Pages
▼
Saturday, September 8, 2012
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)..နှင့် မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)
“အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို
တွေ့ရလေသည်”
(ကာနယ် ချစ်ကောင်း)
မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတယောက်ရဲ့
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာမဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ဖို့
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်” ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့လှမ်းပက်ခဲ့ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့
သရော်လှောင်ပြောင်တာ
ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တယောက်ရဲ့မေးခွန်းကို
ဖြေဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ရှို့လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့စွဲခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့
ကြိုးစင် တင်ကြတော့မယ်။
ဒို့ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း
ဒေါင်းတကောင်ကိုတောင်
စော်ကားရဲမှတော့…။
ဟေ့ကောင် မိုးသီး
တကယ်လို့ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင်သွားမချိုင်လေနဲ့။
မင်းရဲ့တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ - မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။
တော်လှန်ရေးရဲ့အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့လား။
ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့မဟုတ်။
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား - တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
ဒို့ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တခြမ်းပဲ ရှိရဲ့။
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့လား။
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့လက်ထဲမှာ
ခွေးသေ ၀က်သေ ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့။
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့။
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်” ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။။
အောင်ဝေး
(စက်တင်ဘာ ၆ - ၂၀၁၂)
---------------------------------------------------------------------------------------------------------
မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ခဗျားထွက်သွားတဲ့ အချိန်ကလောက် ရန်ကုန်ဟာ မထူးတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့် အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .
ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .
ကိုနိုင်အောင် မှာတာဝန်ရှိသလား ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .
လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက် ဇတ်တူသားခြင်းစား
ကျောင်းသား ကျောင်းသားခြင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျို တဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်
ကိုအောင်ဝေး ခဗျားနှယ် ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတီသာ ကိုတင်ရက်
ဒီမှာ ကိုယ့်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မနိုင်ဘူး . . .
ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
် မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့
အကွက်ချ စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
ကိုအောင်ဝေး ခဗျားလေသံအရဆို ရီးပဲ အကြီးကြီးရီးပဲ
အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . .
ကိုအောင်ဝေး ခဗျားပြောသလို ကိုမိုးသီးပြည်တော်ပြန်တာ
အမျိုးသားသင့်မြတ်ရေးအတွက်လား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ် လုပ်စားစရာမရှိတော့လို့ ဂွင်သစ်ဖန်တာလား ဆိုတာ ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ
ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့် သူတောင်စားခေတ်က
ကုန်သွားပြီ . .
. ရန်ကုန်နိုင်ငံရေး မြန်မာနိုင်ငံရေး ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ဖုံးပြီးသား
ထပ်မသယ်နဲ့ . . .
ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲခေါင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .
(မာဃ)

တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ တွေ့ဆုံပွဲ
ဆွေးနွေးပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးအောင်ကို
ဓါတ်ပုံ - ဂျေပိုင်/ဧရာဝတီ
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီမှ
ဥပဒေပညာရှင်များတွေ့ဆုံပွဲကို ယနေ့ စက်တင်ဘာ ၈ ရက် နေ့လယ် ၁ နာရီတွင်
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေ
ပညာရှင်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ ဓါတ်ပုံ - ဂျေပိုင်/ဧရာဝတီ
"ကျွန်မရဲ့အမြင်
တရားဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်း လူတိုင်းဟာ
မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့
ယုံကြည်ချက် ရှိဖို့လိုပါတယ်။ ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ
ငါတို့ရဲ့ လွတ်လပ်ပိုင်ခွင့်တွေနဲ့ ငါတို့ရဲ့ လုံခြုံမှုကို ဥပဒေတွေက
ကာကွယ်ပေးနိုင်တယ် ပေးလည်းပေး မယ်။ ပေးနိုင်တဲ့အခြေအနေမှာရှိတယ် လို့
ယုံကြည်မှုရှိပြီ ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းမှာ
တရားဥပဒေစိုးမိုးရေးရှိပြီလို့ ကျွန်မတို့ ပြောလို့ရ ပါတယ်"" ဟု
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အစည်းအဝေးခန်းမတွင်ယနေ့ပြုလုပ်ေ နသော ဥပဒေပညာရှင်ကြီး များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
![]() |
ဓာတ်ပုံ- ဥက္ကာကိုကို |

![]() |
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ လက်ဖက်ရည်သောက်ချိန် ၁၅ မိနစ်ရပ်နားစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို |
ကျပ်ငွေ (၂၇၂၆) သိန်းနဲ့ စေတနာ ၀သန် ရန်ပုံငွေပွဲ
၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာ လေလံတင်ရောင်းချရငွေ အပါအ၀င် အလှူငွေ စုစုပေါင်း (၂၇၂၆) သိန်း ရရှိခဲ့သည်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း တွင်ပြု လုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲကို သတင်းမီဒီယာ ၂၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာလေလံတင်ရောင်းချရငွေအပါအ၀င် အလှူငွေ စုစုပေါင်း(၂၇၂၆)သိန်း ရရှိခဲ့ကြောင်း၊ ဂီတပွဲအတွက် ကုန်ကျစရိတ် စုစုပေါင်း (၂၁၀) သိန်း ကုန်ကျခဲ့
ကြောင်း ပြောပါတယ်။
ဂီတပွဲမှာ ရရှိခဲ့တဲ့ အလှူငွေများထဲမှ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း (၂၀၀)၊ ရခိုင်ပြည်နယ် က ဘေးဒုက္ခ ရောက်နေသူများ အတွက်သိန်း (၂၀၀)၊ ဧရာဝတီတိုင်းက ရေဘေးဒုက္ခရောက်နေသူများ အတွက် သိန်း (၂၀၀) ၊နာရေး ကူညီမှုအသင်းအတွက် (၂၅)သိန်း၊ HIV လူနာများအတွက် (၂၅)သိန်း၊ လှူဒါန်းသွားမှာ
ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမြအေး က ရှင်းလင်း ပြောကြား ခဲ့ ပါတယ်။
ကြာသပတေးနေ့က ရွေးချယ်တဲ့ ၂၀၁၂ နိုင်ငံတကာ စူပါ မော်ဒယ်ပြိုင်ပွဲမှာ ပထမ ရသွားသူကတော့ တောင်အာဖရိက ဖြစ်ပါတယ်။ ဘန်ကောက်မှာလုပ်တဲ့ ဒီပွဲ ရလဒ်များက ဒီလိုပါ - ပထမ - တောင်အာဖရိက Reabetswe Sechoaro ဒုတိယ - တရုတ် Zhang Jiahui တတိယ - ပေါ်တူဂီ Bruna Filipa Monteiro စတုတ္ထ - ဗီယက်နမ် Ngoc Oanh ပဉ္စမ - နယူးဇီလန် Ruby Colle Supermodel International ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင် တည်ထောင်ခဲ့တာပါ။ ဘန်ကောက်မှာ အခြေစိုက်ပါတယ်။ မနှစ်ကပြိုင်ပွဲမှာ ဗိုလ်စွဲသူက အင်ဒိုနီးရှား ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် Bunga Jelitha Ibrani ဆိုတဲ့ မော်ဒယ်ပါ။ အဲဒီတုန်းက နိုင်ငံပေါင်း ၂၀ က စူပါမော်ဒယ် ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ်တော့ မော်ဒယ် ၅၀ ကျော် ပါဝင်ခဲ့ပါတယ် တဲ့။
ကြာသပတေးနေ့က ရွေးချယ်တဲ့ ၂၀၁၂ နိုင်ငံတကာ စူပါ မော်ဒယ်ပြိုင်ပွဲမှာ ပထမ ရသွားသူကတော့ တောင်အာဖရိက ဖြစ်ပါတယ်။
ဘန်ကောက်မှာလုပ်တဲ့ ဒီပွဲ ရလဒ်များက ဒီလိုပါ -
ဒုတိယ - တရုတ် Zhang Jiahui
တတိယ - ပေါ်တူဂီ Bruna Filipa Monteiro
စတုတ္ထ - ဗီယက်နမ် Ngoc Oanh
ပဉ္စမ - နယူးဇီလန် Ruby Colle
Supermodel International ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင် တည်ထောင်ခဲ့တာပါ။ ဘန်ကောက်မှာ အခြေစိုက်ပါတယ်။
မနှစ်ကပြိုင်ပွဲမှာ ဗိုလ်စွဲသူက အင်ဒိုနီးရှား ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် Bunga Jelitha Ibrani ဆိုတဲ့ မော်ဒယ်ပါ။
အဲဒီတုန်းက နိုင်ငံပေါင်း ၂၀ က စူပါမော်ဒယ် ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနှစ်တော့ မော်ဒယ် ၅၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဝန်ကြီး အသစ် ၁၁ ဦး ခန့်အပ်ရာတွင် အရပ်သားများ အများအပြား ပါဝင်
သမ္မတ ဦးသိန်းစိန်မှ ၀န်ကြီးသစ် ၁၁ ဦးအား ခန့်အပ်လိုက်ရာအရပ်သား
ဝန်ကြီး အများ အပြား ပါဝင်နေသဖြင့် ပြည်သူများက အကောင်းဘက်က မြင်နေကြသည်ဟု
သတင်း ရရှိသည်။
စက်တင်္ဘာလ ၇ ရက်နေ့က ၀န်ကြီးသစ် ၁၁ ဦးတွင် အရပ်ဘက် ပညာရှင် အများ အပြား ပါဝင်ပြီး သူတို့အား ပြည်ထောင်စု လွှတ်တော်က အတည် ပြုပေးလိုက်ပြီး နောက်ပိုင်းတွင် ၀န်ကြီးများသည် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

အသစ်ခန့်အပ်ခြင်းခံရသည့် အရပ်သား ၀န်ကြီးများထဲတွင် အမျိုးသမီး တစ်ဦးလည်း ပါရှိပြီး သူမမှာ ယခင် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဖြစ်သူ ဒေါ်မြတ်မြတ် အုန်းခင် ဖြစ်သည်။
ဒေါ်မြတ်မြတ်အုန်းခင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
ယခု အသစ်ခန့်အပ်လိုက်သော ၀န်ကြီးများထဲတွင် အရပ်သားများ သာမက ပြုပြင် ပြောင်းလဲရေးကို လိုလားသော ၀န်ကြီးများလည်း ပါဝင်နေသဖြင့် အနာဂတ် ဒီမိုကရေစီရေးအတွက် ကောင်းသော အပြောင်းအလဲ ဖြစ်သည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ အရင်ကထက် ၀န်ကြီးတွေ အထဲမှာ အရပ်သားတွေ၊ ပြုပြင် ပြောင်းလဲရေးကို လိုလားသူတွေ အများကြီး ပါဝင်လာတယ်လို့ ယူဆပါ။ ခုလို အပြောင်းအလဲတွေဟာ နိုင်ငံတော်ရဲ့ ဦးတည် ချီတက်နေတဲ့ လမ်းကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း ကို အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခု အသစ်ခန့်အပ်ခံလိုက်ရတဲ့ ၀န်ကြီးတွေအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူပေါင်းပြီး အောက်ခြေထိ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အပေါ်မှာသာမက အောက်ခြေပိုင်းမှာ လက်တွေ့ကျကျ ပြောင်းလဲ လာတာကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
ယခုအသစ် ခန့်အပ်လိုက်သော ၀န်ကြီးများအထဲတွင် အရပ်သား ပညာတတ် အများအပြား ပါဝင်သဖြင့် ပြည်သူ အများစုက အကောင်းဘက်က မြင်နေကြသည်ဟုလည်း သူက ဆိုသည်။
ဝန်ကြီးအဖြစ် ခန့်အပ်ခံကြရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ သိပ္ပံနှင့် နည်းပညာဝန်ကြီး- ဒေါက်တာ ကိုကိုဦး
၂။ ဆောက်လုပ်ရေးဝန်ကြီး- ဦးကျော်လွင်
၃။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး- ဦးဝင်းရှိန်
၎။ ယဉ်ကျေးမှုဝန်ကြီး ၀န်ကြီး- ဦးအေးမြင့်ကြူ
၅။ ရထားပို့ဆောင်ရေး ၀န်ကြီး- ဗိုလ်ချုပ် ဇေယျာအောင်
၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး- ဒေါက်တာ မြတ်မြတ်အုန်းခင်
၇။ ကာကွယ်ရေး ၀န်ကြီး- ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
၈။ သတ္တုတွင်းဝန်ကြီး- ဒေါက်တာ မြင့်အောင်
၉။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး- ဦးဌေးအောင်
၁၀။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး – ဒေါက်တာ ကံဇော်
၁၁။ အလုပ်သမား ၀န်ကြီး – ဦးမောင်မြင့် တို့ ဖြစ်ကြသည်။

မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး
![]() |
စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ် |
စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့်  က တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက် စကားဝါလမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။
မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။
ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။
ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။
ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။
အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။
မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။
![]() |
စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ် |
ပန်းချီမောင်မောင်သိုက် နှင့် NLD ဒီချုပ်အလံသမိုင်းအမှန်
![]() |
ပန်းချီမောင်မောင်သိုက် |
ကဗျာဆရာမောင်သွေးသစ်- ““ဒီကနေ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံဟာ ဘယ်သူ့လက်ရာလည်းသိချင် ကြပါသလား။ အမှန်တရားဆိုတာ မဖုံး ကွယ်ကောင်းပါဘူး။ အမှန်ကို ပြောပြပါ့ မယ်။
ဒီအလံနဲ့ အမျိုးသားဒီမိုကရေစီ
အထိမ်းအမှတ် ဒီတံဆိပ်ဟာ ယမန်နှစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ က
ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ နိုင်ငံ ကျော်ပန်းချီဆရာကြီး မောင်မောင်သိုက် ရဲ့
ကြိုးပမ်းမှုလက်ရာအစစ်ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းကို ကြေညာမော်ကွန်း
တင်လိုက်ပါတယ်။ (လက်ခုပ်သြဘာသံ များ။)
ကဗျာဆရာ မောင်သွေးသစ်က ပန်းချီ
မောင်မောင်သိုက် နှုတ်မှဖွင့်ဟ ပြောကြားလိုက်သော ရဲရဲတောက် စကား
ကိုကြားရသောအခါ ကြက်သီးများပင်ထ စရာ။ မှန်ပါပေသည်။ ထိုအချိန်၊ ထိုအခါ၊
ထိုကာလ၊ လွန်ခဲ့သော အနှစ် ၂၀ကျော် က မြန်မာနိုင်ငံရေးအခြေအနေမှာ ဖွင့် ဟ
ပြောပြစရာမကောင်းလောက်အောင် ပင် ဆိုးရွားထိတ်လန့် ကြောက်ရွံ့ဖွယ်
ကောင်းခဲ့သည်ကို တစ်တိုင်းတစ်ပြည်လုံး အသိပင် မဟုတ်ပါလား။ ထားပါ။
၂၄-၈-၂၀၁၂၊ သောကြာနေ့ ညနေ(၃) နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်း ORCHID HOTEL ၌ကျင်း ပခဲ့သော ပန်းချီမောင်မောင်သိုက် ကွယ် လွန်ခြင်း(၁)နှစ်ပြည့် အောင့်မေ့ဖွယ် အ ထိမ်းအမှတ်အခမ်းအနားတွင်ပန်းချီမောင် မောင်သိုက် ဂုဏ်ပြုစကားပြောရင်း ကဗျာဆရာမောင်သွေးသစ်က အထက် ပါအတိုင်း ပြောကြားသွားခြင်းဖြစ်လေ သည်။
ထိုနေ့က ကျင်းပသော အခမ်းအနားတွင် ပန်းချီမောင်မောင်သိုက်ကို ချစ်ခင်မြတ် နိုး၊ တန်ဖိုးထားသော အနုပညာရှင် ပရိသတ်တို့ စုံစုံလင်လင် တက်ရောက်ကြ သည်ကို တွေ့ရပေသည်။ မောင်မောင် သိုက်ကို ချစ်သူတွေက များစွာ၊ များစွာ။ ကဗျာဆရာ မောင်သွေးသစ်က ဆက် ပြောသည်။
““အဲဒီအချိန်၊ အဲဒီကာလဟာ (၈၈) အရေးအခင်းကြီးပြီးဆုံးကာစ အချိန်ဖြစ် တာမို့ နိုင်ငံရေးအခြေအနေကလည်း စိုး ရွံ့ထိတ်လန့်နေရတဲ့အချိန်ပါပဲ။ ဒီအချိန် မှာ အနီရောင်ခံ ကြယ်ဖြူကြီးတစ်ပွင့် တင့်တင့်တယ်တယ်နဲ့ ကြွားဝင့်နေတဲ့ ခွပ် ဒေါင်းပုံကြီးပါတဲ့ NLD အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အလံကို ပန်းချီမောင်မောင် သိုက်က ညဥ့်အချိန်မှာ တစ်ညလုံး ပန်း ချီဆွဲနေခဲ့ပါတယ်။ သဘောမတွေ့လိုက် ပြန်ရေးလိုက်နဲ့ တစ်ညလုံးပန်းချီမောင် မောင်သိုက်ကြိုးပမ်းခဲ့တာ နံနက်အချိန် အခါမှာ စိတ်ကြေနပ် ပြီးပြည့်စုံတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ တော်ကြီး၊ ထီးထီးမားမားပြီးစီးသွားခဲ့ပါ တယ်””။ မောင်သွေးသစ်က ဆက်ပြော သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံစံပန်းချီကားကို ရေးဆွဲပြီး တာဝန် ရှိ ခေါင်းဆောင်များထံ အပ်နှံပြီးတဲ့အ အချိန်မှာ ပန်းချီမောင်မောင်သိုက်က ဒီ လိုပြောခဲ့ပါတယ်။ ““အခြေအနေ၊ အချိန် အခါကတော့ မကောင်းလှဘူးဆိုတာ သိကြတဲ့အတိုင်းပါပဲ။ ဒီအလံပန်းချီကို ဘယ်သူဆွဲသလဲဆိုတာ မေးမြန်းစစ်ဆေး လာရင် ဘယ်သူမှ အမှန်ကို မပြောလိုက် ကြပါနဲ့ အန္တရာယ်ရှိတယ်။ နောက်ဆုံး မပြောရင် ဖမ်းဆီးထောင်ချခံရမယ် ဆို ရင်တော့ ပြောလိုက်ပါ။ မောင်မောင် သိုက်ကို ဖမ်းချင်ရင်ဖမ်းပါစေ။ ရဲရဲကြီး အဖမ်းခံပါ့မယ်။ ပန်းချီမောင်မောင်သိုက် ရေးဆွဲပါတယ်လို့”” တက်ရောက်လာကြ သော ပရိသတ်များတွင်ရွှေပါရမီတောရ ဆရာတော်၊ စာရေးဆရာ၊ အရှင်ဆန်္ဒာ ဓိကသည် ရှေ့ဆုံးမှကြွရောက်အားပေး နေသည်ကို တွေ့ရသည်။ စာရေးဆရာ အရှင်ဆန္ဒာဓိက ရေးသားသော ““တစ် ယောက်တည်းနေ၊ တစ်စိတ်တည်းထား”” ဓမ္မစာအုပ်ကို ပန်းချီမောင်မောင်သိုက်က မျက်နှာဖုံးရေးဆွဲပေးခဲ့သည် မဟုတ်လား။ ယနေ့ကာလတွင် အရှင်ဆန္ဒာဓိက သည် ဓမ္မစာအုပ်ပေါင်း (၁၀၀)ခန့်ရေးသားပြုစု ခဲ့ရာ ပန်းချီ မောင်မောင်သိုက် စာအုပ် မျက်နှာဖုံးများ ရေးဆွဲပေးထားသည်ဟု သိရသည်။
ကြွရောက်ကြသော ပရိသတ်ထဲ တွင် တေးပလ္လင်က အဆွေးဘုရင်ဘွဲ့ခံယူ ထားသော အဆိုကျော် ကိုတင်လှိုင်၊ စာရေးဆရာချစ်ဦးညို၊ မောင်ကောင်းမြင့်၊ ခွန်ဂျာမှိုင်း၊ ပန်းချီ ကိုကျော်သောင်း၊ ဖလင်ဘုရင် ဦးထွန်းဆိုင်၊ ဒီဇိုင်းချစ်ဆန်း၊ ဒီဇိုင်းမြင့်လွင်၊ ကာတွန်းငွေကြည်၊ ကာတွန်း မြေဇာ တို့လည်း ရှေ့တန်းက ထိုင်နေ ကြသည်။ သြော်.. အထူးဧည့်သည် တော်ကြီးတစ်ယောက်ကိုလည်း မမေ့ မလျော့ ဖော်ပြရပါတော့မည်။ သူက မည်သူပါလဲ။ ဘယ်သူဖြစ်ရမှာလဲလေ ဒီကနေ့ ထင်ရှားကျော်ကြားလှသော လျှပ်တပြက် ဂျာနယ်နှင့် မော်နီတာ ဂျာနယ်များ၏ ဖန်တီးရှင် အယ်ဒီတာချုပ် ဆရာမြတ်ခိုင် လည်း စကားပြောရန် ရောက်လာပြန်သည်။
ထို့ပြင် စာရေးဆရာညီညီနိုင်၊ ကွယ် လွန်သူ စာရေးဆရာ အယ်ဒီ ဆရာ အောင်ပြည့်၏ ချစ်ဇနီး ကျောင်းဆရာမ (သူ့နာမည်မမေးလိုက်ရ)နှင့် ကွယ်လွန် ရှာသူ ပန်းချီကျော်ဦးစံတိုး၏ ဇနီးဆရာမ ဒေါ်ခင်လှမြင့်၊ ပန်းချီဆရာမ မမွှေး၊ ပန်းချီတင်လှဝင်းထင်၊ စာရေးဆရာ ရွှေညာခိုင်စိုးတို့လည်း မြင်လိုက်ရသည်။
ပန်းချီမောင်မောင်သိုက်၊ ကွယ်လွန် ခြင်း၊ တစ်နှစ်ပြည့်အောက်မေ့ဖွယ် အခမ်း အနားတွင်ပန်းချီဦးကျော်သောင်း၊ ကာ တွန်းငွေကြည်၊ ကဗျာဆရာမောင်သွေး သစ်တို့က ပန်းချီမောင်မောင်သိုက် ဂုဏ် ပြုအလွမ်းပြေစကားများ ပြောကြားကြ ပြီး ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက ကိုယ်တော်က ပန်းချီမောင် မောင်သိုက်အတွက် (၂)မိနစ်မေတ္တာပို့ ငြိမ်သက်စွာနေရန်ဟောကြားပြီး ပရိသတ် ကြီးသည် တုပ်တုပ်မျှမလှုပ်၊ ငြိမ်သက်စွာ မေတ္တာပို့ကြ၏။ ထိုနေ့ပွဲတွင် ပန်းချီတင် လှဝင်းနှင့် စာရေးဆရာ တက္တသိုလ်စိန်တင် တို့ကလည်း ဆရာသိုက် ဂုဏ်ပြုကဗျာ တစ်ပုဒ်စီ ဖတ်သွားကြသည်။ စာရေး ဆရာတက္တသိုလ်စိန်တင်က စင်မြင့်သို့ တက်လာပြီးပန်းချီမောင်မောင်သိုက်အ တွက် ဂုဏ်ပြုကဗျာတစ်ပုဒ်ဖတ်သွားရာ အောက်ပါအတိုင်း ရှုမြင်ခံစားကြပါ တော့-
မသေတဲ့ပန်းချီဆရာ
ဆရာမောင်မောင်သိုက်
ပြည်သူကြိုက်ပန်းချီကျော်
မြန်မာပြည်တစ်နံတစ်လျားမှာ
အားပြည့်ထင်ပေါ်။
စိတ်ကူးသော်၊ သူမသေ
ရှိနေတဲ့ သူ့လက်ရာများ
ကမ္ဘာမခြားပါဘူး။
သူ့အနုပညာပန်းချီကားတွေ
သက်သေတင်ထား။
တက္ကသိုလ်စိန်တင်
news from....http://www.hotnewsweekly.com/archives/10537

စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသခံများ တောင်းဆို
2012-09-07
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က အရေးပေါ် အစည်းအဝေးကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။

Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ (၆) ရက်က ကချင်ပြည်နယ်
လိုင်ဇာမြို့၌ ကိုမြအေး ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ KIA
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွန်မော်၊ KIO တွဲဖက်အထွေထွေ
အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေ ကူညီဖြေရှင်းပေးမှသာ ပြေလည်မှုတွေ ရနိုင်မယ်လို့
မျှော်လင့်တဲ့အတွက် အခုလို တောင်းဆို လိုက်တာပါလို့ ဆွေးနွေးပွဲ
တက်ရောက်ခဲ့တဲ့ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက RFA ကို ပြောပါတယ်။
"ရွာတွေ တော်တော်များများက ဒုက္ခရောက်နေတာ။
ဒီစားဝတ်နေရေးက အကုန်ပြတ်ဖို့ အကြောင်းရှိတယ်။ နောက်ပြီးတော့ ဒီမှာ
တစ်ခုခုဖြစ်ရင် လမ်းကြောကပိတ်မှာ။ ကျွန်တော်တို့ ဒုက္ခရောက်ဖို့
အကြောင်းရှိတယ်။ ဒီကလေးတွေ ပညာရေးကအစ။ ၈၈ လာမှ ဖြစ်တော့မယ်လို့
ကျွန်တော်တို့ အားလုံးယူဆလို့ အားလုံးက မျှော်လင့်တယ်"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လာရောက် ကူညီဖြေရှင်းပေးဖို့
ဖားကန့်ဒေသမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ရပ်မိ
ရပ်ဖတွေနဲ့ ဒေသခံ ပြည်သူလူထုက မျှော်လင့်နေကြတယ်လို့လည်း သတင်းရရှိပါတယ်။လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး
2012-09-06
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်က ရန်ကုန်
ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်များနှင့် လယ်သိမ်းခံ
တောင်သူလယ်သမားများက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်
တောင်းဆိုဆန္ဒပြနေကြစဉ်။
အဲသလိုဖြစ်ကြရာမှာ လုံထိန်းရဲတွေဟာ ရွာသူရွာသား (၅၀၀) ကျော်နဲ့
ထိပ်တိုက် တွေ့ခဲ့ကြရတယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ရန်ကုန်
ပြည်သူ့ အကျိုးဆောင် ကွန်ရက်က မအေးသင်းက အခုလို ပြောပါတယ်။
ကိုဝေဠုကို လောလောဆယ် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ အဲဒီ ကွန်ယက် အဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်ကို အခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အမာခံ အဖွဲ့ဝင် ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။
“ကိုဟန်ဝင်းအောင်တို့၊ ကိုအောင်စိုးတို့
ပြီးတော့ ကိုသောင်းထိုက်တို့၊ ကိုသော်ဇင်တို့ သူတို့ကိုဖမ်းဖို့ ဝင်လာတာ။
လောလောဆယ်တော့ သူတို့အဖမ်းမခံရသေးဘူး။ သူတို့က အပြင်မှာ။ သူတို့လာမယ်ဆိုတဲ့
သတင်းကို ကျွန်တော်တို့က သိထားတယ်။ သိထားတဲ့အတွက်ကြောင့်မို့
ကျွန်တော်တို့လည်း ကင်းတွေချထားတယ်။ ရွာပတ်ပတ်လည်မှာ ကင်းတွေချထားတယ်။ အခု
အရှေ့ကင်းတဲကနေ သူတို့ဝင်လာတဲ့ အတွက်ကြောင့်မို့လို့ အရှေ့ကင်းတဲကလူတွေက
ဖုန်းဆက်တဲ့ အခါကျတော့ ရွာသားတွေ အကုန်လုံးက သူတို့ကိုလောလောဆယ်
အပြင်ပေးမထွက်ဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲ ထားတယ်။ အခုတော့ ရွာသားတွေ
အင်အား ၅၀၀ လောက်က တုတ်တွေ၊ ဓားတွေနဲ့ စောင့်နေတယ်။ မိန်းမတွေရော၊
ယောင်္ကျားတွေရော အကုန်လုံးစုပြီး ဒီရွာသားတွေ စောင့်နေတယ်”
အာဏာပိုင်တွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ
လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဲဒီ ရန်ကုန်ပြည်သူ့ အကျိုးဆောင်
ကွန်ရက်က အဖွဲ့ဝင် ကိုဝေဠုကို စက်တင်ဘာ (၁) ရက်နေ့က
ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်ပိုင်း ကျန်ကွန်ရက်အဖွဲ့ဝင်တွေကို
လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ကိုဝေဠုကို လောလောဆယ် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ အဲဒီ ကွန်ယက် အဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်ကို အခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အမာခံ အဖွဲ့ဝင် ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

"၂ဝ၁၃ ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်း စောင့်ကြည့် အဖွဲ့ ဖွဲ့၍ ဆောင်ရွက်မည်"
၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် အင်တာနက်မြန်နှုန်းများအား စောင့်ကြည့်ရေး
အဖွဲ့ဖွဲ့၍ တိုးမြှင့်ဆောင်ရွက်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် Bandwith ပမာဏအား 14GB အထိ တိုးမြှင့် လိုက်ပြီးနောက် အင်တာနက် သုံးစွဲ ခွင့်ကို မိုဘိုင်းဖုန်းများကိုပါ သုံးစွဲခွင့် စသဖြင့် အင်တာနက် လုံလောက်စွာ
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် Bandwith ပမာဏအား 14GB အထိ တိုးမြှင့် လိုက်ပြီးနောက် အင်တာနက် သုံးစွဲ ခွင့်ကို မိုဘိုင်းဖုန်းများကိုပါ သုံးစွဲခွင့် စသဖြင့် အင်တာနက် လုံလောက်စွာ
ပေး ထားနိုင်ပြီဟု ဆက်သွယ်ရေးမှ ပြောသည်။
''မြန်နှုန်းတွေ လုံလောက်မှု ရှိလို့ ဖုန်းတွေ အင်တာနက်လျှောက် တာကို ဆက်လက်ခွင့်ပြုပေးနေတာပါ။ ဆီးဂိမ်းကိုလည်း လက်ရှိ ပေးနေ တဲ့မြန်နှုန်း အတိုင်းပဲ ပေးဖို့ရှိ ပါတယ်။ မြန်နှုန်း ကျဆင်းမှုရှိနေရင် တော့ သုံးစွဲမှု နည်းတဲ့နေရာတွေနဲ့ ပြန်ညှိပြီး ဆောင်ရွက်သွားမှာပါ။ ဒါတွေ ကိုတော့စောင့်ကြည့်ရေး အဖွဲ့ က လုပ်ဆောင်သွားမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
ပြည်တွင်း နည်းပညာရှင်များ ပါဝင်မည့် အဆိုပါ အဖွဲ့သည် ဆီးဂိမ်း ကျင်းပမည့် မြို့များအားလုံး တွင် ထားရှိကာ အင်တာနက် သုံးစွဲမှုများ သည့်နေရာ များအား အဓိက ထား စောင့်ကြပ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် မြန်နှုန်းများအား တိုးမြှင့် ဆောင်ရွက်ပေးထားသော်လည်း သိသာကောင်းမွန်သော မြန် နှုန်း မရှိသေးဟု အင်တာနက် သုံးစွဲသူများက ပြောသည်။
''အရင်နှစ်တွေထက် ကော် နက်ရှင် ပိုကောင်းလာတယ်ဆိုတာ တော့ လက်ခံပါတယ်။ ဒါပေမဲ့ G-talk တို့၊ ဝက်ဘ်ဆိုက် ကြည့်တာ တို့ပဲ ကောင်း တယ်။ ဒေါင်းလုတ်ဆွဲ တာ ဘာမှ လုပ်လို့မရဘူး။ လုပ်ရင် လည်း နာရီတော်တော် ကြာတယ်။ စိတ်အပန်းဖြေဖို့ အင်တာနက်သုံး တယ် ။ မြန်နှုန်းကြောင့် စိတ်ပါ ထပ်ညစ်ရတဲ့ အချိန်တွေ အများကြီး ရှိပါတယ်''ဟု ပုဇွန်တောင်မြို့နယ် K ကွန်ပျူတာအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ၂ဝ၁၃ ဆီးဂိမ်းတွင် အင်တာနက် သုံးစွဲမှု များအတွက် Wifi စနစ် သုံးစွဲ ခွင့်များကိုပါ လုပ်ဆောင် သွား မည် ဖြစ်ပြီး လက်ရှိ Wifi စနစ်အတွက် တင်ဒါခေါ်ယူထားသည့် ကုမ္ပဏီ ၂၂ ခုရှိနေသည်။ ယင်းကုမ္ပဏီများ ကို စိစစ်ရွေးချယ်၍ လုပ်ကိုင်ဆောင်ရွက် ခွင့်ပေးမည်ဟု ထုတ်ပြန်ထား သော်လည်း လက်ရှိ အချိန်အထိ အပြီး သတ်ရွေးချယ်မှု ပြုလုပ်ခြင်း မရှိသေးပေ။
''အခုချိန်ကတည်းက ကုမ္ပဏီ တွေ ရွေးချယ်ပြီး ပြင်ဆင်စရာ ရှိ တာ တွေကို ကြိုတင်ပြင်ဆင်ထားမှ အဆင်ပြေမှာပါ။ နိုင်ငံတကာ သတင်း မီဒီယာတွေ တက်ရောက် မှာဆိုတော့ ကိုယ့်နိုင်ငံအတွက် သိက္ခာ မ ကျအောင် ဆောင်ရွက်သင့် နေပါပြီ''ဟု အိုင်တီပညာရှင် ကိုသီဟက သူ၏အမြင်ကို ပြောသည်။
By AF Ijournal

