Pages

Saturday, October 13, 2012

မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံရန် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ပြောကြား


အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအပေါ် တင်ရှိသည့် ၄င်းတို့၏ ကြွေးမြီဟောင်းများကို ရှင်းလင်းပေးရန် လိုလားကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက “ကြွေးကျန် ရှင်းလင်းရေး စီမံချက်” (arrears clearance operation) ဟုခေါ်သည့် အစီအစဉ်ကို လာမည့် ဇန်နဝါရီလတွင် အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံအား ယန်းငွေဖြင့် ချေးငွေထုတ်ပေးမှုကို လာမည့်နှစ်တွင် ပြန်လည်စတင်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပနေစဉ် ကာလတွင် မြန်မာနိုင်ငံ၏ ကြွေးမြီနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြွေးမြီကိစ္စအပေါ် ကျယ်ပြန့်သော နည်းလမ်းဖြင့် ဖြေရှင်းရေးမှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဝင်ဆံ့ရေးအတွက် အရေးကြီးသည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန်၊ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြန်လည်လက်ခံရန် အချိန်တန်နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အများအပြားကို လုပ်ဆောင်လျက်ရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကိုရီကီ ဂျိုဂျီမာက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဤအစီအစဉ်ဖြင့် မြန်မာနိုင်ငံအား ယန်းငွေဖြင့် အတိုးနှုန်းချိုသာသော ချေးငွေများ ထုတ်ပေးခြင်းကို ဇန်နဝါရီလတွင် စတင်ပါက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ချေးငွေထုတ်ပေးခြင်း ဖြစ်လာမည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့နှင့် အခြားသယံဇာတများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအား ဂျပန်ကုမ္ပဏီများအတွက် အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် နေရာသစ်တစ်ခုအဖြစ် ရှုမြင်လျက်ရှိကြသည်။ ဤကြွေးမြီလျှော်ပစ်ရေး စီမံချက်အရ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဘဏ် (Japan Bank for International Cooperation) မှ ပေါင်းကူးချေးငွေများ (bridge loans) ဖြင့် ၄င်း၏ ကြွေးမြီဟောင်းများကို နိုင်ငံတကာ မြီရှင်များထံသို့ ပြန်လည်ပေးဆပ်မည် ဖြစ်သည်။

ထို့နောက် ထိုငွေချေးသူများသည် မြန်မာနိုင်ငံအား အတိုးနှုန်းနည်းသော ချေးငွေသစ်များ ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံတကာ မြီရှင်နှစ်ဦး၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးသည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုသည်လည်း မြန်မာနိုင်ငံ၏ မိုက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုတွင် မရှိမဖြစ် အရေးပါသည်ဟု အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများက သဘောတူညီခဲ့ကြကြောင်း ဂျပန်အရာရှိများက ပြောကြားခဲ့သည်။

ဤအစည်းအဝေးတွင် ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ် စသောနိုင်ငံများကလည်း ငွေချေးယူခဲ့သည့် မြန်မာနိုင်ငံအား Paris club ခေါ် မြီရှင်နိုင်ငံများနှင့် ဘက်ပေါင်းစုံ သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးရန် ဇန်နဝါရီလတွင် ပဲရစ်မြို့၌ ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

တိုကျိုမြို့၌ ကျင်းပသည့် ဤအစည်းအဝေးတွင် နိုင်ငံ ၂၆ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ငါးခုမှ အရာရှိများ တက်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ကျပ်နှစ်သိန်းဖုန်း လာမည့် 2013 ဧပြီလတွင် ဈေးလျှော့ရောင်းမည်

 
ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအမည် ဖြင့် ရောင်း ချခြင်းမပြုဘဲ မြန်မာ့ တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချ မည် ဟု သိရသည်။ ၄င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်း အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

”လက်ရှိကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဆက်လက်၍ ၄င်းက ”၄ လပိုင်း ဖုန်းရောင်းပေးမယ်ဆိုပေမယ့် ရက်တော့ သတ်မှတ် မ ထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာလဲ၊ ကုန်ကျ စ ရိတ် တွက်ချက်ပြီးမှ သိရမှာပါ။

ကုမ္ပဏီအပြိုင်အဆိုင် ရောင်းရမှာ ဆိုေ တာ့ တခြား ကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်းလျှော့ရောင်း သွား ရမှာ ပါ” ဟု ပြောသည်။
 ကိုးကား – Popular Myanmar News Journal

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားစတင်ကျင်းပ(13-10-2012)


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း မှ မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ်


့ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာကိုအကယ်ဒမီ လူမင်းမှ ဖတ်ကြားစဉ်


မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာတွင် "ရုပ်ရှင်ဆိုတဲ့ စကား စုရဲ့ အဓိပ္ပယ်က ရှင်းရှင်းလေး ဘဲ ရှင်သန်လှုပ်ရှားနေတဲ့ ရုပ်ပုံလွှာဘဲ ။

 ရုပ်ရှင်ကို ရုပ်သေ နဲ့ နှိုင်းပြီး စဉ်းစား လိုက်ရင် ရုပ်ရှင် အနုပညာရှင်များ ရဲ့ အရေးပါမှု ကို နားလည် လာစေနိုင်ပါ တယ်။
ရုပ်သေရဲ့ ဆွဲဆောင်မှုထက် ရုပ်ရှင်ရဲ့ ဆွဲဆောင် မှု၊ ဆွဲဆောင်မှု ရှိစေတာက ပိတ်ကား၊ ဖန်သားပေါ်မှာ ထင်လာစေတဲ့ လှုပ်ရှားမှုတွေပါ။

ပရိသတ်ရဲ့ ဦးနှောက်နဲ့ နှလုံးသားကိုပါ လှုပ်ရှားနေသလိုပါဘဲ ဒါကြောင့် ရုပ်ရှင် အနုပညာရှင်များက မိမိရဲ့ အနုပညာ ကို မှန်မှန်ကန်ကန် အသုံး ချဖို့ လိုအပ်ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့ မှာ ရုပ်ရှင်လောက သားများ လောက ကြီး အကျိုးဆထက်ပိုး သယ်ပိုးနိုင် ပါကြောင်း ဆုတောင်မေတ္တာ ပို့ သလိုက်ပါတယ်။"
ဟု အကယ်ဒမီ လူမင်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။


မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာသော ကိုမင်းကိုနိုင် နှင် ဦးဇာဂနာ




ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်


 on 13 Oct, 2012 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌ ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် Western Union သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် Myanmar Oriental Bank (မြန်မာအရှေ့ တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

ကနဦးသဘောတူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

`ကျွန်နော်တို့တွေ အခုလို မြန်မာနိုင်ငံနဲ့ ဒီလို လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ ဒီလိုပူးပေါင်းခြင်း ဟာ နှစ်ဖက်နိုင်ငံရပ်ခြားရောက်နေတဲ့ နိုင်ငံသားတွေအချင်းချင်း ငွေလွှဲ ပြောင်းမှု အဆင်ပြေလာမှာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကို လွယ်ကူစွာ ဆက်သွယ်နိုင်ပြီး မြန်မာနိုင်ငံလူမျိုးတွေနဲ့ ငွေကြေး ၁၀၀ ရာခိုင်နှုန်း ငွေကြေးလွှဲပြောင်းမှု တွေ လုပ်ချင်ပါတယ်´ ဟု Western Union Asia Pacific မှ Managing and senior vice- president ဖြစ်သည့် Drina Yue မှ Western Union Wed Site တွင်ပြောကြားထားသည်။

``Western Union ရဲ့လုပ်ငန်းတွေ စတင်ရင် အရင်ကလို ဟွန်ဒီစတဲ့ တရားမ၀င် ငွေလွှဲစနစ်တွေနဲ့ နိုင်ငံရပ်ခြားရောက်နေ တဲ့ မြန်မာတွေက ပြည်တွင်းကို ငွေလွှဲပြောင်းပေး ပို့စရာ မလိုတော့ဘူး၊ ဒါပေမဲ့ လွှဲပြောင်းတဲ့ ငွေကြေးတွေမှာ အခွန်ကောက်ခံမှုပြုတာတို့ ၊ ၀င်ငွေခွန်လိုက်တာတွေ ဖြစ်လာမှာကို တော့ သတိထားရမှာ ဖြစ်တယ်´´ ဟု ဂျပန်နိုင်ငံ၌ သင်္ဘောသားလုပ်ကိုင်နေသူ ကိုထက်အောင်ကိုက နိုင်ငံတကာ ငွေလွှဲပြောင်းမှုဆိုင်ရာ အားသာချက်အားနည်းချက်များအား ပြောသည်။

Western Union သည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အေဂျင်စီငါးသိန်းကျော်နှင့် ပူးပေါင်း လုပ်ကိုင် နေသည်ဖြစ်သောကြောင့် ငွေကြေးလွှဲပြောင်းမှုများစွာကို ကမ္ဘာပေါ်ရှိမည်သည့်နေရာ၌ မဆို အခက်အခဲမရှိ ငွေလွှဲနိုင်မည်ဖြစ်သည်။

“တရားဝင်ငွေကြေးလွှဲပြောင်းမှုတွေ ဖြစ်လာတဲ့အခါ အရင်ကလို ငွေကြေးလွှဲပြောင်းမှုမှာအထစ် အငေါ့ရှိမှာကိုတော့ စိုးရိမ်စရာ မလိုတော့ဘူး၊ ပြီးတော ကြားထဲက တဆင့်ခံ ပွဲစားတွေလည်း မလိုတော့ဘူးပေါ့၊ ပြီးတော့ အရင်ကဆို စီမံချက်နဲ့ဖမ်းဆီး မှုတွေ ၊ ဟွန်ဒီတွေက ထွက်ပြေး တိမ်းရှောင် မှုတွေရှိခဲလို့ငွေလွှဲသူတွေ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြတယ်”ဟု ရန်ကုန်မြို့မှ လျှပ်စစ်ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဟိန်းမင်းလတ်က ပြောသည်။

မြန်မာနိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှု နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ကြောင့်နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ရသည့် မြန်မာအလုပ်သမားများသည် ဟွန်ဒီဟု ခေါ်သည့် ငွေကြေးလွှဲပြောင်းမှုစနစ်တစ်မျိုးဖြင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုများသို့ မိမိတို့ရှာဖွေစုဆောင်းထားသည့် ငွေကြေးများအား ပြန်လည်လွှဲပြောင်းမှုများရှိကြောင်း သိရှိရသည်။

မြန်မာအရှေ့တိုင်းဘဏ်နှင့် Western Union တို့၏ ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကိုကနဦး အဆင့်စ တင်နေပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရပ်ခြားသို့ ငွေကြေးလွှဲပြောင်းလို့ရဦးမည် မဟုတ်သေးပဲ ၊ ပြည်ပနိုင်ငံမှ မြန်မာပြည်တွင်းသို့သာ ငွေကြေးလွှဲပြောင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှငွေလွှဲပြောင်းမှုတွေကို လုပ်ဆောင်နိုင်ရန်အတွက်လည်းအမြန်ဆုံးလုပ်ကိုင်နေကြောင်း၊ နိုင်ငံ ရပ်ခြားရောက် မြန်မာ များ၏ နိုင်ငံတွင်းသို့ ငွေကြေးလွှဲပြောင်းပေးပို့ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသိန်းခြောက်ထောင် နီးပါးရှိမည်ဟု မြန်မာအရှေ့တိုင်းဘဏ်မှ မန်နေဂျာတစ်ဦးက ပြောသည်။

မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup

OIC ရုံးဖွင့်မည်ကို မြို့ကြီးများ၌ ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေ


 မြန်မာနိုင်ငံတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီး OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာတော်များက မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အရ ရန်ကုန်နှင့် စစ်တွေမြို့ များတွင် OIC ၏ လေ့လာစောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြို့ကြီးများ၌ တပြိုင်တည်း ကန့်ကွက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ပြောသည်။

“အဓိက ကတော့ မြန်မာနိုင်ငံမှာ OIC ရုံးစိုက်ပြီး Islamisation (အစ္စလာမ် လွှမ်းမိုးမှု) လုပ်မယ့် ကိစ္စကို ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရဘူးဆိုတဲ့ သဘောထား တရပ်ကို တနိုင်ငံလုံး သာမက တကမ္ဘာလုံး သိအောင် ကျနော်တို့ နိုင်ငံက ကျနော်တို့ သဘောထားကို ပြချင်တာပါ” ဟု ဗကသများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် တဦးလည်း ဖြစ်သည့် ကိုရဲမင်းဦး က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲများနှင့် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ မြို့များအပြင် ပုသိမ်၊ စစ်တွေ၊ ပဲခူး၊ စစ်ကိုင်း၊ မော်လမြိုင်၊ ရေစကြိုနှင့် ပြည်မြို့တို့တွင် တနင်္လာနေ့ မွန်းလွဲ ၁ နာရီမှ တပြိုင်တည်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ လူစုလူဝေးဖြင့် တချိန်တည်း ဆန္ဒပြသည်ဟု ဆိုသော်လည်း ရဲစခန်းများအား အကြောင်း ကြားရုံသာ ပြုလုပ်ခဲ့ ပြီး ခွင့်ပြုချက် ရရှိရန် ခွင့်တောင်းစာ တင်ခဲ့ခြင်း မရှိ၍ အာဏာပိုင်များက အရေးယူလာလျှင်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ရင်ဆိုင် သွားမည်ဟု ကိုရဲမင်းဦး က ပြောဆိုသည်။

