Pages

Saturday, November 24, 2012

*မေးပါရစေတော့

ကြယ်နီ ရေးသည်။

- လယ်တီကိုမိုင်းခွဲတာနဲ့ပတ်သက်လို့ပါ လယ်တီဟာ သမိုင်းဝင်အရတန်ဖိုးရှိပါတယ် ...တန်ဖိုးဆိုတာငွေပဲမြင်လို့မရဘူးလေ အဲဒါတွေ့ကို သမိုင်းဝင်တန်ဖိုးအတိုင်း ................... ဦးပိုင်နဲ့ တယုတ်ကြီးက အလျော်ပေးနိုင်စွမ်းရှိသလားလို့မေးပါရစေ

- အသိဥာဏ် နည်းပါးပီး ပညာမတတ်တဲ့လယ်သမားမို့ လယ်ပဲထွန်စားတတ်ပါတယ် ခေတ်မှီယန္တယားတွေကိုသုံးပီး.... သတ္တုတူးဖော်ဖို့ဆိုတာသူတို့အတွက် ဘယ်တုန်းကမှမစဉ်းစားမိတဲ့ အရာကြီးပါ .. သူတို့ဟာ သာမန်လယ်လုပ်မယ် လယ်စိုက်မယ် အချိန်တန်ရင်ဒါလေးနဲ့ဝမ်းကျောင်းတယ် ဒီလိုအသက်မွေးနေတာပါကျနော် သိသလောက် ဒိအတွက် မနာလိုဖြစ်တာမဟုတ်ရပါဘူး သူတို့အနာဂတ်အရေးအတွ့က် စိတ်ပူပီးကန့်ကွက်ခြင်းမျှသာလို့မြင်သလို .သူတို့တွေဟာ ဟာမတတ်ဖြစ်ခြင်းကရောဘယ်သူ့အပေါ်မှာ တာဝန်တည်နေသလဲ ဖြေပေးပါ


- အရေးအကြီးဆုံးတချက်ထပ်မေးချင်တယ် အဲဒီ ကြေးနီစီမံကိန်းရဲ့အကျိုးအမြတ်ဟာ ဘယ်သူ့အတွက် အဓိကဖြစ်သလဲ အဲဒီအကျိုးခံစားခွင့်အထိရောက်ဆုံး ဘယ်သူတွေရမှာလဲ တယုတ်လား ၊ ဦးပိုင်လား ..ပြည်သူလား လယ်သမားလား ?
ပြည်သူတွေတကယ်ရမယ်လို့ အာမခံနိုင်ပါသလား...?


- သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်လို့အော်ပီး ဖွတယ်လို့ ပြောတယ် ကျမမေးချင်မိပါတယ်ဒီစီမံကိန်းကို အတင်းလာလုပ်သူကဘယ်သူလဲ လယ်သမားလား ဦးပိုင်နဲ့ဝမ်ပေါင်လား ? ဒါဆို ဘယ်သူက လေ့လာသင့်တာလဲ လေ့လာသင့်တယ်ဆိုတာက စီမံကိန်းဖက်ကနေပီးတော့ လုပ်ပေးရမှာလေ investment law မှာပါတဲ့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုရှိမရှိ ဒါက သူတို့ဖက်ကလုပ်ရမှာမဟုတ်ဘူးလား ဘယ့်နှယ်ပြည်သူကိုလွှဲချနေတုန်း ..... မေးပါရစေဦး ရှင့်?????????


- ကျောက်တွင်းတွေ ရေနံတွေ .. သဘာဝဓာတ်ငွေ့ Gas ခဲမဖြူ အဖြိုက်နက် စတာတွေ ဟိုးအရင်ကလည်းတူးတယ် အခုလည်းတူးနေခဲ့တယ်.. ဒါပေမယ့်ကျမတို့ဟာ ဘာကြောင့် ကနေ့သယံဇာတမရှိတဲ့ စင်္ကာပူကိုလိုက်မမှီတာလဲ ??????????? တူးတာကတူးရမှာပဲ တူးမှ နိုင်ငံခြားငွေရမယ်ဆိုတာဟာ ပြည်သူ့အတွက် ဖြစ်ရင်တော့ကောင်းတာပေါ့လေ အဲဒီငွေကလည်း လူတစုလက်ထဲစီးဆင်းနေတော့လည်း ကန့်ကွက်မိပါတယ်..ကျမတို့ကအဲဒါမှားများနေသလားရှင့် ?????

- ၀မ်ပေါင်က အဲဒီအလုပ်သမားတွေကိုအလုပ်အကိုင်နေရာပေး မှုကတွေကရောသူတို့ လယ်ထွန်စားတုန်းကနဲ့ ထေမိပါ့မလား ??????????????? ကျနော်စိတ်ပူမိတယ် ရိုးသားစွာစိတ်ပူတယ် ဘယ်သူ့ကိုမှကလော်ချင်တာမဟုတ်ဘူး.

အကယ်လို့သာ လက်ပံတောင်းတောင်ဟာပြည်သူအကျိုးပြုစီမံကိန်း တကယ်ဖြစ်နေခဲ့ရင်သူများမြှောက်ပေးလို့ အမောင်တောင်မှန်းမြှောက်မှန်းမသိဝေဖန်ရင် ကိုယ်တောင်ငရဲကြီးဦးမယ်လေ.. ရှင်းပြပေးပါဗျို့...................


လေးစားစွာဖြင့် လက်ပံတောင်းတခေါက်မှမရောက်ဖူးသော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်မဟုတ်သော ...
 လယ်သမားမဟုတ်သော ကျနော် KN@ shwe yi
ကြယ်နီ(Facebook)

ဘန်ကောက်ဆန္ဒပြပွဲအကြို အစိုးရ အရေးပေါ်အမိန့်ထုတ်


စနေနေ့ ဘန်ကောက်မြို့တော်မှာ  အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး မစခင် ထိုင်းအစိုးရက  အရေးပေါ် အမိန့်အာဏာကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်တဲ့ ဒီလူထုချီတက်ပွဲမှာ လူဦးရေ ၇ သောင်းလောက် ရှိတယ်လို့ ရဲဘက်က ခန့်မှန်းထားပါတယ်။ ထိုင်းအစိုးရကတော့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်တာလို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ပေးပို့ထားတဲ့ သတင်းကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက်  အစိုးရ ဆန့်ကျင်ရေး ချီတက်မှုတွေကို တားမြစ်တဲ့ ISA ခေါ်  နိုင်ငံတွင်း လုံခြုံရေး အက်ဥပဒေကို ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က ကြာသပတေးနေ့ နှောင်းပိုင်းမှာ နိုင်ငံတ၀န်းကို ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။

"အစိုးရ အနေနဲ့ ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ဖို့ အဆင့်သင့်ရှိနေပါတယ်။ အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ ဥပဒေတွေ ၊ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေ ကို ကျော်လွန်ပြီး ဖြစ်လာနိုင်တာကို အစိုးရ အာဏာပိုင်တွေမှာ အထောက်အထားတွေ ရှိနေပါတယ်လို့ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က ပြောပါတယ်။ အစိုးရ အနေနဲ့ ဥပဒေနဲ့ အမိန့်အာဏာကို မယွင်းရအောင် ထိန်းချုပ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခြေအနေတိုင်းကို ကြိုတင် ကာကွယ်မှုကိုလည်း တိုးမြှင့် လုပ်ဆောင်သွားမယ်" လို့လည်း သူမက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အင်တာနက် လုံခြုံရေး ဥပဒေဟာ ဆိုရင်လည်း အစိုးရအနေနဲ့ သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်ကို ချမှတ်နိုင်သလို၊ အီလက်ထရောနစ် မီဒီယာနဲ့ ဆက်သွယ်ရေး တို့ကို ဆင်ဆာတည်းဖြတ်နိုင်ခွင့် အာဏာ ၊ လူထု လှုပ်ရှားမှုတွေကို တားဆီးခွင့်၊ ဖမ်းဆီးခွင့် အမိန့်အာဏာလည်း ရရှိထားတာ ဖြစ်ပါတယ်။

အစိုးရက လူထုချီတက်ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ခရိုင်အတွင်းက ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိတွေ အပါအ၀င် ထောင်ပေါင်းများစွာသော ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိ တွေကို အင်အား စုဆောင်းထားပါတယ်။ Pitak Siam လို့ သိကြတဲ့ ဆန္ဒပြအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အစိုးရရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို စွပ်စွဲ ပြောဆိုထားပြီး အစိုးရက စိုးရိမ်နေသလို လူထု ချီတက်မှုတွေက အကြမ်းဖက်မှုတွေ ဖြစ်လာအောင် ဆွပေးလိမ့်မယ်ဆိုတာကို ငြင်းပါတယ်။