ဇာဂနာရှင်းတမ်း
“၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက
ပြည်ပ သို့ထွက်ခွာသွားသော ဒီမိုကရေစီ အရေးလှုပ်ရှားဆောင်ရွက်သူများ
အနက်တိုင်းပြည်သို့ပြန်လာခွင့်ရ
သော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံး မြင့်တို့ကို
ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ သွားရောက်ကြိုဆို ခဲ့ပါသည်။ လေဆိပ်တွင်
သတင်း ရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်
ပြေစွာသတင်းရယူနိုင်ရန် စီစဉ်ပေး ခဲ့သော်လည်း အဆင်မပြေဘဲ
အခြားခရီးသည်များကိုပါ အနှောင့် အယှက်ဖြစ်စေခဲ့သည်။ ထို့အပြင်
သတင်းထောက်တစ်ဦးက ကျွန်တော့် အားတွန်းလိုက်သည့်အတွက်လဲကျ သွားရာမှ
အမှတ်မဲ့ဆဲမိပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ
နေသော သတင်းထောက်များအား လည်းကောင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု
ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။ ကျွန်တော်သည်
နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ် မှုနှင့် တိုးတက်ရေးအတွက်သာအမြဲ
လုပ်ဆောင်လိုသောဆန္ဒရှိပြီး နိုင်ငံ ၏ အရေးပါသောစတုတ္ထမဏ္ဍိုင် ကို
အရှင်းစော်ကားလိုသော စိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင်ပ
တ်သက်သူများနှင့်
မီဒီယာ များအား တောင်းပန်အပ်ပါသည်” ဟု ဇာဂနာရဲ့ ကိုယ်ပိုင် Facebook
ပေါ်မှာ လူကြီးလူကောင်းဆန်ဆန် ဂုဏ်သရေရှိစွာဖြေရှင်းရေးသား ထားတာကို
တွေ့ရပါတယ်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ်
အယ်ဒီတာချုပ်တစ်ဦးက “မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ် ဆိုတာ
လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော
ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့ စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့
စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို
ဆဲတယ်လို့ရေးတာတွေဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ
မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊
သတင်းစာဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့
စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရောဟုတ်ရဲ့
လားလို့ သံသယဖြစ်မိတယ်။ ဇာဂနာ Facebook ပေါ်မှာ
သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ
ပါလားလို့လက်ခံလိုက်ရတာ။ မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။
အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ
ကျီးကန်းစိတ်ပဲ။ ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ
တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က
လေဆိပ်ကအဖြစ်အပျက်တစ် ခုကို ပြောပြမယ်။ သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က
ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေး တစ်ယောက်ကို နောက်ကလူတိုး
သလိုလိုဓာတ်ပုံရိုက်ချင်သလိုလို နဲ့
ရှေ့ကသတင်းထောက်မိန်းကလေး ရဲ့ တင်ပါးကို မသိမသာပွတ်နေ တာ၊
အတင်းဝင်ဖိနေတာ၊ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ တယ်။
အဲဒီလိုသတင်းထောက်မျိုး ဆိုရင် ဆဲရုံတင်မဟုတ်ဘူး။ ဆွဲပါ ထိုးပစ်ရမယ်၊
သတင်းထောက် လောကထဲကတောထုတ်ပစ်ရမယ်။ ဒါမှမီဒီယာတန်ဖိုးတက်လာမယ်။
အသားထဲကလောက်ထွက်တဲ့ မသမာသူတစ်ယောက်ကြောင့် ကျီးကန်းလိုဝိုင်းအာတာမျိုးကျွန်တော်
ရွံမုန်းတယ်။ အီတလီမှာ မာဖီးယား ဂိုဏ်း၊ ဂျပန်မှာ ယာကူဆာဂိုဏ်း ကို
လူတွေကြောက်ကြသလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မီဒီယာဆိုသူများကို
မှားမှားမှန်မှန် ကြောက်နေရတယ်ဆိုရင်မဟုတ် သေးဘူးလို့ပဲ ပြောချင်တယ်”လို့
မှတ်ချက်ပေးပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
credit The Hot News
“၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပ သို့ထွက်ခွာသွားသော ဒီမိုကရေစီ အရေးလှုပ်ရှားဆောင်ရွက်သူများ အနက်တိုင်းပြည်သို့ပြန်လာခွင့်ရ
တ်သက်သူများနှင့်
မီဒီယာ များအား တောင်းပန်အပ်ပါသည်” ဟု ဇာဂနာရဲ့ ကိုယ်ပိုင် Facebook
ပေါ်မှာ လူကြီးလူကောင်းဆန်ဆန် ဂုဏ်သရေရှိစွာဖြေရှင်းရေးသား ထားတာကို
တွေ့ရပါတယ်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက “မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ် ဆိုတာ လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့ စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို ဆဲတယ်လို့ရေးတာတွေဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့ စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရောဟုတ်ရဲ့ လားလို့ သံသယဖြစ်မိတယ်။ ဇာဂနာ Facebook ပေါ်မှာ သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ ပါလားလို့လက်ခံလိုက်ရတာ။ မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။ အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ ကျီးကန်းစိတ်ပဲ။ ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က လေဆိပ်ကအဖြစ်အပျက်တစ် ခုကို ပြောပြမယ်။ သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေး တစ်ယောက်ကို နောက်ကလူတိုး သလိုလိုဓာတ်ပုံရိုက်ချင်သလိုလို နဲ့
ရှေ့ကသတင်းထောက်မိန်းကလေး ရဲ့ တင်ပါးကို မသိမသာပွတ်နေ တာ၊
အတင်းဝင်ဖိနေတာ၊ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ တယ်။
အဲဒီလိုသတင်းထောက်မျိုး ဆိုရင် ဆဲရုံတင်မဟုတ်ဘူး။ ဆွဲပါ ထိုးပစ်ရမယ်၊
သတင်းထောက် လောကထဲကတောထုတ်ပစ်ရမယ်။ ဒါမှမီဒီယာတန်ဖိုးတက်လာမယ်။
အသားထဲကလောက်ထွက်တဲ့ မသမာသူတစ်ယောက်ကြောင့် ကျီးကန်းလိုဝိုင်းအာတာမျိုးကျွန်တော်
ရွံမုန်းတယ်။ အီတလီမှာ မာဖီးယား ဂိုဏ်း၊ ဂျပန်မှာ ယာကူဆာဂိုဏ်း ကို
လူတွေကြောက်ကြသလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မီဒီယာဆိုသူများကို
မှားမှားမှန်မှန် ကြောက်နေရတယ်ဆိုရင်မဟုတ် သေးဘူးလို့ပဲ ပြောချင်တယ်”လို့
မှတ်ချက်ပေးပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
credit The Hot News
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက “မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ် ဆိုတာ လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့ စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို ဆဲတယ်လို့ရေးတာတွေဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့ စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရောဟုတ်ရဲ့ လားလို့ သံသယဖြစ်မိတယ်။ ဇာဂနာ Facebook ပေါ်မှာ သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ ပါလားလို့လက်ခံလိုက်ရတာ။ မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။ အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ ကျီးကန်းစိတ်ပဲ။ ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က လေဆိပ်ကအဖြစ်အပျက်တစ် ခုကို ပြောပြမယ်။ သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေး တစ်ယောက်ကို နောက်ကလူတိုး သလိုလိုဓာတ်ပုံရိုက်ချင်သလိုလို
credit The Hot News
မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း၌ မြန်မာ့တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက်ကစပြီး မော်ဟန်ကျေးရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။
“၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွာကြားရှိ မြစ်ကြီးနား-မန္တလေးရထားလမ်း အနီးတဝိုက်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ တပ်စုများကို KIA တပ်များမှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် (၂)နာခွဲအကြာ ပြင်းပြင်း ထန်ထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
“တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။
၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။
“တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။
သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပိတ်ထားရကြောင်းသိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
“ကိုရီးယား၊ဂျပန်၊ဗီယက်နမ် နိုင်ငံများက မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား”
အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတော်မှချမှတ်ထားသော
စီးပွားရေးမူဝါဒ (၄)ချက်ကို အကောင်အထည်ဖော်
စီးပွားရေးမူဝါဒ (၄)ချက်ကို အကောင်အထည်ဖော်
ဆောင်ရန်စီမံကိန်းများ ရေးဆွဲလျှက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ၀န်ကြီးဒေါက်တာကံဇော်ကပြောသည်။
မူဝါဒနှင့်ကိုက်ညီသော စီမံကိန်းများ ပြင်ဆင်ရေးဆွဲရာတွင် ဂျီဒီပီ ကိန်းဂဏန်း
များ မှန်ကန်ရေး၊အသားတင်ထုပ်လုပ်မှု တန်ဖိုးများတိုးတက်အောင်ရင်းနှီး
မြှုပ်နှံရေး၊တစ်ဦးချင်းဝင်ငွေမြင့်မားတိုးတက်ရေးအတွက် ကျေးလက်ဒေသ
ဖွံဖြိုးရေးနှင့်ဆင်းရဲမှု လျော့ချခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ထိထိရောက်
ရောက် အကောင်အထည်ဖော်ရေး၊UN Agencies များ၊INGO များနှင့်
အဖွဲ့ အစည်းများက ဒေသတွင်း၎င်းတို့အစီအစဉ်ဖြင့် ၀င်ရောက်လုပ်ကိုင်
နေခြင်းထက် အစိုးရအဖွဲ့၏ ကျေးလက်လုပ်ငန်းစဉ်(၈)ရပ်တွင် ကဏ္ဍ
အလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် စီးပွားရေး စီမံကိန်းကို (၅)နှစ်စာ
(၂၀၁၁-၂၀၁၆)ခန့်မှန်းပြီး Regional Development Plan၊ City
Development Plan ၊ Township Development Plan ၊ Village Plan များဟန်ချက်ညီအောင် အမျိုးသားဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း National
Comprehensive Development Plan Master Plan ရေးဆွဲဆောင်
ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သော
ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု ၊ ၀န်ဆောင်မှုများ၊ စနစ်တကျအစီအမံ ရှိရှိ ဖွံဖြိုးတိုးတက်လာရေးတို့ ကိုဆောင်ရွက်လျှက်ရှိကြောင်း ဒေါက်တာ
ကံဇော်ကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ဒေါက်တာကံဇော်က “ရင်းနှီးမြှုပ်နှံ ကဏ္ဍမှာ
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်
ဆိပ်ကမ်းနဲ့ကျောက်ဖြူစီးပွားရေးဇုန်ပြုလုပ်မယ့်အစီအစဉ်တွေရှိသလို သီလ၀ါစက်မှုဇုန်ထူထောင်ရေးကိုလည်းမကြာမီဆောင်ရွက်သွားတော့
မှာဖြစ်ပါတယ်။ဒီိလိုဆောင်ရွက်ရာမှာ နိုင်ငံစုံ Trans-National ပူပေါင်းစီစဉ်
လျှက်ရှိပါတယ်။တစ်ပိုင်းကလည်း ဘတ်ဂျက်ချိုးခြံခြွေတာမှုနဲ့အစိုးရ
တည်ဆောက်ရေးလုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်းများ အေးနေ
ချိန်မှာ စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှု နဲ့ မိမိအလုပ်အကိုင် အခွင့်အလမ်း များဆောင်ရွက်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေနဲ့မိမိတိုင်းရင်း
သားရင်းနှီးမြှုပ်နှံသူတွေ Real Estate ၊ Hotel နဲ့အခြားတည်ဆောက်ရေး
လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုကြောင်းအဆိုပြုလာတာ၊ မေးမြန်းလာ
တာတွေ ရှိလာပါတယ်။နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လိုသူတွေကတော့ ကိုရီးယား၊ဂျပန်၊ဗီယက်နမ် တို့ပဲဖြစ်ပါတယ်။”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။
စွမ်းရဲထွဋ်