သို့သော်လည်း ဆန္ဒပြနေစဉ်အတွင်း သက်ဆိုင်ရာ ရဲစခန်းများက လုံခြုံရေး ယူပေးကြပါရန်လည်း မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် နာယက ဆရာတော် အရှင် ဝီရသူ က ပန်ကြားထားသည်။

“သူတို့ ပထမ ဘုန်းဘုန်းတို့ဆီကို အကြောင်းကြားလာတာက တနင်္ဂနွေနေ့မှာ လုပ်ဖို့။ အဲဒီနေ့က သံဃာတွေ မအားဘူး။ အဲဒါကြောင့် တနင်္လာနေ့ကို ရွှေ့လိုက်တယ်။ သူ့နေရာနဲ့သူ လုပ်ကြမှာပါ။ အချိန်ကတော့ တချိန်တည်းပဲ” ဟု အရှင် ဝီရသူက မဇ္ဈိမကို မိန့်ကြားသည်။

ဆန္ဒပြရန် စုရပ်အဖြစ် ရန်ကုန်မြို့အတွက် ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ် ကြေးသွန်း ဘုရားကြီး အနီးတွင် သတ်မှတ် ထားပြီး အခြားမြို့နယ်များတွင်လည်း အထင်ကရ နေရာ များတွင် စုရပ်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန်၊ ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် OIC အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေသည်။

အဆိုပါ အကူအညီများကို OIC က မူဆလင်များ အတွက်သာ ရည်ရွယ်ပြီး အခြား ဘာသာများအား အကူအညီ ပေးမည် မဟုတ်ဘဲ မြန်မာအစိုးရကလည်း နိုင်ငံတကာ၏ ဖိအားများအား စိုးရိမ်၍ OIC အဖွဲ့အား လက်ခံထားခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မီတီက ယူဆသည်။

မကြာခင်က ပြုလုပ်ခဲ့ကြသည့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဆန္ဒပြပွဲများနှင့် စစ်တွေမြို့ အမျိုးသမီးများ ချီတက်ဆန္ဒပြပွဲများတွင်လည်း OIC ရုံး ဖွင့်လှစ်မည့်အရေးကို ကန့်ကွက်သည့် သဘောထားများ ပါရှိခဲ့သည်။
စံခလပူရီ (မဇ္ဈိမ)  http://www.mizzimaburmese.com/news/inside-burma/10250-oic-----.html

ဗုံးဖောက်ခွဲမည့် အစီအစဉ် သတင်းကြောင့် ဗုဒ္ဓဂါယာ လုံခြုံရေး အနည်းငယ်တိုး

 
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟား ပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား စစ်ဆေးရာ ၎င်းတို့အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ် စာရင်းတွင် ဗုဒ္ဓဂါယာ ဘုရားကျောင်းလည်း ပါဝင်နေသည်ဟု သောကြာနေ့ထုတ် အိန္ဒိယ အင်္ဂလိပ် သတင်းစာကြီးများတွင် ဖော်ပြပါရှိသည်။

သို့သော် ကြာသပတေးနေ့က ပြုလုပ်သည့် ဒေလီအထူးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Neeraj Kumar ၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ “သူတို့ကို ကြိုးကိုင်သူတွေရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ ဒေလီမြို့တော်မှာ ဖောက်ခွဲတိုက်ခိုက်မှု တွေ လုပ်ဖို့ စီစဉ်နေခဲ့ကြပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ ဘီဟာပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာ ဟိန္ဒူ ဘုရားကျောင်းလည်း ပါတယ်” ဟု ဒေသခံ ဟင်န္ဒူစတန်နီစကားဖြင့် ပြောဆိုသွားသည်။

သို့သော် ဗုဒ္ဓဓါရာ ဟိန္ဒူဘုရားကျောင်း ဆိုသည်မှာလည်း ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင် တည်ရှိ သည့် မဟာဗောဓိ စေတီတော်နှင့် ကပ်လျက်တည်ရှိပြီး အကယ်၍ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲလိုပါက လူစည်ကားရာ မဟာဗောဓိ စေတီတော်ကြီးတွင် ဖောက်ခွဲနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။

ယခုကဲ့သို့ ဆောင်းအဝင်နှင့် ဆောင်းအထွက် ရာသီမျိုးမှာ ဗုဒ္ဓဂါယာ အပါအဝင် မဇ္ဈိမဒေသသို့ မြန်မာနိုင်ငံမှ ဘုရားဖူးများ စည်ကားသည့် ဘုရားဖူးရာသီ ဖြစ်သည်။

အကြမ်းဖက်သမားများ ဖမ်ဆီးရမိပြီးနောက် ဗုဒ္ဓဂါယာတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ပုံမှန်ဘုရား လုံခြုံရေးထက် ပိုမိုကြောင်း ဗုဒ္ဓဂါယာတွင် ခေတ္တသီတင်းသုံးနေသည့် မြန်မာရဟန်းတော် တပါးက မိန့်ဆိုသည်။

“မဟာဗောဓိမှာ လုံခြုံရေး နည်းနည်းတော့ တိုးထားတယ်။ ပုံမှန်ထက် နည်းနည်းတော့ စစ်ဆေးတာရှိတယ်။ အရင် ကတော့ ဂိတ် လုပ်ထားတာပဲရှိတယ်။ အခုဆိုရင်တော့ သတင်းရှိထားတော့ တဦးချင်း စစ်ဆေးမှာပေါ့” ဟု မဇ္စျိမကို မိန့်ဆိုသည်။

ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများ၏ ဖြောင့်ချက်အရ ၎င်းတို့အုပ်စုထဲမှ သုံးဦး လွတ်မြောက်နေသေး ကြောင်းလည်း သိရှိရသည်။

ဂါယာမြို့တွင် မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး “တပါးနှင့် တပါး သတိရှိစေရန်” ဖုန်းဖြင့် အသိပေးကြကြောင်း ဦးပဉ္ဇင်းမှ ဆက်လက် မိန့်ကြားသွားသည်။

စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

arrested Monks

ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာအဓိကရုဏ်းတွင် သင်္ဃာတော်(၂)ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့်လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။

"မနေ့က ပြဿနာအစရှာတာက ဘင်္ဂလီတွေက ဖန်တီးတာပါ၊ ဗုဒ္ဓဘာသာဝင် ဟိန္ဒူတွေကို အခုလိုနိုင်ထက်စီးနင်း အကြမ်းဖက်မှုအပေါ်မှာ ဒေသခံလူထုတွေက မကျေမနပ်ဖြစ်လို့ ဓါးနဲ့လိုက်ခုတ်တဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးအရေးယူပေးဖို့ တာဝန်ရှိရဲတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြတာကို စစ်တပ်က အကြမ်းနည်းနဲ့ လူအုပ်တွေကို ဖြိုခွင်းခဲ့ပါတယ်။ မျက်ရည်ယိုဗုံးကြောင့် မပြေးနိုင်တဲ့ လူ(၅)ဦးနှင့် သင်္ဃာတော်နှစ်ပါးကို ဖမ်းဆီးသွားပါတယ် (၅)ဦးထဲက တစ်ဦးကိုတော့ မတရားရိုက်နှက်ပြီး ဆွဲခေါ်သွားတာတော့ တွေ့လိုက်ရတယ်"ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။

ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွေ အကြမ်းဖက်ခံရမှုအပေါ်တွင် စစ်တွေမြို့မှ လူထုများအနေဖြင့် အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၌ ဗုဒ္ဓဘာသာဝင် ဟိန္ဒူများနှင့် မရာမာလူမျိုးများ ပူးပေါင်းပါဝင်လာမှုအပေါ် အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများက မကျေနပ်မှုကြောင့် ယခုကဲ့သို့ အဓိကရုဏ်းကို ဖန်တီးခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ဆိုသည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ဖျက်ဆီးခဲ့သော လူငယ်များအား ဖမ်းဆီးရမိ


မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့မှာ လူငယ်လေးဦးဖြစ်ပြီး အားလုံးအသက် ၂၀ ပင်မပြည့်ကြောင်းသိရကာ အရက်နှင့်ဆေးရောပြီးသုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသောကားများနှင့် နေအိမ်အဆောက်အအုံများကို လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' သတင်းတွေထွက်ပေါ်နေသလို (Danger)အဖွဲ့ဆိုတာမဟုတ်ပါဘူး။ ဒီအဖွဲ့က အရင်ကျူးလွန်ခဲ့ဖူးတဲ့ပြစ်မှုတွေအရ ဖမ်းဆီးခံရထားပြီးပါပြီ။ အားလုံးခုနစ်ယောက်ကို ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ ဖော်ထုတ် ဖမ်းဆီးမိထားပြီးပါပြီ။အခုဖြစ်တာက လူငယ်တွေအရက်နှင့် ဆေးလုံးရောပြီးသုံးစွဲရာမှ စိတ်ကြွပြီးလိုက်လုပ်ခဲ့တာပါ။သူတို့မှာ အဖွဲ့ဆိုတာ သီးသန့်မရှိပါဘူး။ အဲဒီ လူငယ်အုပ်စုထဲမှာပါတဲ့လူငယ်တစ်ဦးကို သံသယရှိတော့ မေးမြန်းကြည့်ရာမှ သတင်းရရှိပြီး အဲဒီညမှာပဲ ကျွန်တော်တို့မြို့အနှံ့လိုက်လံရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာပါ''ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါလူငယ်များမှာ ဟိုက်ကော်မရှင် အရက်တစ်ပုလင်း၊ ဂရင်းရွိုင်ရယ်( အဖုံးမည်း)တစ်ပုလင်းနှင့် ချောင်းဆိုးပျောက်ဆေး (ကျောက်စိမ်း)များကို အခင်းဖြစ်ပွားသည့် အောက်တိုဘာလ၁၀ရက်နေ့ ညနေပိုင်းမှစတင်ပြီး သုံးစွဲခဲ့ကြောင်း ညနက်ပိုင်းသို့ ရောက်လာသောအခါ ဆိုင်ကယ်နှစ်စီးဖြင့် စတင်မောင်းထွက်လာကာ ကန်ဖျားရပ်ကွက်မှ စတင်ပြီး တွေ့သမျှ ကားများ၏ မှန်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။အဆိုပါလူငယ်များတွင် လက်နက်များယူဆောင်လာခြင်းမရှိဘဲ အနီးတွင်တွေ့သည့် အုတ်ခဲ၊ကျောက်ခဲများကိုကောက်ယူကာ နေအိမ်များ၊ကားများ နှင့် ရုံးအဆောက်အအုံတစ်ခု၏ မှန်ပြတင်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာပြီး ကားများအိမ်များကိုလုပ်မိကြောင်း သိရသည်။

'' အခင်းဖြစ်ပြီးနောက် ကျွန်တော်တို့ ဒီအမှုကိုဖော်ထုတ်နိုင်ဖို့ အချိန်နှင့်အမျှစုံစမ်းနေရတာပါ။ မြိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ဦးရွှေညာမောင်ရဲ့ ညွန်ကြားမှုအတိုင်းလုပ်ဆောင်နေရင်းနှင့် တပ်ပြင်ရပ်က ဖြိုးဇော်ဦးကိုမသင်္ကာလို့ မေးမြန်းကြည့်ရာမှ သတင်းရပြီး အဲဒီလူငယ်တွေကိုလိုက်ဖမ်းခဲ့ရတာပါ လူပုံစံတွေကိုပြောပြချက်အရ လမ်းတွေမှာလိုက်ရှာပြီး ဖမ်းခဲ့ရတာပါ။ညဦးပိုင်းလောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရပြီး ည ၁၁ နာရီမှာ အားလုံးမိခဲ့ပါတယ်''ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါလူငယ်များကို ပုဒ်မ ၅၄၃/၂၀၁၂ အ.ပ.က ၆(၁) ဖြင့် မြိတ်မြို့ရဲစခန်းတွင် အရေးယူဆောင်ရွက်ထားပြီး ဖျက်ဆီးခံရသည့် ကားပိုင်ရှင်များနှင့် နေအိမ်၊ရုံးများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကာ ဖျက်ဆီးခံခဲ့ရသည့်ပိုင်ရှင်များမှ ပုဒ်မ ၄၂၇ နှင့်အမှုဖွင့်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အာကာ(ခ)အာကာနီဝင်း-၁၉နှစ် (ဘ) ဦးနီဝင်း-စခန်းသစ် ကျေးရွာ -ကျွန်းစုမြို့နယ်၊ ကလုံး (ခ) မျိုးသူရ -၁၉ နှစ်(ဘ)ဦးသိန်းဇံ-ဈေးတန်းရပ် -မြိတ်မြို့၊ ဖြိုးဇော်ဦး-၁၉ နှစ် (ဘ)ဦးညွန့်လွင်-တပ်ပြင်ရပ်-မြိတ်မြို့၊ ကဖြိုး (ခ)ညီနိုင်ဖြိုး-၁၈နှစ် (ဘ)ဦးမြင့်မောင်-ကော့သောင်းမြို့တို့ဖြစ်ကြောင်း သိရသည်။