Pitak Siam အဖွဲ့ရဲ့ ဒုတိယအကြိမ် လူထု ချီတက်ပွဲကို ဦးဆောင်တဲ့ အငြိမ်းစား စစ်တပ် ဗိုလ်ချုပ်ကြီး ကတော့ ဒီချီတက်ပွဲမှာ လူ ၁ သိန်း ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဗိုလ်ချုပ် Boonlert Kaewprasit ကလည်း စစ်တပ်က အာဏာသိမ်းစေချင်တယ်ဆိုတဲ့ မူလက သတင်းတွေမှာ သူ မှတ်ချက်ပေး ပြောဆိုထားတာကို ငြင်းပါတယ်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ပြောခွင့်ရ Sunai Pasuk ကတော့ ၀န်ကြီးချုပ် ယင်းလတ် ထည့်သွင်းပြောဆိုသွားတဲ့ ဒီမိုကရေစီစနစ်ကို  Pitak Siam က ဆန့်ကျင်သလို ဖြစ်နေတယ်ဆိုပြီး သူက ပြောပါတယ်။


Pitak Siam ဟာ ဒီမိုကရေစီ စနစ်ကို တင်မြှောက်မှုကို ဆန့်ကျင်တဲ့ မူရှိနေပါတယ်။ ဒီ လှုပ်ရှားမှုက ရွေးကောက်ခံ နိုင်ငံရေး သမားတွေ လွှတ်တော်ထဲမှာ လူထု ကိုယ်စားပြုနေတာကို ဆန့်ကျင်နေတယ်ဆိုတာ သိပ်ရှင်းပါတယ်။ အစိုးရဘက်ကလည်း ဒီကိစ္စကို အသုံးချပြီး  ၀န်ကြီးချုပ် ယင်းလတ်က  ရှင်းရှင်းလင်းလင်း ပြောသွားတဲ့ အထဲမှာဆိုရင် Pitak Siam ဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူ လူထု ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိလာတယ်လို့ ထည့်ပြောသွားပါတယ်။


အခု လူထု ချီတက်ပွဲဟာ ၂၀၁၀ ကတည်းကဆိုရင် အကြီးဆုံး လူထု ချီတက်ဆန္ဒပြမှု ဖြစ်ပါတယ်။ လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ လက်ရှိ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင် နေရသူ  မစ္စတာ သက်ဆင်ရှင်နာဝပ် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ သူ့ကို ထောက်ခံသူတွေ အဘီဆစ် အစိုးရကို နုတ်ထွက်ပေးရေး ချီတက် တောင်းဆိုမှု နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။


မစ္စတာ အဘီဆစ်က ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့ ကမ်းလှမ်းခဲ့တာကို သက်ဆင် ထောက်ခံသူတွေက ပယ်ချလိုက်ပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်တုန်းက သတင်း ၆ ပတ် ကြာမြင့်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေ ဘက်ကရော လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်ကပါ စုစုပေါင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

မစ္စတာ သက်ဆင်ကတော့ ထိုင်းနိုင်ငံရေး ပေါ်မှာ သြဇာညောင်းဆဲ ဖြစ်ပြီး ညီမဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ကို နောက်ကွယ်က ကြိုးကိုင်သူနေသူလည်း ဖြစ်ပါတယ်။

မစ္စ ယင်းလတ်ဟာ အထူးသဖြင့် ကျေးလက်နဲ့ မြို့ပြ ဒေသက အလုပ်သမား အလွှာက ထောက်ခံမဲ အများစုနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရပေမယ့်လည်း ထိုင်းနိုင်ငံရေး ရာသီဥတုက သိပ်တော့ မကြည်လင်လှသေးဘဲ အခက်အခဲတွေ ရှိနေဆဲဘဲ ဖြစ်တယ်လို့ Sunai က ပြောပါတယ်။

အတိတ်ကာလတုန်းက နိုင်ငံရေး ပဋိပက္ခတွေကို အပြစ်မပေးဘဲ ခွင့်ပြုထားတာတွေကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ မတည်ငြိမ်မှုတွေ အတော်များများ ကျန်ရှိနေစေတာ ဖြစ်ပါတယ်။ ဘယ်ဘက်ကဘဲ ဖြစ်ဖြစ်  နိုင်ငံရေး ပဋိပက္ခ ကျူးလွန်သူတွေကို  တရားစွဲဆိုမှုဆိုတာ မရှိပါဘူး။ ဒါက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကြား ခွဲဝေ ကျင့်သုံးနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း ဖြစ်ပါတယ်။

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် အစိုးရရဲက လုပ်ဆောင်ချက်တွေပေါ်မှာ အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ ဆွေးနွေးငြင်းခုံမှုကနေ ဒီ ချီတက်လှုပ်ရှားမှုကလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီလို ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တင်းမာမှုတွေဟာ အခွင့်ထူးခံတွေ၊ အစိုးရအရာရှိတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အကြား ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အစိုးရလက်ထက်က နိုင်ငံရေး အရ ပိုပြီး သြဇာကြီးလာတဲ့ အရင်းရှင် လူတန်းစားသစ်ကို ဆန့်ကျင်မှုဟာ မပြီးဆုံးသေးဘဲ ဆက်ပြီး ဖြစ်ပွားနေတာသာ ဖြစ်တယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်ရှင်။
VOA

မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်တွေ အဖမ်းခံရ

23.11.2012
 အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီနဲ့ ပြေလည်မှု မရရှိသေးတဲ့ ရမည်းသင်း မိုးထိမိုးမိရွှေတူး လုပ်သားတွေဟာ နေပြည်တော်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ရာမှာ အလုပ်သမားခေါင်းဆောင်တွေကို ပဲခူးတိုင်းတောင်ငူခရိုင် မြို့လှမြို့ ရေနီစက္ကူ စက်ရုံအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ကနေ ဒီကနေ့ မနက်မှာဖမ်းဆီးခဲ့ပါတယ်။ ရွှေတူးလုပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထားပေမဲ့လဲ အလုပ်သမားတွေအနေနဲ့က ရည်မှန်းချက်အတိုင်း နေပြည်တော်အထိ ဆက်လက် ချီတက်သွားမယ်လို့လဲဆိုပါတယ်။ ဒေသခံခရိုင် ရဲအရာရှိတွေကနေ ချီတက်ဆန္ဒပြတာ(၃)ရက် ရပ်နား ပေးဖို့မေတ္တာရပ်ခံချက်ကို ရွှေတူးအလုပ်သမားတွေဘက်ကလက်ခံခဲ့ပေမဲ့ ခရိုင်ရဲတွေကနေ ပေးထား တဲ့ဂတိပျက်ကွက်မှုရှိခဲ့တယ် လို့လဲ ရွှေတူးလုပ်သားခေါင်းဆောင်တွေကပြောပါတယ်။
ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

ဒေသခံခရိုင်ရဲမှူးရဲ့မေတ္တာရပ်ခံချက်ကြောင့် ပဲခူးတိုင်းတောင်ငူခရိုင်မြို့လှမြို့မှာ လမ်းလျှောက်ချီတက် ဆန္ဒပြတာ(၃)ရက် ရပ်နားထားတဲ့ မိုးထိမိုးမိရွှေတူးအလုပ်သမားတွေဟာ ဒီကနေ့ စတင်ထွက်ခွါရာမှာ ရေနီမြို့အ၀င်မှာ လုံခြုံရေးရဲတပ်ဖွဲ့တွေကနေ အင်အားသုံးပြီး ဆန္ဒပြခေါင်းဆောင်(၄)ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြရွှေတူးအလုပ်သမားတွေကပြောပါတယ်။ ဒီဆန္ဒပြရွှေတူးအလုပ်သမားတွေ မြို့လှ မြို့ကနေ စတင်ထွက်ခွါတဲ့အချိန်ကစပြီးတော့ အရပ်ဝတ်ရဲတွေကနေ လိုက်ပါလာပြီး ရေနီစက္ကူစက်ရုံ အ ရောက်မှာ အသင့်စောင်းဆိုင်းနေတဲ့ ရဲတပ်ဖွဲ့တွေကနေ ရွှေတူးလုပ်သားခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီး သွားတယ်လို့ ဖမ်းဆီးခံရသူ ဆန္ဒပြခေါင်းဆောင် ကိုရဲရင့်ထွန်းရဲ့ဇနီးဖြစ်သူ မအိမွန်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“(၉)နာရီခွဲလောက်မှာပေါ့နော်။ ကျွန်မတို့ ထွက်လာတဲ့လမ်းတလျှောက်မှာပေါ့။ သူတို့ရဲ့ လူဝတ်တွေနဲ့ ပေါ့။ ရဲတွေပေါ့နော်။ ပါလာတယ်ရှင့်။ (၂၆)ယောက်လောက်က လမ်းဘေးဝဲယာကနေ ကျွန်မတို့က ဒီဘက် ကလျှောက် သူတို့ကဟိုဘက်ကလျှောက်ပြီးလိုက်ခဲ့ပါတယ်။ ရေနီစက္ကူစက် နားရောက်တဲ့အခါ ကျတော့ ရှေ့ကနေပြီးတော့မှ ရဲအင်အား(၂၀၀)ပေါ့နော်။ ဒိုင်းတွေနဲ့ ကာတဲ့အချိန် လူဝတ်တွေကပေါ့နော်။ ၀င်ပြီးတော့မှ ကျွန်မတို့ခေါင်းဆောင်တွေကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ ခေါင်းဆောင်ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်ပါရှင့်။ ခေါင်းဆောင်ပိုင်းတွေကိုတော့ သူတို့ရဲ့လက်ထိပ်နဲ့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်ရှင့်။ ကျွန်မတို့ခေါင်းဆောင်ပိုင်းတွေ တော်တော်နာသွား မယ်ရှင့်။ ကျွန်မတို့လဲ သူတို့ကို ကားပေါ်တင်သွားတဲ့အချိန်မှာ ကျွန်မတို့ရဲ့ကျန်ခဲ့တဲ့ လူအုပ်စုကို ထိန်းနေတာနဲ့ဆိုတော့လေ။”

အဖမ်းဆီးခံထားရသူ မိုးထိမိုးမိရွှေတူးလုပ်သားခေါင်းဆောင်(၄)ဦးကို မြို့လှမြို့ရဲစခန်းမှာချုပ်နှောင်ထား တယ်လို့လဲ မအိမွန်ကျော်ကပြောပါတယ်။
အခုလို ရွှေတူးလုပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးသွားပေမဲ့လဲ ကျန်ရှိနေတဲ့ဆန္ဒပြသူတွေဟာ နေပြည် တော်အရောက် လမ်းလျှောက်ချီတက်သွားမယ်လို့လဲ ချီတက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ မအိမွန်ကျော်က ပြောပါတယ်။

“ကျမတို့ကတော့ တဗိုလ်ကျရင်တဗိုလ်တက်တဲ့စံနစ်နဲ့ ကျမတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နေပြည်တော်ကိုရောက်အောင်သွားမှာပါရှင့်။”

မန္တလေးတိုင်းရမည်းသင်းခရိုင်မှာရှိတဲ့ မိုးထိမိုးမိရွှေတူးလုပ်သားတွေဟာ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီနဲ့သဘောတူညီထားတဲ့ ရွှေမြင်တင်စာချုပ်ပါ အချက်(၆)ချက်ကိုတောင်းဆိုတဲ့အနေနဲ့ နိုဝင်ဘာ လ(၈)ရက်နေ့ကတည်းက ရန်ကုန်မြို့ကနေ နေပြည်တော်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ရွှေလုပ်သား ၇၆ ဦးမှာ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။

ရန်ကုန်မြို့ကနေ မိုင်(၂၇၀)ဝေးကွာတဲ့ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာစဉ်မှာ ပဲခူးတိုင်းတောင်ငူ ခရိုင် မြို့လှမြို့ကိုရောက်စဉ် နိုဝင်ဘာ(၂၀)ရက်နေ့မှာ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးကနေ ချီတက်ဆန္ဒပြတာကို (၃)ရက် ရပ်နားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရွှေတူးလုပ်သားခေါင်းဆောင်တဦးဖြစ်သူ ဦးမြင့်ရီကအခုလိုပြောပါတယ်။

“သူတို့ အဲဒီတုန်းက ပြောသွားတဲ့ စကားကတော့ ခင်ဗျားတို့ (၃)ရက်နားနေမယ်ဆိုလို့ရှိရင် ဒီဘက်သွားရေး လာရေးကိစ္စ သူတို့တာဝန်ယူတယ်လို့တော့ ခရိုင်ရဲမှူးကပြောတာပါခင်ဗျ။ အဲဒီလိုပြောခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ သူတို့လုပ်ချင်တဲ့ဟာကိုသူတို့ အာဏာပိုင်အနေနဲ့ တို့လုပ်နေတာဘဲခင်ဗျ။”

မိုးထိမိုးမိက ရွှေတူးအလုပ်သမားတွေ လမ်းလျှောက်ချီတက် ဆန္ဒပြတဲ့အချိန်မှာ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ကိုယ်တိုင် မြို့လှမြို့ကို ရောက်ရှိလာပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းခဲ့ပေမဲ့ ရွှေတူးအလုပ်သမားတွေက လက်မခံဘဲ နေပြည်တော်အထိ အရေးဆိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်ကိုရဲရင့်ထွန်းရဲ့ဇနီးဖြစ်သူ မအိမွန်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၄)ရက်ကတည်းက အလုပ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို အရေးဆိုဆန္ဒပြဖို့ နေပြည် တော်အထိချီတက်လာစဉ်လမ်းခုလတ်မှာ အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီဘက်ကနေ အလုပ် သမားတွေနဲ့အပြန်အလှန် ညှိနှိုင်းပြီး ရွှေမြင်တင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ရွှေမြင်တင်စာချုပ်ပါ အတိုင်း အလုပ်သမားတွေရဲ့နစ်နာကြေးတောင်းဆိုမှုတွေနဲ့ပက်သက်ပြီး မိုးထိမိုးမိ ရွှေတူးအလုပ်သမားတွေနဲ့ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီတို့ရဲ့အကြားမှာ ပြေလည်မှု မရရှိသေး တဲ့အတွက် နေပြည်တော်အထိ တိုင်ကြားဖို့ အခုလိုလမ်းလျှောက်ချီတက်ဆန္ဒပြရတယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

မိုးထိမိုးမိဒေသက ရွှေထုတ်လုပ်ခြင်းကို အသေးစားလုပ်ငန်းရှင်များကနေ ၂ဝဝ၄ခုနှစ်မှ စတင် လုပ်ကိုင် ခဲ့ပြီး (၂၀၁၁)ခုနှစ်တွေမှာ အမျိုးသားကြီးပွါးတိုးတက်ရေးအုပ်စုကုမ္ပဏီတို့ကနေ တရားဝင်လုပ်ပိုင်ခွင့် ရခဲ့ပါတယ်။ အသေးစားရွှေတူးဖေါ်ရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရာကနေ မေလ ဆန်းလောက်မှာ ကုမ္ပဏီကနေ အသေးစားတူးဖေါ်သူတွေအပေါ် တူးဖေါ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ အခုလိုအသေးစားလုပ်ငန်းတွေကို ပိတ်ပင်ခဲ့လို့ အလုပ်သမားတွေ ထိခိုက်နစ်နာမှုရှိခဲ့တဲ့အတွက် ဇွန်လ ဆန်းမှာအလုပ်မား(၅)သောင်းကျော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကို ဆက်သွယ်စုံစမ်းပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ 
ကိုနိုင်ကွန်းအိမ်(VOA)

တရုတ် ကျေးဇူး ကြီး မား ၍ ကျေးဇူး ပြန် ဆပ် သင့် ဟု ၀န်ကြီး ဦးအောင်မင်း ပြော

 မုံရွာ ခရိုင် ဆားလင်းကြီး မြို့  နယ် အတွင်း က လက်ပံတန်းတောင် ကြေးနီ စီမံ ကိန်း ကို ဦးစီး
လုပ်ဆောင် နေ တဲ့ တရုတ် ၀ှမ်ပေါင် ကုမ္ပဏီ နဲ့  ဦးပိုင် ရဲ့  လုပ်ငန်း တွေ ကို ရပ် တန့် ဖို့  ဆန္ဒပြ နေ
တဲ့ ဒေသခံ တွေ  ၊ အလုပ်သမား ၊ ကျောင်းသား ၊ သံဃာ တော် တွေ ရဲ့  သပိတ် စခန်း ကို ရောက်
ရှိ လာ တဲ့ ဦးအောင်မင်း က ဆန္ဒပြ ခေါင်းဆောင် တွေ ကို ပြောကြား ရာ မှာ ” တရုတ် က မူဆယ်
ဘက်က နေ ပစ္စည်းတွေ သွင်း ပေး ပြီး ထမင်း ကျွေးထား ကြောင်း ၊ တရုတ် ကျေးဇူး ကြီး မား
ကြောင်း ၊ တရုတ် နိုင်ငံ ရဲ့  ကျေးဇူး ကို ကာ ပြန် ရင် အ၀ီစိ ငရဲ မှာ နောက် ဘုရား မပွင့် မချင်း
နေရ မှာ ဖြစ် တယ် ” လို့  ပြောကြား ခဲ့ တယ် လို့  ဦးအောင်မင်း နဲ့  ဆန္ဒပြ ခေါင်းဆောင် တွေ တွေ့ 
ဆုံ ပွဲ ကို တက်ရောက် ခဲ့ တဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း စောင့် ရှောက် မှု ရေး ရာ တက်
ကြွ လှုပ်ရှား သူ ကို ကျော်ဦးထွန်း က FNG ကို ပြောပါတယ်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း နဲ့  ဦးလှမောင် ရွှေ တို့  ရောက် ရှိ လာ ပြီး ဆန္ဒပြ သူ တွေ ကို
ညှို နိုင်း ခဲ့ ကြောင်း သပိတ် စခန်း ရဲ့  သဘောထား ကို ယူ ပြီး အထက် ကို တင် ပြ ပေး မှာ သည်းခံ
စိတ် ရှည် ကြ ဖို့  နဲ့  ပုတီးစိပ် ၊ တရား ထိုင် ဖို့  လည်း သူ က ထပ်လောင်း  ပြော ခဲ့ တယ် လို့  ၀ှက်မှေး
ကျေး ရွာ သူ တစ်ဦးက FNG ကို ပြောပါတယ်။

ဝက်မှေး ကျေး ရွာ သူ မသွဲ့  သွဲ့ ဝင်း က တော့ တရုတ် ဟာ မြန်မာ နိုင်ငံ ရဲ့  သယံဇာ တ တွေ ကို ကုပ်
သွေး စုပ် နေ  ကြောင်း ၊ ပြည်သူ တွေ လုံးဝ မခံ စား ရ ဘဲ တရုတ် အစိုးရ ၊ ခရို နီ တွေ နဲ့  မြန်မာ အာ
ဏာ ပိုင် တွေ သာ ခံ စား နေရ လို့  လုံး ၀ ကျေးဇူး မဆပ် နိုင် ကြောင်း ပြန်လည် ပြော ခဲ့ ပါတယ်။

လက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ကိစ္စကို ကွင်းဆင်း
စစ်ဆေးပေးဖို့  ကို လည်း ဒီနေ့  လွှတ်တော် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး
က တင် သွင်း ခဲ့ တာ ကို ထောက်ခံ အတည် ပြု ခဲ့ ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ် ဆိုင်း ဖို့  အတွက် ပြော နေ ကြ ပေမယ့် အဲဒီ ဒေသ မှာ
ပုဒ်မ ၁၄၄ ထုတ် ထား တာ ကြောင့် ရပ်ဆိုင်း ဖို့  ဆက် အရေး ဆို နိုင် ရင် အန္တရာယ် ရှိ နိုင်တယ် လို့ 
သူ က သတိ ပေး ခြိမ်းခြောက် တဲ့ ပုံ စံ နဲ့  လည်း ပြော ဆို ခဲ့ တယ် လို့  ဆိုကြ ပါတယ်။

ဆားလင်းကြီး ဒေသ က ပြည်သူ တွေ ရဲ့  အခွင့် အရေး နဲ့  သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး ကို
ပူးပေါင်း တဲ့ အနေ နဲ့  ရန်ကုန် မန္တလေး နဲ့ အခြား မြို့  ကြီး ၁၈ မြို့  လောက် မှာ လက်ပန်းတောင်
တောင် တရုတ် ကြေးနီ စီမံ ကိန်း ရပ် တန့်  ရေး ဆန္ဒ ထုတ် ဖော် ပွဲ ကို နိုဝင် ဘာလ ၂၇ ရက်နေ့ မှာ
ကျင်း ပ မှာ ဖြစ်ပါတယ်။

Feature Photo : Kuni Takahashi ( New York Times)

Friday, November 23, 2012

ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ "

 
ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။ ဒါဆိုလျင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart cardလုပ်(စား)သူ(Cronies)များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် (သိန်းပေါင်း၂၄၀၀၀) အသာလေးရ သွားလေ သည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . .
ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart cardကိုဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက ၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။
ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .
ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။ အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ .
. . ၀ါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။

ref; ဒေါက်တာခင်မောင်ညို
မန္တလေး သတင်း ပုံရိပ်များ မှ

သင်သတင်းထောက်ဖြစ်လိုပါသလား။

ဓာတ်ပုံ- J-School Network

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ J School မှ ရန်ကုန်တွင် အခမဲ့ သတင်းစာ ပညာ အခြေခံသင်တန်းပေးမည်။

သတင်းစာပညာအခြေခံသင်တန်း - ၂၀၁၂ ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်။ အတွေ့အကြုံမရှိသူ (သို့မဟုတ်) တစ်နှစ်အောက် အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်သည်။

သတင်းထောက်ဖြစ်လိုပါသလား။

တစ်လတိတိ သင်တန်း တက်ရောက်နိုင်ပါသလား။

ရန်ကုန်မြို့တွင် အခမဲ့သင်ကြားမည့် တစ်လကြာသင်တန်းတွင် သတင်းထောက်တစ်ဦး၏ အလုပ်အကိုင် အကြောင်း နားလည်စေရန်နှင့် သတင်းထောက်တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်နိုင်ရန် လိုအပ်သည့် အခြေခံ ပညာများ သင်ကြားပေးမည်ဖြစ်ပါသည်။

နယ်မှလာရောက်သူများအတွက် လမ်းစရိတ်၊ အစားအသောက်နှင့် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်သည်။ လွတ်လပ်သည့် သတင်းစာပညာသင်ကြားမှုတွင် အတွေ့အကြုံရှိသော သတင်းစာပညာသင်တန်းဆရာ များက အနီးကပ် ကြီးကျပ်သင်ကြားပေးမည်။

မိမိကိုယ်တိုင် သတင်းလိုက် သတင်းရေး အင်တာဗျူးမေးမြန်းခြင်းများ လက်တွေ့လုပ်ရမည်။ အလုပ်ရှာနိုင် ရန် လိုအပ်သည့် အဆက်အသွယ်၊ ကွန်ယက်နှင့် အခြားလိုအပ်သည်များအတွက် မိတ်ဆက်ပေးနိုင်မည်။ သင်တန်းတက်ရန်အတွက် အောက်ပါ လျှောက်လွှာဖောင်ကို မိမိကိုယ်တိုင် မြန်မာ ဘာသာဖြင့် ဖြည့် သွင်းရမည်။

ပဏာမ အရွေးခံရပါက လူတွေ့စစ်ဆေးမှု ဆက်လက်ဖြေဆိုရမည်။ တိုင်းရင်းသားဒေသများမှ လျှောက် သူများကို အထူးလိုလားပါသည်။

ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။ 




ကိုယ်ရေးအချက်အလက်များ 

၁။ အမည် 
၂။ မွေးသက္ကရာဇ် နှင့် အသက် 
၃။ ကျား/မ 
၎။ လူမျိုး (တိုင်းရင်းသား) 
၅။ လက်ရှိ နေရပ်လိပ်စာ 
၆။ တယ်လီဖုန်း (တဆင့်ခံဆက်သွယ် ရမည်ဆိုပါက ထိုပုဂ္ဂိုလ်၏ အမည်ပါ ရေးပေးပါရန်။) 
၇။ သင်တန်းကာလ အတွင်း မိမိအစီအစဉ်ဖြင့် ရန်ကုန်တွင် နေထိုင်နိုင်ပါသလား။ 
၈။ အီးမေးလ်လိပ်စာ 
၉။ လက်ရှိ အလုပ်အကိုင် အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန်။ 
၁၀။ ယခင် အလုပ်အကိုင် - ခုနှစ်နှင့်တကွ အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန် 
၁၁။ သတင်းရေးဖူးပါသလား။ မည်သည့်မီဒီယာ၊ မည်သို့သော သတင်းအမျိုးအစား ဖြစ်သည်ကို ဖော်ပြပေးပါ။ 
၁၂။ သတင်းစာပညာသင်တန်း တက်ဖူးပါသလား။ သင်ကြားသည့် (အကြောင်းအရာ/ သင်တန်းကာလ/ ဆရာ/ ခုနှစ်/ နေရာ) ဖော်ပြပေးပါ။ 
၁၃။ အမြင့်ဆုံး တက်ရောက် ဆည်းပူးခဲ့သည့် ပညာအရည်အချင်း ဖော်ပြပေးပါ။ ချီးမြှင့်သည့် ပညာရေး အဖွဲ့အစည်း အမည် နှင့်နေရာလည်း ထည့်ရေးပေးပါ။ 
၁၄။ နိုင်ငံရေး လူမှုရေး အသင်းအဖွဲ့ လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ပါက အဖွဲ့အစည်းအမည်နှင့် တာဝန် ဖော်ပြပေးပါ။ 
၁၅။ “သတင်းထောက် ဖြစ်လိုသည့် အကြောင်းရင်း” ကို ၀ါကျ (၁၀)ကြောင်း ထက် မပိုစေရန် ဖြေဆိုပေးပါ။ ၁၆။ မိမိဦးစားပေး ရေးလိုသည့် သတင်းအမျိုးအစား ကို ဖော်ပြပေးပါ။ (နိုင်ငံရေး/စီးပွားရေး/ အားကစား စသည်) ဘာကြောင့် ထိုကဏ္ဍကို ရွေးချယ်လိုပါသလဲ။ ၀ါကျ (၅)ကြောင်းထက် မပိုစေရန် ရေးပေးပါ။ 
၁၇။ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း မည်သည့် မီဒီယာများကို ဖတ်/နားထောင်/ကြည့် ခဲ့ပါသလဲ။ ၁၈။ အောက်တွင် (မိမိဘ၀၏ အရေးအကြီးဆုံးနေ့) ခေါင်းစဉ်ဖြင့် ၀ါကျ (၁၅)ကြောင်းထက် မပိုစေရန် စာတစ်ပုဒ် ရေးဖွဲပြပါ။ မေးခွန်း နံပါတ် (၁၈)အတွက် ဖြေဆိုရန် ခေါင်းစဉ်။ မိမိဘ၀၏ အရေးအကြီးဆုံးနေ့ ၁၉။ အောက်ပါ အချက်အလက်များမှ သတင်းတစ်ပုဒ်ဖြစ်စေရန် ပြန်လည်ရေးသားပေးပါ။

ပေးထားသည့် အချက် (၁၁) ချက်ထဲမှ အားလုံးဖြစ်စေ အချို့ကိုဖြစ်စေ ထည့်သွင်းရေးသား နိုင်ပါသည်။ မိမိစိတ်ကြိုက် အစီအစဉ်ချကာ ရေးသားနိုင်ပါသည်။ ၀ါကျ (၁၅)ကြောင်းထက် မပိုစေရပါ။ 

၁. ယမန်နေ့က ကပ္ပလီပင်လယ်ပြင်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ 
၂. ထိုနေရာတွင် အလားတူပြင်းထန်သော မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်မည်ဟု မိုးလေ၀သဌာနက ခန့်မှန်းထားသည်။ 
၃. မုန်တိုင်းသည် အိန္ဒိယတွင် စတင်ကာ မြန်မာနိုင်ငံတောင်ဖက်ပိုင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံဖက်ဆီသို့ ရွေ့လျားခဲ့သည်။ 
၎. မုန်တိုင်းကြောင့် ငါးဖမ်းလှေနှစ်စီး တိုက်မိပြီး နစ်မြုပ်ခဲ့သည်။ 
၅. ယင်းမတိုင်မီ လှေနှစ်စီးအနေဖြင့် စုစုပေါင်း ငါးဆယ်ကီလိုဂရမ် (၅၀) ဖမ်းမိထားသည်။ 
၆. လှေနစ်သဖြင့် ကရင်လူမျိုး တံငါသည် ၂၇ဦး သေဆုံးခဲ့သည်။ 
၇.တံငါလှေ ကုမ္ပဏီများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းကို အစိုးရက စစ်ဆေးမည်ဟု ပြောသည်။ ၈. မြန်မာနိုင်ငံ ငါးဖမ်းလှေများသမိုင်းတွင် အဆိုးဆုံးသော မတော်တဆဖြစ်ရပ် ဟု သိရသည်။ ၉.. သေဆုံးသူများအထဲတွင် (၆)ဦးမှာ ခရစ်ယာန်များ ဖြစ်သည်။ 
၁၀. ယခုလို ဖြစ်ရပ်ကြုံတွေ့ရကြောင်း အသက်ရှင်သူထဲမှ တစ်ဦးက ပြောကြားသည်။ 

မေးခွန်း နံပါတ် ၁၉ အတွက် အောက်တွင် ရေးသားဖြေဆိုပါ။ 

၂၀။ မိမိသည် ၂၀၁၃ ဇန်န၀ါရီလတွင် ကျင်းပမည့် သင်တန်းသို့ အစအဆုံး ပါဝင်တက်ရောက်ရန် ကတိ 
ပြုပါသည်။ (ကွန်ပြူတာဖြင့် ဖောင်ဖြည့်သူများလည်း ထိုးမြဲလက်မှတ်နေရာတွင် မိမိအမည်ကို လက်မှတ် ထိုးသည့်အနေဖြင့် ဖြည့်သွင်းရေးသားပါရန်။) 

ထိုးမြဲလက်မှတ်။…………………………………………. အမည်။…………………………………………………… 

 နေ့စွဲ။……………………………………………. 

 ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။ 

 နောက်ဆုံးပေးပို့ရမည့်ရက်မှာ ၂၀၁၂ ဒီဇင်ဘာလ (၁) ရက်နေ့ ဖြစ်ပါသည်။
ဧရာဝတီ Blog

မြန်မာအတွက် နယူးဇီလန်အကူအညီ ဒေါ်လာ ၇ သန်း ပေးမည်


နယူးဇီလန်အစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မှု ပေးမယ်လို့ မြန်မာနိုင်ငံမှာ အလည်ပတ် ရောက်ရှိနေတဲ့ နယူးဇီလန်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် နယူးဇီလန်ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး (John Key) က အခုလို အကူညီပေးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

ဒီလိုအကူအညီပေးတဲ့ အစီအစဉ်အရ ပေါ်ပေါက်လာမယ့် နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ နယူးဇီလန်နိုင်ငံက နောက်လာမယ့် ၅ နှစ်အတွက် ဒေါ်လာ ၆ သန်း ရင်းနှီး မြှုပ်နှံမှု ပြုလုပ်မှာဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် မစ္စတာကီးက ပြောပါတယ်။ ပညာသင်ဆုနဲ့ အင်္ဂလိပ်စကားပြော သင်တန်းတွေအတွက်လည်း အကူညီတွေ ပေးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

မကြာခင်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရသူတွေအတွက်လည်း ဒေါ်လာ တစ်သန်း အကူအညီပေးမှာ ဖြစ်ကြောင်း နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာကီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း ပြန်လည်ပါဝင်လာစေ ရေး နယူးဇီလန်နိုင်ငံက ထောက်ခံမှာဖြစ်ကြောင်း မစ္စတာကီးက သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်စိန်က ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ရှင်းပြခဲ့သလို ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရက အရေးယူ လုပ်ဆောင်နေတာတွေကို ရှင်းပြခဲ့ တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ ရှေ့လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ သံရုံးဖွင့်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးအရကော သံတမန်ရေးအရပါ ထိတွေ့ဆက်ဆံမှုတွေ တိုးချဲ့လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

မစ္စတာ ဂျွန် ကီးရဲ့ အခုခရီးစဉ်ဟာ မြန်မာနဲ့ နယူးဇီလန်တို့အကြား ၅၄ နှစ် ကြာ သံတမန် ဆက်ဆံရေးကာလအတွင်း နယူးဇီလန်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်သလို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ လာရောက်သွားအပြီး နောက်ထပ် နိုင်ငံတကာ ထိပ်တန်းခေါင်းဆောင်တဦး လာရောက်တာလည်းဖြစ်ပါတယ်။
VOA

ASEAN လူ့အခွင့်အရေး ကြေညာစာတမ်း အမေရိကန် ဝေဖန်

 
ဆယ်နိုင်ငံပါ ဒေသတွင်းက လူဦးရေ သန်းပေါင်း ၆၀၀ လောက်တို့အတွက် အကာအကွယ်ပေးနိုင်ရေး အာမခံဖို့ရည်ရွယ်တဲ့ မဖြစ် မနေ လိုက်နာဖို့မလိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ကို အရှေ့တောင်အာရှခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ချမှတ် ခဲ့ကြတာပါ။ ဒေသတွင်းကနိုင်ငံတွေဟာ အခုဆိုရင် အမြင့်ဆုံး စံနှုန်းတွေအတိုင်း လိုက်နာဖို့ သန္နိဋ္ဌာန်ချမှတ်ခဲ့ကြပြီဆိုပြီး ဒါဟာ ကြီးမားတဲ့ အဓိက တိုးတက်မှုကြီးတခုဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။

ဒါပေမဲ့လည်း အာဆီယံရဲ့ ကြေညာစာတမ်းဟာ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ကာလ ရှည်ကြာ ဖော်ပြထားခဲ့တဲ့ မူဝါဒ စည်းမျဉ်းတွေကို အားနည်း ယုတ်လျော့သွားစေနိုင်တာကြောင့် အထူးစိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အခွင့်အရေးတွေဟာ နေရာတိုင်းအတွက် အကျုံးမ၀င်ဘူးဆိုပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်း နှိုင်းယှဉ်ချက် ဆိုတာကို အာဆီယံ ကြေညာချက်ထဲမှာ ထည့်သွင်း အသုံးပြုထားတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယား နူလန်ဒ် က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။
လူအများအပြားက ထောက်ပြ ပြောဆိုနေကြတာကတော့ ကြေညာချက် အပိုဒ် (၇) မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။ လူ့အခွင့် အရေးကို သတ်မှတ် ဖွင့်ဆိုတာမှာ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေရေးရာ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနဲ့ ဘာသာရေး နောက်ခံတွေပေါ်မှာ အခြေပြုပြီး တနိုင်ငံချင်းစီအလိုက် ဒါမှမဟုတ် ဒေသတခုချင်းစီအလိုက် ခြွင်းချက်တွေ ရှိတယ် ဆိုပြီးတော့ အဲဒီ အပိုဒ် ခုနစ်မှာ ဖော်ပြထားပါတယ်။
VOA

မောင်တော အကြမ်းဖက် ဆူပူမူ ဦးဆောင်သူ အဖြစ် စွပ်စွဲ ဖမ်းဆီးခံရသူ ထောင် ၁၂ နှစ် ချမှတ် ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူကို ဦးဆောင်သူဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ  ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို နိုဝင်္ဘာလ ၂၁ ရက်နေ့က ထောင် (၁၂) နှစ် ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။
မောင်တောတွင် ယခုလို ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ခဲ့သည်။
အဆိုပါ သတင်း ရရှိပြီး နောက် နိရဉ္စရာမှ ရှေ့နေမကြီး ဒေါ်အေးနုစိန်အား ဆက်သွယ်မေးမြန်းရာ  “ ဟိုတစ်နေ့ကတည်းက ချလိုက်တာပါ။ နှစ်တော်တော်များ ချုလိုက်ပါတယ်” ဟုပြောဆိုသည်။
ဒေါက်တာ ထွန်းအောင် ထောင် ၁၂ နှစ် ချမှတ်ခံရကြောင်းကို ပြည်တွင်း ရခိုင် သတင်းဌာန (၂) ခု ဖြစ်သော The Coral Arakan နှင့် The Rakhine Straight Views တို့တွင်လည်း ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေသော အမူနှင့်  အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် -  စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ ထပ်မံကျခံစေရန် စစ်တွေ ခရိုင် တရားရုံးက စီရင်ချက် ချလိုက်သည်ဟု ဆိုသည်။
ဒေါက်တာ ထွန်းအောင် အနေဖြင့် တရားရုံးတွင် အမှုအတွက် ရှေ့နေ မရှိသဖြင့် ၎င်းကိုယ်တိုင် အမူကို ပြန်လည် ချေပ လျှောက်လဲခဲ့ရသည်ဟု The Rakhine Straight Views က ဖေါ်ပြသည်။
ဒေါက်တာထွန်းအောင်ကို သြဂုတ်လကုန်ပိုင်းကလည်း  နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင် လဲလှယ်မူနှင့် ပတ်သက်ပြီး ထောင်ဒဏ် ၃ နှစ်ကျခံစေရန် စစ်တွေခရိုင် တရားရုံး က အမိန့် ချမှတ်ခဲ့ကြောင်း  ဆက်လက် ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား အာဏာပိုင်များမှ အမှု ၅ မှုဖြင့်  စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ထိုအထဲတွင်  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ ၊ ၄၂၀ – မှတ်ပုံတင်အတု ပြုလုပ်သည် ဆိုသော ပြစ်မှုမှာ မထင်ရှား သဖြင့် ပလပ်ခဲ့သည်ဟု သိရသည်။
ဒေါက်တာထွန်းအောင်အား မောင်တော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီး ဇွန်လ ၁၁ ရက်နေ့တွင်  မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ ခိုလှုံနေစဉ် ဒေသဆိုင်ရာ အာဏာပိုင်များက မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်ကာ ဖမ်းဆီးခဲ့သည်။
ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့က မည်သည့် ပြဿနာမှ မပေါ်ပေါက်စေရပါဟု အာမခံကာ မောင်တောမြို့ ဗလီတွင် ငြိမ်းချမ်းစွာ ဆုတောင်းပွဲ လုပ်ရန် ယခင် နစက တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီး အောင်ကြီးထံမှ ခွင့်တောင်းခဲ့သည်။
သို့သော် ဆုတောင်းပွဲ အပြီးတွင် ဗလီတွင်းမှ ထွက်လာသော လူအုပ်ကြီးက ရခိုင်နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဈေးဆိုင်များကို စတင် တိုက်ခိုက်ရာမှ ဆူပူ အကြမ်းဖက် ဖြစ်ပွားကာ ရခိုင်ကျေးရွာ တစ်ဆယ်ကျော် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ ရခိုင် အမျိုးသား အမျိုးသမီး ၁၀ ကျော် သေဆုံးခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ဆူပူ အကြမ်းဖက်မူသည် ရခိုင်တပြည်နယ်လုံးသို့ ကူးစက် ပျံ့နှံ့သွားခဲ့သည်။
နိရဉ္စရာ

စစ်ကိုင်းရွာသစ်ကြီးမှကျောင်းသား ၅၀၀ ခန့် ပြန်လည်ပြောင်းရွှေ့လြာ

ယခင် မန္တလေးမြို့ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းရွာသစ်ကြီးသို့ပြောင်းရွှေ့ခံရသည့် ကျောင်းသားများသည် ယခုလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်တာ စစ်ကိုင်းရွာသစ်ကြီးမှ မူလကျောင်းသို့ ခြေလျင်ခရီးနှင်ကာ ပြန်လည်ပြောင်းရွှေ့လာကြကြောင်းသတင်းရရှိသည်။


ကျောင်းသား ၅၀၀ ခန့် ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စစ်ကိုင်းရွာသစ်ကြီးရှိ ကျောင်းတွင် ပညာ သင်ကြားရသည်မှာ အဆင်မပြေမှုရှိ၍ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့က တောထဲက လာခဲ့ရတာပါ ဒါကြောင့်မြို့ပေါ်မှာပဲစာသင်ချင်ပါတယ်။ကျောင်းသားအားလုံး သဘောတူလို့ပြောင်းလာကြတာပါ" ဟုတိုင်းရင်းသားကျောင်းသားတစ်ဦးကပြောသည်။

ခြေလျင်ပြောင်းရွှေ့လာကြသည့်ကျောင်းသားများသည် စစ်ကိုင်းရွာသစ်ကြီးမှ ဧရာဝတီတံတား (ရတာနာပုံ) ကိုဖြတ်ကာ မြစ်ငယ်-စစ်ကိုင်း လမ်းခွဲမှတဆင့် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ မူလကျောင်းသို့
၇ နာရီ ၀န်းကျင်ကြာလမ်းလျှောက်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက် နံနက် တစ်နာရီဆယ့်ငါးမိနစ်ခန့်တွင် မူလကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများ မူလကျောင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျောင်းအုပ်ကြီးမှ မီဒီယာများအားပြန်ရန်ပြောဆိုခဲ့ပြီး မနက်မှ မေးမြန်းမှုများ ထပ်မံပြုလုပ်ရန်ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ညီညီဇော်(7 Day News)

ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြသူများ မုံရွာမြို့ကို ချီတက်

 
မုံရွာခရိုင် လက်ပန်းတောင်းတောင် စီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက် သပိတ်စခန်းဖွင့်တာ ၅ ရက်မြောက်နေ့မှာ ဆန္ဒပြသမားတွေက မုံရွာမြို့ပေါ်ကို ဒီနေ့ စတင်ချီတက်ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ နယ်မြေခံ ရွာသားတွေက တရုတ်ကုမ္ပဏီ ၀မ်ပေါင်းအနီးနဲ့ လက်ပန်းတောင်းတောင် အတက် တောင်ကြားတွေမှာ သပိတ်စခန်း ၃ ခုကို ဖွင့်လှစ်ဆန္ဒပြနေကြတာ ဒီနေ့ဆို ၅ ရက်မြောက်ပါပြီ။---

ကမ္ဘာပေါ်တွင် ရှက်စရာကောင်းသော လုပ်ရပ်တစ်ခု မြိတ်တွင် ဖြစ်ပွားခဲ့

 
22 NOVEMBER 2012
တနင်္သာရီတိုင်း မြိတ်မြို့တွင် နိုဝင် ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲမှ ၈ နာရီအထိ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ရန် ထောက်ခံသည့် ဆန္ဒ ဖော်ထုတ်ပွဲ တစ်ခု ပြုလုပ်သွားခြင်း သည် ကမ္ဘာပေါ်တွင် ရှက်စရာကောင်း သော လုပ်ရပ် တစ်ခုဖြစ်ကြောင်း မြိတ် မြို့နိုင်ငံရေးအဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိမိတို့ ကျေးရွာတွင် ရွာအုပ်ချုပ် ရေးမှူးများက တစ်အိမ် တစ်ယောက် မလာမနေရ စနစ်ဖြင့် လိုက်၍ခေါ် ဆောင်ကြောင်း၊ ကားများဖြင့် တစ်ပါး တည်းလိုက်ရန် စောင့်ခေါ်ကြောင်း၊ စက်ရုံသူဌေးကလည်း ၄င်းဆိုဒ် အတွင်းတွင် နေထိုင်သူ အလုပ်သမား များကို မလိုက်မနေရ ခေါ်ယူကြောင်း၊ မိမိတို့ အနေဖြင့် အနေအထားမှန်ကို သိသော် လည်း လိုက်သွားရကြောင်း ကျောက် ဖြာကျေးရွာမှ ဒေသခံတစ်ဦးကပြော သည်။

“ဒါက လုံးဝရာဇဝင် ရိုင်းသွားပြီး ကမ္ဘာမှာ ကျောက်မီးသွေးကိစ္စကို ဆန့် ကျင်နေတာ၊ အခု မြိတ်က ခရိုနီတွေကဒါကို ထောက်ခံတယ်ဆိုပြီး ဆန္ဒပြ တယ်ဆိုတော့ တော်တော်လည်း ရှက် စရာကောင်းပါတယ်” ဟု ၄င်းက ပြော သည်။

“ရွာမှာက အုပ်ချုပ်ရေးမှူးဆို ကြောက်ကြတော့ လိုက်ရတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့က ဒါ ကို လုံးဝမလိုလားဘူး၊ ဒီကျောက်မီး သွေးက ကောင်းကျိုး ထက် ဆိုးကျိုးပို များတယ် ပြည်သူတွေအတွက် ပို အဆင်ပြေနိုင်မယ့် သဘာဝဓာတ်ငွေ့ ကိုပဲ ပိုလိုလားတယ်။ ခရိုနီတွေ သူတို့ အကျိုး စီးပွားတစ်ခုတည်းကို ကြည့်ပြီး မသိနားမလည်တဲ့သူတွေပေါ် အမြတ် ထုတ်တာတော့ ဘယ်ကောင်းမလဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြာ ရွာအုပ်ချုပ်ရေးမှူး ဦးတင့် ဇော်က မဟုတ်ပါဘူး၊ ရပ်မိရပ်ဖတွေက တောင်းတယ်၊ မြိတ်ခရိုင်ဒေသဖွံ့ဖြိုးရေး အကျိုးဆောင် အဖွဲ့က အကူအညီ တောင်းလို့ပါ တစ်အိမ်တစ်ယောက်ဆို တာလည်း မဟုတ်ပါဘူး၊ ရပ်မိရပ်ဖ တွေက ဆန္ဒရှိတဲ့သူကို လိုက်ပို့ပေးတာ ပါ” ဟု ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို အဖွဲ့အစည်းတစ်ခုမှ ဦးဆောင်ကြောင်း မြိတ် မြို့ပုလဲရတနာခန်းမရှေ့တွင် လူစုပြီး ကွက်သစ်လမ်းဆုံအထိ လူဦးရေ ၂၅၀ ဝန်းကျင် စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ကြောင်း၊ ပါဝင်သူများမှာ ခရိုနီ များ၏ ခိုင်းဖတ်များ၊ ကျောက်ဖြာရွာ၊ လော့လော့ရွာ၊ ပင်းအိုရွာ၊ အထူးဆိပ် ရွာ၊ ကျွဲကူးရွာရှိ ပြည်သူများကို ရပ်ရွာ အုပ်ချုပ်ရေးမှူးများထံတစ်ဆင့် စည်းရုံး ခေါ်ယူထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျွန်တော်တို့ နိုဝင်ဘာ ၄ ရက်နေ့ ပြတုန်းက မိုက်မသုံးပါဘူး၊ အခုကျ တော့FMမိုက်ခ်တွေနဲ့ဆိုတော့ တစ်မျိုး ပေါ့၊ လှုံ့ဆော်တာတွေ၊ ကြိုတင်ဖြန့်ဝေ တာတွေလည်း မလုပ်ရဘူးလို့ ပြော တယ်၊ အခု ဒီအဖွဲ့က ကားတွေနဲ့ ရွာ တွေမှာ မလိုက်မနေရ လိုက်ခေါ်တယ် လို့ ကြားတယ်။ ဒါကျတော့ အရေး မယူဘူး၊ ဒီကျောက်မီးသွေးက လူထု အတွက် အန္တရာယ်ကြီးမားတာကို သိ ရက်သားနဲ့ လက်ခံတယ်ဆိုတော့ တော် တော်အခြေအနေဆိုးသွားပြီ” ဟု မြိတ် ခရိုင် ၈၈ မျိုးဆက် ကိုအောင်နိုင်ဦးက သုံးသပ်ပြောဆို ထားသည်။
Susan (THE PUBLIC IMAGE) တွင်ဖော်ပြသော သတင်း

Thursday, November 22, 2012

တောင်ကြီး တန်ဆောင်တိုင်ပွဲ မြင်ကွင်းများ(ဓာတ်ပုံ)




တောင်ကြီးတန်ဆောင်တိုင် ပွဲခင်း


The Voice Weekly မှ

“ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ”


နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အနေနှင့် ဂျပန်နိုင်ငံတွင်ကျင်းပသည့် အိုကီနာဝါကျွန်း ၂ဝ၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ သော မနန်းခင်ဇေယျာသည် Miss Internet Award နှင့်အတူ People ChoiceAwardဆုနှစ်ဆုတို့အား ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသောအခါ မရမ်းချောင်းကျေးရွာ ရှိ အနာကြီးဝေဒနာရှင်များထံသို့ သွားရောက်ကုသိုလ်ပြု လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် “အနိမ့်ကျဆုံး သော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး(စစ်ဘေး) အစ ရှိသည့် လူမှုရေးလုပ်ငန်းရပ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကုသိုလ်ဖြစ် လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၁.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် မနန်းခင် ဇေယျာသည် လာရောက် ၍ အလှူငွေ (၂) သိန်းကျပ်တိတိအား ထည့်ဝင်လှူဒါန်းခဲ့သည်။

ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုလုပ်ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာ ရေး၊ ပညာရေး အစရှိသည့် လုပ်ငန်းရပ်များအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ထိုသို့ လေ့လာမှုပြုရာတွင် အသင်းတွင် သင်ကြားပို့ချပေးနေသော တက္ကသိုလ်ဝင် တန်း စာသင်စာကျက်ဝိုင်းသို့၎င်း၊ ကွန်ပြူတာသင်တန်းသို့၎င်း၊ သုခအလင်းစာကြည့်တိုက်သို့၎င်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း တွင် ဆေးဝါးကုသနေကြသော လူနာများအား လိုက်လံကြည့်ရှု အားပေး ကာ မြန်မာ နိုင်ငံလူမှုရေးအသင်း အဖွဲ့များအား (၇) ရက်စခန်းသွင်း၍ သင်ကြားပေးနေသော “စွမ်းရည်မြှင့်သင်တန်း”မှ သင်တန်းသား/သူများနှင့် အချိန်ပိုင်း သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကိုအလင်းဆက်(IR)တို့နှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပေးခဲ့သည်။ ကိုအလင်းဆက်(IR)နှင့် ဥက္ကဋ္ဌ ဦးကျော်သူတို့မှ မိမိ၏ အောင်မြင်မှုကို လူမှုရေးလုပ်ငန်းရပ်များတွင် အသုံးချကာ တိုင်းပြည်အတွက် အကျိုးရှိမည့် ပေးဆပ်မှုများလုပ်ဆောင်ပေးရန် တိုက်တွန်းစကားဆိုခဲ့သည်။ ထို့နောက် မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ၏ လူမှုရေးပေးဆပ်မှုများအား ကိုယ်တိုင်မြင်တွေ့ခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့အား တွေ့ဆုံ ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်လုပ်အားပေးအဖြစ်ဝင်ရောက်လုပ်ကိုင်လိုကြောင်း ပြောကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းကို ခံယူခဲ့ရကာ အများပြည်သူတို့၏ အင်တာနက်မဲဆန္ဒကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်၊ မြန်မာ့အလှကို ကမ္ဘာမှသိရှိအောင် စွမ်းဆောင် ပေးခဲ့သော မြန်မာအမျိုးသမီးငယ် တစ်ဦးဖြစ်သူ မနန်းခင်ဇေယျာသည် အများပြည်သူတို့အတွက် ကူညီ ဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်၍လုပ်အားဒါနများ ပြုလုပ်ပေးမည်ဟု ဆိုခြင်းသည် မြန်မာပြည်သူ/သားတို့အား ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်တော့သည်။ မနန်းခင်ဇေ ယျာနှင့် ဂုဏ်ပြုကဒ်ပြား လက်ခံမှုအား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ မိမိအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အချိန်ပေး၍ နာရေးကူညီမှု (ဈာပနလမ်း ကြောင်း)တွင် လုပ်အားပေးနိုင်ရန် ကြိုးစားပါမည်ဟု ဝမ်းသာအားရပြောကြားခဲ့သည်။ ထိုသို့ စိတ်အား ထက်သန်စွာဖြင့် နုငယ်သော အမျိုးသမီးငယ်တစ်ဦးမှ ရဲဝံ့စွာပြောကြားလိုက်သော စကားသံသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အများပြည်သူလူထုတို့အပြင် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကပါ ဝမ်းသာအားရ သာဓုခေါ်ဆို ကြိုဆိုလိုက်ပါတော့သည်။

“ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ”

သစ်ခိုးထုတ်မှု သတင်းပေးတိုင်ကြား၍ တရားစွဲခံရသူ တကိုယ်တော်ဆန္ဒပြ

 
တရားစီရင်မှု မမျှတဟုဆိုကာ မြို့တော်ခန်းမရှေ့တကိုယ်တော်ဆန္ဒပြ ရန်ကုန်၊ နိုဝင်ဘာ ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ သစ်တေားဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံပိုင် ကျွန်းစိုက်ခင်းများကို ခိုးထုတ်နေခြင်းကို သတင်းပေးတိုင်ကြားသူ ဒေသခံဦးအောင်ကြည်မြင့်သည် ၎င်းတရားစွဲဆိုခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့နေ့လည် တစ်နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တကိုယ်တော် ဆန္ဒပြခဲ့သည်။

နိုင်ငံတော်ပိုင် အင်နှင့်ကျွန်းသစ်များ ကောလင်းမြို့ ရှိ သစ်တောဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ မှောင်ခိုထုတ်နေခြင်းကို ယင်းမြို့ခံ ဦးအောင်ကြည်မြင့်က ၂၀၁၁ ခုနှစ် အစပိုင်းမှ စတင်၍ အကြိမ်ကြိမ် တိုင်ကြားခဲ့သည့်နောက် ရဲဝန်ထမ်းများက တိုင်ကြားသူ၎င်းအား ခြိမ်းခြောက်ငွေတောင်းမှု၊ လိမ်လည်မှု၊ အဖိုးတန်စာရွက်စာတမ်းများ ရယူမှုဖြင့် တရားစွဲဆိုထားကြောင်း ယင်းအဖြစ်အပျက်ကို သတင်းမီဒီယာ များမှ တဆင့်နိုင်ငံတော် တာဝန်ရှိသူများ နှင့် ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ယနေ့ဆ န္ဒပြခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ဦးအောင်ကြည်မြင့်ကပြောသည်။

“မျှော်လင့်တာပေါ့လေ၊ သက်ဆိုင်ရာဒေသအာဏပိုင်အဖွဲ့စည်းတွေ၊ လူအခွင့်ရေးအဖွဲ့အစည်းတွေ၊ အခြားသောအဖွဲ့စည်းတွေမှ ကူညီပေးမယ်ဆိုရင်တော့ အောက်ခြေမှာ အဂတိလိုက်စားနေတဲ့ ဝန်ထမ်းတွေ အရိုးစွဲနေတဲအကျင့်၊ မကောင်းတဲ့အကျင့်တွေကို နိုင်ငံတော်ကနေပြုပြင်ပေးမယ်ဆိုရင် ဒီနေ့ ကျွန်တော်တကိုယ်တော် ဆန္ဒဖော်ထုတ်တဲ့ပွဲလေးဟာ အရမ်းတန်ဖိုးရှိမယ်လို့ ကျွန်တော်မျော်လင့်ပါတယ်”ဟု ဦးအောင်ကြည်မြင့်က ပြောသည်။

၂၀၁၂ ခုနှစ် မေ ၂၉ ရက်၊ ဂွေးတောက်ရွက် အောက်တလုံးကြားတွင် ၁၀ ဘီးကားဖြင့် တရားမဝင်သယ်လာသော ကျွန်းသစ်များကိုဖမ်းမိခြင်းနှင့် ကောလင်းမြို့နယ်ရဲစခန်းတွင် ဂျင်ဝိုင်း လုပ်နေခြင်းအား ဦးအောင်ကြည်မြင့်က စာရင်းပြုစုနေကြောင်းကို ရဲစခန်းမှသတင်းရရှိသဖြင့် ၎င်းကို လက်ဦးအောင် ဖမ်းဆီးကာ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၈၄၊ ၄၂၀၊ ၄၆၄၊ ၄၆၈ တို့ဖြင့်ကောလင်းရဲစခန်းမှ တရားစွဲဆိုထားသည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ဒေသအာဏပိုင်များသည် ၎င်းသစ်ခိုးထုတ်မူအပေါ် လမ်းကြေးများကောက်ခံခြင်းမျာနှင့် လောင်းကစားများတွင် ပိုက်ဆံတောင်ခံခြင်းများကို ဖော်ထုတ်ပေးသော ပြည်သူများအပေါ် အမူဆင်၍ မတရားလုပ်ကြံ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။ ၎င်း၏ တိုင်ကြားမူနှင့် ပတ်သက်၍ နေပြည်တော်မှ ဗိုလ်မှူးအောင်မင်းနှင့် အဖွဲ့ လာရောက်စစ်ဆေးစဉ် အမှုပေါ်ပေါက်သော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သို့ရာတွင် ယခင် တရားဝင်တိုင်ကြားမူမရှိခင်က ကောလင်းမြို့နယ်ထဲသို့ တရားမဝင်သစ်ကား တစ်ရက်ကို အနည်းဆုံး ၁၀ စီးဝင်ရာမှ ယခုနောက်ပိုင်း ငါးစီးလောက်သာ ၀င်တော့သည်ဟုလည်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

၎င်းအပေါ်တရားစွဲဆိုထားခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးဆုံးဖြတ်ချက်အရ မတရား ခြိမ်းခြောက်ငွေတောင်းသည်ဟု စွပ်စွဲထားကြောင်းလည်း ဦးအောင်ကြည်မြင့်က ဆိုသည်။

ထို့ကြောင့် ယင်းအဖြစ်အပျက်ကို မီဒီယာများမှတဆင့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်စေရန် အဂတိလိုက်စားသည့် ဝန်ထမ်းများကို တရားဥပဒေအတိုင်းဆောင်ရွက်စေလိုသဖြင့် ယခုကဲ့သို့ တကိုယ်တော်ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း သူ့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြေဆိုသွားသည်။ ။
  Yangon Press International 

Website တစ်ခုလုံးကို Download ဆွဲပြီး offline ကနေဖတ်ခြင်းတဲ့သူများအတွက် MetaProducts Offline Explorer Enterprise 6.4.3860 SR1 Full

  website တစ်ခုလုံးကို
download ဆွဲလိုရတဲ့ software ပါ Rss ကနေpost တွေကိုဖတ်တဲ့ဟမဟုတ်ပါဘူးး
download ဆွဲထားရင် တကယ်နဂို website ထဲဝင်ဖတ်ရသလိုပါ။
ဓါတ်ပုံ,စာသားတွေနဲvideo file တွေကို offline ကနေဖွင့်လိုရပါတယ်။

Internet Download Manager 6.12 Build 26 Full

onekokoaung.

                                         IDM အသစ်ထွက်လိုတင်ပေးလိုက်ပါတယ်။
UPDATE လိုခြင်းသူတွေ download ဆွဲနိုင်ပါတယ်။

မြန်မာ့စီးပွားရေး ခိုင်မာလာနိုင်ကြောင်း IMF ခန့်မှန်း

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု။ စက်တင်ဘာ ၃၊ ၂၀၁၂

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% တိုးတက်လာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနေတာတွေကြောင့် မြန်မာ့စီးပွားရေး ရှေ့လျှောက် ခိုင်မာလာနိုင်တယ်ဆိုတာကို စီးပွားရေးပညာရှင်တချို့ကလည်း သဘောတူပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်မှု အလားအလာနဲ့ ရေရှည်ခံတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သိပ်မကြာခင် နှစ်ပိုင်းကပဲ စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ သဘာဝ အရင်းအမြစ်နဲ့ နိုင်ငံခြား ပို့ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ မှုတွေ တိုးလာနေတာတွေကြောင့် မြန်မာနိုင်ငံဟာ အာရှမှာ ထွန်းတောက်လာတော့မယ့် ကြယ်တပွင့်လို့တောင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Meral Karasulu က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% ထိ တက်လာနိုင်တယ်လို့လည်း IMF က ခန့်မှန်းလိုက်တာပါ။ ဒါဟာ သိပ် အကောင်းမြင်လွန်းရာ ကျနေပါသလား၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းကတော့ အခု IMF က ခန့်မှန်းတဲ့နှုန်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ဖွံ့ဖြိုးမှုနှုန်းပါလို့ ဆိုပါတယ်။

“ပြည်တွင်းမှာ ခုနကပြောတဲ့ ဆင်းရဲမှုတွေပေါ့နော်။ ဆင်းရဲမှုတွေက ရှိနေတယ်ဆိုတာ တကယ်တော့ မမှားပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့ IMF က အခု လာမယ့်နှစ်မှာ ