါတီတွင်း
အစည်း အဝေး တစ်ခု တွင် တရား ၀င် ထုတ် ဖော်ပြောကြား လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း တာဝန်ခံ ရာထူးအား
ယခင် ရန်ကုန် မြို့ တော် ၀န် ဟောင်း ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်း
က လွှဲပြောင်းရယူ သည် ဟု ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံးရေး အဖွဲ့  ၀င်
တစ်ဦး ဖြစ်သူ ကိုအောင်လင်းဇော်က FNG ကို ပြောသည်။

ဦးအောင်သိန်းလင်း သည် တရုတ် နိုင်ငံ ၏ သတင်း တစ်စောင် ဖြစ်သော
Southern Weekend Chinaနှင့် မေးမြန်းမှု တွင်  သမ္မတ ဦးသိန်းစိန် ၏
အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော
ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ
ဖြစ် ကြောင်း ပြော ကြား ခဲ့ ခြင်း ကြောင့် ဆန္ဒပြ ကန့် ကွက် ရန် စီစဉ် မှု များ ၊ သူလွှတ်
တော် အမတ် အဖြစ် ရွေးချယ် ခံ ခဲ့ ရသည့် တောင်ဥက္ကလာ ပ မြို့ နယ် နေ သူများက
ဆန္ဒပြကန့် ကွက် ရန် လည်း စီစဉ် ခဲ့ ကြသည်။
FNG

ရှစ်လေးလုံး ၂၄ နှစ်မြောက်ငွေရတုအကြိုဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်တွေ့ဆုံပွဲ ကျင်းပမည်


၈၈မျိုးဆက်ကျောင်းသားများ(ထားဝယ်)ကျောင်းသူ၊ကျောင်းသားဟောင်းများက ၈၈၈၈ အရေးတော်ပုံ ၂၄နှစ်မြောက်ငွေရတုအကြို ၀ါဆိုသင်္ကန်းကပ်လှူ
ပူဇော်ပွဲနှင့်တွေ့ဆုံပွဲကို(၈.၈.၂၀၁၂)ရက်နေ့၊နံနက်(၇)နာရီတွင်ထားဝယ်မြို့၊
ဇေယျဝတီကျောင်းတိုက်၊ဓမ္မဘေရီဓမ္မာရုံတွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ထိုအခမ်းအနားအပြီးတွင်ရန်ကုန်မြို့မှလာရောက်ကြသည့်၈၈မျိုးဆက်
ကျောင်းသားများဖြစ်သည့် ကိုမင်းဇေယျာ၊မသက်သက်အောင်၊ဗကသ
ကျောင်းသားများဖြစ်ကြသည့်ကိုစည်သူမောင်၊ကိုချစ်ကိုလင်းတို့နှင့်တွေ့ဆုံပွဲ
ကိုပါဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ -ဖိုးဇော်(ထားဝယ်)
၈- ၈ - ၈၈ အောက်မေ့ ဖွယ် မွန်းအောင်ရဲ့ သွေးမုန်တိုင်း သီချင်းပါ နားဆင်သွားပါ။

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂)

စည်းလုံးခြင်းရဲ့အင်အား  မှကူးယူဖော်ပြသည်
ဘင်္ဂလီများနှင့် လုံခြုံရေး ယူထားသော နစက တပ်ဖွဲ့ဝင်များ


ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
လူ့အခွင့်အရေးကိုလည်း ကျွန်တော်တို့တွေက ကောင်းကောင်း နားလည်ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပါးစပ်ပေါ်က သနားစာနာတတ်မူမျိုး မဟုတ်ပဲ ရင်ထဲ အသဲနှလုံးထဲကကို ဖြစ်ပေါ်လာတဲ့ စေတနာ ကြင်နာမူတွေနဲ့ ခွင့်လွှတ်စာနာတတ်တဲ့ လူမျိုးတွေပါ။ သနားအောင်ပြောရင် ကိုယ်ကအငတ်ခံပြီး ကျွေးတတ်တဲ့ လူမျိုးပါ။ လူကို လူလိုမြင်တတ်တဲ့ ဗြဟ္မစိုရ်တရားနဲ့ ကြည့်တတ်တဲ့ လူမျိုးပါ။ လူ့အခွင့်အရေးဆိုပြီး ထုတ်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျေးဇူးရှင်ကို ကျေးစွပ်တဲ့လုပ်ရပ်တွေ ခိုးဝင်နေထိုင်လာကြပြီး ဒေသခံတွေကို သတ်ဖြတ် မုဒိန်းကျင့် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ ကျူးကျော်စော်ကားမူတွေကိုတော့ ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်သလို မြန်မာနိုင်ငံ အနေနဲ့လည်း လက်မခံနိုင်ပါဘူး။ လိုအပ်သလို ထိန်းသိမ်းအရေးယူမူတွေ လုပ်ကြရမှာပါပဲ။ အပြစ်လုပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်တာ ခေါ်ပါသလား။ တကယ်တမ်း ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တာဟာ ဘင်္ဂလီတွေ ခိုးဝင်နေထိုင်ပြီး သမိုင်းကြောင်းကို လိမ်လည်လို့ နေရာဒေသကို အပိုင်စီးဖို့ လုပ်တာက စတာပါပဲ။ နောက်ဆက်တွဲ ကုလားဆိုး၊ မူဂျာဟစ် သူပုန်ထတယ်။
ရခိုင်ရွာ တစ်ရွာဖြစ်တဲ့ ကူတောင်ရွာမှာဆိုရင် ရွာကိုဘင်္ဂလီတွေက လာပြီးမီးရှို့ရန်စတယ်။ ပြန်ခုခံတော့ လူအင်အားနဲ့ ဝိုင်းပြီးတိုက်ခိုက်တယ်။ ဖမ်းမိတဲ့ ရခိုင်တိုင်းရင်းသားတွေကို ရက်ရက်စက်စက် ခုတ်ထစ် သတ်ဖြတ်ပစ်ကြတယ်။ ခုတ်ပိုင်း သတ်ဖြတ်ခံထားရတဲ့ ဓါတ်ပုံတွေကို တွေ့ကြမှာပါ။ ကျောက်နီမော် မုဒိန်းကျင့် လူသတ်မှုကိစ္စတောင် ဘီဘီစီသတင်းဌာနက ရခိုင်လူမျိုးပါဆိုပြီး ရခိုင်တိုင်းရင်းသားတို့ နေထိုင်ရာဒေသ မြေပုံပေါ်မှာ ဘင်္ဂလီတွေရဲ့ ဓါတ်ပုံကိုထည့်ကာ လိမ်လည်ထုတ်လွှင့်ချက် အကြောင်းခံက လောလောလတ်လတ် ဖြစ်နေတာကြောင့် ရခိုင်တိုင်းရင်းသားတို့ မခံမရပ်နိုင်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်သွားတာမို့ ပေါ်လွင်လာခဲ့ရတာပါ။ ဒီလတ်တလော အကြောင်းရင်းကြောင့်လည်း ရခိုင်နဲ့ဘင်္ဂလီအရေး ဖြစ်ပေါ်ခဲ့ရတာပါ။
မီးရှို့ရန်ကြံစည်နေသော ဘင်္ဂလီတစ်ဦးနှင့် အပေါင်းအပါများ
သဘောမပေါက်တာက လူ့အခွင့်အရေးအော်နေတဲ့ လူပုဂ္ဂိုလ်အချို့နဲ့ အရေးအခင်း ကိစ္စတစ်ခုကိုပြပြီး နာမည်ယူချင် လုပ်စားချင်နေတဲ့ အဖွဲ့တွေပါ။ မူလဇာတိကိုဖျောက်ပြီး မျိုးရိုးဇာတိဖေါ်ချင်တဲ့ နိုင်ငံတွေတောင် ရှိပါသေးတယ်။ မျက်နှာကြည့်တာနဲ့ ပေါက်ဖေါ်ကြီးဆိုတာ သိပေမယ့် နဂါးမင်းသားကပဲ ဆင်းလာသလို တချို့ဆို ဟိုးနေလုံးကြီးကပဲ ဆင်းသက်လာသလိုလိုနဲ့ ပြောရင် အများကြီးရှိတယ်။ သဘောင်္ပျက်ပြီး ရောက်လာတဲ့ အာရပ်တွေဆိုတာ လိမ်နေတာပါလို့ ပါးစပ်က ထုတ်မပြောတောင် သူတို့ရဲ့မျက်ခွက် ဘာသာစကား သွေး အကုန်လုံးကို ကြည့်တာနဲ့ မျက်မြင်သိနိုင်ပါတယ်။ ခိုးဝင်လာသူတွေကို နိုင်ငံတိုင်းက လက်မခံကြဘူး ဆိုတာလည်း နားလည်ကြမှာပါ။ ဒုက္ခသည်ကို လက်ခံတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခိုးဝင်လာတာကို လက်မခံကြပါဘူး။ ရာဇဝတ်မှုတစ်ခုအဖြစ်တောင် ဥပဒေက သတ်မှတ်ထားပါတယ်။ ထောင်ချမယ်၊ ပြန်ပို့မယ်။ ဒုက္ခသည် လျှောက်ထားရင်လည်း အကျယ်ချုပ်သဘောနဲ့ ခံဝန်ချက်ယူပြီး နှစ်များစွာ စောင့်ဆိုင်းနေရပါတယ်။ အမေရိကန်လို DV ကံစမ်းမဲတောင် ဖေါက်နေတဲ့ နိုင်ငံကတော့ သူ့ဥပဒေက တမျိုးပါ။ ဒါတောင် နေထိုင်ခွင့်ပေးထားပေမယ့် ပြန်မောင်းမထုတ်ရုံ ထားတဲ့သူတွေ အခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေ တပုံကြီးရှိနေပါတယ်။
ဒီတော့ ဒုက္ခသည်ဆိုင်ရာနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံတွေကတော့ အခြေချနေထိုင်ဖို့ မပြောနဲ့ ခပ်တည်တည်နဲ့ဝင်လာပြီး over stay နဲ့တောင် နေထိုင်နေလို့ လုံးဝမရပါဘူး။ စင်္ကာပူလို နိုင်ငံမှာဆို ကြိမ်ဒဏ်ကြောင့် ဖင်တောင် စုတ်ပြတ်သတ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံခြားထွက်ပြီး ခိုလှုံဖို့လုပ်တဲ့ သူတွေဟာ ဒုက္ခသည်လက်ခံပါတယ်ဆိုတဲ့ နိုင်ငံတွေကိုပဲ ရွေးသွားကြတာပါ။ အခု မြန်မာပြည်က သစ္စာဖေါက် လူ့အခွင့်အရေး ပြောနေတဲ့သူတွေကို ကြည့်ပါ။ ဒုက္ခသည် လက်ခံတဲ့ နိုင်ငံတွေထဲမှာတောင် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးများမှာပဲ ရွေးပြီးနေချင်ကြတာပါ။ အခွင့်အရေး ကန့်သတ်ခံပုံခြင်းက မတူတာကြောင့် မဟုတ်လား။ ဂျပန်နဲ့ ဥရောပဆိုရင်တောင် ဥရောပကိုရွေးမယ်။ ဥရောပမှာတောင် နော်ဝေလို နိုင်ငံထက် ကနေဒါ၊ သြစီနဲ့အမေရိကန်လို နိုင်ငံရွေးမယ်။ လေယာဉ်ပေါ်မှာ ပတ်စပို့ကို စုတ်ဖြဲပစ်ပြီး အိမ်သာထဲချ ရေမျောပစ်လိုက်ပြီး နိုင်ငံမဲ့ပါလို့ မူလကျီသွန်ကီနဲ့ ဒုက္ခသည်လုပ်ချင်သူတွေလည်း ကနေဒါ၊ သြစတြေးလျလိုနိုင်ငံ မလုပ်ရဲပြန်ဘူး။ အမေရိကန် ဗြိတိန်လို နိုင်ငံမျိုးတွေကိုပဲ လုပ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေဟာ ဗီဇာကို အလွယ်တကူ မပေးကြပါဘူး။ အခု ထိုင်းနိုင်ငံတောင် လျှောက်လွှာဓါတ်ပုံတွေ တောင်းတာများလာသလို နိုင်ဂျီးရီးယားလို အာဖရိက နိုင်ငံသားများကိုဆိုရင် လျှောက်လွှာဓါတ်ပုံ ပိုတောင်းပါတယ်။ သူ့နိုင်ငံ သူ့ဥပဒေ သတ်မှတ်ချက် ရှိပါတယ်။