MGL အမြန်ချောပို့လုပ်ငန်း ထားဝယ်တွင်စတင်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင်လိုင်စင်ရ အမြန်ချောပို့လုပ်ငန်းဖြစ်သည့် Magnate Group Logistics Co.ltd(MGL) ၏ အမြန်ချောပို့လုပ်ငန်းကို ထားဝယ်စာတိုက်ကြီးတွင် ကောင်တာဖွင့်လှစ်ပြီးဆောင်ရွက်လျက်ရှိ ကြောင်းတွေ့ရသည်။ပို့ဆောင်လိုသည့် စာနှင့်ပစ္စည်းများကို အိမ်တိုင်ရာရောက် လာရောက်သိမ်းဆည်း သယ်ယူ ပေးခြင်း၊ပေးဝေပြီးကြောင်း အကြောင်းပြန်ကြားခြင်း စသည့်ဝန်ဆောင်မှုများပေးနိုင်ကြောင်းသိရပြီး၊ထားဝယ်မြို့မှ ရန်ကုန်၊နေပြည်တော်၊မန္တလေးနှင့်မော်လမြိုင်မြို့ကြီးများအပါအ၀င် မြို့ကြီး(၁၄)မြို့သို့ပေးပို့နိုင်ကြောင်းသိရသည်။ သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Miss Myanmar နန်းခင်ဇေယျာ ရဲ့ မေတ္တာရပ်ခံချက်

အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့် Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။
အဲ့ဒီအတွက် ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက် မဖော်ပြတတ်လောက်အောင် ကျေး ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့ ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို ၀င်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ညီမရဲ့ သူငယ်ချင်း နိုင်ငံခြားသူတစ်ချို့က ညီမကို စေတနာသက်သက်နဲ့ သတိပေးစကားပြောလာပါတယ်။ အဲ့ဒါကတော့ ညီမရဲ့ Facebook Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto Refreshing Software အကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း ကျွမ်းကျွမ်းကျင်ကျင်ကြီးနားမလည်ပါဘူး။ ဒါပေမယ့် သူတို့ပြောသွားပုံအရတော့ အဲ့ဒါဟာ တရားမ၀င်ဘူးလို့ ပြောပါတယ်။ လူက vote လုပ်တာမဟုတ်ဘဲ Software ကပဲ Auto Vote လုပ်တာဖြစ်တဲ့အတွက် Illegal လို့ပြောပါတယ်။ တကယ်လို့ flickr ကသာ သိသွားလို့ တရားဝင်တိုင်ခဲ့ရင် ညီမကို vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်။

အဲ့ဒါကြောင့် ညီမစိုးရိမ်လို့ ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးသလိုသာ Illegal ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာကနေ ညီမက အဲ့ဒီ System ကိုမသုံးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးရဲ့ ညီမအပေါ်ထားတဲ့ မျှော်လင့်ချက် နဲ့ ညီမကို နိုင်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။

ညီမအတွက်နဲ့လည်း အပင်ပန်းခံပြီး တတ်အားသရွေ့ပံ့ပိုးပေးနေ၊ စောင့်ရှောက်ပေးနေတာကိုလည်း မျက်မြင်ကိုယ်တွေ့သိရှိ ထားပါတယ်။ အဲဒါကြောင့် အားလုံးပင်ပန်းဆင်းရဲခံပြီး ကြိုးစားထားတဲ့ အရာတွေကိုလည်း တရားမ၀င်ဖြစ်မသွားစေချင်ပါဘူး။ အခု ညီမရထားတဲ့ vote တွေဟာလည်း စက်က Auto ပေးထားတာမဟုတ်ဘဲ အများဆုံးက ညီမတို့နိုင်ငံသားတွေကိုယ်တိုင် ကြိုးစားပြီး၊ ပေးထားတဲ့ မဲတွေပဲလို့လည်း ညီမသိထား၊ ယုံကြည်ထားပါတယ်။

(လူအနေနဲ့ကတော့ အကြိမ်မြောက်များစွာ vote လုပ်နိုင်ပါတယ်) ပါနောက်ဆုံးအနေနဲ့ ညီမကို အမှန်တကယ် စောင့်ရှောက်ကူညီသောအနေနဲ့ အဲ့လို System သုံးပြီးမဲပေးနေတဲ့လူရှိရင်လည်း အမြန်ဆုံး အဲ့ဒီ System ကိုပြန်ဖြုတ်ပေးရမယ် လို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ အခုညီမကို အားပေးပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံသားတွေရဲ့ အင်အားနဲ့လည်း ပြိုင်ဖက်တွေကို သေချာပေါက်ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အခုညီမကို ပံ့ပိုးကူညီနေသူများရဲ့အင်အား နဲ့ မျှော်လင့်ချက်များဟာ တစ်ခြားဘယ်နိုင်ငံကပြိုင်ဖက်များမှ မရရှိနိုင်တဲ့ အရာတွေပါ။ အဲ့ဒါကိုလည်း ညီမအပြည့်အ၀ယုံကြည်ပါတယ်။ ညီမတို့အားလုံး သန့်ရှင်းစွာနဲ့ အတူတူအကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့ အားလုံးကိုတောင်းဆိုပါရစေ။

ညီမကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်

ချစ်ခြင်းများစွာနဲ့
နန်းခင်ဇေယျာ

ကချင်နဲ့ ဆွေးနွေးပွဲ ပြန်စဖို့ အစိုးရကမ်းလှမ်း

Add caတရုတ်-မြန်မာနယ်စပ် ရွှေလီမှာ အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်စဉ် မတ် ၈၊ ၂၀၁၂။ption


ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းတွေအတွင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်က ထပ်မံကမ်းလှမ်းထားပြီး ဒီတကြိမ်မှာတော့ KIO ဖက်က တောင်းဆိုထားတဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ KIOဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို ဗဟိုကော်မတီအစည်းအဝေး ထိုင်ပြီးတဲ့နောက်မှာ ဆွေးနွေးမယ့် နေရာနဲ့ ရက်ကို အကြောင်းပြန်ဖို့ ရှိနေပါတယ်။

ဒီတကြိမ်တွေ့ဆုံမှုမှာတော့ မပြေလည်သေးတဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အလေးထားဆွေးနွေးမယ့်အလားအလာရှိကြောင်းလည်း KIO ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

KIO နဲ့အစိုးရအကြားမှာ ဇွန်လအတွင်းက နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲရေးတွက် နှစ်ဖက်အကြား ဆွေးနွေးတာတွေဟာ ၃လကျော်လောက် ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုရပ်တန့်နေခဲ့တဲ့ အကြောင်းအချက်တွေထဲမှာ ဆွေးနွေးမယ့်နေရာ မသတ်မှတ်နိုင်တာကလည်း အကြောင်းရင်း တခုဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ KIOဘက်က တင်ပြထားတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးဆန်အောင်က ပြောပါတယ်။

“ဒီရက်ပိုင်းတော့ ဖြစ်လာမှာပါ။ အခု အစိုးရဖက်က အဆိုပြုထားတာရှိပါတယ်။ ၁၀ရက်နေ့ ညနေ ပို့တာပါ။ အရင်တုံးက KIO က အဆိုပြုထားတဲ့ ရွှေလီကိုပဲ အစိုးရက သဘောတူပေးလိုက်တာပါ။"

တွေ့ဆုံမယ့်ရက်ကိုတော့ KIOဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ပြီးတဲ့နောက်မှ အတိအကျ သိရမှာဖြစ်ကြောင်း ဦးဆန်အောင်က ဆက်ပြောပါတယ်။

“၁၁ရက်နေ့ကျ KIO က စာလက်ခံရပြီး ဒီကိစ္စကို နေရာ၊ အချိန်၊ ရက်တွေကို ကျနော်တို့ KIO ဗဟိုမှာ ဆွေးနွေးပြီးမှ ပြန်လည် အကြောင်းကြားပါမည်ဆိုပြီးမှ KIO ကလည်း အကြောင်းပြန်ပြီးပါပြီ။ ဆိုတော့ သူတို့ အစည်းအဝေး ထိုင်ပြီးတာနဲ့တော့ ရက်ကို သိရပါမယ်။ နေရာတော့ ပြဿနာမရှိတော့ဘူး ထင်ပါတယ်။”

KIO နဲ့ အစိုးရအကြားပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက တိုက်ပွဲတွေ ပြန်လည် စတင်ပြီး တဲ့နောက် ပြည်နယ်အဆင့်နဲ့ ၃ကြိမ်၊ ဦးအောင်သောင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၃ကြိမ် ဆွေးနွေး ခဲ့ပါတယ်။ ဒီနှစ် မေလဆန်းက အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအသစ်ပြန်လည် ဖွဲ့စည်းပြီးနောက်မှာ လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ကချင်ပြည်နယ်အတွင်းက KIOထိန်းချုပ်ရာ မိုင်ဂျာယန်မှာ အလွတ်သဘော ၃ကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက တရားဝင်ဆွေးနွေးပွဲကို မူဆယ်သို့မဟုတ် ဗန်းမော်မှာ ကျင်းပဖို့ အစိုးရဘက်က ကမ်းလှမ်းရာမှာတော့ KIO က တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အစိုးရနယ်မြေအတွင်း မဆွေးနွေးလိုကြောင်းနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံလိုကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ သြဂုတ်လ၂၅ရက်နေ့က အစိုးရဘက်က နေပြည်တော် ဒါမှမဟုတ် မူဆယ်မှာ တွေ့ဆုံဖို့ ထပ်မံအကြောင်းကြားခဲ့ပေမဲ့ KIO ဖက်က လက်မခံခဲ့ပါဘူး။

ဒီတခေါက်မှာတော့ ရွှေလီမှာ တွေ့ဆုံဖို့ အစိုးရဖက်က ကမ်းလှမ်းထားတာကြောင့် ၃လကျော် ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဆန်အောင်က သုံးသပ်ထားပါတယ်။ တွေ့ဆုံဆွေးနွေးမယ့် ရက်ကို သိနိုင်ဖို့ KIO ဗဟိုဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ တယ်လီဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်ပမှာ ရောက်ရှိနေတဲ့ KIO ရဲ့ အထွေထွေအတွင်းရေးမှုး ဒေါက်တာလဂျာကတော့ တကယ်လို့ ဆွေးနွေး ဖြစ်မယ်ဆိုရင် တပ်နေရာချထားရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်နိုင်ကြောင်းပြောပါတယ်။

“ဆွေးနွေးမယ် ဆိုရင်တော့ တပ်ပိုင်းပဲ ရှိမှာပဲ။ တပ်ပိုင်းသဘောပဲ။ အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့က အဲဒီ တပ်ပိုင်းကိစက အခုထိ ဘာမှ မဖြစ်သေးတာ။”

မြန်မာအစိုးရနဲ့ KIOနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် ဖားကန့်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဖက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားတဲ့ တနှစ်ကျော်ကြာ စစ်ပွဲကာလအတွင်းမှာတော့ စစ်ပြေးဒုက္ခသည် ၁သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
VOA

Miss Myanmar နန်းခင်ဇေယျာရဲ့ view counts ၁၄သိန်းပြည့်ပြီ

 

အခုကျွန်တော်တို့ view count ပေးနေခြင်းဟာ Miss International ဆုအတွက်မဟုတ်ပါဘူး ။ Miss Internet အတွက်ဖြစ်ပါတယ် ။
 Miss International 2012 ဆုကတော့ ရဖို့ရာသိပ်မလွယ်ကူလှပါဘူး ။
အတော်ဆုံးတွေထဲကမှ လှနေယုံသက်သက်မဟုတ်ပဲ အထွေထွေဗဟုသုတပြည့်စုံရမယ့်အပြင် Perfect ဖြစ်နေမှသာရနိုင်မှာဖြစ်ပါတယ် ။
 အခု စတားပြထားတဲ့နိုင်ငံတွေကတော့ Top view
တွေဖြစ်ပါတယ် ။
 မြန်မာကတော့ လောလောဆယ် 1,392,799 (13-10-2012 မြန်မာစံတော်ချိန်00:30 နာရီ)နဲ့ ပထမရနေပါတယ် ။
ယနေ့ Updated view counts များဖြစ်ပါတယ် ။ ၃း၃၀ မိနစ် ညနေ ရန်ကုန်စံတော်ချိန် ။