လက်ပံတောင်းတောင်ဒေသ လယ်သမားများ မီးထွန်းဆန္ဒဖော်ထုတ်ပွဲလုပ်ဖွယ်ရှိ
![]() |
ဓာတ်ပုံ - ပွင့်လင်းလူ့အဖွဲ့အစည်း(မုံ |
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစက်ရုံမှ လယ်ယာမြေများသိမ်းယူထားမှုနှင့်ပတ်သက်၍ ယင်းစီမံကိန်းဝန်းကျင်မှ
ဒေသခံများက ယနေ့ညတွင်
မီးထွန်းညှိ၍ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ဖွယ်ရှိကြောင်း ပွင့်လင်းလူ့အဖွဲ့အစည်း(မုံရွာ)မှ သိရသည်။
ယမန်နေ့ညနေ လေးနာရီခန်
့ကလည်း မုံရွာမြို့အနောက်ဖက် ချင်းတွင်းမြစ်တာရိုးတစ်လျှောက် အရပ်ဖက် လူ့အဖွဲ့အစည်းအင်အား နှစ်ရာကျော်ခန့်က
"လက်ပံတောင်းတောင်ကြီးကာကွယ်ကြ၊ တောင်မှာပြုလုပ်နေတာတွေရပ်" စာတန်းပါ တူညီဝတ်စုံများဝတ်ဆင်ကာ လမ်းလျှောက်ခြင်း၊
လက်မှတ်ရေးထိုးခြင်းများပြုလုပ်ခဲ့ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းဝန်းကျင်မှ ဒေသခံများ အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ ပူးပေါင်းရန် လာကြစဉ်
လမ်းခုလတ်ဝယ် တားမြစ်ခြင်းခံခဲ့ရကြောင်း ပွင့်လင်းလူ့အဖွဲ့အစည်း(မုံရွာ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Popular Myanmar News Journal
နေပြည်တော်တွင်ခေတ်စားနေသော ၀တ္ထုနှစ်ပုဒ်

ယခုတစ်လော နေပြည်တော်၏ ဆွေတော်မျိုးတော်အသိုင်းအ၀ိုင်းအတွင်း ၀တ္ထုနှစ်ပုဒ် ခေတ်စားနေကြောင်း မဖတ်ဖူးလျင်ခေတ်မမှီတော့လောက်အောင် ပေါက်နေကြောင်း အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းများမှ ကြားသိရသည်။ ၄င်းဝတ္ထုနှစ်ပုဒ်မှာ ကြတ်ပြေးအရှုပ်တော်ပုံနှင့် ကြေးမုံဦးသောင်းရေးသည့် ဦးနေ၀င်း၏ပြာတစ်ဆုတ်တို့ ဖြစ်ကြကြောင်း၊ ထိုစာအုပ်များကို နေပြည်တော်ရှိစာအုပ်ဆိုင်များတွင် မရနိုင်
သဖြင့် ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းလေထန်ကုန်းရှိ လမ်းဘေးစာအုပ်တန်းများသို့ မိမိတို့၏အောက်လက်ငယ်သား ၀န်ထမ်းများအား တိုးတိုးတိတ်တိတ် မသိမသာ ၀ယ်ယူခိုင်းကြကြောင်းသိရှိရသည်။ ထိုစာအုပ်နှစ်အုပ်မှာ တရားဝင်ထုတ်ဝေခွင့်ပိတ်ပင်ထားသောစာအုပ်များဖြစ်ပြီး၊ Online ပေါ်တွင် ပေါက်နေသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ယခုမှ ထိုစာအုပ်များကို လိုက်လံဝယ်ယူဖတ်ရှုနေသည်မှာ ထူးဆန်းကြောင်းနှင့် စာအုပ်များ၏ဈေးနှုန်းများလည်း တက်သွားခဲ့ကြောင်း ပန်းဆိုးတန်းစာအုပ်တန်းမှ ညီငယ်တစ်ယောက်က “ဒီစာအုပ်နှစ်အုပ်က ဒီအောက်လမ်းစာအုပ်လောကကို ရောက်နေတာကြာပါပြီ။ အခုမှ ဘာလို့ ထပေါက်လည်းတော့ မသိဘူး။ အရင်ကဆိုဒီလိုပဲ တစ်ပတ် တစ်အုပ်နှစ်အုပ် လောက်ပဲရောင်းရတာ၊ ဈေးကလည်း ကြတ်ပြေးက ၆၀၀၀ ကျပ်၊ ပြာတဆုပ်က ၂၅၀၀ နဲ့ရောင်းနေတာ။ အခု ကြတ်ပြေးက ၁၀၀၀၀၊ ပြာတစ်ဆုပ်က ၃၅၀၀ ဖြစ်နေပြီ။ ဒီနေ့ဆို တစ်ယောက်တည်းက ကြတ်ပြေး ၄ အုပ်ဝယ်သွားတယ်။ တစ်ပတ်ကို အုပ် ၂၀၊ ၃၀ လောက်ကို ရောင်းနေရတယ်။ ဒါကျွန်တော့်ဆိုင်တစ်ဆိုင်တည်းနော် ကျန်တဲ့ဆိုင်တွေရဲ့ရောင်းအားမပါသေးဘူး” လို့ပြောကြားသွားပါတယ်။ ကြတ်ပြေးအရှုတ်တော်ပုံမှာ နေပြည်တော်ရှိ ယခင် ဦးသန်းရွှေလက်ထက် ဗိုလ်ချုပ်များ ရာထူးအပြိုင်အဆိုင်လုကြပုံတို့ကို ရေးသားထားပြီး၊ ဦးနေ၀င်း၏ပြာတစ်ဆုပ်မှာ ဦးနေ၀င်းသေတဲ့အချိန် အလောင်းမီးရှို့ရာမှ ရရှိတဲ့ အရိုးပြာအကြောင်းကို သရော်စာအနေနဲ့ ရေးသားထားခြင်းဖြစ်ပါတယ်။
—
ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံပြန်ခွင့်ပြု
![]() |
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော |
ရန်ကုန်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု
ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန်
ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း ၎င်း၏မိသားစု ကိုအကြောင်း
ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက The Voice
Weekly ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
နေပြည်တော်ရှိ
သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group
၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို
ဝန်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊
ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကိုသိရှိပြီး
ရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသားတစ်ဦး၏
ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကို အလေးအနက် ထားသည့်အတွက်
ပြန်လာရန်ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏
ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော ကို
အကြောင်းပြန်ကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးက ရှင်းပြသည်။
“သမ္မတကြီးရဲ့ဒီလိုသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
အချက်တစ်ချက်အနေနဲ့ ကြိုဆိုရမှာပါ”ဟု မြန်မာနိုင်ငံရေးလေ့လာသူ
ဦးလှမောင်ရွှေကသုံးသပ်သည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင်
အခြေချနေထိုင်နေသည့် အသက် ၉၃နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောမှာ
ယနေ့အချိန်အထိသက်ရှိထင်ရှား ကျန်ရှိနေသည့် ရဲဘောသုံးကျိပ်ဝင်နှစ်ဦးတွင်
တစ်ဦးအပါအ၀င်ဖြစ်ပြီး လတ်တလောတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ယူနန်ပြည်နယ်ရှိ ကူမင်း အထွေထွေရောဂါကုဆေးရုံတွင်
တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်
အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော ကို
အဖဦးပန်း၊အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၊ တွင်
သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆
ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။
၁၉၄၁ ခုနှစ် ဧပြီလ ၁၃
ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ်
လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန်
တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့်
ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သည်။
၁၉၅၇ ခုနှစ်
ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင်
ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ
ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ
ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ကို သွားရောက်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေအတွက် ကော့မှူး မြို့နယ် အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး
![]() |
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက၀ယ |
![]() |
မြို့နယ်အုပ်ချုပ်ရေးမှူးရံ |
![]() |
မြို့နယ်အဖွဲ့ချုပ်ဥပဒေပညာရ |
![]() |
မြို့နယ်အဖွဲ့ချုပ်ဥပဒေပညာရ |