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁)

စည်းလုံးခြင်းရဲ့အင်အား  http://www.photayokeking.org/truewords/ownexperiences/988-arakanese-human-right-1 မှ ကူးယူဖော်ပြပါသည်




ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံဟာ ရှေးယခင်ကလို အနိုင်ကျင့်လို့ကောင်းတုန်း အချဉ်ဖမ်းလို့ကောင်းတုန်း နိုင်ငံတစ်ခုဘဲလို့ မြင်နေကြဆဲပဲနဲ့ တူပါတယ်။ သူခိုးက လူလိုဟစ် နေတာကိုတောင် ဝိုင်းဝန်းလက်ခုပ်တီး အားပေးနေကြပြန်ပါတယ်။ မြန်မာပြည်ဖွား သစ္စာမဲ့သူများကလည်း ငွေကြေးအတွက်၊ နေရာတစ်ခုအတွက် ထမင်းတလုတ်အတွက်နဲ့ ပြဿနာကို မီးခွက်ထွန်း ရှာချင်နေကြပါတယ်။ ဘင်္ဂလီအရေး ပေါ်လာတာဟာ လုပ်စားနေသူတို့အတွက်တော့ ထမင်းအိုးကြီးတစ်လုံး ထပ်ချက်ပေးထားသလိုပါပဲ။ မယုံမရှိပါနဲ့။
ဘင်္ဂလီပြဿနာလား။ ရှင်းရှင်းလေးပါ။ ခိုးဝင်တယ်။ အဲဒီဒေသမှာ မူလနေထိုင်နေတဲ့ ရခိုင်လူမျိုးတွေကို စော်ကားတယ်။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ အဲဒီဘင်္ဂလီတွေကပဲ မူလဒေသခံ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း (Genocide) ဖြစ်လုနီးပါး သတ်ပစ်ပြီး ရခိုင်ပြည်နယ် နေရာလုယူဖို့ ကြံစည်တယ်။ မူဆလင်ဆိုတဲ့ ဘာသာရေးကို ဘန်းပြပြီး မူဆလင်တွေကိုပါ သူတို့နဲ့ ပါဝင်လာအောင်လုပ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတာပါ။ အိန္ဒိယမှာဆို ခိုးဝင်လာရင် မေးမြန်းစစ်ဆေးခြင်းမရှိ ပစ်တောင်သတ်ကြတာ မဟုတ်လား။
အိန္ဒိယ နယ်စပ်ရှိ တာဝန်ကျ အိန္ဒိယ စစ်သားများ
ဥပဒေမဲ့ ခိုးဝင်လာတာတွေကို ဘယ်နိုင်ငံမဆို သင့်ရာနည်းနဲ့ ဖြေရှင်းကြရမှာပါပဲ။ ဘယ်နိုင်ငံကမှ ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးကို အစော်ကားခံမှာ မဟုတ်ပါဘူး။ ပြဿနာကို ဖြေရှင်းတဲ့ အခါမှာတော့ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို ပါးစပ်နဲ့မဆန့်အော်ပြီး ငိုပြတယ်။ လိမ်လည်ပြီး နိုင်ငံတကာမှာ ဝိုင်းအော်ကြတယ်။ ဘင်္ဂလီတွေရဲ့ နယ်မြေလု လူသတ် မုဒိန်းကျင့် မီးရှို့ ရေထဲအဆိပ်ခတ် စသော အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ပြီးတော့ မူဆလင် ဘာသာရေးပြဿနာ၊ ဘင်္ဂလီ အခွင့်အရေးပြဿနာအဖြစ် ခေါင်းစဉ်ပြောင်းလဲ အော်နေကြတယ်။ ဘာလူ့အခွင့်ရေးမှ မဟုတ်ဘဲ နယ်မြေခိုးချင်တဲ့ ဘင်္ဂလီတွေရဲ့ အရေးပဲဆိုတာ ရှင်းနေတယ် မဟုတ်ပါလား။ တနည်းပြောရရင် လူ့အခွင့်အရေးမဟုတ်ပဲ အခွင့်အရေးသမားတွေရဲ့ အခွင့်အရေးရှာကြံမှုပဲ မဟုတ်ပါလား။
ဒါဆိုရင် ဒီလောက်ရှင်းတဲ့ ပြဿနာတစ်ခုမှာ ဖင်ကြားမီးညှပ်သလို မနေနိုင် မထိုင်နိုင်အောင် ပါဝင်လာတဲ့ သိက္ခာရှိပါတယ်ဆိုသော ကုလသမဂ္ဂ UN နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အချို့အာဆီယံနိုင်ငံတွေ မီဒီယာအချို့နဲ့ လူပုဂ္ဂိုလ်တွေဟာ ပြဿနာအကြောင်းရင်းကို ခြေခြေမြစ်မြစ် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အကြောင်းပြပြီး လုပ်စားချင်တာဖြစ်စေ၊ သဘောရိုးနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ သူတို့တတွေပါ ကျက်သရေတုံးတဲ့ အဆင့်ထဲ အလိုလို ပါဝင်သွားရ ပါတော့တယ်။ ဒီလူ ဒီအဖွဲ့အစည်းတွေဟာ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ်တွေနဲ့ နယ်မြေခံတွေကို စော်ကားတာတွေ သူပုန်ထခဲ့တာတွေ ဘင်္ဂလီတွေရဲ့ ရည်ရွယ်ချက်တွေကို ဘာကြောင့် မသိချင်ယောင်ဆောင်ပြီး ဘာသာရေးနဲ့ လူ့အခွင့်အရေးကိုသာ အသံကျယ်ကျယ်နဲ့ ထအော်လာကြတာလည်းဆိုတာ အရင်မေးခွန်းထုတ်ချင်ပါတယ်။
ပထမဆုံးတစ်ခု ပြောပြထားချင်ပါတယ်။ ကုလသမဂ္ဂဆိုတဲ့ UN ဆိုတာ ဘာလည်း ဘာတွေလုပ်နေတာလည်း ဘယ်လိုဖွဲ့စည်းထားတာလည်း ဒါတွေ လူတိုင်းလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ကုလအဖွဲ့အမည်ခံပြီး အောက်မှာလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေဟာ မှန်မှန် လုပ်နေကြရဲ့လားဆိုတာကိုတော့ ပြန်လည်ပြီး check, recheck, counter check’ လုပ်ဖို့ အရင်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂဆိုတာ နိုင်ငံတိုင်းက အားကိုးရာလို့ သတ်မှတ်ထားကြပါတယ်။ သို့သော်လည်းပဲ ကုလသမဂ္ဂရဲ့ နာမည်ခံပြီး မဟုတ်တာ လုပ်တာတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ အချူပ်အခြာ အာဏာပိုင်းဆိုင်ရာကို ထိပါး နှောင့်ယှက်လာတာတွေကို ဘယ်နိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေအား လက်ခံကူညီပေးနေတဲ့ နိုင်ငံတွေမှာတောင် UNHCR က တရားလွန် ဝင်ရောက်စွက်ဖက်လာရင် လက်မခံကြတော့ဘူး ဆိုတာလည်း UNHCR က ပုဂ္ဂိုလ်ကြီးများ နားလည်ကြမှာပါ။
မြန်မာစကားနဲ့ ပြောရရင်တော့ သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို ဘာထင်တယ် ညာထင်တယ် ဆိုတာမျိုးကို လက်မခံကြတာပါ။ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေက UN နဲ့ NGO တွေကို လက်မခံဘူး ဆိုတာဟာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ ကတည်းက ခံစားလာခဲ့ရတဲ့ ရင်ထဲက မျိုသိပ်နေခဲ့ရတဲ့ ခံစားချက်တွေကြောင့် ဆိုတာကို အရင်သဘောပေါက်အောင် ကြိုးစားစေချင်ပါတယ်။ ဘယ်သူတွေရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ပါဘူး။ UNHCR ရဲ့ ဒုက္ခသည်စောင့်ရှောက်မူမျိုးဟာ ရခိုင်ဒေသအတွင်းက ဘင်္ဂလီတွေအတွက် အကျုံးမဝင်ဘူးလို့ မဟာမင်းကြီးက ဆိုခဲ့တာဟာ ဘင်္ဂလီတွေဆိုတာ ဒုက္ခသည်တွေ မဟုတ်ပါဘူး၊ ခိုးဝင်အခြေချလာတဲ့ ဘင်္ဂလားဒေသက သူတွေပါလို့ ဝန်ခံသွားခဲ့တာလားလို့တောင် ထင်မြင် ယူဆမိပါတယ်။ ဘင်္ဂလီတွေ လက်ခံဖြေရှင်းဖို့ကိစ္စဟာ UN နဲ့မဆိုင်ဘူးဆိုရင် ရခိုင်ဘူးသီးတောင် မောင်တောဒေသမှာ UNHCR ထားဖို့တောင် မလိုပါဘူး။ တခြားနိုင်ငံတကာနဲ့ မြန်မာပြည်ရဲ့ အချို့နေရာတွေမှာ UNHCR က လုပ်ကိုင်ဆောင်ရွက်ပေးနေတာကို အသိအမှတ်ပြုနိုင်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ မြေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမှာတော့ ဘင်္ဂလီအရေးကိုသာ ဦးစားပေး လုပ်ကိုင်ပေးနေကြတာ ကြာပါပြီ။ ယခု UN, INGO ဝန်ထမ်းတွေကို အစိုးရက ဖမ်းပြီး ဥပဒေနဲ့ စီရင်နေရတာကိုက သူတို့ရဲ့ မသမာမူတွေကို သက်သေပြနေတာပါ။
ဒုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ထားသော ဘင်္ဂလီ လူမျိုးများ
ဘာကြောင့် ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ သူတွေကရော UNHCR ဝင်းထဲ ရောက်နေရရလည်း၊ ဘင်္ဂလီတွေက စတင်ပြီး ဒုတ်ကိုင် ဓါးကိုင်၊ ရခိုင်အိမ်တွေကို မီးရှို့လူသတ်နဲ့ မဲမဲထအောင် ဒီလောက် သောင်းကျန်းနေကြတာကို ဒီတာဝန်ရှိသူတွေက မမြင်ဘူးတဲ့လား။ ယခင်အတိတ်ကရော ခိုးဝင်အခြေချနေသူ ဘင်္ဂလီတွေက ရခိုင်ဒေသခံတွေကို အကြိမ်ကြိမ် စော်ကားပြီး လူသတ် မုဒိန်းကျင့်လုပ်နေတာ (Genocide) လူမျိုးတုန်းဖြစ်စဉ် ဖြစ်ပွားလုနီးနီး ရခိုင်ပြည်နယ် နေရာအား အပိုင်စီးဖို့ လုပ်နေတာတွေကို နားမလည်ခဲ့ကြဘူးလား။ ယခု မုဒိန်းကျင့် လူသတ်မူ မကျူးလွန်ခင် ကလေးကတင် မောင်းတော နစကဂိတ်နဲ့ မနီးမဝေးမှာတင် ကုလား (၃) ယောက်က ဓါးကိုယ်စီနဲ့ အပြေးလိုက်ပြီး မုဒိန်းကျင့် လူသတ်ခဲ့တာရော မသိလိုက်တာလား။ ကိုယ့်အလုပ်မဟုတ်လို့ မသိဘူးဆိုရင် ဘင်္ဂလီအရေး ကိစ္စကိုသာ ဦးစားပေးလုပ်နေတဲ့ ကုသသမဂ္ဂ အဖွဲ့သားတွေဟာ ရုံးဆက်ထိုင်ဖို့ မကောင်းတော့ပါဘူး။ မသိသေးရင်လည်း ဒီပြဿနာ ဘယ်လိုရှင်းမလဲဆိုတဲ့ ဆောင်းပါးနဲ့ လဝက ဝန်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ ဆောင်းပါးတွေကို ပေးထားတဲ့ လင့်အတိုင်း ပူးတွဲဖတ်ကြည့်ပြီး သုံးသပ်ကြဖို့ အကြံပြုပါတယ်။ http://arakantimes.net/burmese/index.php/2012-02-21-02-29-15/242-2012-06-27-12-31-
ဒါဆိုရင် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို UN အဖွဲ့ကြီးနဲ့ UN အထွေထွေ အတွင်းရေးမှူးချုပ်မှာ တာဝန်ရှိပါတယ်။ ခိုးဝင်သူ ဘင်္ဂလီတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အကြိမ်ကြိမ်ပင် သတ်ဖြတ်ရန် ကြံစည်မူနဲ့ အကြမ်းဖက်မူများမှာ ကြံရာပါ သို့မဟုတ် အားပေးသူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့် ကိုယ့်အဖွဲ့အစည်းအတွင်း ပြန်လည် စစ်ဆေးကြရပါမယ်။ UN ဆိုတဲ့ဝိတ်နဲ့ သက်ဆိုင်ရာ နိုင်ငံကိုသာ လက်ညှိုးထိုး အပြစ်တင်ပြနေလို့ မရပါဘူး။ ကိုယ့်ဌာနက တာဝန်ရှိသူတွေ ရုံးအဖွဲ့ဝင်တွေကိုလည်း ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်မူ ရှိ မရှိ၊ မှန်မှန်ကန်ကန် ဟုတ်မဟုတ်ကို ပြန်လည်လို့ စစ်ဆေးသင့်ပါတယ်။ UN နဲ့ UN ရဲ့ မူဝါဒ လုပ်ပိုင်ခွင့်တွေကို လက်ခံပေမယ့် တာဝန်ယူ လုပ်ကိုင်နေသူတွေကိုတော့ လူသားတို့ရဲ့ အားသာချက် အားနည်းချက်များရှိတဲ့ သဘာဝအတိုင်း ပုံပြီး ယုံလို့မရတာကိုတော့ နားလည်နိုင်ကြပါလိမ့်မယ်။