2 -Miss Ausltralia - 5,757 views
...31_Miss Indonesia - 56,031views
3_Miss Belarus - 4,134 views
52_Miss Poland - 38,092 views
67_Miss USA - 5,774 views
51_Miss Philippines - 209,478 views
44_Miss Namibia - 5,202 views
54_Miss Puerto Rico - 5,167 views
61_Miss Sweden - 74,182 views
11_Miss Colombia - 4,874
12_Miss Costa Rica - 4,001 views
4_Miss Belgium - 3,859 views
57_Miss Slovakia - 12,138 views
37_Miss Lebanon - 3,617 views
62_Miss Tahiti - 3,505 views
47_ Miss Nicaragua - 11,679 views
55_Miss Russia - 4,152 views
10_Miss Chinese Taipei - 4,602 views
34_Miss Japan - 15,247 views
66_UK - 5,260 views
8_Miss Cameroon - 3,690 views
14_Miss Denmark - 3,626 views
64_Miss Turkey - 16,020
68_Miss Venezuela - 10,007
29_Miss Hungary - 7,339 views
50_Miss Peru - 11,495 views
39_Miss Malaysia - 19,349
43_Miss Myanmar - 626,745 *****
22_Miss Gibraltar - 15,349 views
59_Miss Sri Lanka - 12,221
60_Miss Suriname - 6,988 views
24_Miss Guam - 4,816 views
33_Miss Italy - 6,368 views
18_Miss Finland - 5,285 views
36_Miss Latvia - 6,066 views
9_Miss Canada - 4,533 views
30_Miss India - 524,563 ****
48_Miss Panama - 6,430 views
56_Miss Singapore - 190,593
21_Miss Germany - 4,209 views
40_Miss Mauritius - 4,762 views
63_Miss Thailand - 89,480
35_Miss Korea - 7,558
7_Miss Brazil - 4,690 views
1_Miss Argentina - 4,446 views
17_Miss Estonia - 3,733 views
13_Miss Dominican Rep - 4,082 views
6_Miss Bolivia - 3,341 views
15_Miss Ecuador - 3,538 views
41_Miss Mexico - 17,825
32_Miss Israel - 4,333 views
16_Miss El Salvador - 4,661 views
19_Miss France - 127,261 views
20_Miss Gabon - 3,964 views
26_Miss Haiti - 49,018
58_Miss Spain - 4,228 views
28_Miss Hongkong  - 139,418
42_Miss Mongolia - 5,595
45_Miss Nepal - 5,057
38_Miss Macau - 301,883 ***
27_Miss Honduras - 3,642 views
5_Miss Belize - 351,669 views ***
65_Miss Ukraine - 14,490 views
69_Miss Virgin Islands - 3,563 views
25_Miss Guatemala - 38,471
49_Miss Paraguay - 5,124 views
23_Miss Guadeloupe - 3,220 views
46_Miss New Zealand - 3,994 views
58_Miss Portugal - 11,960 views

သက်တန့်ချို
မူရင်းသတင်း-- သက်တန့်ချို

Friday, October 12, 2012

စစ်တွေလူထု ဆန္ဒပြ တောင်းဆိုပွဲ ထပ်မံ ပေါ်ပေါက်

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ဗုဒ္ဓဘာသာဝင်များအရေးကို ဘင်္ဂလာ အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် OIC မြန်မာနိုင်ငံသို့ ၀င်ရောက်မည့် ကိစ္စအား ကန့်ကွက် ဆန္ဒပြပွဲတခုကို ယနေ့တွင်လည်း ရခိုင်လူထုက စစ်တွေမြို့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ယနေ့ (အောက်တိုဘာ ၁၂) နေ့ နေ့လည် ၂နာရီခန့်တွင် စစ်တွေမြို့ရှိ ဘင်္ဂလာ ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်၊ မာရမာကြီးနှင့် ဟိန္ဒိ အမျိုးသားများက  စုဝေးပြီး ပြုလုပ်ခဲ့ကြသည်။
ဦးဆောင်သူ တဦးဖြစ်သူ ကိုကျော်ဇောဦးက ယခုလို ပြောသည်။
“ ကျနော်တို့ ဘင်္ဂလာ ကောင်စစ်ဝန်ရုံးရှေ့မှာ လူစုပြီးတော့ အဲဒီကပဲ ဆန္ဒပြပွဲကို စတင်ခဲ့ကြပါတယ်။ အခုကျနော်တို့ လူစု ခွဲနေကြပါပြီ။ ကျနော်တို့ အခု ဘီလူးမ တံတားနားမှာ ရောက်နေကြပါပြီ (မြန်မာ စံတော်ချိန် ၃နာရီခွဲ)။ အခုပဲ အောင်အောင်မြင်မြင်နဲ့ လူစု ခွဲလိုက်ကြတာပါ” ဟု ဆိုသည်။
ဆန္ဒပြပွဲတွင် တောင်းဆိုကြသည့် အချက်များကိုလည်း ကိုကျော်ဇောဦးက ယခုကဲ့သို့ ဆက်လက်ပြောကြား သည်။
“ ဟုတ်ကဲ့။ ကျနော်တို့ အဲဒီ ကောင်စစ်ဝန်ရုံးရှေ့မှာပဲ တောင်းဆိုစာ တစောင်ကို ပေးပါတယ်။ သူတို့ဆီက တယောက်မှ ဆင်းပြီးတော့ လက်မခံပါဘူး။ အဲဒီနားက လုံခြုံရေးတွေက သူတို့ကိုပေးခဲ့ဆိုပြီးတော့ ပြောပါတယ်။ ကျနော်တို့က ဒါကို လက်မခံပါဘူး။ ဒါကြောင့် မပေးခဲ့ဖြစ်ပါ။ တောင်းဆိုတာကတော့ ဘင်္ဂလားမှာ အကြမ်းဖက်ခံရတဲ့ ဂျူးမား၊ ဘရူမားလို့ခေါ်တဲ့ ဗုဒ္ဓဘာသာ လူမျိုးတွေကို တခြား ဗုဒ္ဓဘာသာဝင် တွေကို ဘင်္ဂလာအစိုးရက အကာအကွယ်ပေးဖို့၊ အပြစ်ရှိသူတွေကို အမြန်ဆုံး ဖော်ထုန် အရေးယူပေးဖို့၊ ပျက်စီး ဆုံးရှုံးမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ ပြီးတော့ OIC မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် ရုံးဖွင့်မယ်ဆိုတာကို လုံးဝ အလိုမရှိစတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ရတာ ဖြစ်ပါတယ်။”
ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြတောင်းဆိုပွဲတွင် ရခိုင်ကျောင်းသားသမဂ္ဂ၊ ရခိုင်လူငယ်များကွန်ရက်၊ မရာမာကြီး အသင်း၊ ဟိန္ဒူ အသင်းနှင့် စစ်တွေ အခြေစိုက် အခြားရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဓာတ်ပုံများ၊ ပိုစတာများ အသီးသီး ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြပြီး မရမာကြီးလူမျိုးများကလည်း “ ဂျူမား၊ မရမာကြီး….သင်တို့နှင့်အတူ ကျွန်ုပ်တို့ ရှိပါသည်” ဟု ရေးသား ထားသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
ယခုအခါတွင် OIC မြန်မာဝင်ရောက်မည့်ကိစ္စနှင့် ပက်သတ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲများမှာ ရန်ကုန်၊ မန္တလေးအပါအ၀င် နယ်မြို့များတွင်လည်း ပိုမို တောင်းဆို ပြုလုပ်လျှက်ရှိကြသည်။
“ OIC ကို ကျနော်တို့ ကန့်ကွက်ရတာက (၁) အချက် ၂၀၁၁ ခုနှစ်မှာ ရိုဟင်ဂျာ နာမည်ခံ အဖွဲ့အစည်းပေါင်း  ၂၅ဖွဲ့ကို Arakan Rohinjya Union ဆိုပြီးတော့ ကမကထ လုပ်ပြီးတော့ ဖွဲ့ပေးပါတယ်။ အဲဒီ အထဲမှာ လက်နက်ကိုင်အဖွဲ့တွေလည်း ပါတယ်။ ဒါဟာ အကြမ်းဖက်သမားကို တစိတ်တပိုင်း အားပေးတဲ့ သဘောပါပဲ။ နောက် တချက်က နိုင်ငံတကာက အကြမ်းသမား definition  ကို OIC က လက်မခံဘူး။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား အဓိပ္ပါယ် ဖွင့်ဆိုချက် (definition)နဲ့ OIC က သတ်မှတ်ထားတဲ့ (definition) ဖွင့်ဆိုချက်က မတူဘူး။ ပြီးတော့ ကျနော်တို့က OIC ကို Islamization  ရဲ့ အေးဂျင့်လို့ မြင်တယ်။ ဒါကြောင့် လက်ခံနိုင်စရာ လုံးဝ မရှိပါ”  ဟု ကိုကျော်ဇောဦးက သုံးသပ်ပြောဆိုသည်။
လူမှုကွန်ယက်တခုဖြစ်သည့် Facebook တွင်လည်း မြန်မာပြည်သူ ပြည်သားများက OIC အား ကန့်ကွက်သည့် အနေဖြင့် မိမိကိုယ်ပိုင်အကောင့်ဓာတ်ပုံများတွင် OIC ကန့်ကွက်သည့် အမှတ်အသား ဓာတ်ပုံများ တင်ကာ ဆန့်ကျင် ကန့်ကွက်လျှက်ရှိကြသည်။
နိရဉ္စရာ

စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်

 Hidu 1












ယနေ့ညနေ (၈)နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်(အင်ပါလာရပ်ကွက်)မှ ဘင်္ဂလီမူဆလင်များက အကြမ်းဖက်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင်မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်းသွားကြရာတွင် ယင်းအောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂလီမူဆလင်များက လမ်းမထဲသို့ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့်လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

"ကျနော်ထင်တာတော့ ဒီကနေ့ အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဟိန္ဒူတွေ၊ မရာမာတွေ ပါဝင်လာတာကို မကျေနပ်လို့ အခုလို အကြမ်းဖက်တာလို့ထင်ပါတယ်။ ခုတော့ စစ်တပ်နဲ့ လုံထိန်းရဲတွေ ရောက်နေကြပြီး အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ အဲဒီဘင်္ဂလီရပ်ကွက်ထဲကို စစ်တပ်ကားတွေ ၀င်သွားတာလည်း တွေ့ပါတယ်။"ဟု စစ်တွေမြို့မှ မရာမာ လူငယ်တစ်ဦးက ပြောသည်။

ယင်းဘင်္ဂလီများသည် ဟိန္ဒူများအား ဓါးဖြင့် လိုက်ခုတ်ယင်း မောလိပ်ရပ်ကွက် ရေတွင်းလမ်းတစ်လျှောက် ချီတက်လာခဲ့ရာ၊ ယခုအချိန်တွင် နှစ်ဖက်အခြေအနေ ထိန်းမနိုင်သိမ်းမရဖြစ်နေသဖြင့် သေနတ်ပစ်ဖောက်ကာ မျက်ရည်ဗုံးများဖြင့် ဖြိုခွင်းနေကြောင်း သိရှိရသည်။

"အခု စစ်တပ်က လူအုပ်တွေကို မျက်ရည်ယိုဗုံးနှင့်ဖြိုခွင်းပြီး သေနတ်ထောင်ဖောက်နေလို့ လူတွေအားလုံး ပြေးနေကြရပါတယ်။ အခုကျနော်လည်း အိမ်တစ်အိမ်မှာ ၀င်ပုန်းနေရပါတယ်"ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။

စစ်တွေမြို့တွင် ဇွန်လမှစ၍ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းများကြောင့် နိုင်ငံတော်အစိုးရမှ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့်အတွက် ယင်း ပုဒ်မ-၁၄၄ အမိန့်ကို ည ၁၀နာရီမှ မနက် ၄နာရီထိလျှော့ချ ထားလိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂလီမူဆလင်များမှာ ပဋိပက္ခများကို ထပ်မံဖန်တီးနေကြောင်း ဒေသခံများက ဆိုသည်။

www.arakantimes.net

မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ

 သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍ အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။ ။

“ကော်မတီဝင် ၇ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှုပ်ရှားလာခဲ့တယ်လို့ သူတို့ ပြောတယ်” မုံးပေါ်သို့ရောက်ရှိခဲ့သော လားရှိုးဒေသခံတဦးကပြောသည်။ ။
001-_MB__training
မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း

မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းကို ဩဂတ်စ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပြီး ဩဂတ်စ်လ ၂၀ ရက်နေ့က စတင်လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။ ဩဂတ်စ်လအတွင်း ၆ ကြိမ်ဖမ်းဆီးမှုပြုလုပ်ရာ ရွာ ၆ ရွာမှ ရောင်း၊ဝယ်၊ သုံးစွဲသူ လူ ၁၆ ဦးဖမ်းဆီးခဲ့သည်။ ဆေးမှုန့် ၄ ပုလင်း၊ ဆေးပြား ၆၉ ပြား၊ ပိုက် ၉ ခုနှင့် ဘိန်းမဲ ၂ မူးဖမ်းဆီးရမိ သည်ဟု အသင်း၏ လှုပ်ရှားမှုမှတ်တမ်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။ ။

ထို့အပြင် စက်တင်ဘာလ အတွင်းလှုပ်ရှားမှုတွင် ၇ ကြိမ်ဖမ်းဆီးမှုပြုရာ ကျေးရွာ ၁၀ ရွာမှ ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို စစ်ဆေးဖမ်းဆီးခဲ့သည်။ ဘိန်းဖြူ ၅ ပုလင်းခွဲ၊ ဘိန်းမဲတချို့၊ ပိုက် ၄၂ ချောင်း၊ ဆေးပြား ၂၀၀ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ။

ဩဂတ်စ်လနှင့် စက်တင်ဘာလတို့၌ဖမ်းဆီးရမိသော ပစ္စည်းတချို့ကို စက်တင်ဘာလ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လည်း အဆိုပါ လားရှိုးဒေသခံက ဆက်လက်ပြောပြသည်။။

“ မူးယစ်ဆေးဝါး အကျိုးဆက်တွေကို မခံမရပ်နိုင်လို့ စုပေါင်းတိုက်ဖျက်ကြမယ် ဆိုပြီး မုံးပေါ်က မိခင်တွေကနေစပြီး ဆွေးနွေးဖြစ်ကြတယ်လို့ပြောတယ်။ ဒီမုံးပေါ်ဇုံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်အောင် ၃ နှစ်စီမံကိန်းနဲ့လုပ်သွားမယ်လို့ ပြောတယ်။ ။

ဒီအမျိုးသမီးအဖွဲ့ကတော့ တကယ်လဲလှုပ်ရှားတယ် ဖမ်းဆီးတယ်။ သူတို့လှုပ်ရှားမှုလုပ်ငန်းမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲ့တချို့ဆီကနေ ပံ့ပိုးမှုအနည်းငယ်တော့ ရရှိခဲ့တယ်။ ထိရောက်တဲ့ပူးပေါင်းမှုတော့ မရရှိဘူးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးများမှဖွဲ့စည်းထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအကြောင်း စုံစမ်းလေ့လာခဲ့ရသည့်အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ
၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။
၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၎-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် -
ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။
002-_MB_training
မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း

ကြူကုတ်မြို့နယ်ခွဲအတွင်းရှိ မုံးပေါ်ဇုံ၌ မူးယစ်ဆေးဝါး ပေါများလျက်ရှိရာ ဆေးသုံးသူမရှိသည့် မိသားစုမရှိ (အနည်းဆုံး တအိမ်တယောက်) ဖြစ်နေသည်ဟု ဆိုပါသည်။ မုံးပေါ်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးကိန်မိုင်အားလည်း လွှတ်တော် ရောက် မူးယစ်ရာဇာဟု Shan Drug Watch အစီရင်ခံစာက ရေးသားထားပါသည်။ ထို့အတူ အဆိုပါ မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း၏ ခေါင်းဆောင်ပိုင်းများသည် ဒေသခံအာဏာရှိပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်မှုရှိမရှိ မသိရသေးဟု ဆိုပါသည်။

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်၊ ဂယာမြို့က မဟာဗောဓိ စေတီတော်

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။

မကြာခင် ရောက်လာတော့မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေ၀ါလီပွဲတော်အတွင်း မြို့တော် နယူးဒေလီရဲ့ အထင်ကရနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊ လူစည်ကားမယ့်နေရာတွေမှာ ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း၊ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေ အများစု လာကြတဲ့ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ ဂယာက မဟာဗောဓိ စေတီတော် ပရ၀ုဏ်အတွင်း အပါအ၀င် တခြား သာသနိက အဆောက်အဦနေရာတွေမှာလည်း ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်းကို တရားခံ ၃ ယောက်က ဖြောင့်ချက်ပေး ၀န်ခံခဲ့တယ်လို့ မနေ့ညနေက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေလီရဲမှူးက ပြောပါတယ်။

ဘီဟားပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်းကြားထားပြီး ဂယာက မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ လုံခြုံရေးအထူးချထားကြောင်း၊ အခု ဖမ်းမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေကိုလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်နေတယ်လို့ ရဲက ပြောပါတယ်။

တရားခံ ၃ ယောက်ဖြစ်တဲ့ အာဆက်ဒ်ခန်း (၃၃) နှစ်၊ အီမ်ရ်မ်ခန်း (၃၁) နှစ် နဲ့ ဖီရော့ဇ် ခေါ် ဟမ်ဇ (၃၈) နှစ် တို့ကို ရဲက စစ်ဆေးတဲ့အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့တုန်းက အိန္ဒိယတောင်ပိုင်း ပူနေးမြို့ ဗုံးပေါက်ကွဲမှုတွေမှာလည်း ပါဝင်ခဲ့တဲ့အကြောင်း၊ သူတို့ဟာ အိန္ဒိယ မူဂျာဟစ်ဒင်ခေါင်းဆောင် ရာစင်ဘာတ်ခါလ်တို့ ညီအစ်ကိုရဲ့ ညွှန်ကြားမှုနဲ့ အကြမ်းဖက်မှုတွေ လုပ်ဖို့ စီစဉ်ထားတာဖြစ်တဲ့အကြောင်း တရားခံတွေက ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ၃ ယောက်ဟာ ပူနေး တရားရုံးချုပ်နဲ့ မဟာရာစတာ ပြည်နယ်က ရာဝါဒါ ဗဟိုအကျဉ်းထောင်တွေကို ဖောက်ခွဲဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အစီအစဉ် ပျက်သွားခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။
ဧရာဝတီblog

The Nobel Peace Prize 2012 ကို EUရရှိ

 European Union (EU)  
                                             The Nobel Peace Prize 2012 European Union (EU)

European Union (EU)

The Nobel Peace Prize 2012 was awarded to European Union (EU) "for over six decades contributed to the advancement of peace and reconciliation, democracy and human rights in Europe".

ရှားခဲအင်းပြဿနာအား အရေးကြီးအဆိုအဖြစ် တိုင်းလွှတ်တော်၌ အတည်ပြု

 
12 Oct, 2012
 ကျင်းပနေသော ဧရာဝတီတိုင်းလွှတ်တော်တွင် ရှားခဲအင်းပြဿနာနှင့်ပတ်သက်၍ ကျုံပျော်(၁)မဲဆန္ဒနယ်ကိုယ်စား လှယ် ဦးသန်းထွန်း တင်သွင်းခဲ့သော အရေးကြီးအဆိုအား ကိုယ်စားလှယ်(၅)ဦးမှ ဆွေးနွေး အတည်ပြုလိုက်ပြီဖြစ်သည်။

 လွှတ်တော်စတင်ကျင်းပသောနေ့၌ပင် ဦးသန်းထွန်းမှ ရှားခဲအင်းပြဿနာများမှာ တာဝန်ရှိသူတို့မှ အချိန်နှင့် တပြေးညီ ဖြေရှင်း မပေးခဲ့၍ မင်းမဲ့စရိုက်များ၊ လူသတ်ပွဲများ ဖြစ်ခဲ့ခြင်း၊ ရဲဝန်ထမ်းအချို့မှ ဥပဒေနှင့် မညီသော ဖြေရှင်းမှုတို့ကြောင့် လူ ၂ ဦးသေနတ်ပစ်ခံရ၍ သေဆုံးရခြင်းများရှိကြောင်းနှင့် ယခုထိကျေးရွာနေပြည်သူများ၏ လုံခြုံရေးနှင့် ဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အမြန်ဆုံးဥပဒေနည်းလမ်းများဖြင့် ဆောင်ရွက်ပေးပါရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
 “ဦးသန်းထွန်းရဲ့အဆိုကို လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်နဲ့ဝန်ကြီး ၂ ယောက်ရယ် ကြားဖြတ်ရွေးကောက်ပွဲက ရေကြည်(၂)ကိုယ်စားလှယ်ဖြစ်လာတဲ့ ဒေါက်တာလှမြတ်သွေးနဲ့ ကိုယ်စားလှယ်(၃) ယောက် ရယ် စုစုပေါင်းငါးယောက်က ဆွေးနွေးပြီး လွှတ်တော်ဥက္ကဌက အတည်ပြုခဲ့တာပါ” ဟု တိုင်းလွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့သူ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 ထိုသို့ဆွေးနွေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြီးခဲ့သည့်လ(၂၇)ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်များ ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများနှင့် ပစ်ခတ်မှုတွင်တာဝန်ရှိသော ရဲဝန်ထမ်းများ၊ ကိုတလုတ်(၀င်းနိုင်) အားဥပဒေမဲ့ သတ်ဖြတ်ခဲ့သော ၀ိုင်းဝိုင်းလည် ငါးကုန်ထုတ်(သ/မ)၀န်ထမ်း ဖိုးလူဝနှင့်အပေါင်းအပါ ၂၁ ဦးမှ (၆)ဦးကို ဖမ်းဆီးပြီး ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

 “သူတို့ပြောနေတဲ့ လူနည်းစုအုံကြွမှုဆိုတာမဟုတ်ပါဘူး၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့ရေလုပ်သားတွေက လူနည်းစု မဟုတ်ကြောင်း သူတို့တွေရက်ပေါင်းများစွာ ငါးမဖမ်းရလို့ငတ်လာတဲ့အခါ ဆူပူအုံကြွခဲ့ကြတာ ဖြစ်ကြောင်းနဲ့ ဒီဒေသတွင်း ဖြစ်ပေါ်နေတဲ့ အင်းပြဿနာတွေက ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ နိုင်ငံတော်လမ်းစဉ်ကို အောက်ခြေ လူတန်းစားသံသယဖြစ်စရာ ကြုံခဲ့တာကြောင့် တိုင်းအစိုးရနဲ့ တိုင်းလွှတ် တော်ဂုဏ်သိက္ခာ ကျဆင်းရကြောင်း ဆွေးနွေးခဲ့ပါတယ်” 

ဟု NLD ပါတီမှ တစ်ဦးတည်းသော တိုင်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ Dr လှမြတ်သွေး ကပြောသည်။ဆွေးနွေးရာတွင်ပါဝင်ခဲ့သူ ပန်းတနော်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမန်းသက်တင်ကလည်း ယခု ကဲ့သို့ ဆွေးနွေးခဲ့သည်။
“အဲ့ဒီဒေသက အရာရှိဆိုးတွေနဲ့ အပေါင်းအပါ တာဝန်ရှိသူတွေကို ပြည်သူတွေက မျောက်ကို မြင်ရင်ခဲနဲ့ ထုချင်သလို လုပ် နေလို့ တိုင်းပြည်ကာကွယ်မှုမှာ အသုံးမချနိုင်ဘဲဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့အသက်တွေ နစ်နာခဲ့ကြောင်း ဆွေးနွေးခဲ့ တာပါ”
ဟု ၄င်းက ပြောသည်။ ဦးသန်းထွန်း၏အဆိုကို လုံခြုံ/နယ်စပ်ဝန်ကြီး၊ စီမံ/စီပွားဝန်ကြီး၊ ဟသာင်္တ(၂)ကိုယ်စားလှယ်ဒေါက်တာသိမ်းစိုး၊ ရေကြည်(၂) ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး၊ ပန်းတနော် (၁) ကိုယ်စားလှယ် ဦးမန်းသက်ဝင် တို့မှ ဆွေးနွေးခဲ့ပြီးနောက်
လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ
“ဒီလိုကိစ္စတွေဟာ အခုတိုင်း အတွင်းမှာ အလားတူ ဖြစ်ရပ်တွေ ထပ်ဖြစ်ဖို့ အလားအလာတွေရှိနေတဲ့ အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ကြောင်း ပြောဆို ပြီး လွှတ်တော်ကို သဘောတူပါသလားလို့ (၃)ကြိမ်မေးခဲ့ရာမှာ သဘောတူခဲ့လို့ အတည်ပြုခဲ့တာပါ။”
ဟု ၄င်းက ဆက်ပြောသည်။ ဧရာဝတီတိုင်းအတွင်း အင်းပေါင်း(၃၀၉)အင်းရှိသည့်အနက် အင်းကုမ္ပဏီများမှ (၁၁၃)အင်း၊ (၈၉)အင်းမှာ လေလံစနစ်ဖြင့်၎င်း (၈၇)အင်းမှာ ငွေရှင်ကြေးရှင်တို့မှ လက်ဝယ်ထားကာ လက်ရှိလုပ်ကိုင်နေကြပြီး ရှားခဲအင်း ပြဿနာကဲ့သို့  ပြဿနာ များဖြစ်ပွားရန်အစပြုနေသော အင်းများစွာရှိနေကြောင်း သိရသည်။

၂၀၁၂ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ကြေညာချက်အားတိုက်၇ိုက်ကြည့်၇န်


၂၀၁၂ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ကြေညာရန် (၃၅) မိနစ်အလို

၂၀၁၂ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ကြေညာချက်အားတိုက်၇ိုက်ကြည့်၇န်


http://www.nobelprize.org/

အမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံးလေယာဉ်တင် သင်္ဘောကြီး (၂)စီး အရှေ့တောင် အာရှဒေသအတွင်းသို့ ရောက်ရှိ


Friday, 12 October 2012
 Air_shipddsssssecအမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး အဆင့်မြင့် လေယာဉ်တင် သင်္ဘောကြီး (၂) စီးဖြစ်သော USS John C.Stennis နှင့် USS George Washington တို့သည် ယခု အပတ်အတွင်း အာဆီယံ ဒေသသို့ ရောက်ရှိ လာခဲ့သည်။ ယနေ့ (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ်တင် သင်္ဘော USS John C. Stenni s သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်း ခြေတွင် ၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ အာဆီယံ နိုင်ငံများသို့ အမေရိကန် လေယာဉ်တင် သင်္ဘော (၂) စီး၊ တစ်ချိန်တည်း တစ်ပြိုင်တည်းရောက် ရှိနေသည်မှာ သာမန် တိုက်ဆိုင်မှုမျိုး မဟုတ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အချို့က ယခုကဲ့သို့ အာဆီယံ ဒေသအတွင်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘော(၂)စင်း ရောက်ရှိနေခြင်းမှာ အမေရိကန်သမ္မတ အိုဘားမား အရှေ့တောင် အာရှနိုင်ငံများသို့ လာရောက် လည်ပတ် လိမ့်မည်ဟု ခန့်မှန်း ပြောဆိုကြသည်။

မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်လည်ပတ်စဉ် ထုတ်ပြန် ကြေငြာချက်များအရ သမ္မတ အိုဘားမား အနေဖြင့် ၎င်း၏သမ္မတ ပထမသက်တမ်းမကုန်ခင် မြန်မာနိုင်ငံသို့ သွားရောက်လည် ပတ်မည်ဟု ပြောဆို ကြေငြာထားသောကြောင့် ၄င်းလေယာဉ်တင် သင်္ဘောကြီး (၂) စီး၏ လှုပ်ရှားမှုသည် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းကြသည်။

ရွှေဟင်္သာ

မလေးရှားမှ မြန်မာအစိုးရသို့  ပိပိရိရိလိမ်ခြင်း

စတေကာ မခွာမီနှင့် ခွာပြီးပုံ (စတေကာအား တစ်နေရာတည်းတွင်)နှစ်ထပ်ပြုလုပ်ထားသည်
 မလေးရှားအဖွဲ့မှ ယခုအပတ်အတွင်း ကယ်ဆယ်ရေးစခန်းများသို့ ပေးသော ကယ်ဆယ်ရေးပစ္စည်းများထည့်သည့် ပုံးတွင် သွေးထိုးလှုံ့ဆော်ထားသည် ဓါတ်ပုံများ ပါဝင်နေကြောင်းကို တွေ့ရှိရပါသည်။

ထိုသို့ပါဝင်ခြင်းများကို ပုံး၏အပြင်ဘက်အား ရေဖြ င့်စိုအောင်ပြုလုပ်ပြီး ခြစ် ကြည့်ရာ ဘင်္ဂလီများအား ရိုဟင်ဂျာဟုရေးသားထားကြောင်းနှင့် ဘင်္ဂလီများ ၏ ငိုယိုနေပုံများကိုထည့်သွင်းဖော်ပြထားကြောင်းလည်းတွေ့ရှိရပါသည်။

မြန်မာအစိုးရနှင့်သဘောတူ လာရောက်ပူးပေါင်းပေးအပ်သော ထောက်ပံ့ရေး ပစ္စည်း များတွင် ထိုသို့ မရိုးမသား သောနည်းများကိုအသုံးပြုခြင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံအစိုးရအဖွဲ့အား အကြီးမားဆုံး စော် ကားမှုတစ်ရပ်ဖြစ်ကြောင်း ရှုမြင်မိပါသည်။

ထို့အပြင် ရခိုင်နှင့်ကုလားများ ထပ်မံပဋိပက္ခဖြစ်အောင် သွေးထိုးလှုပ်ဆော် ပေးခြင်းတစ်မျိုး ဟုလည်း သုံးသပ်မိပါသည်။ မလေးရှား အဖွဲ့မှ ရိုးသား သည်ဟုဆိုလျင် ထိုသို့သော လုပ်ရပ်များကို ပြုလုပ်မည်မဟုတ်ကြောင်း မရိုး သားသည့်အတွက် အပြင်ဘက်တွင် အမြင်ကောင်းအောင်လုပ်ကာ အတွင်း ဘက်တွင် လှုံ့ဆော်ထားသည်များကို တွေ့ရှိရပါသည်။

ရခိုင်ကယ်ဆယ်ရေးစခန်းများနှင့်ဘင်္ဂလီကယ်ဆယ်ရေးစခန်းများသို့ အောက် တိုဘာလ ၉ နှင့် ၁၀ တို့တွင် သွားရောက်ပေးခဲ့သော ကယ်ဆယ်ရေးပစ္စည့် ထည့်သည့် ပုံးများအား ရေဖြင့်ဆွတ်ကာ တိုက်ကြည့်လိုက်ပါ။ အောက် ဘက် တွင် ဘင်္ဂလီမ များ ငိုယိုနေသည့်ပုံကိုတွေ့ရှိရမည်ဖြစ်ပါသည်။

ယင်းတွက် ရခိုင်တစ်မျိုးသားလုံးကိုယ်စား မလေးရှားမှလာရောက်ခဲ့သည့် Humanitarian Mission အဖွဲ့အား လုံးဝမထောက်ခံသည့် အပြင် ရခိုင် ပြည် နယ်သို့ လုံးဝပြန်မလာရန် အကြီးအကျယ် ကန့်ကွက် ပါသည်။

ရခိုင်များကို လိမ်လည်လှည့်ဖျားသည့် ထိုအဖွဲ့အား မည်သည့်နည်းနှင့် မျှ အ၀င်အခံနိုင်တော့ကြောင်း အသိပေးအပ်ပါသည်။ အစိုးရအဖွဲ့ကိုလည်း လိမ်လည်ခြင်းအပေါ် ရခိုင်ပြည်သူ တစ်ရပ်လုံးက မကျေမနပ်ဖြစ်နေကြ ကြောင်း နှင့် ယင်းပုံးများအတွင်းမည်သည့် ပစ္စည်းများပါသည်ကို သေ ချာအောင် စစ်ဆေးရမည့်အနေအထားရှိနေပါကြောင်း ပြည်သူများက ပြောဆိုနေကြပါသည်။

ထိုသိုလုပ်ကြံထားသည်ကို အစိုးရအဖွဲ့အနေဖြင့်လည်း လုံးဝမရိပ်မိခဲ့ သဖြင့် ပိပိရိရိအလိမ်ခံရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြပါသည်။ အပြင်ဘက်တွင် အမြင်ကောင်းအောင်ပြထားပြီး အောက်ဘက်တွင် လိမ်ထား ခြင်းကို မည်သူမျှမသိလိုက်ကြောင်းကို ဒေသခံများက အထူးမကျေ မနပ်ဖြစ်နေကြရပါသည်။

စတေကာ မခွာမီနှင့် ခွာပြီးပုံ (စတေကာအား တစ်နေရာတည်းတွင်)နှစ်ထပ်ပြုလုပ်ထားသည်) (ပုံ) -------------------------------------------------------------------------
- မူရင်းသတင်း-- Rakhine Straight Views

မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်မည်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်

မန္တလေး အောက်တိုဘာလ ၁၂ ရက်နေ့တွင် မန္တလေးသံဃာတော်များက မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ရုံခန်း လာရောက်ဖွင့်မည်ကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။
ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဆုတောင်းပြည့်ဘုရား ဝင်းအတွင်း စုရပ်နေရာမှ မွန်းလွဲပိုင်းတွင် စတင်စီတန်းလှည့်လည်ကာ ဦးပွားဘုရားမှ အနောက်သို့ စစ်ကိုင်း မန္တလေး လမ်း၊ ထိုမှ မြောက်ဖက် ၄၂ လမ်းအထိ၊ ၄၂ လမ်းမှ အရှေ့ဖက် ၇၈ လမ်းအထိ၊ ၇၈ လမ်းမှ တောင်ဖက်သို့ ဦးပွားဂုံးကျော်ပေါ်တက်ပြီး ဦးပွားဆုတောင်းပြည့်ဘုရားတွင် ပြီးဆုံးမည်ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာလမ်းတွင် သံဃာတော်များမှ “ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ” ဆိုသည့် သံပြိုင် မေတ္တာပို့ကို ရွတ်ဆိုကြသည်။
ယခုအခါ ဆန္ဒထုတ်ဖော်နေကြသည့် မန္တလေးသံဃာတော်များသည် ဦးပွားဘုရားဝင်းအတွင်း စုရပ်နေရာမှ စတင် ထွက်လာပြီဖြစ်ကာ အင်အား ၄၀၀၀ ခန့် ဖြစ်ကြောင်း CJMyanmar မှ သတင်း ရရှိသည်။
~ သတင်း,ဓာတ်ပုံ- CJ myanmar~

ထွန်းအိန္ဒြာဗို ရဲ့ One Lady Show နိုဝင်ဘာ ၂၈ ရက်နေ့ကျင်းပမည်


ထွန်းအိန္ဒြာဗို ရဲ့ One Lady Showကို နိုဝင်ဘာ ၂၈ ရက်နေ့ကျင်းပမည် ဟု သတင်းရရှိသည်။
ဒီပွဲကရတဲ့အကျိုးအမြတ်အားလုံးကိုအများကျိုးအတွက်လှူဒါန်းမည်ဖြစ်ကြောင်း
ခွပ်ဒေါင်းအော်သံတွင်ဖော်ပြထားသည်။

မန္တလေးရှိ ထိုင်း ဘုရင့်ဂူကို စစ်ဆေးမည်

သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ (ဓာတ်ပုံ – ဧရာဝတီ)
 | October 12, 2012 |
မန္တလေးမြို့ အမရပူရ တောင်သမန် အင်း အနီး လင်းဇင်းကုန်း သုသာန်ရှိ အုတ်ဂူသည် သဖန်းပွင့် မင်းသား ဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါး(ခေါ်) ဥတွန်ပုံ ၏ အုတ်ဂူ ဟုတ် မဟုတ်ကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးမှု ပြုလုပ်မည်ဟု သိရသည်။

ယင်း အုတ်ဂူကို စစ်ဆေးမှု ပြုလုပ်ရန် မန္တလေးမြို့တော်ဝန်ကလည်း ခွင့်ပြုထားသည်ဟု ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် Mr. Somchai Seanglaiက ပြောကြားကြောင်း ထိုင်းဘာသာနှင့် ရေးသားထားသည့် Matichon အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

“မြန်မာ အစိုးရကလည်း အဲဒီနေရာကို ပြုပြင်ဖို့ လုပ်နေတယ်ဆိုပြီး ထိုင်းအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းရပြီးတော့ မန္တလေးမြို့တော်ဝန်ကို အကြောင်းကြားတယ်၊ မန္တလေးမြို့တော်ဝန်ကလည်း အမြန်ဆုံး လာရောက်စစ်ဆေးဖို့ အကြောင်း ပြန်ကြား ထားတယ်”ဟု Mr. Somchai က ပြောဆိုသည်။

ကျောက်ဘွား ဒေါက် မဒူဝါး(ခေါ်) ဥတွန်ပုံ(Uhtumphon) ထိုင်း ဘုရင်၏ အုတ်ဂူ ဟုတ်မဟုတ် ထိုင်းနိုင်ငံမှ သမိုင်းပညာရှင်များကို ဖိတ်ခေါ်၍ စုံစမ်းစစ်ဆေးမည့် အဖွဲ့တခု ဖွဲ့ရန် လတ်တလော စီစဉ်ထားပြီး ထိုင်းနိုင်ငံ အနေနှင့် သမိုင်းအရ အရေးကြီးသည့် ကိစ္စတခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် သွားရောက်မည့် နေ့ရက်ကိုဖော်ပြထားခြင်း မရှိပေ။

လက်ရှိတွင် မန္တလေး အာဏာပိုင်များက အဆိုပါ ထိုင်းဘုရင့် အုတ်ဂူ အပါအ၀င် အဓိက သမိုင်းဝင် ပုဂ္ဂိုလ်များ မြှုပ်နှံထား သည့် လင်းဇင်းကုန်း သုသာန်ကို ဖျက်ဆီး၍ မြေကွက်ရိုက်ရန် စီစဉ်နေကြောင်း သိရသည်။

မန္တလေး ဒေသခံများကမူ မြန်မာပြည်သို့ ရောက်ရှိလာသည့် ထိုင်း ခရီးသွားများအနေနှင့် ယင်းအုတ်ဂူကို ဆီမီး၊ အမွှေးတိုင်များဖြင့် လာကန်တော့ကြသည် ဟု ပြောဆိုသည်။

ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး (ခေါ်) ဥတွန်ပုံကို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာမှ သုံ့ပန်းအဖြစ် ဘုန်းကြီးဝတ်နှင့် အင်းဝသို့ ခေါ်ဆောင်လာပြီး ဘိုးတော်ဘုရား လက်ထက်၌ နတ်ရွာစံသွားခဲ့ ကြောင်း မြန်မာ့သမိုင်း မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

ကုန်းဘောင်ခေတ် မြန်မာ ဘုရင်များ လက်ထက်က အင်းဝ၊ အမရပူရ နှင့် မန္တလေးအနီးတွင် နေထိုင်ကြသည့် မွတ်စလင်(ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများ ကွယ်လွန်လျှင် မြှုပ်နှံရန် အတွက် လင်းဇင်း သုသာန်တွင် လူမျိုး၊ ဘာ သာ အလိုက် နေရာများ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ သမိုင်း၌ အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် ပဂ္ဂိုလ်ကြီးများ မြှုပ်နှံရာ ရန်ကုန်မြို့ရှိ သမိုင်းဝင် ကြံတော သင်္ချိုင်းကို ၁၉၉၇ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ဖြိုဖျက်၍ ကားပွဲစားတန်း ပြုလုပ်ခဲ့ သေး သည်။

ရှေးကျသည့် သမိုင်းဝင် လင်းဇင်းကုန်း သုသာန်ကို ဖျက်ဆီးပစ်မည် ဆိုပါက သမိုင်းအမွေ အနှစ်အရ ဆုံးရှုံးပြီး တိုးတက်လာသည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း မန္တလေးမြို့ရှိ သမိုင်း အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်သူများက ထောက် ပြ ကြသည်။

သန်းထိုက်ဦး(မူရင်းသတင်း-- ဧရာဝတီသတင်း)

အချိန်နှင့်တပြေးညီ တို့မြန်ပြည်(လှိုင်ဘွား/၈၈)



ကျူးကျော်မွတ်ဆလင်ဘင်္ဂလီကုလားတွေ
တိုင်းပြည်ထောင်ဖို့ အတွက် ရောက်လာတဲ့
မိစ္ဆာ အိုအိုင်စီအုပ်စုကို တိုင်းပြည်ထဲကိုခေါ်သွင်းနေချိန် -

ပြည်ကြီးတရုတ်တွေကို မန္တလေးမှာ နိုင်ငံသား မှတ်ပုံတင်ထုတ်ပြီး နေခွင့်ပေးနေချိန်မှာ -

ဓါးမဦးချဘိုးဘွားပိုင် လယ်ယာမြေတွေကို
ခရိုနီများနှင့် အာဏာပိုင်များပေါင်းပြီး သိမ်းယူ၍
လယ်လုပ်သူလယ်သမားများ ထမင်းငတ်နေချိန် -

မြန်မာ့မြေမှာမွေး မြန်မာ့မြေမှာကြီးသော မြန်မာ
တိုင်းရင်းသားစစ်စစ်များ မြန်မာ့မြေပေါ်တွင်
ကျူးကျော်နေထိုင်သူများဟု ရိုးစွပ်ခံရပြီး
အိမ်များကို ခရိုနီတို့ နှင့် အာဏာပိုင်တို့ ပေါင်း ပြီး ဘူဒိုဇာဖြင့်ထိုးဖျက်နေချိန် -

တရုတ်လုပ်ငန်းရှင်များ၊ မြန်မာခရိုနီ တစုနှင့်
အပေါင်းအပါ အာဏာပိုင်များတို့ ၏အကျိုးစီးပွါး
အတွက် သယံဇာတများကြောင့်ဖြစ်ပွါးနေသော
စစ်ပွဲများအတွင်း ....
မိမိမွေးရပ်မြေမှာတင် စစ်ပြေးဒုက္ခသည်ဖြစ်နေရသည့်
အပြစ်မဲ့ ကချင်တိုင်းရင်းသား ပြည်သူများ။

လှိုင်ဘွား/၈၈
Photo: Credit and thank to who took it.

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးတင်သိန်း၏ ပြုမူပြောဆိုမှုအား ၈၈မျိုးဆက်ကျောင်းသားများ(ထားဝယ်) မှ ကန့်ကွက်ရှုတ်ချ သည့်သဘောထားကြေညာချက်ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးတင်သိန်း၏ ပြုမူပြောဆိုမှုအား ၈၈မျိုးဆက်ကျောင်းသားများ(ထားဝယ်) မှ ကန့်ကွက်ရှုတ်ချ သည့်သဘောထားကြေညာချက်


 


မြန်မာဘက်က မုန်တိုင်းရှောင်သူတွေ ဘင်္ဂလား ထိန်းသိမ်း

 
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်၊ မုန်တိုင်းလွတ်ရာမှာ ခိုလှုံကြဖို့ ကမ်းကိုကပ်လာကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်း သမား ၂၈၉ ဦးကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့၊ ဒါကာမြို့တော်မှာ အခြေစိုက်တဲ့နေရိဉ္စရာ သတင်း မှာ ဖေါ်ပြထားပါတယ်။ မနေ့က တက်ကနတ်(ဖ်)ချောင်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတွေဟာ ငါးဖမ်းစက်လှေ ၃၆ စီးနဲ့ အတူ နတ်မြစ်ဝ က (အုန်းကျွန်း)လို့ခေါ်တဲ့ စိန့်မာတင်ကျွန်း အနီးမှာ ကမ်းကပ် လာစဉ်မှာ၊ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

ငါးဖမ်းသမားအများစုဟာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ မြင်းလွှတ်၊ ကျောက်ပန်းတူ၊ သ၀င်ချောင်းဘက်မှ ပင်လယ်ပြင်တွင် ငါးရှာနေကြတဲ့ သူတွေ ဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး၊ နိရဉ္စရာ သတင်းမှာ ဖေါ်ပြထား ပါတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို လောလောဆယ်မှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက အစားအစာများနှင့် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးထားတယ်လို့ လည်း သိရပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့ည သန်းခေါင်အလွန် ကြာသပတေးနေ့ မနက်အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ရဲ့ တောင်ပိုင်းကမ်းရိုးတန်းက ခရိုင်ပေါင်း (၆)ခု နဲ့ ဘိုလာ (Bhola)၊ ဟတ်တီယာ (Hatiya) နဲ့ ဆန်းဒွစ်ပ် (Sandwip) ကျွန်းတွေ ဆီကို၊ အပူပိုင်းမုန်တိုင်းတွေ ကျရောက်ခဲ့တာကြောင့်၊ အနည်းဆုံးလူ (၁၉)ဦး၊ သေဆုံးခဲ့ရပြီးတော့ လူပေါင်း (၁၅၀၀)လောက် ပျောက်ဆုံးနေတယ်လို့၊ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီမုန်တိုင်းတွေကြောင့် ရွှံ့၊ သံဖြူ၊ ကောက်ရိုး စတာတွေနဲ့ ဆောက်ထားတဲ့ အိမ်အလုံးပေါင်း အနည်းဆုံး (၁၅၀၀)ဟာလည်း ပင်လယ်ရေလှိုင်းတွေနဲ့အတူ ပါသွားခဲ့ပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော် ဇော ဈာပန အကျဉ်းချုံး ပြုလုပ်

 11.10.2012
 မြန်မာလွတ်လပ်ရေးလှုပ်ရှားမှု နဲ့ ဖက်ဆစ်ဆန့် ကျင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့ ဈာပနကို ဒီကနေ့မနက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အကျဉ်းရုံး ကျင်းပခဲ့ပြီးတော့ မီးသဂြိုလ်ခဲ့ပါတယ်။ ကြွင်းကျန်တဲ့ အရိုးပြာကိုတော့ တစ်ချိန်ချိန်မှာ မြန်မာပြည်ကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။ "မနက်ပိုင်းမှာပဲ ဒီနေ့ မနက်ပိုင်းလောက် ကျနော်တို့ တခုမှမပါဘဲ မီးသဂြိုလ်တာကတော့။ ဖေဖေ့ရဲ့ စိတ်ဆန္ဒအတိုင်းပဲ အရိုးအရှင်းဆုံးနဲ့ ကျနော်တို့ အရိုးပြာကို ဇာတ်သိမ်းခဲ့တယ်ပေါ့ဗျာ။ အရိုးပြာကတော့ ကျနော်တို့ တစ်ရက်ရက်မှာ ကျနော်တို့ ပြန်နိုင်ရင်ပြန်ပေါ့ မပြန်နိုင်တဲ့အခါမှာတော့ အရိုးပြာကို ဗမာပြည်ကိုရောက်အောင်ပို့မယ်။" ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၃နာရီခွဲမှာ ကူမင်းမြို့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပါ။ အသက် ၉၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောဟာ ပြီးခဲ့တဲ့ ၂လလောက်ကတည်းက အဆုတ်ရောင်ရောဂါကြောင့် အရေးပေါ်ခန်းမှာ ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဆေးရုံတက်ကုသနေစဉ် သူမသေခင် မှာ ရွှေတိဂုံ စေတီတော် ကို ဖူးချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ရဲဘော်သုံးကျိပ် အဖွဲ့ဝင် တစ်ဦးအနေနဲ့ပြန်လာဖို့ ကမ်းလှမ်းထားပြီးတဲ့နောက်မှာ ကွယ်လွန်သွားခဲ့တာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ ကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အရိုးပြာအိုးကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဖက်မုဒ်က သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်ဂူခြေရင်းမှာ မြှုတ်နှံဖို့ ဆန္ဒရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကျန်နေတဲ့ အရိုးပြာကို ဘယ်လိုစီမံမလဲဆိုတာ မိသားစုအပေါ်မှာပဲ မူတည်တယ်လို့လည်းပြောပါတယ်။ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ချိန်မှာတော့ သားသမီးများဖြစ်ကြတဲ့ ဒေါက်တာ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော နဲ့ ဦးအောင်ကျော်ဇော တို့ ကျန်ရစ်ခဲ့ပါတယ်။ ဒီလကုန်ပိုင်း မှာတော့ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိပေါင်းချုပ် ဖြစ်တဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" ဆိုတဲ့ စာအုပ်ကို မြန်မာပြည်တွင်းမှာ ထုတ်ဝေမှာဖြစ်ပါတယ်။
 မခွာညို VOA

အမေရိကန် ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည်

Deputy Secretary of State William J. Burns


















အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး William Burns ဟာ အောက်တိုဘာလ ၁၇ ရက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

မစ္စတာဘန်း(စ) ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေကိုရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ တွေ့ဆုံဖို့ ရှိတယ်လို့ ကြာသပတေးနေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဌာပြောခွင့်ရ Victoria Nuland ကပြောပါတယ်။

ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဘန်း(စ)ဟာ အောက်တိုဘာလ ၁၃ရက် စနေနေ့မှာ အာရှဒေသ ၅နိုင်ငံ ခရီးကို စတင်မှာဖြစ်ပြီး ပထမဦးဆုံး ဂျပန်နိုင်ငံကို သွားရောက်မှာပါ။ ဂျပန်နိုင်ငံမှာ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးအပါအ၀င် အကြီးတန်း အရာရှိတွေနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးပြီး တနင်္လာနေ့မှာ တောင်ကိုရီးယား နိုင်ငံ ကိုသွားရောက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံကို မလာခင် တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်သလို မြန်မာနိုင်ငံက အပြန် ကြာသပတေးနေ့မှာတော့ အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့ကို သွားရောက်ပြီး နှစ်နိုင်ငံ စီးပွါးရေး၊ လုံခြုံရေး နဲ့ ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။

KNU မှ ထုတ်ပယ်ခံရသူတို့ မူလရာထူး ပြန်ရဖွယ်ရှိ

(လေးဝါး)စခန်း အစည်းအဝေးခန်းမ (ဓာတ်ပုံ- ဧရာဝတီ
 စစ်ဦးစီးချုပ်အပါအ၀င် အဖွဲ့၏ ထိပ်တန်းရာထူးများမှ ထုတ်ပယ်ခံရသူတို့ မူလတာဝန်များ မကြာခင် ပြန်ရဖွယ်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၀ါရင့် ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။

အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြလက်ထက်တွင် အလားတူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသည်ဟု ဆိုသည်။