ရန်ကုန် လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ကိုးရီးယားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်အမှတ် (၄)မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက်အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာအလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ပေး ဖို့အတွက် တောင်းဆိုတဲ့အခါ ကိုရီးယား အလုပ်ရှင်ဖက်က အလုပ်ဖြုတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။ လှိုင်သာယာ၊ရွှေပြည်သာ စတဲ့စက်မှုဇုန်တွေမှာ စက်ရုံတစ်ရုံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုတာဟာ အခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရန်ကုန် လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ကိုးရီးယားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာတိုးမြှင့်ပေးရေး အပါအဝင် သူတို့ရဲ့ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် အစိုးရဆီက ကြိုတင်ခွင့်ပြုချက်မတောင်းပဲ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
ပန်းရဲ့လမ်း ............. မကွေးမှာ ဓါးပြ အတိုက်ခံနေရ
ပြည်တွင်းစစ်-ရေဘေးဒုက္ခသည်တွေအတွက် ပြည်သူတို့ထံအရောက်သွားကာ ပြည်သူတွေ
လှူဒါန်းသောငွေကိုကောက်ခံပေးနေတဲ့ ပန်းရဲ့လမ်း ငြိမ်းချမ်းရေးဂီတအဖွဲ့အား မကွေးရဲတို့တားဆီး။
အလှူခံရထားတဲ့ ပိုက်ဆံတွေကို သူတို့ နာမည်နဲ့ ပါဝင်ပြီး ဘဏ်အပ်ဖို့ ဖိအားပေး နေပါတယ် ။
ပန်းရဲ့လမ်း အလှူခံထားတဲ့ငွေထဲမှာ သူတို့ပါ ပါဝင်ပြီး အလှူရှင်နာမည်ခံချင်ပါတယ်လို့ မရှက်မကြောက် ဒိုင်ဗင်ပြစ်နေပါတယ် /
လှူဒါန်းသောငွေကိုကောက်ခံပေးနေတဲ့ ပန်းရဲ့လမ်း ငြိမ်းချမ်းရေးဂီတအဖွဲ့အား မကွေးရဲတို့တားဆီး။
![]() |
New Pannyelann |
![]() | |
တားတာဆီးတာတွေ စပါပြီ ။နေ့လည် ၁း၃၀ ။ ဘာဆက်ဖြစ်မယ် မသိသေးးးးး မကွေးးးးးးးးးးးး အဘနဲ့ လိုက်တွေ့ပါဆိုလို့ လိုက်တွေ့နေတယ် ။ မျှော်........... |
အလှူခံရထားတဲ့ ပိုက်ဆံတွေကို သူတို့ နာမည်နဲ့ ပါဝင်ပြီး ဘဏ်အပ်ဖို့ ဖိအားပေး နေပါတယ် ။
ပန်းရဲ့လမ်း အလှူခံထားတဲ့ငွေထဲမှာ သူတို့ပါ ပါဝင်ပြီး အလှူရှင်နာမည်ခံချင်ပါတယ်လို့ မရှက်မကြောက် ဒိုင်ဗင်ပြစ်နေပါတယ် /
New Pannyelann (Facebook)
သမိုင်းက ဒဏ်ခတ်လိမ့်မယ် ( မောင်သွေးချွန် )
![]() |
ဆောင်းပါးရှင်- မောင်းသွေးချွန် |
နိုင်ငံတော်သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ရဲ့ အသံဗလံများ မကြားခဲ့ရတာ အတော်ကြာခဲ့ပါပြီ၊ ၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပြီးချိန်ကစပြီး အကြံပေးအဖွဲ့ရဲ့ အသံတွေ လုံးဝဆိုသလို တိုးတိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဦးကိုကိုလှိုင်ရဲ့ အသံကို ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွားပါရောလား။
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဆိုတာ နိုင်ငံတော်အစိုးရသစ်ရဲ့ နံပါတ်တစ် ရည်မှန်းချက်ပါ။ ၂၁ ရာစု ကမ္ဘာသစ်ကြီးထဲမှာ မြန်မာတွေ မညံ့ဘူးဆိုတာ သက်သေပြဖို့ အစိုးရသစ်က ကြိုးပမ်းနေချိန်မှာ သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ကြီးက ''ဖယောင်းတိုင်မီးထွန်းပြီးနေပါ''လို့ နိုင်ငံတော်ကို ၁၉ ရာစုထဲပြန်ပို့ကာ မှောင်ကြီးချတဲ့ အကြံဉာဏ်ကို လူသိရှင်ကြား တင်ပြသွားခဲ့ပါတယ်။ သူရဲ့ အကြံပေးတင်ပြချက်ဟာ နိုင်ငံတော်ရဲ့ မဟာဗျူဟာကိုရော ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကိုပါ ပြက်ရယ်ပြုလိုက်သလို ရှိပါတော့တယ်။ နိုင်ငံတော် အစိုးရကတော့ ဦးကိုကိုလှိုင်ရဲ့ ဖယောင်းတိုင် အိုင်ဒီ ယာကိုဆန့်ကျင်ပြီး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်ဖြစ်အောင် အကြံပေးခဲ့တဲ့ ဦးကိုကိုလှိုင်နဲ့ အကြံပေးအဖွဲ့ရဲ့ အသံတွေမကြားခဲ့ရတာ လေးလရာသီ မပြည့်မီမှာပဲ နိုင်ငံတော်သမ္မတရဲ့ အကြံပေး ဒေါက်တာနေဇင်လတ်ရဲ့ အသံကို ၂၇ သြဂုတ်လ ၂၀၁၂ ထုတ် Messenger ဂျာနယ်မှာ ကြားနာလိုက်ရပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဒေါက်တာနေဇင်လတ်ရဲ့ အရေးတကြီး ရှုမြင်သုံးသပ်ချက် တချို့ကို ကောက်နှုတ်ဖော်ပြ အပ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့တို့ကြား အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး''ကမ္ဘာကို ပြန့်သွားပြီ၊ အာရုံစိုက်နေကြပြီ၊ ဘာဖြစ်လာမလဲဆိုတာ Conflict Level ကို ခွဲကြည့်ရင်လည်း Skimishes, Confrontation ဆိုတဲ့ Level ကိုကျော်သွားပြီ Full scale war level ကိုရောက်သွားစေတဲ့ အကျပ်အတည်းပဲ၊ နိုင်ငံတကာ သိပ်ဝင်စားတဲ့ Issue အဆင့်အဖြစ် တစ်မဟုတ်ချင်း ရောက်သွားပြီ''လို့ သုံးသပ်ထားပါတယ်။
ပြဿနာ ဖြေရှင်းနည်းအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အကြံပေးထားပါတယ်။ ပြဿနာက အမြန်နှုန်းတစ်ခုနဲ့အတူ ကြီးထွားနေတာပါ။ လေတိုက်တိုင်းကြီးကြီးလာတဲ့ ဘူးသီးကြီးလိုပါပဲ။ အဲဒီပြဿနာရဲ့ အမြန်နှုန်းနဲ့အတူလိုက်ပြီး အချိန်မီပြင်နိုင်ပါ့မလားဆိုတာ ချင့်ချိန်ကြည့်သင့်ပါတယ်။ ဒေါက်တာနေဇင်လတ်အနေနဲ့ ဗုဒ္ဓဘုရားရှင်ကိုတောင်မှ အချိန်ဆိုတဲ့ ပေတံနဲ့မမီမကမ်းတိုင်းတာ ရှုမြင်ခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိနေခဲ့ပါတယ်။ သူရဲ့ ''သခင်စိတ် ကျွန်စိတ်' ဆိုတဲ့စာအုပ် စာမျက်နှာ ၄၇ မှာ
''ဗုဒ္ဓကိုယ်တိုင်လည်း ၀ိပဿနာ ရှုစဉ်က တစ်နေ့ ရှစ်နာရီနေ့တိုင်း အတိအကျ ရှုခဲ့သည်မဟုတ်၊ ဆီလျော်သည့်အခါ အချိန်ပိုနိုင်သလို ခရီးထွက်သည့်အခါ လျော့နိုင်ပါသည်''လို့ ရေးခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်ကို တစ်နေ့ အလုပ်ချိန် ရှစ်နာရီစံနှုန်းနဲ့ သတ်မှတ်အကဲဖြတ်ခဲ့တဲ့ နေဇင်လတ်ရဲ့ မဟာအမှားကြီးကို ကျွန်တော် တုံ့ပြန်ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။ ဘုရားရဟန္တာတို့ မည်သည်လောကရဲ့ စံချိန်စံနှုန်းများအားလုံးက လွတ်မြောက် သွားပြီးတဲ့နောက် မေတ္တာကရုဏာတော်အားဖြင့် လောကကို ပြန်လည်စောင့်ရှောက်နေသူများပဲဖြစ်
ပါတယ်။ ဒီအကြောင်းပြန်ပြောရလျှင်တော့ ဒေါက်တာနေဇင်လတ်ရဲ့ အသိဉာဏ် ရေခံမြေခံ အသိဉာဏ် အဆင့်အတန်းကို ခန့်မှန်းသိမြင်စေချင်လို့ပါပဲ။ လူတစ်ယောက်ရဲ့အကြံဉာဏ်ဆိုတာ သူရဲ့အသိဉာဏ်ကပဲ မွေးဖွားပေးလိုက်တာ မဟုတ်ပါလား။ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့ရဲ့ ပြဿနာ၊ လယ်သမားများရဲ့ ကြီးထွားလာတဲ့ ဆန္ဒပြပွဲများ လုံးဝပြေလည်မှုမရသေးတဲ့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးပြဿနာပြီးတော့ ရခိုင်ရိုဟင်ဂျာအရေး၊ စီးပွားရေး တိုးတက်မှု လေးလံနှေးကွေးနေတာတွေ နိုင်ငံတော်ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး
ဒေါက်တာနေဇင်လတ်က ဒီလိုရှုမြင်တင်ပြသွားပါတယ်။

''ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် တခြားပြုပြင်ပြောင်းလဲရေးလုပ်သွားတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ရလဒ်အရရော၊ အချိန်နဲ့ အလျဉ်နှုန်းအရရော ပြောရရင်အတော် ကျေနပ်စရာကောင်းတာ တွေ့ရပါတယ်။ ကျွန်တော် မနှစ်တုန်းက ပြောခဲ့တယ်။ မြန်မာ့ပြုပြင် ပြောင်းလဲရေးကနောက် နိုင်ငံတွေအတွက် စံပြမော်ဒယ်လ်တစ်ခု ဖြစ်လာလိမ့်မယ်လို့။ အခုပဲ နိုင်ငံတချို့က ကျွန်တော်တို့ဆီပြန်ပြီးလေ့လာ နေကြပြီ။ အဲဒါဝမ်းသာစရာပဲ''တဲ့။
ဒီနေ့ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုသလို ဖြစ်ပေါ်နေတဲ့ အပေါ်မှာ ဒေါက်တာနေဇင်လတ်က ကျေနပ်စရာကောင်းတယ်ဆိုပါရောလား။ နိုင်ငံအချို့က ကျွန်တော်တို့ဆီ ပြန်ပြီးလေ့လာနေကြပြီတဲ့။ ဘာတွေလေ့လာနေတာလဲ။
အခြေခံဥပဒေရဲ့ ခွင့်ပြုချက်အတိုင်း ဆန္ဒပြခွင့်တောင်းခံတာကို အကြိမ်ကြိမ် ပယ်ချနေတာတွေလား။ ဆန္ဒပြလယ်သမားတွေကို လုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေက မဟားတရားဟန့်တားနေပုံတွေလား။ ဖားကန့်ပတ်ဝန်းကျင်အထိရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလား၊ မြန်မာ့စီးပွားရေး လုပ်ငန်းကြီးတွေကို လူလေးငါးယောက်လောက်လက်ထဲ ပုံအပ်ထားပုံတွေလား။...လား....လား ......လား....။ လားတွေတပ်ပြီး မြင်အောင်ကြည့် သိအောင်လေ့လာကြပါကုန်။
နောက်ဆုံးဘယ်အထိလေ့လာ သင့်သလဲဆိုတော့ ၂၃ သြဂုတ်လ ၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက်ဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကအစ လေ့လာပါမှ မြန်မာပြည် ရဲ့ အနေအထားကို ပြည့်ပြည့်စုံစုံ သိနားလည်သွားမှာ ဖြစ်ပါတယ်။
ဒေါက်တာနေဇင်လတ်ကတော့ ဒီလိုအကြံပေး တင်ပြသွားခဲ့ပါတယ်။ ''သမ္မတကြီးကတော့ ကဏ္ဍစုံမှာ ပြုပြင်ပြောင်းလဲရေးတွေကို သူ့ကျန်းမာရေးတောင် ဂရုမစိုက်ဘဲ လုပ်နေတာပဲ။ အပံ့အပိုးကောင်းလို အပ်တာတော့ အမှန်ပဲ။ အဓိက အပံ့ အပိုးကတော့ ခက်မသုံးဖြာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးသုံးခုက အပြန်အလှန် အပံ့အပိုးကောင်းတွေ ဖြစ်သင့်တယ်။
(၂၇ သြဂုတ် ၂၀၁၂ ထုတ် Messenger ဂျာနယ်မှ)
နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ သမ္မတကြီးရဲ့ ဦးဆောင်မှု ကံသုံးပါး အမူအရာတွေအပေါ် အတိုက်အခံဆိုသူများပင်လျှင် အချို့သောကိစ္စတွေမှာ ထောက်ခံပါဝင်လာကြပါပြီ။ သမ္မတကြီးရဲ့ ကောင်းမြတ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အပံ့အပိုးကောင်းတွေ လိုအပ်တာ အမှန်ပါပဲ။ ဒီအပံ့အပိုးကောင်းတွေ ဘယ်ကရမလဲ။ မဏ္ဍိုင်ကြီးသုံးရပ်ဆီကလား။ သမ္မတအကြံပေး အဖွဲ့ဆီကလား။ နိုင်ငံတော်သမ္မတရုံးကလား။ လားတွေထပ်ပြီးသုံးသပ်ကြည့်လိုက်တဲ့အခါ သမ္မတအကြံ ပေးအဖွဲ့ရဲ့ အသံကိုတော့ဖြင့် ထူးထူးခြားခြား မကြားရတော့ပါဘူး။ လျှပ်စစ်မီးရရှိရေးတောင်းဆိုခဲ့တဲ့ ပြည်သူလူထုကြီးကို ဖယောင်းတိုင်မီးထွန်းပြီးနေပါလို့ အကြံပေးခဲ့တဲ့ ဦးကိုကိုလှိုင်ရဲ့အသံကို နောက်ဆုံး ကြားခဲ့ရတာပါပဲ။
အခုတော့ဖြင့် သမ္မတအကြံပေးအဖွဲ့ရဲ့ အသံတွေအစား သမ္မတရုံးညွှန်ကြားရေးမှူး(မှူးဇော်)အမည်ခံ ဦးဇော်ဋ္ဌေးရဲ့အသံတွေကိုပဲ ကြားရပါပကောလား။ လွန်ခဲ့သော ၁၁ လ လောက်ကပင် 'စကတည်းက ယဉ်သကို'ဆိုသလို မှူးဇော်ရဲ့အသံကို ဒီလိုကြားခဲ့ရပါတယ်။
''အစိုးရသစ်သည် အစိုးရသစ် ဖြစ်သည်။ အစိုးရသစ်ကို အစိုးရသစ်ဟု မြင်ဖို့လိုသည်။ အတိတ်က ဖြစ်စဉ်များ၊သမိုင်းဖြစ်ရပ်များ ပြန်လည်ကိုးကားရည်ညွှန်းနေခြင်း၊ အတိတ်ကို ဆက်လက်ကိုင်စွဲနေခြင်းများသည် လက်ရှိအခင်းအကျင်းနှင့် လုံးလုံးမအပ်စပ်တော့။''
စက်တင်ဘာ ၂၉၊ အောက်တိုဘာ ၅၊ ၂၀၁၁ ခုနှစ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ မှူးဇော်ရေးခဲ့တာပါ။ 'အစိုးရသစ် ၆ လသက်တမ်းနှင့် မဟာအိုင်ဒီယာများ'လို့ ခေါင်းစဉ်တပ်ပြီး 'နိုင်ငံရေးသုံးသပ်' ဆောင်းပါး အဖြစ် ရေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ သမိုင်းဖြစ်ရပ်၊ ဒီနေ့ နိုင်ငံရေးကို ခေတ်ပြိုင်သမိုင်းလို့ ခေါ်ပါတယ်။ ဒီလောက်မှမသိဘဲ (၀ါ) ''နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘဲ နိုင်ငံရေး သုံးသပ်ဆောင်းပါးရေးတာလည်း အံ့သြစရာပဲ''လို့ ၂-၁၁-၁၁ ထုတ် နံနက်ခင်းဂျာနယ်ကနေ ကျွန် တော် တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ မှူးဇော်ရဲ့ နောက်ထပ်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း 'သမိုင်းမရှိ'လို့ ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ ကျွန်တော်ချက်ချင်း တုံ့ပြန်ရေးသားခဲ့ရာမှာ 'မန္တလေးအလင်းဂျာနယ်'က ကျွန်တော့်ဆောင်းပါးကို စာပေစိစစ်ရေးက ဖြတ်တောက်လိုက်ပါတယ်။
သမိုင်းမရှိလို့ မျက်စိစုံမှိတ်ပြီး ငြင်းဆိုနေရင် သမိုင်းမသိရင် သမိုင်းသစ်မော်ကွန်းရေးထိုးဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ သမိုင်းကိုငြင်းပယ်ခြင်းဟာ သမိုင်းအစဉ်အလာ မကောင်းခဲ့သူတွေရဲ့ ဖုံးဖိလှည့်ဖြားခြင်းသာပါပဲ။ သတ္တိရှိရင် သမိုင်း အမှန်ကို ချပြခင်းပြရဲရမယ်။ အမှားကျူးလွန်ခဲ့ရင်တောင်မှ ပြုပြင်ပြီး လမ်းမှန်အတိုင်း ခရီးဆက်ရပါလိမ့်မယ်။ အင်္ဂုလိမာလကို လူဆိုးလူမိုက် လူသတ်သမားကြီးတောင်မှ သူ့အမှားတွေပြုပြင်ပြီး လမ်းမှန်အတိုင်း ကြိုးစားသွားလိုက်တာ'ရဟန္တာ' ဖြစ်သွား တဲ့အထိပေမို့ ဒီနေ့တိုင်ကျွန်တော်တို့ ရှိခိုးပူဇော်နေရဆဲ မဟုတ်ပါလား။
မှူးဇော်က သမိုင်းစကား နားခါးခဲ့တယ်။ သမိုင်းအမှန်ကို ငြင်းဆန်ခဲ့တယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကတော့ သမိုင်းစကား သမိုင်းအမှန်တရားကို တန်ဖိုးထားလေးစားခဲ့ပါတယ်။ သိသာအောင် သာဓက ဆောင်ပါရစေ။
''ပြည်ထောင်စုအတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်စေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် အတိတ်သမိုင်း အတွေ့အကြုံများပေါ် အခြေခံလျက် ယခင်နှင့်မတူသည့်မူများကို ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။'' (၂၀၁၂ခုနှစ် ဇန်န ၀ါရီလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သော သ၀ဏ်လွှာမှ)
''အဓိကအကျဆုံးကတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားမိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင်ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။'' (၂၀၁၂ ခုနှစ် မတ်လ၂ရက်နေ့ထုတ် မြ၀တီ သတင်းစာ စာမျက်နှာ ၇ မှ)
သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲမှုများဟာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နေတာအမှန်ပါပဲ။ ဒီလိုအချိန်မှာ ၂၀၁၂ ခုနှစ် သြဂုတ် လ ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့တဲ့ သမ္မတရဲ့သ၀ဏ်လွှာကို လွှတ်တော်အမတ်များက ကန့် ကွက်ခဲ့လို့ လွှတ်တော်မှာ ဖတ်ကြားတင်ပြခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြား ခဲ့ပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာကို ရွှေ့ဆိုင်းပစ်ရတယ်ဆိုတာ လွှတ်တော်သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ပဲလို့ မှတ်တမ်းတင်ရပါလိမ့်မယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဂုဏ်သိက္ခာကို အနည်းနဲ့အများ ဆိုသလို ထိပါးစေခဲ့တဲ့ အကြောင်းခြင်းရာကို ဒီလိုစိစစ်တွေ့ရှိခဲ့ရပါတယ်။
''နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ်သုံးသပ်ချက်ဆိုတဲ့အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ၊ စွပ် စွဲထားတာပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာ ကျွန်တော်တို့တင်တာပါ။ ဥပမာဆိုပါတော့ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွား ရေးသမားတွေရဲ့နေရာကို ရခိုင်တိုင်းရင်းသားတွေ အချောင်ရလိုစိတ်ရှိတဲ့ဆိုတဲ့သဘောမျိုး သုံးသပ်တယ်''လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။ (သတင်းအကျယ်ကို Weekly Eleven ၂၉-၈-၂၀၁၂ ထုတ် စာမျက်နှာ ၂၆ နှင့် ၂၈ တို့မှာ ရှု) (၂၃-၈-၂၀၁၂ နဲ့ ၂၄-၈-၂၀၁၂ ညများမှာ RFA, VOA, BBC အသံလွှင့်ဌာနများမှလည်း အကျယ်တ၀င့် သုံးသပ်တင်ပြသွားပြီ ဖြစ်ပါတယ်။) အဲဒီမှာအရင်းစစ်တော့ အမြစ်မြေကဆိုသလို သမ္မတကြီးရဲ့ သ၀ဏ်လွှာနဲ့ ပူးတွဲပါရှိလာတဲ့ ရခိုင်အရေး ပဋိပက္ခ ဖြစ်စဉ် သုံးသပ်ချက်ဟာ လက်ခံနိုင်စရာမရှိလို့ (၀ါ) လွဲမှားနေလို့ သမ္မတရဲ့သ၀ဏ်လွှာ ဆိုင်းငံ့ခံခဲ့ရတာဖြစ်ကြောင်း တွေ့ရပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်ကမှ သမ္မတကြီးကိုယ်တိုင် ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ 'စုံစမ်းစစ်ဆေးရေးကော်မရှင်'က ရခိုင်အရေး ဘာမှမတင်ပြရသေးမီ သမ္မတကြီးသ၀ဏ်လွှာနဲ့ပူးတွဲပြီး သုံးသပ်ချက်ပေးပို့လိုက်တာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ရခိုင်အမျိုးသားများနဲ့ ပတ်သက်ပြီး (က)မှ (ဈ)အထိ သုံးသပ်ထားချက်များဟာ နိုင်ငံတော်ရဲ့မူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေတယ်လို့ ရခိုင်ကိုယ်စားလှယ်တော်ကြီး ဦးဘရှင်က ပြောပါတယ်။
ဒီပြဿနာဟာ ရခိုင်အရေး သက်သက်မျသာမကအမျိုးသားရေး တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်တာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ဒီလိုသုံးသပ်ထားပါတယ်။
''ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့မတွဲဘဲ သတင်းထုတ်ပြန် ရေးကသပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့ သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်။ နောက်နောင်တွေမှာ သမ္မတက ဒီလိုအမှားမျိုး ထပ်မမှားဖို့ တိုက်တွန်းချင်ပါတယ်။ အထက်က ပြောင်းချင်တယ်။ အောက်ကလူတွေက လွှတ်တော်ထဲအထိ ခြယ်လှယ်နေတယ်ဆိုတာ သိနေတယ်။''( ၂၉-၈-၂၀၁၂ ထုတ် Weekly Eleven စာ-၂၆)
သမ္မတသ၀ဏ်လွှာနဲ့ ကပ်ပါလာတဲ့သုံးသပ်ချက်ကို ဘယ်သူရေးတာလဲ။ ဖြေရှင်းချက်ပေးရသူကတော့ ဦးဇော်ဋ္ဌေး(မှူးဇော်) ဖြစ်ပါတယ်။ ''သတင်းများကို စုစည်းထုတ်နုတ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြချက်သာဖြစ်သည်'' လို့ ထမင်းရေလာ လျာ လွှဲလုပ်ထားပါတယ်။ သမိုင်းအမှန်တရားကို ငြင်းဆန်တာလည်း သမိုင်းမရှိလို့ ကြွေးကြော်ရေးသားထားသူရဲ့ သမိုင်းကိုလှည့်စားခြင်းလို့လည်း ဆိုနိုင်ပါတယ်။ (ဧပြီ ၂၆၊ မေ ၂၊ ၂၀၁၂ ထုတ် ရန်ကုန်တိုင်းဂျာနယ်မှာ 'ပြုပြင်ပြောင်းလဲရေးလမ်း စဉ်အောင်မြင်ဖို့ သမ္မတကြီးကို ၀န်းရံကြဖို့ လိုသည်'လို့ 'မြန်မာ့စီးပွားရေး နှင်းခဲပျော်ချိန်' ဆောင်းပါးမှာ မှူးဇော်က ထည့်သွင်းရေးသားခဲ့ပါတယ်။ မှူးဇော်က သမ္မတကြီးကို ဘယ်လိုဝန်းရံနေသလဲ။
သမ္မတကြီးက သမိုင်းစကားပြောနေချိန်မှာ မှူးဇော်က 'သမိုင်း မရှိ'ဆိုတဲ့စကားပြောပြီး ၀န်းရံနေတယ်။ သမ္မတကြီး လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တာထက်တောင် ရိုင်းနေပါသေးတယ်။ သမ္မတကြီးက သ၀ဏ်လွှာပေးပို့ရင် သတင်းသုံးသပ်ချက် အမှားတွေ ပူးတွဲရောညှပ်ပြီး လွှတ်တော်သို့ မယောင်မလည် ပေးပို့တဲ့နည်းနဲ့ သမ္မတကြီးကို ၀န်းရံမှာလား။ (သမ္မတကြီးကို ရိုးသားဖြူစင်စွာပဲ ၀န်းရံစေချင်တယ်။)
သမိုင်းကို ဘ၀နဲ့ရင်းပြီး နာနာကျင်ကျင် သင်ယူထားရတဲ့ ပြည်သူတွေဟာ မအတော့ဘူး။ မကြောက်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက ပိုပြီးတော့ မအတော့ဘူး။ ပြည်သူရှေ့မှာ သတ္တိရှိရှိ ရပ်တည်နေကြပြီ။ 'သမိုင်းမရှိ'ဆိုပြီး သတင်း သုံးသပ်ချက်အမှားတွေနဲ့ သမိုင်းကို လှည့်စားဖို့ ကြိုးစားရင် သမိုင်းရဲ့ ဒဏ်ခတ်ခြင်းခံရလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။
KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား
Friday, 07 September 2012 21:37