The Voice အယ်ဒီတာချုပ်၏ ရင်တွင်းစကား

အခုရက်ပိုင်း စိတ်မကောင်း ဖြစ်နေတဲ့အတွက် ကျနော်စာများများ မရေးနိုင်ဘူး။ The Voice Weekly ကို ကိုယ်တိုင် မွေးဖွားခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမီဒီယာ တည်တံ့အောင် တတ်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားနေတဲ့ကြားထဲက ဒီလိုအပိတ်ခံရတဲ့ အပေါ် အဆိုးမြင်နဲ့ ကြည့်ပြီး ဝေဖန်မှတ်ချက်ပေးတာကိုလည်း ခံရတယ်။

ကျနော် ဝသုန္ဒရေ၊ မဟာပထဝီမြေကြီးကို သက်သေပြုပြီး ကျနော့် စာရိတ္တ၊ ရိုးသားမှုနဲ့ သစ္စာပြု တိုင်တည်နိုင်တယ်။
ကျနော်တို့ ရေးသားတင်ပြခဲ့တဲ့ မျက်နှာဖုံးသတင်းတွေမှာရော အတွင်းသတင်းတွေမှာရော ဘယ်သူ့ဘယ်သူကိုမှ ဝေဖန်တိုက်ခိုက်ဖို့ မဟုတ်သလို နာမည်ကြီးချင်လို့ စတန့်ထွင်တာမျိုး၊ စွန်းစားရတဲ့ နိုင်ငံရေးလုပ်တာမျိုး၊ ကောလာဟလကို မျက်နှာဖုံးတင်တာမျိုး၊ ထောင်ကျခံပြီး နိုင်ငံရေးလုပ်တာမျိုး၊ စာစောင်အပိတ်ခံရအောင် စွန့်စားတာမျိုး လုံးဝ( လုံးဝ) မဟုတ်တဲ့အကြောင်း သစ္စာပြုနိုင်တယ်။

ဖော်ပြခဲ့တဲ့သတင်းတွေကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာ၊ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်တာ၊ ဆူပူအောင်လှုံ့ဆော်တာ၊ ဒို့တာဝန်အရေးသုံးပါးကို ထိပါးတာ၊ တိုင်းပြည်ကို ခြောက်ကမ်းပါးထဲကျအောင် လုပ်တာ၊ ကျင့်ဝတ်နဲ့ မညီဘဲ မဖြစ်သေးတဲ့အရာကို ဖြစ်မယ်ဆိုပြီးသေချာပေါက် ပြောတာမျိုးတွေ မရှိခဲ့ဘူး။ ဒါကို အရေးယူတဲ့သူက ယူတယ်ဆိုတာ ပြတဲ့သက်သေကလည်း မခိုင်လုံဘူး။ ကျနော်တို့စာစောင် စထွက်တဲ့ နံပါတ်(၁)ကတည်းက အခုနောက်ဆုံးထွက်ခဲ့တဲ့ စာစောင်အထိ စာပေစိစစ်ရေးကို မတင်ဘဲထုတ်ဝေခဲ့တာ တစ်ပုဒ်မှ မရှိဘူး။ နောက်ကျတာပဲရှိမယ် စိစစ်ရေးကို အားလုံး တင်ပြခဲ့တာချည်း။ အဲတော့ ပိတ်တဲ့သူက ဘာ့ကြောင့် ပိတ်ရသလဲဆိုတာ သူ့ဘာသာသူ အသိဆုံးပါ။ စည်းကမ်းတွေ ရွတ်ပြနေတာကြားရတော့ စည်းကမ်းဆိုတဲ့သဘောက စည်းကမ်းချသူကော၊ စည်းကမ်းချတဲ့ နယ်ပယ်တစ်ခုလုံးကော ချွင်းချက်မရှိ အားလုံး တစ်ပြေးညီလိုက်နာရမှာ။ အဲလိုမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားပြိုင်မှုကြောင့်၊ ကိုယ့်ပုဂ္ဂလ ခံစားချက်ကြောင့်၊ ဒေါသနဲ့ ပိတ်တယ်ဆိုရင်တော့ ကံ၊ ကံရဲ့အကျိုးကို ကောင်းကောင်း သဘောမပေါက်လို့ဘဲလို့ ယူဆတယ်။

ကုန်ခဲ့တဲ့ညက ဆရာတော် ရဝေနွယ်(အင်းမ)က တယ်လီဖုန်းဆက်ပြီး သတင်းမေးတယ်။ သတင်းမေးရင်းနဲ့ ဆရာတော်က တရားသဘောနဲ့ ဒီလိုမိန့်တယ်။ ပြည်သူကို အသိပညာပေးနေတဲ့ သတင်းစာစောင်တစ်ခုကို ဒီလိုပိတ်ပင်လိုက်တာက အကုသိုလ် နှစ်ခုကို တပြိုင်တည်း ကျူးလွန်လိုက်သလိုပဲတဲ့။ တစ်ခုက ဒီစာစောင်ကို မှီခိုနေရတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေ၊ ဒီစာစောင်ထုတ်လုပ်ရေးမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ဖြန့်ချိရောင်းဝယ်နေကြတဲ့ လက်ပွေ့သမားအဆုံး အားလုံးရဲ့ စားဝတ်နေရေးနဲ့ ဝင်ငွေကို ပိတ်ပင်လိုက်သလိုပဲတဲ့။ နောက်တစ်ခုက စာဖတ်ပရိသတ်အားလုံးကို သတင်းအချက်အလက်၊ အသိပညာပေးနေတဲ့ စာစောင်ဖြစ်တာနဲ့အညီ ဒီစာစောင်ကို ဖတ်ပြီး သတင်းစားသုံး၊ အသိပညာယူနေတဲ့ ပြည်သူတွေအားလုံးကို မျက်စိပိတ်လိုက်သလိုပဲတဲ့။ အဲဒီအကုသိုလ်နှစ်ခုကို ပြုတဲ့သူအနေနဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ ကံ၊ ကံရဲ့အကျိုးကို ခံစားလိမ့်မယ်တဲ့။ မကောင်းတဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ် ကောင်းတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ် တခါတလေ နောက်ဘဝအထိတောင် မစောင့်ဘူး၊ လက်ရှိဘဝမှာတောင် အကျိုးပေးတတ်တယ်တဲ့။ ဆရာတော့် စကားကို ဆင်ခြင်သတိထားကြဖို့ လက်ဆင့်ကမ်းမျှဝေတာပါ။

ကျနော်က ဆရာတော့်စကားကို တစ်ခုထပ်ဖြည့်ပေးလိုက်တယ်။ တတိယအချက်က စာစောင်ကို ဒီလို ပိတ်လိုက်တာက စာစောင်ကို မှီခိုနေတဲ့ မိသားစုတွေနဲ့ ဝန်ထမ်းတွေအားလုံးအပြင် စာစောင်ကို ခင်မင်တဲ့ မိတ်ဆွေသင်္ဂဟတွေ၊ စာစောင်ကို အပတ်စဉ်စောင့်ဖတ်နေတဲ့ စာဖတ်ပရိသတ်ပြည်သူတွေကို စိတ်ညစ်အောင်၊ စိတ်ဒုက္ခရောက်အောင်၊ ဒေါသဆိုတဲ့ အကုသိုလ်စိတ်ဖြစ်အောင် လုပ်တာနဲ့ အတူတူဘဲလို့။ 
-ကျော်မင်းဆွေ (The Voice အယ်ဒီတာချုပ်) 
ခွန် ဒီးယမ် (Facebook) မှ

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု တွေ့ဆုံမည်

ရန်ကုန်၊ သြဂုတ် ၃

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

အဆိုပါ ပါတီ များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသားကွန်ရက် ၊အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် စသည့် ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့ပါတီ ၊နိုင်ငံရေးပါတီ တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆက်ဆံရေး၊ အမြဲအပြန်အလှန် ဆက်သွယ်ရရှိရေး၊ မြေယာနဲ့ ပတ်သတ်တာတွေ ဆွေးနွေးသွားမယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြောကြားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ကြိုတင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဇွန်လ ၁၈ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ၏ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရောက်



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ရက်ကြာ ခရီးနဲ့ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အပြင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ ပြီးနောက် အိန္ဒိယနိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ ဘယ်လောက်ထူးခြားသလဲ၊ အိန္ဒိယ စစ်တပ်နဲ့ ဘယ်လို သဘောတူညီမှုတွေ ရနိုင်သလဲ ဆိုတာကို စုံစမ်းထားတဲ့ မစုမြတ်မွန်က ဆက်လက် တင်ပြပါမယ်။

ဗုဒ္ဓဟူးနေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ သောကြာနေ့မှာတော့ နယူးဒေလီ မြို့တော်မှာရှိတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယ ရေတပ် ဗိုလ်ချုပ်ကြီး Nirmal Verma က လက်ခံပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့  ကြိုဆိုခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Anthony အပြင် အိန္ဒိယ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ရှိပါတယ်။

၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ Kolkata မြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ဗီရှာကားပါတနမ် (Visakhapatnam) ဆိပ်ကမ်းမြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း ရေတပ်စခန်းဆီကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်းမှာ အိန္ဒိယနဲ့မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမို တိုးတက်ဖို့အတွက် မြန်မာစစ်တပ် အရာရှိတွေကို အိန္ဒိယက သင်တန်းတွေပေးရေး၊ တိုက်ပွဲသုံး မဟုတ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေး သဘောတူကြလိမ့်မယ်လို့ အိန္ဒိယဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မေလကုန်ပိုင်းတုန်းက အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh မြန်မာနိုင်ငံကို လာသွားခဲ့ပြီးနောက်မှာ ခုလို မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ နှစ်နိုင်ငံလုံးအတွက် ဘယ်လို အပြန်အလှန် အကျိုးရှိနိုင်ပါသလဲ၊  ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု NDD ရဲ့ သုတေသနဌာန က ဦးဌေးအောင်ရဲ့ သုံးသပ်ချက်ကတော့-
“မကြာသေးခင်ကမှ မြန်မာနိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန် ဆင်း (Manmohan Singh) လာသွားတဲ့ အချိန်မှာ နှစ်နိုင်ငံ အစိုးရတွေ ကြားမှာ ဆွေးနွေးချက်တွေရှိတယ်လို့ ကျနော်တို့ သိရပါတယ်။

"အိန္ဒိယနိုင်ငံရဲ့ စစ်တက္ကသိုလ်တွေမှာ သူတို့သင်တန်းတွေ ပေးနေတာကို ထပ်ပြီး တိုးချဲ့ပေးဖို့ တို့၊ နောက်တခုကလည်း၂ နိုင်ငံကြားမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ဖို့တို့ ဒါမျိုးတွေ မြန်မာဘက်က တောင်းဆိုတာရှိသလို အိန္ဒိယကလည်းပဲ မြန်မာနိုင်ငံအတွင်းမှာ စစ်ခန်းတွေဖွင့်ပြီး အိန္ဒိယကနေ ခွဲထွက်ဖို့လုပ်နေတဲ့ အာသံတို့၊ ကသည်း သူပုန်တွေ၊ နောက်ပြီးတော့ နာဂသူပုန်တွေကို မြန်မာဘက်မှာ လက်မခံဖို့ဆိုတဲ့ တောင်းဆိုချက်တွေလည်း ရှိတယ်လေ၊ အဲဒီတော့ ၂ နိုင်ငံ တပ်မတော်တွေက အပြန်အလှန် အကျိုးစီးပွားအတွက် အခုလို သွားရောက်တာ ဖြစ်ဖို့ များပါတယ်။”

အိန္ဒိယ မြန်မာနယ်စပ်မှာ ခိုအောင်းနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို ရှင်းလင်းရေး အတွက် မြန်မာဘက်က အကူအညီကို လိုအပ်တာကြောင့် အိန္ဒိယ နိုင်ငံအနေနဲ့ မြန်မာနဲ့ စစ်ရေး ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့ အရေးကြီးသလို အရှေ့မျှော်မူဝါဒကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့  အရေးကြီး တယ်လို့ လေ့လာသူတွေက  သုံးသပ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီရေးကို အားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ စစ်အစိုးရလက်ထက်မှကတည်းက ပြန်ပြီး ဆက်ဆံရေး ကောင်းအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။

“အိန္ဒိယဘက်က မြန်မာနိုင်ငံကို ငွေချေးတာမျိုးတို့၊ စစ်သင်တန်းတွေခေါ်ပေးတာမျိုးတို့၊ နောက် ရေ တပ်ချင်းတွေ ပူးပေါင်းပြီး ရေတပ် လေ့ကျင့်ပွဲတွေမှာ ဖိတ်ကြားတာမျိုးတို့၊ ဒါမျိုးတွေ ပြန် လုပ်ပြီးတော့ မြန်မာအစိုးရကို ပြန်ချော့ရတဲ့သဘောမျိုးပေါ့နော်၊ အခု နောက်ပိုင်း ဆိုလို့ရှိရင် ၂ နိုင်ငံသူပုန်တွေ၊ သူပုန်ခေါင်းဆောင်တွေကို ဟိုဘက် ဒီဘက် ဖမ်းပြီးတော့ အပြန်အလှန် လဲလှယ်တာမျိုးတွေတောင်မှ ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။”

ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူး ယူခဲ့ပြီးတဲ့နောက် ၂၀၁၁ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံကို ပထမဆုံး သွားခဲ့ပြီး ၂၀၁၂ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အခု အိန္ဒိယခရီးစဉ်ကတော့ တတိယမြောက် နိုင်ငံခြား ခရီးစဉ်ဖြစ်ပြီး ရှေ့တပတ် ဗုဒ္ဓဟူးနေ့အထိ အိန္ဒိယ နိုင်ငံမှာ ရှိနေမှာဖြစ်ပါတယ်ရှင်။

မစုမြတ်မွန် (ဗွီအိုအေ - မြန်မာဌာန)

အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်



ပစ်ဒဏ်ကျခံနေရတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာရှာ
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ထောင်ကျနေတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက် လိုက်ပါတယ်။

ဒီလိုပြောကြားတဲ့စာကို သူ့နောက်လိုက်တွေရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကိုလည်း သောကြာနေ့ နေ့စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။

အခုလို ခြိမ်းခြောက်မှုဟာ ဘယ်လောက် လက်တွေ့ကျသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာန အယ်ဒီတာ Liston Siregar ကတော့ အဘူ ဘာကာ ဟာ ဝါဒစွဲ ပြင်းထန်တဲ့ မွတ်စလင်တခိျု့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုအခါ ထောင်ကျနေလို့ သူရဲ့ကွန်ယက်ဟာ အရင်ကလောက် ထိရောက်မှုမရှိကြောင်း လူငယ် မွတ်စလင်တွေ ကြားမှာတော့ စိတ်ဝင်စားမှု ရှိနိုင်ကြောင်း တကယ်တမ်း လက်တွေ့ တိုက်ခိုက်ဖို့ ဆိုတာ ပြည်ပမပြောနဲ့ အင်ဒိုနီးရှား ပြည်တွင်းမှာတောင် ဖြစ်နိုင်ပါ့မလားလို့ လူအများက မေးခွန်းထုတ်နိုင်တယ်လို့ ပြောပါတယ်။

အသက် ၇၄ နှစ်အရွယ် အဘူ ဘာကာဟာ အာချေးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ် သာသနာ ရေးရာ ကောင်စီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကတော့ အစ္စလမ် ဘာသာဝင်အများစုကတော့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ဥပဒေ စိုးမိုးမှုသာ လိုလားကြောင်း ပြည်တွင်းက အစ္စလာမ်တွေနဲ့ အခုထုတ်ပြန်ချက်တွေ ဘာမှ မပတ်သက်ကြောင်း ဘီဘီစီကို ပြောကြား သွားပါတယ်။

ဘီဘီစီ - မြန်မာဌာန

ရခိုင်ဒေသအရေး ဘင်္ဂလားဒေ့ရှ် သံအမတ် ဘာပြောသလဲ

အစိုးရက သံတမန်တွေကို စစ်တွေမြို့ကို နှစ်ရက်ကြာ ခေါ်သွားပြီး ရခိုင်ဒေသ ပဋိပက္ခအကြောင်း ရှင်းလင်းခဲ့ပုံကို သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရတဲ့အတွက် ဒီသတင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

သူ့ပြောဆိုချက်ကို သတင်းအဆုံးပိုင်းမှာ တွေ့နိုင်ပါတယ်။


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အသိအမှတ်ပြု
မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရ

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊
ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊
ဦးဘုန်းဆွေနှင့်
ဦးကျော်ကျော်ဝင်း၊
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများနှင့် သံတမန်များ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊
ဌာနဆိုင်ရာ အကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ တာဝန်ခံများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက လတ်တလော ဆောင်ရွက်ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ်အေးချမ်းသာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာများ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစုနေထိုင်နိုင်သည့် ယာယီတဲများဆောက်လုပ်ပြီးစီးမှုနှင့် ပြည်တွင်းပြည်ပအကူအညီအထောက်အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေအနေများကို စခန်းတာဝန်ခံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုက်ပါလာသော သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားရာတွင် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ ရွှေ့ပြောင်းဒုက္ခသည် အိမ်ထောင်စု ၁၄၃၉ စု၊ လူဦးရေ ၇၅၇၅ ဦးရှိပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များ ဖြစ်သော စက်ရုံစု၊ မကျဉ်းမြိုင်၊ ရွှေပြား၊ တရားသီးစုနှင့် မြို့သူကြီးရပ်ကွက်များမှရွှေ့ပြောင်းရောက်ရှိလာကြသူများဖြစ်ကြောင်း၊
စစ်တွေမြို့နယ်တွင် ရွှေ့ပြောင်းဒုက္ခသည်စခန်းရှစ်ခုနှင့် တိုင်းရင်းသားကယ်ဆယ်ရေးစခန်း ငါးခု စုစုပေါင်း ၁၃ ခု ရှိကြောင်း၊
၎င်းတို့နေထိုင်နိုင်ရန်အတွက် ယာယီရွက်ဖျင်တဲ ၁၅၁၉ လုံး ဆောက်လုပ်ပေးထားပြီး(၄၅ ပေ x ပေ ၃ဝ x ၉ ပေ) အရွယ်ရှိ မိသားစု ၁ဝ စု နေထိုင်နိုင်သော ယာယီတဲ ၁၁၄ လုံးကိုလည်း ဆောက်လုပ်ပြီးဖြစ်ကြောင်း၊
၈၁ လုံးမှာ ဆောက်လုပ်ဆဲဖြစ်ကြောင်း နှင့် ကျန်ယာယီတဲများကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊
ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သံတမန်အဖွဲ့ဝင်များမှ ပကတိဖြစ်ရပ်မှန်အခြေအနေများကို ရွှေ့ပြောင်းဒုက္ခသည်များအား မေးမြန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များသည် မီးလောင်ပျက်စီးသွားသော စက်ရုံစုရပ်ကွက် မီးလောင်ပြင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ဤနေရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ကြသူများ နေထိုင်ခဲ့ကြောင်း၊ နေရာကျဉ်းကျဉ်းတွင်
ပြည့်သိပ်ကျပ်တည်းစွာ နေထိုင်ခဲ့ကြသဖြင့် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ လူနေမှုအဆင့်အတန်းများစွာ နိမ့်ကျခဲ့ကြောင်း၊
အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုအင်္ဂါရပ်နှင့်အညီလမ်းများ၊ ဈေးများတည်ဆောက်ပေးရန်လိုအပ်ပြီး စီးပွားရေးဈေးကွက် ထူထောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထိုမှတစ်ဆင့် ရွှေစေတီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူ ၇၁၅ ဦးအား နှုတ်ဆက်အားပေးစကားပြောကြား၍ သံတမန်လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များနှင့် ပကတိကိုယ်တွေ့ဖြစ်ရပ်မှန်များကို မေးမြန်းကြရာ ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၊ ကယ်ဆယ်ရေးအကူအညီ အထောက်အပံ့များ ရရှိမှုအခြေအနေများနှင့် မိမိတို့လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စစ်တွေမြို့ ရှုခင်းသာပွိုင့်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့ ပင်လယ်ကမ်းခြေတစ်လျှောက် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်မည့်နေရာ၊ ဟိုတယ်ဇုန်နှင့် ငါးဖမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊
သင်္ဘောဆိပ်သင်္ဘောကျင်းများ တည်ဆောက်နိုင်မှု၊ ကမ်းနားလမ်း ပင်လယ်ကမ်းခြေတစ်လျှောက် လမ်း၊ တံတား အဆင့်မြင့်နိုင်မှုနှင့် မြို့ပြဖွံ့ဖြိုးလာနိုင်မှု၊ စီးပွားရေးဈေးကွက် အခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးမှု အခြေအနေများကို သံတမန်အဖွဲ့ဝင်များနှင့် အမြင်ချင်းဖလှယ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရှုခင်းသာပွိုင့်တွင် သံတမန်အဖွဲ့ဝင်များအား အုန်းရည်ချိုဖြင့် ဧည့်ခံခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် သံတမန်လေ့လာရေးခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခု နှစ်ရက်ကြာ သံတမန်လေ့လာရေး ခရီးစဉ်၌ တွေ့ရှိရသော ပကတိအခြေအနေမှန်များကို ပြန်လည်သုံးသပ်၍ မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပဏာမပြောကြားသည်။

ဆက်လက်၍ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ကူဝိတ်၊ လာအို၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံ သံတမန်များက သုံးသပ်ပြောကြားရာတွင် မိမိတို့၏ခရီးစဉ်မတိုင်မီ ပြည်ပသတင်းဌာနများနှင့် မီဒီယာအမျိုးမျိုးမှတစ်ဆင့် သိရှိခဲ့ရသည့် အတည်ပြုနိုင်ခြင်းမရှိသော အကြောင်းအရာနှင့် သတင်းအချက်အလက်များသည် ဇူလိုင် ၃ဝ ရက်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အရေးအခင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစေခဲ့သည့် သတင်းစာရှင်းလင်းပွဲပါ ပကတိအသေးစိတ်သတင်းအချက်အလက်များ၊ ယခု မြေပြင်တွင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသော ပကတိလက်ရှိအခြေအနေမှန်များသည် များစွာကွာဟလျက်ရှိပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အလေးအနက် အသိအမှတ်ပြုပါကြောင်း၊

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ခက်ခဲနက်နဲရှုပ်ထွေးသော်လည်း အစိုးရအဖွဲ့မှ ကြိုးစားဖြေရှင်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း။

နိုင်ငံတော်၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလတွင် ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် များစွာနစ်နာပါကြောင်း၊

နိုင်ငံတော်က ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊

ကယ်ဆယ်ရေးစခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည် ပြည်သူများနှင့် တွေ့ဆုံမေးမြန်းသည့်အခါ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်လျက်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊

ယခုကဲ့သို့ ရှုပ်ထွေးလှသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များက မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

ခရီးစဉ် နှစ်ရက်တာကာလအတွင်း တွေ့မြင်ခဲ့ရမှုများသည် ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်မှန်များဖြစ်ပါကြောင်းနှင့် ပြဿနာကို အကောင်းဆုံးနည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်
ကြရမည်ဖြစ်ပါကြောင်း၊

မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုထောက်ခံပါကြောင်း၊ ပြဿနာအခြေအနေအရပ်ရပ်ကို မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရပါကြောင်း၊

နိုင်ငံတကာအသိုက်အဝန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊

မိမိတို့ တွေ့မြင်ခဲ့ရသော ပကတိဖြစ်ရပ်မှန်များနှင့် အခြေအနေမှန်များကို မိမိနိုင်ငံအစိုးရအဖွဲ့များသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့အတူ သံတမန်လေ့လာရေးအဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့သော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း ဤသို့ပြောကြားခဲ့၏။

ယခုပြဿနာသည် ဇွန် ၃ ရက်တွင်ဖြစ်ပွားခဲ့သော ကျောက်နီ
မော် အရေးအခင်းနှင့် ဇွန် ၈ ရက်တွင် ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်းတို့မှ
စတင်ခဲ့ပါကြောင်း၊


မိမိနိုင်ငံတွင်လည်း မူဆလင်ဘာသာဝင်များသည် သောကြာနေ့တိုင်းကျောင်းတက်ဝတ်ပြုပြီး ဆုတောင်းလေ့ရှိပါကြောင်း၊


ဘုရားဝတ်ပြုပြီးသည့်အခါမော်လဝီဆရာများက တရားဟောကြပါကြောင်း၊


ဝတ်ပြုဆုတောင်းပြီးချိန်တွင် ကျောက်နီမော်၊ တောင်ကုတ်ကိစ္စကို ထုတ်ဖော်ပြီး လူငယ်များကို လှုံ့ဆော်ခဲ့သည်ဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊


မော်လဝီဆရာများက လှုံ့ဆော်ပြီး ခေါင်းဆောင်မှု ပြိုကွဲသွားသည်ထင်ပါကြောင်း၊


လှုံ့ဆော်ပြီးအုပ်စုအား ထိရောက်စွာခေါင်းဆောင်မှု မပေးနိုင်တော့ပါကြောင်း၊


ခေါင်းဆောင်မှ ထိန်းသိမ်းနိုင်မှုမရှိသည့်အတွက် ယခုကဲ့သို့ အကြမ်းဖက် အရေးအခင်းဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူဆပါကြောင်း။


ဘင်္ဂလားဒေ့ရှ်တွင် ဤအရေးအခင်းစဖြစ်စဉ်မှပင် အင်တာနက်နှင့် မီဒီယာ
ပေါင်းစုံတို့မှ အတည်မပြုနိုင်သော သတင်းအချက်အလက်မျိုးစုံအား ဖတ်ရှုကြရသော်
လည်း ယင်းအကြောင်းအရာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် လွှမ်းမိုးမှုမရှိခဲ့ပါ
ကြောင်း၊


အခင်းဖြစ်ပြီးနောက် ဇွန် ၁၁ ရက်တွင် မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်
များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း၊


ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးအား သတင်းထုတ်ပြန်ခဲ့ပြီး အင်အားကြီးနိုင်ငံများနှင့် ကုလ
သမဂ္ဂအဖွဲ့အစည်းအခိျု့မှ ဝေဖန်တောင်းခံသည့်ကြားမှပင် နယ်စပ်ဝင်ပေါက်များ
အားလုံးကိုလည်း ပိတ်ထားခဲ့ပါကြောင်း၊


နယ်စပ်ဝင်ပေါက်များ ဖွင့်ထားခဲ့ပါက ပြဿနာ
ပိုမိုကြီးထွားလာနိုင်ပါကြောင်း၊


အကြမ်းဖက်သူများအနေဖြင့် ထွက်ပေါက်ရှိနေပါကအကြမ်းဖက်မှုများကို ပိုမိုဆောင်ရွက်ရန် အတင့်ရဲမည်ကို ရိုးရှင်းစွာ သိနိုင်ပါကြောင်း၊


ထို့ကြောင့် အခင်းဖြစ်ပွားသူများအား တိတိကျကျပင် လက်ခံခြင်းမပြုခဲ့ပါကြောင်း၊


အိမ်နီးချင်းနိုင်ငံအချင်းချင်း ဤကဲ့သို့ တုံ့ပြန်မှုသည် အခြားနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ကိစ္စကဲ့သို့မဟုတ်ဘဲ နိုင်ငံတွင်းရှိ လူမျိုးစုနှစ်ခု ပြဿနာဖြစ်သည်ဟုသာ ယုံကြည်ခံယူထားပါကြောင်း၊


နောင်တွင် ယင်းကဲ့သို့ကိစ္စများ ထပ်မံမဖြစ်ပွားအောင် ဆုတောင်းပေးပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ငြိမ်းချမ်း၍ ပကတိအခြေအနေဖြစ်ပေါ်လာမည်ဟု အကောင်းဘက်မှ ထင်မြင်မိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တူရကီသံအမတ်ကြီးကလည်း လက်ရှိကြုံတွေ့နေရသောအခြေ အနေများကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်ဟု မယူဆပါကြောင်း၊

လတ်တလောနှင့်ရေရှည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

ဒုက္ခသည်များနေထိုင်ရေးအတွက် ယခုထက်ပိုမိုကျယ်ဝန်းသော ယာယီတဲကြီးများ ဆောက်လုပ်ပေးရန် လိုအပ်မည်ဟုထင်မြင်မိပါကြောင်း၊

နိုင်ငံတကာ အဖွဲ့အစည်းများကလည်းကူညီရန်အသင့် ရှိနေကြပါကြောင်း၊

လခြမ်းနီအဖွဲ့အစည်းမှတစ်ဆင့် အကူအညီအထောက်အပံ့များရရှိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

သီရိလင်္ကာသံရုံး သံမှူးကြီးက မိမိတို့တွင်လည်း လူမျိုးစုအရေးအခင်းမှအစပြု၍ အနှစ် ၃ဝ ကြာ ပြည်တွင်းတွင်ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းနှင့်ခါးသီးသော အတွေ့အကြုံများရှိပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုအားပေးထောက်ခံပါကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဦးဆောင်သော သံတမန်အဖွဲ့များနှင့် Mr. Tomas Ojea Quintana တို့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

မလေးရှားရှိ မြန်မာဆိုင် မြန်မာ့ဥယျာဉ်ဆိုင်ကို ရိုဟင်ဂျာ ဘင်္ဂလီများ ဝင်ရောက်အကြမ်းဖက်

မလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur) KL မြို့လယ်ရှိ မြန်မာ စားသောက်ဆိုင် ဦးစောအောင် ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က ပလီမှ အပြန် မြန်မာသံရုံးတွင် ဆန္ဒပြပြီး ပြန်လာကြတဲ့  ရိုဟင်ဂျာ ဘင်္ဂလီလူမျိုးများ က မြန်မာ့ဥယျဉ်ဆိုင်ကို အကြမ်းဖက် ဝင်တိုက်ခိုက်ခဲ့သည်ဟု သိရပါသည်။

  အကြမ်းဖက်မှုတွင် ဘင်္ဂလီလူမျိုး   ၅၀ကျော်ခန့် ရှိပြီး မြန်မာဥယျာဉ်ဆိုင် အောက်ရှိစားသောက်ကုန်များရှိသော့ စတိုးဆိုင်တွင်းသို့ အယင်ဆုံး ဖျက်စီးပြီး အထက်တွင် ရှိသော့ စားသောက်ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရပါသည်။

အဆိုပါ ဖျက်ဆီးမှုနှင့် ပတ်သတ်ပြီး မျက်မြင်တွေ့ ရှိ သူတဦးက " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်သား နှစ်ယောက်ကို သတ်ရာ တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် နောက်တစ်ယောက်ကတော့ လွတ်လာတဲ့သူတစ်ယောက်ပြောပုံအရ ထိုအကြမ်းဖက်သမားတွေက ခေါ်သွားတယ်လို့လဲ သိ့ရပါတယ်  ကျွန်တော်လဲ ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ထိုမြန်မာဆိုင်ပိုင်ရှင်ဖြစ်တဲ့ ရခိုင် ဆိုင်ကို ရောက်လာတာပေါ့။ ဒါကြောင်း အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ကျော် နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု Myanmar News Now ကို ပြောပါသည်။

" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြပါသည်။"

 အခုလို ရခိုင်နဲ့ ပတ်သတ်တဲ့စီးပွားရေးတွေကို ပါ ဖျက်စီးပြီး လူတွေကို ရိုက်တဲ့ အထီးဖြစ်နေပါတယ် ဒါကြောင်း  ထိုရိုဟင်ဂျာ ဘင်္ဂလီလူမျိုးတွေ ရဲ့ နှိင်ငံခြားတွေမှာ အခုလိုပြသနာ တွေ လိုက်လံရှာနေတာ ကို နှိင်ငံခြားကိုရောက်နေတဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေ အတွက် စိုးရိမ်းစရာ ကိစ္စတစ်ခုဖြစ်တယ်သက်ဆိုင်ရာ ဌာနတွေကလဲ့ ဘယ်ပုံစံမျိုးအရေးယူသွားမည်ကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်နေပါတယ် " လို့  မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောပါသည်။

Myanmar News Now

Friday, August 3, 2012

ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိ


ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ် ကာကွယ်ရန်အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဖွဲ့စည်း ကာရံထားပြီး အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံ အင်အားပြည့် ခန့်အပ်ပြီး တည်ဆဲဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားများအပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ''လူမျိုးတွေ ရောနှောနေထိုင်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ မဖြစ်ပွားဖို့အတွက် လုံခြုံရေးတာဝန် ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်း အဆင့်တိုးမြှင့်ခြင်း၊ အသစ်ထပ်မံ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိမှာတော့ ရဲစခန်း ၇၅ ခုရှိပြီး၊ ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ၈ ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်'' ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ စိမ့်ဝင်မှု မရှိစေရန်အတွက် မြို့နယ်များတွင်ရှိသည့် အဝေးပြေးကားဂိတ်များ၊ တံတားဂိတ်များ၊ သင်္ဘောဆိပ်များ၊ စက်လှေဆိပ်၊ ပင်လယ်ကမ်းခြေ ၀င်ပေါက်များနှင့် မြစ်ကြောင်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုများ ပါဝင်သည့် အဖွဲ့များနှင့် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး အစီအမံများချ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ၂၀၁၂ ဇူလိုင် ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း အရေအတွက်မှာ စစ်တွေတွင် ၆၀ ခု၊ ရသေ့တောင် ၄ ခု၊ မောင်တောတွင် ၇ ခုရှိပြီး လူဦးရေ ၅၅၄၉၅ ဦး၊ မောင်တောမြို့တွင် မီးလောင် ပျက်ဆီးသွားသည့် ရွာ ၉ ရွာ၊ အိမ်ခြေ ၄၇၀အနက် ၃၉၅ လုံးကို အသစ်ဆောက်လုပ်ပြီး မီးမလောင်ပဲ ကျန်ရှိခဲ့သည့် အိမ် ၉၄ လုံးကို ပြင်ဆင်မွမ်းမံထားကာ ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့အထိ အိမ် ၃၂ လုံးကို ဆောက်လုပ်ပြီး ဖြစ်ကာ ၅၈ လုံးကို ပြုပြင်ပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်


by Mizzima - News in Burmese
 ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။
သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။
“ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။
ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။
ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။
ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇၈ဝ စင်တီမီတာသို့ ရောက် ရှိကာ စိုးရိမ်ရေမှတ်ထက် ၃ဝ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ခဲ့ပြီး ၃ဝ ရက်နေ့တွင် ၈၂၃ စင်တီမီတာ၊ ၃၁ ရက်နေ့ တွင် ၈၄၇ စင်တီမီတာ၊ သြဂုတ်လ ၁ ရက်နေ့တွင် ၈၇ဝ စင်တီမီတာသို့ နေစဉ် မြင့်တက်ကာ အနိမ့်ပိုင်း ရပ်ကွက်များ
ဖြစ်သည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ ရှိ အိမ်ထောင်စု ၇၈၇ စုမှ လူဦးရေ ၄,၁၇၇ ဦး ရေဘေးသင့်ခဲ့ကြရ သည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း



ဦးတင်မောင်အေး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ
၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဉ် အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။

အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်လက်
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံ
သားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံဖွင့်လှစ်ရန်စီစဉ်



ရန်ကုန် သြဂုတ်လ ၃ ရက်

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်းများထဲမှ စခန်း၈ခုကို အဆင့်မြှင့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မောင်တောခရိုင်ကို ဖွဲ့စည်းပုံအင်အား အပြည့်ခန့်အပ်သွားနိုင်ရန် စီစဉ်နေပြီး ၊အုပ်ချုပ်ရေးတံတိုင်းအဖြစ်ဌာနဆိုင်ရာ များကဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။

Popular Myanmar News Journal

UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးခံနေရ


ရန်ကုန်မြို့ မြေနီကုန်းအနီးတွင်ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုဝင်းခန့်က The Street View ဂျာနယ်သို့ အတည်ပြုပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ရိုဟင်ဂျာအရေးထုတ်ဖော်ပြောဆိုမှုကို ထောက်ခံကြောင်း သြဂုတ် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် UNHCR ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများထဲမှ ကိုဝင်းခန့်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း တို့ကို သြဂုတ် ၃ ရက်နေ့ညပိုင်းတွင် စမ်းချောင်းမြို့နယ်ရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုဝင်းခန့်က ဆက်လက်ပြောကြားသည်။
`ဒီနေ့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်ရယ်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုးနှင့် ကိုသူရထွန်းတို့ လေးဦးကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်´ ဟု စမ်းချောင်းမြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံနေရာမှ The Street View ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို ကိုဝင်းခန့်က ယနေ့ည ၇ နာရီခွဲတွင် အတည်ပြုပြောကြားသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး The Street View ဂျာနယ်မှ စမ်းချောင်းမြို့နယ် စခန်းမှုးအား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အလုပ်ရှုပ်နေပါသဖြင့် နောက်မှပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့လုံးဝ ပတ်သက်မှုမရှိကြောင်း-ဖြိုးဝေအောင်ပြော


ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ  ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်။

ကိုဖြိုး ဝေ အောင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့  ကိုဖြိုးဝေအောင်ရဲ့ အမှုတွေ၊ ထောင်တွင်း အတွေ့အကြုံတချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၀တုန်းကသင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ဖမ်းထားပြီးတော့ နောက်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့
အပေါ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကိုဖြိုးဝေအောင် ဘာပြောချင်ပါလဲ။
“ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကျနော်ဖြေရှင်းမှာပါ။ X2O ဗုံးပေါက်ကွဲမှုနဲ့ ဖြိုးဝေအောင် ပတ်သက်လား၊ မပတ်သက်လားဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ရှိပါတယ်။ 
ဒီ ၁ လ ၂ လအတွင်း၊ ကျနော့်မှာရှိတဲ့ တရားဝင် အမှုတွဲရဲ့ တရားလို သက်သေခံချက်တွေနဲ့ ကျနော်ပြသွားမှာပါ။ ဖြိုးဝေအောင် ဒီဗုံးကို တကယ်ခွဲလား မခွဲလားဆိုတာကို ရှင်းသွားမှာပါ။”
ဒီအမှုမှာ တကယ်ပဲ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်မှုရှိလား။
“ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး။”
ကိုဖြိုးဝေအောင်ကို အများကြီးချုပ်နှောင်ခဲ့တယ်။ ရောဂါတွေလည်း ဆိုးဆိုးဝါးဝါးခံစားခဲ့ရတယ်။ ဒီအပေါ်မှာရော ထောင်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။
“သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း မကြာ မကြာပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ ကျနော့်လိုမျိုး နောက်နောင် ဘယ်သူမှမဖြစ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေ တတ်နိုင်မျှ လူတွေကို ပြောပြပေးသွားမယ့် အစီအစဉ်ရှိပါတယ်။”
အစိုးရက ၄၀၁ နဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ ဒီပုဒ်မဟာလည်း တကယ်ပဲပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သဘောမျိုး ဖြစ်နေတယ်ဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ အယူခံဝင်ဖို့ ရှိပါလား။
“အယူခံဝင်ဖို့တော့ ရှိတယ်။ ၁၄ ရက်နေ့ နေပြည်တော်မှာ။”
တရားဥပဒေအရ လွတ်လွတ်လပ်လပ် ရင်ဆိုင်ခွင့်ရခဲ့ပါလား။
“လုံးဝမရခဲ့ဘူးဗျ။ တရားရုံးမှာ တိတိကျကျ မြန်မာလို ရှင်းရှင်းလင်းရေးထားတဲ့ တချို့အခွင့်အရေးတွေတောင် ကျနော်မရခဲ့ဘူး။ ”
ထိန်းသိမ်းခံရတုန်းက ဘယ်လိုမျိုး စစ်ဆေးမှုတွေ ခံရလဲ။
“ကျနော့်ကို အောင်သပြေ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတယ်။ အဓိကတော့ ဘေးမှာ ရိုက်တာဗျ။ ၀န်ခံမလား။ ၀န်မခံရင်ရိုက်တယ်။ နောက်တော့ ၀န်ခံလည်းရိုက်တယ်။ မ၀န်ခံလည်းရိုက်တယ်။”
ဒီအမှုနဲ့ ပတ်သက်မှု မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခွင့်ရခဲ့လား။
“ကျနော်ကိုယ်တိုင် တရားခံပြသက်သေထွက်တယ်။
 ဒီအမှု ၄ မှုစာအတွက် ပေါင်းထွက်တယ်။ ရှေ့နေနဲ့ မပါဘဲ။ ကျနော်ကိုယ်တိုင် ထွက်ချက်ပေးတယ်။ ၆ ချိန်း ထွက်ခဲ့ရတယ်။ အဲဒါမပြီးသေးဘဲနဲ့ တရားသူကြီးက အတင်းရပ်ပစ်လိုက်တယ်။ တကယ်တမ်းတော့ ကျနော့်မှာ ထွက်ဆိုစရာတွေ အများကြီးပဲ။ ရှင်းရှင်းပြောရရင် ခုခံချေပမယ့် စကားတောင် ကျနော်မပြောခဲ့ရဘူး။”
တကယ်ပဲ ဒီအမှုကို မကျူးလွန်ခဲ့ဘူးဆိုရင် ထင်ရှားတဲ့သက်သေအနေနဲ့ ပြောရမယ်ဆိုရင် အစ်ကို့အနေနဲ့ ဘာပြောချင်လဲ။
“သတင်းစာရှင်းလင်းပွဲမှာ ကျနော့်သက်သေနဲ့ ကျနော်ပြမယ်။ ကျနော့်အမှုတွဲမှာရှိတဲ့ တရားလိုပြ သက်သေခံ အထောက်အထားတွေနဲ့ ဖြိုးဝေအောင် X2O ဗုံးမခွဲဘူးဆိုတဲ့ သက်သေပြမှာပါ။”
အဖမ်းအဆီးခံရတဲ့အတွက် အစ်ကို့ရဲ မိသားစုဘ၀ ဘယ်လို ဂယက်တွေ ခံခဲ့ရလဲ။
“အများကြီးပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က သာမာန် အင်ဂျင်နီယာတယောက်ပါ။ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ကန်ထရိုက်တာ တယောက်ပါ။ ကိုယ့်စီးပွားရေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် နေတယ်။ ကျနော့်ဘ၀အတွက်တော့ ဒါက ပထမဦးဆုံး ဆိုးဆိုးရွားရွား အတွေ့အကြုံပဲ။”
ဗုံးခွဲမှုမှာ ပတ်သက်မှု မရှိဘဲနဲ့ ဘာကြောင့် တရားစွဲခံရတယ် ထင်လဲ။
“ကျနော့်အထင် တင်တဲ့သက်သေအရ ဗုံးခွဲတယ်လို့ ယူဆရတဲ့ တယောက်ပေါ့။ အဲဒီသူက ကျနော့်သူငယ်ချင်းတယောက် သွားဖြစ်နေတယ်။ သူလည်း အင်ဂျင်နီယာတယောက်ပဲ။ သူနဲ့ကျနော် ၄-၅-၆ နှစ်လောက် အတူ အလုပ်တွေ တွဲလုပ်ဖူးတယ်။ ဗုံးခွဲတာက ဧပြီလပေါ့နော်။ ဇန်န၀ါရီလထဲမှာ သူက ရန်ကုန်လာဖူးတယ်။ ကျနော်နဲ့သူနဲ့ ဆုံတွေ့တယ်။ စကားပြောတယ်။ အဓိကတော့ ကျနော့်ကို လာဖမ်းတာ မဟုတ်ဘူး။ တယ်လီဖုန်းနဲ့ပတ်သက်ပြီး မေးချင်လို့ဆိုပြီးတော့ လာခေါ်တာ။  ပထမပိုင်းက ကျနော့်ကို သံသယမရှိဘူး။ ရိုးရိုးတန်းတန်း စစ်တာ။ နောက်ပိုင်း တရားခံပြေးတွေ အကုန်လုံး မရှိတော့ဘူး။ ပြေးကုန်ပြီဆိုမှ ကျနော့်ကို ထိုးချလိုက်တာ။ အခုလက်ရှိ အနေအထားအရ ဗုံးခွဲတယ်လို့ ယူဆရသူ တယောက်ဟာ ကျနော့်သူငယ်ချင်း ဖြစ်နေတဲ့အတွက် ကျနော်သည် သူနဲ့ ပတ်သက်တဲ့ တယောက်တည်းသော ကျန်ခဲ့တဲ့သူ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော် အဖမ်းခံရတာပဲ။”
ဆိုတော့ ဒီနေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်ပေးလိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။
“အဲဒါကတော့ မစ္စတာကင်တားနားကလည်း တောင်းဆိုတယ်။ အဖွဲ့အစည်းတွေကလည်း တောင်းဆိုတယ်။ ကျနော့်ကျန်းမာရေးကလည်း တော်တော်ဆိုးတော့ အဲဒါတွေ ဆုံပြီး ကျနော့်ကို လွှတ်ပေးတယ်လို့ ထင်တယ်။”
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ဟာ ကင်ဆာရောဂါကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

by နော်နိုရင်း   DVB

ကနေဒါ Caribean ရိုးရားပွဲတော်


သြဂုတ်၂။ ။ ကနေဒါနိုင်ငံ၊ တော်ရန်းတိုးမြို့တွင် ၄၅ ကြိမ်မြောက် Toronto Caribbean Carnival ရိုးရားပွဲတော်ကျင်းပနေမှုအား ယကျင်းပခဲ့သည်။

ပွဲတော်မှ King and Queen Competition ကျင်းပနေမှုဖြစ်ပြီး အနုပညာဖန်တီးမှု၊ဝတ်ဆုံများနှင့် ကပြယှဉ်ပြိုင်နေသော Performer များကို ယခုကဲ့သို့တွေ့မြင် ရသည်။  






--
Ref:news.cn

မြစ်ရေကြီးခြင်း သတိပေးချက်

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃)ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်) - မိုးဇလ

ပဲခူးမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ပဲခူးမြို့ တွင် (၈၈၁) စင်တီမီတာသို့  ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့  ရောက်ရှိနိုင်ပါသည်။

မြစ်ရေကြီးမှု အခြေအနေသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃) ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်

သံလွင်မြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ဘားအံမြို့ တွင် (၈၈၁) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃၁) စင်တီ မီတာ (၄.၃-ပေခန့်) ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့ခြင်းအား ပိတ်ပင်ထားသည့် ဥပဒေကို အမေရိကန်ကွန်ဂရက်မှ ထပ်မံသက်တမ်းတိုး


အမေရိကန်ကွန်ဂရက်မှ မြန်မာနိုင်ငံအပေါ် သွင်းကုန်တင်ပို့ခွင့် တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေ(တစ်နည်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့လာခြင်း) ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်ရလာပြီဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြောင်းလဲမှုလမ်းစဉ်အတွက် ထပ်မံဖိအားပေးသည့်အနေဖြင့် ဥပဒေပြုလွှတ်တော်မှ ယင်းကဲ့သို့ စီးပွားရေး ပိတ်ပင်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို ဖြေလျော့ပေးခြင်းမရှိဘဲ ထပ်မံ သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သွင်းကုန်တင်ပို့ခွင့် ပိတ်ပင်တားမြစ်မှုဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၏ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးလ်ခရော်လေက ''အခုလို ဥပဒေကြမ်းကို သက်တမ်းတိုးခြင်းဟာ သင့်လျော်တဲ့ ရလဒ်တွေကို ရယူနိုင်ဖို့ပါ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရှိန်အဟုန်မြှင့်ပြီး ပံ့ပိုးကူညီသွားစေနိုင်မှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အပြစ်မရှိတဲ့သူတွေကို  အမြန်ဆုံး လွှတ်ပေးစေဖို့ပါ''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းစေရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မြန်မာပြည်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အားပေးထောက်ခံသည့်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုအချို့ကို  ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။ ထိုကဲ့သို့ စီးပွား ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအချို့ကို သမ္မတအိုဘားမားမှ ဖယ်ရှားပေးခဲ့ပြီး နောက်တွင် အမေရိကန် ကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်  စိတ်ဝင်တစား ချည်းကပ်ခဲ့ကြသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင်လည်း မြန်မာကုမ္ပဏီများနှင့် အကျိုးတူဖက်စပ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အမေရိကန်ဘက်မှ အထောက်အပံ့ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ရစ်ပါဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ်ဖြစ်သူ မစ်ခ်ျမက်ကွန်နယ်လ်ကလည်း ယင်းသို့ သွင်းကုန်တင်ပို့မှုဆိုင်ရာ တားမြစ်ပိတ်ပင်ခြင်း ဥပဒေသက်တမ်းတိုးလိုက်မှုအပေါ် ထောက်ခံကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အပေါ်များစွာ အကျိုးရှိစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကို အလုံးစုံ ဖြေလျော့စေနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက်လည်း  တွန်းအားတစ်ရပ် ဖြစ်စေနိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်သုံးသပ်ခဲ့သည်။ မက်ကွန်နယ်လ်အနေဖြင့် မြန်မာနိုင်ငံသို့ လာမည့်ရက်သတပတ်အတွင်း အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
မစ်ခ်ျမက်ကွန်နယ်လ်မှာ ပြီးခဲ့သည့်လက အမေရိကန်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိစေရန် သမ္မတအိုဘားမား၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ အချက်အချို့ကို လျော့ပေါ့ပေးခဲ့ခြင်းကိုလည်း အားပေးထောက်ခံခဲ့သည်။
Eleven Media Group

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

 
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။
မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြပြီး ဇနီးမယားကိုလည်း  တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ လက်ထပ်ခွင့်တင်ပြီးမှ လက်ထပ်ခွင့် ပြုပေးဖို့ အထက်က ဒေသန္တာရ အမိန့် ဆိုပြီး ထုတ်ပြန်ထားပါတယ်။
အဲသလို ထုတ်ပြန်ထားတဲ့ အပေါ် နစက တာဝန်ရှိသူ အရာရှိတွေက သူတို့ ကိုယ်ကျိုးစီးပွား တည်ဆောက်ဖို့ အတွက် မဟာ အခွင့်အရေးကြီး တစ်ရပ် အဖြစ်  ယူဆထားကြတယ်လို့ ဆိုပါတယ်။
“ လက်ထပ်ခွင့် တင်လာရင် အသက်ပြည့်တာ မပြည့်တာကို မဆန်းစစ်တော့ဘူး။ ပိုက်ဆံရဖို့ဘဲ အဓိကထားပြီး လက်ထပ်ခွင့် တစ်စောင်ကို ကျပ် (၇) သောင်းကနေ ကျပ်တစ်သိန်း၊ ကျပ် ၂ သိန်း အဲသလို တောင်းတယ်။ ပိုက်ဆံပေးရင် ခွင့်ပြု လိုက်တော့ တာပါဘဲ” ဟု  အဆိုပါ ရှေ့နေက ပြောပါတယ်။
လွန်ခဲ့သော လအနည်းငယ်ကလည်း နစက နယ်မြေ (၃) တောင်ပြိုမြို့နယ်ခွဲက နစကမှူး တစ်ဦးဟာ သူရဲ့ သက်တမ်း ကုန်ဆုံးပြီး တခြားနေရာကို ပြောင်းရွှေ့ရတော့မှာ ဖြစ်တဲ့ အတွက် အိမ်ထောင်ပြုကြမယ့်  အတွဲပေါင်း ၅၀ ကို အတင်း လက်ထပ်ခိုင်းပြီး လက်ထပ်ခွင့် တစ်စောင်ကို ကျပ် ၇၀၀၀၀ ကနေ တစ်သိန်း ထိ  တောင်းယူသွားခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြားပါတယ်။
အဲသလို လက်ထပ်ခိုင်းတဲ့ အခါမှာလည်း အသက်ပြည့်တာ၊ ဇနီးသားမယားရှိတာကို မစိစစ်တော့ဘဲ ပိုက်ဆံ ပေးတာနဲ့ လက်ထပ်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပါဘဲ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လူဦးရေ တိုးပွားနုန်း မြန်ပြီး လူဦးရေ အလွန်ထူထပ်လာတဲ့ အတွက် ဒေသန္တာရ အုပ်ချုပ်ရေး စည်းကမ်း အရ မိသားစု တစ်စုကို ကလေး နှစ်ဦးထက် ပိုမယူရဘူးလို့ စည်းကမ်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကလးနှစ်ယောက်ထက် ပိုလိုချင်တယ် ဆိုရင်  ပိုယူတဲ့ ကလေး တစ်ယောက်ကို ကျပ် ၃၀၀၀၀ ယူပြီး မွေးစာရင်း ထုတ်ပေးတယ်လို့ အဆိုပါ ရှေ့နေက ပြောပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နစက အမှတ် (၅) နယ်မြေ  ငခူရမှ ဒေသခံ တစ်ဦးကို မေးကြည့်တဲ့ အခါ သူက အခုလို ပြောပါတယ်။
“ ကျွန်တော်ရို့ (တို့) ငခူရ နယ်မြေမှာ ကျပ် (၃)သောင်းပေးရင်  မွီး (မွေး) စာရင်းထုပ်ပေးပါတယ်။ နယ်မြေမှူးကို (၂) သောင်း ပေးရပါတယ်။   နယ်မြေမှူး အောက်က စစ်ဦးစီးကို ၁၀၀၀၀ ပေးရတယ်” လို့ သူက ပြောပါတယ်။
ဒါ့ပြင် တရားမ၀င် ဘင်္ဂလာဒေခ်ျ့က ဖုံးကိုင်တဲ့ သူတွေကိုလည်း နစကမှူးတွေက ဖုံးတစ်လုံးကို ကျပ် ၂၅၀၀၀ ခွဲကနေ ၅၀၀၀၀ ထိ ယူတယ်လို့ ပြောပါတယ်။ ဒီဖုံးတွေဟာ တဘက်နိုင်ငံက ဖုံးတွေ ဖြစ်တာကြောင့် နိုင်ငံတော်က ကိုင်ဆောင်ခွင့်ကို တားမြစ်ထားတယ်လို့ သိရပါတယ်။
နစက တာဝန်ရှိသူတွေဟာ မြန်မာကနေ ဘင်္ဂလာဒေခ်ျ့ကို တရားမ၀င် သွားတဲ့သူကိုရော ဘင်္ဂလာဒေခ်ျ့ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ သူတစ်ဦးကိုရော  တစ်ယောက်စီကို ကျပ် (၂၅၀၀၀) ပေးရင် ခွင့်ပြုပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယ်စပ်မှာ ခြံစည်းရိုးကာထားပေမယ့် အတားအဆီးမရှိ သွားချင်တိုင်းသွား၊ ၀င်ချင်တိုင်းဝင်၊  ဖြစ်ချင်တိုင်း ဖြစ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဧည့်နိုင်ငံသား အဖြူရောင် ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာလည်း ကဒ်ပြား တစ်ခုကို ကျပ်သိန်းချီပြီး တောင်းယူတယ်လို့ ဆိုပါတယ်။  ဒီ အဖြူရောင် ကဒ်ပြားတွေဟာ အနောက်နိုင်ငံတွေနဲ့ မလေးရှားနိုင်ငံတွေမှာ နေထိုင်ဖို့ အခက်အခဲ ကျရောက်နေကြတဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အတွက်သာမက ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ နိုင်ငံသားတွေ အတွက်ပါ ရိုဟင်ဂျာ အမည်ခံပြီး လိမ်လည်ပြီး Aslyum ခိုလုံခွင့် တောင်းခံရာမှာ အထောက်အကူ ပြုတာမို့ အဖြူရောင် နိုင်ငံသား ကဒ်ပြား တစ်ခုကို ကျပ်  (၅) သိန်းထိ ဈေးရှိတယ်လို့ ဒေသအတွင်းက လာတဲ့ သတင်းတွေအရ သိရပါတယ်။
နစက တာဝန်ရှိသူတွေဟာ ဆိုဒီအာရေဗီးယား အပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက် လုပ်ကိုင်နေတဲ့ မွတ်ဆလင် မိသားစုတွေဆီကလည်း နှစ်စဉ် မိသားစု စာရင်း စစ်တဲ့ (ဆွဲတင်စစ်) လုပ်တဲ့ အခါ မိသားစု စာရင်းမှာ နာမည်ကို ဆက်ထည့်ထားမယ်ဆိုရင် ကျပ်ငွေ သန်းချီပြီး ယူတယ်လို့ သိရပါတယ်။
ဘာသာရေး ပွဲလန်းသဘင်တွေ၊ အိမ်အသစ်ဆောက်လုပ်တာတွေ၊ နိုင်ငံခြားမှာ အလုပ် သွားရောက် လုပ်ကိုင်နေတဲ့ သူတွေဆီကလည်း နည်းမျိုးစုံနဲ့ ငွေတွေကို တောင်းယူတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရား ဥပဒေ ပြင်ပက အလုပ်တွေ လုပ်တဲ့ သူတွေဆီကလည်း လစဉ်၊ မဟုတ်ရင် နှစ်စဉ် ဆက်ကြေးတွေ ကောက်ယူ တယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ အနောက်ကဘက်နယ်စပ်မှာ တာဝန်ကျတဲ့  နစက တပ်ဖွဲ့ အရာရှိတွေဟာ အချိန်တို (တနှစ်-  ၂ နှစ်အတွင်း) မှာ ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ် သူဌေးတွေ ဖြစ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုလို ကိုယ်ကျိုးကြည့် အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လာဒ်ပေး လာဒ်ယူမူတွေကြောင့် မြန်မာနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်ဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတာ ဆယ်စုနှစ်နဲ့ ချီပြီး ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။  မြန်မာ အနောက်ဘက် နယ်စပ်ကို သံဆူးကြိုးနဲ့ တစ်ထပ် မဟုတ် ၇ ထပ် ထပ်ပြီး ခြံစည်းရိုးခတ်ပါစေ အခုလို အကျင့်ပျက် ၀န်ထမ်းတွေ ရှိနေသမျှ ကာလပတ်လုံး မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် အခြေအနေကတော့ လုံခြုံ စိတ်ချရတဲ့ အနေအထားကို ရောက်လာစရာ အကြောင်း မရှိဘူးလို့ အများစု ဒေသခံတွေက သုံးသပ် ပြောဆိုကြပါတယ်။

( လက်ထပ်ခွင့် စာချုပ်)

နိရဉ္စရာ