၂၀၀၃ ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး နှုတ်ကတိ သဘောတူညီချက်ကို ဆန့်ကျင်မှုဖြင့် ထိုစဉ်က စစ်ဦးချုပ် တာဝန် ယူထားသူ ဗိုလ်ချုပ်ကြီးတာမလာဘော (လက်ရှိ KNU ဥက္ကဌ) ရာထူး ဖြုတ်ချခံရခြင်းကို သူက ရည်ရွယ်ခြင်း ဖြစ်သည်။

“အဲဒီနှစ်ကုန်ပိုင်းမှာကျင်းပတဲ့ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ကာကွယ်ရေးဌာန တာဝန်ခံဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြက မတ်တပ်ရပ်ပြီး ကရင်တော်လှန်ရေးအကျိုး၊ KNUအကျိုး၊ ကရင် တမျိုးသားလုံး အကျိုးအတွက် ဗိုလ်ချုပ်ကြီး တာမလာဘောကို ထုတ်ပယ်သောအမိန့် ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်” ဟု ရှင်းပြသည်။

၉ နှစ်အကြာတွင် KNU အတွင်း စစ်ဦးစီးချုပ်ကို ရာထူးမှ ထုတ်ပယ်မှု ထပ်မံဖြစ်ပွားခဲ့သည်။

ရာထူးမှ ထုတ်ပယ်ခံရ ၃ ဦး

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ်
ပဒိုဒေးဗစ်ထော၊ ဗဟိုတရားရေးဌာန တာဝန်ခံ
ပဒိုရောဂျာခင်၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ

ဖြစ်ပွားပုံမှာ ဗဟို၏ခွင့်ပြုချက်မပါဘဲ ဘားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ရာတွင် ဦးဆောင်သည့် ထိပ်တန်းခေါင်းဆောင်များကို KNU ဗဟိုကယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပယ်ခံများက အဖွဲ့အစည်းအတွင်းစည်းလုံးညွတ်မှု ပြန်လည်ရရှိနိုင်ရေး၊ သင်ပုန်းချေရေး ရည်ရွယ်ချက်ဖြင့် သတင်းစာရှင်းလင်းပွဲကို လာမည့်စနေနေ့တွင် မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ် ပျက်သွားပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ တပ်စခန်းတခုတွင် KNU ဗဟိုခေါင်းဆောင်တချို့နှင့် ထုတ်ပယ်ခံများဘက်မှ ကိုယ်စားလှယ်နှစ်ဦး ယနေ့ ပဏာမ တွေ့ဆုံကြပြီးနောက် ဆက်လက် ဆွေးနွေးကြရန် သဘောတူညီလိုက်ကြပြီဖြစ်ကြောင်း တပ်မှူးတဦးက ပြောသည်။

ယနေ့ဆွေးနွေးပွဲကို ဗဟိုဘက်မှ အသစ်တင်မြှောက်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဘောကျော်ဟဲ ဦးဆောင် တက်ရောက်သည်။ ထုတ်ပယ်ခံသူများဘက်မှ KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ ပဒိုထူးထူးလေးတို့ တက်ရောက်ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါ်ပေါက်လာသည့် ထုတ်ပယ်မှုကြောင့် အဖွဲ့အတွင်း ထောက်ခံသူများနှင့်မထောက်ခံသူများအကြား တင်းမာမှုများ ရှိသည့်အတွက် ယခုလ ၈ ရက်နေ့မှစတင်ကျင်းပမည့် KNU ဗဟိုကော်မတိအစည်းအဝေးနှင့် ၁၅ ကြိမ်မြောက်ညီလာခံကို ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားရသည်။

နောက်ဆုံးရရှိသည့်သတင်းများအရ တွေ့ဆုံညှိနှိုင်းပွဲ၊ ဗဟိုကော်မတီအစည်းအဝေး၊ ၁၅ ကြိမ် မြောက် KNU ညီလာခံတို့ကို လာမည့် ရက်ပိုင်းအတွင်း ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရသည်။

ထုတ်ပယ်ခံထားရသူများလည်း ဆွေးနွေးပွဲ တက်ရောက်ကြမည်ဟု KNU အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

ဆွေးနွေးပွဲများ ဆက်တိုက်လုပ်မည့်နေရာမှ တပ်မဟာ ၇ နယ်မြေရှိ လေးဝါး တပ်စခန်း ဖြစ်ကြောင်း သိရသည်။
 ပြည်တော်မြင့် (ဧရာဝတီ blog)

ငြိမ်းချမ်းရေး ရံပုံငွေ ကြောင့် နိုင်ငံရေး ဖြေရှင်းမှု ဘေးဖယ် ခံရဖွယ် စိုးရိမ်


ကချင်ထိန်းချုပ်နယ်မြေအတွင်း လိုင်ဇာဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ကစားနေကြပုံ ( ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂)

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေ အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးရံပုံငွေ ချထားပေးတာတွေဟာ ငြိမ်းချမ်းရေး အတွက် တကယ်လိုအပ်တဲ့ နိုင်ငံရေးအဖြေရှာမှုတွေထက်၊ ဖွံ့ဖြိုးရေး အတွက်ပဲ အဓိက ဆောင်ရွက်တာမို့ ဦးတည်ချက်လွဲမှာ စိုးရိမ်ကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူ တချို့ကပြောပါတယ်။

နော်ဝေ၊ ကမ္ဘာ့ဘဏ်၊ EU ဥရောပသမဂ္ဂ၊ ဗြိတိန်၊ Australia နဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းပြီး ဇွန်လထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ နော်ဝေနိုင်ငံ အခြေစိုက် Peace Donor Support Group လို့ခေါ်တဲ့ ငြိမ်းချမ်းရေးရံပုံငွေအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေမှုတွေ ကြောင့် ဒီဒေသတွေအတွက် ကနဦး ရံပုံငွေ ဒေါ်လာသန်း ၃၀ ချထားပေးဖို့ပါ အဖွဲ့က ကတိပေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း CDDP လို့ခေါ်တဲ့ လူထုဦးဆောင်လှုပ်ရှားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ အတွက် ဒေါ်လာ ၈၅သန်း ချထားပေးပြီး စာသင်ကျောင်းတွေ၊ ရေရရှိရေးနဲ့ လမ်းပမ်းဆိုင်ရာ အပြင် တခြား ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့ အညီလုပ်ဆောင်မယ့် လုပ်ငန်းတွေကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရရဲ့ လုပ်ဆောင်မှုမှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး မပါဝင်နိုင် သေးသလို သူတို့ရဲ့ လုပ်ဆောင်မှုတွေကနေ ပြည်တွင်း ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေး တဲ့ အတွက် ဖွံ့ဖြိုးရေး ကိစ္စတွေမှာ လုံးပမ်းရင်း၊ ရေရှည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး အရဖြေရှင်းမှုတွေနဲ့ အလှမ်းဝေးသွား နိုင်တယ်လို့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောကြပါတယ်။

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး ကတော့ သူတို့ လုပ်နေတာတွေဟာ ထာဝစဉ် တည်တံ့မယ့် ငြိမ်းချမ်းရေး အတွက်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်ရေးရအောင် နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာစေဖို့ အတွက်အားပေးတဲ့ အနေနဲ့ ဒီငြိမ်းချမ်းရေး ရံပုံငွေကို ချထားပေးတာလို့ လည်း VOA ကိုပြောပါတယ်။

နော်ဝေနိုင်ငံရဲ့ Myanmar Peace Support Initiative လို့ခေါ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးတဲ့ အဖွဲ့ဟာ မြန်မာအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့ January လကတည်းက ပါဝင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မည်


လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားမှာ ထူးထူးခြား ခြား ဆု တွေ ချီးမြှင့်သွားမည်ဟု သိရပါသည်။

နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အနုပညာရှင်များကို ရုပ်ရှင် သူရဲကောင်း ဆု တွေ ချီးမြှင့်မည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြား မှ ကြေညာသွားခဲ့ပါတယ်။
အစည်းအရုံး ဥက္ကဌ၏ စကားအရ  လူရွှင်တော် ဇာဂနာ၊ နာရေး ကူညီမှုအသင်း( ရန်ကုန်)က ဦးကျော်သူ၊ 
သရုပ်ဆောင် ရဲတိုက်တို့ဟာ ဆုရ နိုင်ခြေများတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။ 

ဒီအပြင် လူမှုရေး ထူးချွန်ဆု များကိုတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အတွက် လူမှုရေး လုပ်ငန်းတွေ မှာ ရံပုံငွေ ရှာဖွေ ပေးခဲ့ကြ တဲ့ အနုပညာရှင်တွေကို ပေးအပ်ဖို့ ရှိပါတယ်တဲ့။ အဲဒီဆုတွေအတွက်လည်း လူတွေက သိပြီးဖြစ်နေမှာပါ။

ဒီဆုတွေနဲ့ပတ်သက်လို့ ပြေတီဦး၊ ခန့်စည်သူ၊ အိနြေ္ဒကျော်ဇင် စသူတွေလည်း ရဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ နောက်ထပ်ပေးမယ့် ဆုတမျိုးကတော့ မြန်မာ့ဂုဏ်ဆောင်လို့ စည်သူဘွဲ့ရ အနုပညာရှင်တွေဖြစ်ကြတဲ့ ဘိုကလေး တင့်အောင်၊ ဒါရိုက်တာ မောင်မြင့်မြတ်၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ မင်းသမီးကြီးတွေ ဖြစ်ကြတဲ့ ဒေါ်စံရှားတင်၊ဒေါ်မြင့်မြင့်ခင်၊ ဒေါ်နွဲ့နွဲ့စန်း စတဲ့ အနုပညာရှင်တွေကိုလည်း တသက်တာ ရုပ်ရှင်ဆုတွေ ချီးမြှင့်ဖို့ ရှိပါတယ်။

အဆိုပါ မြန်မာရုပ်ရှင်နေ့ အခမ်းအနားမှာတော့ အခုလို ဆုချီးမြှင့်မှုတွေအပြင် ဖျော်ဖြေပွဲတွေ၊ အသံတိတ် ဇာတ်ကားတွေ၊ စတာတွေနဲ့ တင်ဆက်သွားဖို့လည်း ရှိပါတယ်တဲ့။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက်နေ့ မှာ မြန်မာ့ပထမဆုံး ရုပ်ရှင်ဖြစ်သော အဖြူအမဲ အသံတိတ် ဇာတ်ကားဖြစ်တဲ့ "မေ တ္တာနှင့် သူရာ" ဇာတ် ကား ကို ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် ဖရေဇာ)အနီးက ရွိုင်ရယ် ရုပ်ရှင်ရုံမှာ ပထမဆုံး စတင်ပြသခဲ့တာကြောင့် အဲဒီနေ့ကို မြန်မာ့ရုပ်ရှင်နေ့လို့ သတ်မှတ်ခဲ့ကြတာပါ။

အခုဆိုရင် မြန်မာ့ ရုပ်ရှင်သက်တမ်း ၉၂ နှစ် ပြည့်ပါပြီ။ အဆိုပါ မေတ္တာနှင့် သူရာ ဇာတ်လမ်းက ဆရာကြီး ပီမိုးနင်းရဲ့ ဇာတ်လမ်းဖြစ်ပြီး မြန်မာ့ ရုပ်ရှင် ဖခင်ကြီးလို့ ဆိုရမယ့် London Art ဦးအုံးမောင်က မင်းသား ဦးညီပုနဲ့ အတူအခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး အသံတိတ်ရုပ်ရှင် လည်း ဖြစ်ပါတယ်။

အသံတိတ် ရုပ်ရှင်ဇာတ်လမ်းဖြစ်လို့ အဲဒီခေတ်က မြန်မာ့ ဆိုင်းဝိုင်းကြီးတွေနဲ့ ဖျော်ဖြေတီးမှုတ်၊ ဇာတ်လမ်း အသံ သရုပ် ဆောင်မှုတွေ ခံစားလို့ ရအောင် ဖန်တီးခဲ့ကြတာပါ။
Ref: http://blog.irrawaddy.org

"ကျည်ကာဝတ်စုံနှင့် ကျည်ကာမော်တော်ဆိုင်ကယ်ဖြင့် ဆွမ်းခံကြွရသော ထိုင်းဘုန်းကြီးများ"

"ကျည်ကာဝတ်စုံနှင့် ကျည်ကာမော်တော်ဆိုင်ကယ်ဖြင့် ဆွမ်းခံကြွရသော ထိုင်းဘုန်းကြီးများ"
 ထိုင်းတောင်ပိုင်းတွင်မွတ်စလင်များ၏ဖိအားပေးမှုများပြားလာနေသည်။
သောကြာနေ့မှာ ဈေးမရောင်းရန် ဒေသအတွင်း အကြမ်းဖက်အဖွဲ့မှ တောင်းဆို ထား၏။
ဗုဒ္ဓဘာသာဝင်တွေ ဈေးရောင်ရောင်းရင်လဲ ခြိမ်းချောက်ခံနေရသည်။