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံစဉ် (ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများ ရရှိရှိနေပြီ ဖြစ်ကြောင်း၊ KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ တော်တော်များများ အောင်မြင်မှု ရပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် ရရှိရန်အတွက် အချိန်ယူ ဆွေးနွေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို နိုင်ငံတော် သမ္မတက အလေးထား ဆွေးနွေးခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လမှ ကချင်ပြည်နယ်အတွင်း စတင်ဖြစ်ပေါ်နေခဲ့သော တပ်မတော်နှင့် KIO/KIA တပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများမှာမူ ဆက်လက် ဖြစ်ပေါ်လျက်ရှိနေပါသည်။ ထို့အပြင် ယခုနှစ် သြဂုတ်လ တတိယပတ် အတွင်းမှစတင်၍ မြန်မာ့ တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည် များ ဖားကန့်မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာ စာရင်းများအရ လူဦးရေ ၈၀၀၀ ကျော် ရှိပြီဟု သိရပါသည်။
ကချင်ပြည်နယ်အတွင်း၌ စစ်ပွဲများဖြစ်ပွားနေသည်မှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ခဲ့ခြင်းဖြစ်ကာ
တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်း မော်မြို့နယ်၊ ဖားကန့်မြို့နယ်များ သို့ပါ သက်ရောက်မှုများရှိလာခဲ့ သည်။ စစ်ပွဲများကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည်အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာမကဘဲ တရုတ်နိုင်ငံအတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရကလက်ခံရန် ငြင်းဆန်သဖြင့် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းသို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။
KIA အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
"KIA အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော် အနေဖြင့် ကေအိုင်အေ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အများပြည်သူ အသုံးပြုလျက်ရှိတဲ့ လမ်းကြောင်းနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုများအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ် အောင်သော်က မေးခွန်းဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ အပစ် အခတ်ရပ်စဲရန် ဦးစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်ရန်မှာမူ တစ်နေရာနှင့်တစ်နေရာ၊ လူမျိုးစု တစ်စုနှင့်တစ်စု၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီကွဲပြားသောအချက်များရှိသဖြင့် အချိန်ယူဆွေးနွေးပြီး ဆုံးဖြတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် နောက်ဆုံးအဆင့်အနေ ဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာ ပိုမိုအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးများအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ လက်ရည်တစ်ပြင်တည်း လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား ရေးရာ ၀န်ကြီးများတွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံနိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများအနေဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန် နိုင်ငံတော် သမ္မတရုံးတွင် ပြည်ထောင်စု ၀န်ကြီးတစ်ဦးနှင့်အတူ ၀န်ကြီးဌာန တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမှုတွင် တိုင်ရင်းသား ရေးရာ ၀န်ကြီး ၂၉ နှင့် အတူ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းတို့ တက်ရောက်ခဲ့ကာ ၁နာရီ ၄၅ မိခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ ပါဝင်ခဲ့သည်။
Eleven Media Group

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စစ်တွေသို့ ရောက်ရှိ
ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် ယနေ့  (စက်တင်ဘာလ ၇) ရက်နေ့တွင် စစ်တွေမြို့ သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာခဲ့ကြသည်။
“ ဒီနေ့ညနေ ၂နာရီ ၄၀မှာ စစ်တွေ လေဆိပ်ကို မြန်မာ့လေကြောင်း လိုင်းနဲ့ရောက်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၉ဦးပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်” ဟု ပြည်တွင်း ဂျာနယ် သတင်း ထောက်တဦးက နိရဉ္စရာသို့ပြော သည်။
ယနေ့ ရောက်ရှိလာသည့် စုံစမ်းရေး ကော်မရှင် တွင် ဥက္ကဌ ဒေါက်တာ မျိုးမြင့်၊ ဦးကျော်ညွန့်၊ ဦးစိုးသိန်း(ခ) မောင်ဝံ သ၊ ဒေါ်သန်းသန်းနု၊ ဦးခင်မောင်ဆွေ၊ ဦးအေးသာအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါက်တာဆလိုင်းငွေကျံလျှံ၊ ဦးတင်အောင်မိုး၊ ဦးအောင်နိုင်ဦး အပါအ၀င် အဖွဲ့ဝင် ၁၉ဦးတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့်တကွ ဌာနဆိုင်ရာ အသီးသီမှ ပုဂ္ဂိုလ်များ စစ်တွေ မြို့တွင် ကြိုဆိုခဲ့ကြသည်။
၎င်းနောက် စစ်တွေမြို့မှ ဆရာတော်ကြီး ၉ပါးအားပင့်ဖိတ်ပြီး စစ်တွေမြို့ ရှိ လောကနန္ဒာ ဘုရားဝင်းရှိ မဟာဝေ ယံသိမ် တော်ကြီးတွင် ပဋိပက္ခကိစ္စရပ်များကို မေးမြန်း စုံစမ်းမှုတချို့ပြု လုပ်ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို သြဂတ်စ်လ ၁၇ရက်နေ့က နိုင်ငံတော်သမ္မတမှ ဖွဲ့ စည်းပေးလိုက်ပြီး ထိုအထဲတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာ ခေါင်းဆောင်များ၊ ခရစ် ယာန် ဘာသာခေါင်းဆောင်များ တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၉ရက်ကြာ နေထိုမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်သို့ ပြန် လည်ထွက်ခွာ သွားမည်ဟု ထောက်လှမ်းရေး သတင်းရပ်ကွက်အရ သိရသည်။
မနက်ဖြန် စက်တင်ဘာ ၈ရက်နေ့တွင် စစ်တွေကနေ ကျောက်တော်နှင့် မြောက်ဦးသို့ လေ့လာစစ်ဆေးရန် စတင်ထွက်ခွာ မည်ဟုသိရသည်။
ထွန်းထွန်း(နိရဉ္စရာ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ လျော့နည်းရရှိနေသည့် ကိစ္စ
>နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ခြင်း မရှိမီ ယင်းအခြေခံဥပဒေ ပုဒ်မ-၄၄၃ အရ ၁၀-၁-၂၀၁၁ ခုနှစ်တွင် အောက်ပါ ဥပဒေကို ပြဌာန်းခဲ့ပါသည်-
'တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ"
ယင်းဥပဒေတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များတွင် တန်းတူသတ်မှတ်ထားခြင်း
မရှိခဲ့သဖြင့် အမျိုးသားလွှတ်တော်မှ ဒေါက်တာအေးမောင် အပါအ၀င်(၂၃)ဦးတို့က "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်
ကိုက်ညီခြင်း ရှိ-မရှိ သိရှိလိုကြောင်း" ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့ပါသည်။
ယင်းတင်သွင်းချက်အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက (၁၄-၁၂-၂၀၁၁) ရက်နေ့တွင် "အဆိုပါဥပဒေ ပုဒ်မ(၅)နှင့် ပုဒ်မ(၁၇)ပါ ပြဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ညီညွတ်ခြင်း မရှိကြောင်း" ဆုံးဖြတ်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ယနေ့ တွေ့ဆုံရာ၌ ယင်းဥပဒေအား ပြန်လည်ပြင်ဆင်ပြီး
ရသင့်ရထိုက်သော အခွင့်အရေးများကို တန်းတူရည်တူ ရရှိရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော်သို့ ဥပဒေ ပြင်ဆင်ချက်
တင်သွင်းနေချိန်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဘတ်ဂျက် အစမှ ရရှိခံစားနိုင်စေရန် အုပ်ချုပ်ရေးနည်းလမ်းများဖြင့် တစ်ချိန်တည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်ပါဝင် ကူညီလုပ်ဆောင်ပေးကြရန်၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးပြားများချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများကိုလည်း မူးယစ်ဗဟိုနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် မိမိတို့လူမျိုးစုများနဲ့အတူ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
Hmuu Zaw

ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင် ရောက်ရှိမည်
![]() |
ကနေဒါ လေကြောင်း လိုင်းတွင် အသုံးပြု နေသည့် Embraer E-190 လေယာဉ် တစ်စင်းကို တွေ့ရစဉ်။ |
လေယာဉ် သစ်နှစ်စင်းမှာ ဘရာဇီးလ် နိုင်ငံ SOA JOSE JOS မြို့ရှိ Embraer လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သည့် E-၁၉၀ လေယာဉ် အမျိုးအစားဖြစ်ပြီး မြန်မာ့ လေကြောင်းတွင် နှစ် ၃၀ ၀န်းကျင်ခန့် ပျံသန်းပြေးဆွဲခဲ့ပြီး သက်တမ်း ကုန် ဆုံးတော့မည်ဖြစ်သော ဖော်ကာ အက်ဖ် ၂၈ လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် စီစဉ် ထား သည်ဟု မြန်မာ့လေကြောင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းထွန်းက ပြောသည်။
မြန်မာ့လေကြောင်းအနေဖြင့် အက်ဖ် ၂၈ လေယာဉ်များနေရာတွင် တရုတ် နိုင်ငံထုတ် CRJ-900 လေယာဉ်များကို ၀ယ်ယူ အစားထိုး ရန် ပထမစတင်စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း အင်ဂျင်စွမ်းရည် ကောင်းမွန်သည့် အမေရိကန်နိုင်ငံမှ GE-CF 34-8E အင်ဂျင်စက်များကို တပ်ဆင်အသုံးပြုထားသည့် Embraer လေယာဉ်များမှာ ကမ္ဘာ့လေယာဉ်ဈေး ကွက်တွင် အသာစီးရနေသောကြောင့် Embraerလေယာဉ်များကိုသာ ၀ယ်ယူ ရန်စီစဉ်ခဲ့သည်ဟု ၎င်းကပြောသည်။
" အခုဝယ်မည့် Embraer လေယာဉ် တွေက Air Bus A-320 လေယာဉ်တွေထက် ထိုင်ခုံနေရာကျယ်ဝန်းပြီးတော့ ပစ္စည်းထားသိုဖို့ နေရာကလည်း ကျယ်ပါတယ်။ တခြား Regional Jet တွေထက် သာလွန်ကောင်းမွန်ပြီးတော့ လေယာဉ်အပိုပစ္စည်း ဈေးနှုန်းနဲ့ လေယာဉ် ထိန်းသိမ်းစရိတ်တွေကလည်း သက်သာပါတယ်"ဟု ဦးသန်းထွန်းက ပြောသည်။
အဆိုပါ လေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းမှ သန်း ၄၀ အထိရှိသည်။ Embraer လေယာဉ်များ ပြုပြင် ထိန်းသိမ်းမှုကို အမေရိကန်နိုင်ငံနှင့် ပေါ်တူဂီ နိုင်ငံတို့၌ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ တရုတ်နိုင်ငံနှင့် အကျိုးတူ ပူးပေါင်းကာ ဟာဘင်းမြို့၌ ထုတ်လုပ် တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ စတင်ပျံသန်းပြေးဆွဲမည့်နေ့ကို ဒီဇင်ဘာလ ပထမပတ် တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။
လာမည့်ပွင့်လင်းရာသီတွင် စတင်ပျံ သန်းပြေးဆွဲသွားမည့် အိန္ဒိယနိုင်ငံ ဗုဒ္ဓ ဂယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဟဲဟိုး၊ မန္တလေး၊ ညောင်ဦး အစရှိသော ပြည်တွင်းခရီးစဉ်များကိုပါ အဆိုပါ လေယာဉ်သစ်နှစ်စီးဖြင့် ပြေးဆွဲမည်ဟု ဦးသန်းထွန်းက ပြောသည်။
၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော မြန်မာ့လေကြောင်းသည် လက်ရှိတွင် အက်ဖ် ၂၈၊ အေတီအာရ်၊ MA နှင့်Beech 1900 စသည့် လေယာဉ်အမျိုး အစား လေးမျိုးဖြင့် ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသည်။
မြန်မာ့လေကြောင်းတွင် လေယာဉ် ခရီးစဉ်လက်မှတ်များကို ယခင်က လျှောက်လွှာတင်စနစ်ဖြင့်သာ ၀ယ်ယူခဲ့ရပြီး ယခုအခါ ပုဂ္ဂလိက လက်မှတ် အရောင်းဌာနများတွင်လည်း အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကာ အွန်လိုင်းမှ E Ticketing စနစ်ဖြင့် လည်း ၀ယ်ယူနိုင်ရန် ပြောင်းလဲ စီစဉ် ဆောင်ရွက်လျက်ရှိသည်။
သီဟတိုး - မြန်မာတိုင်းမ်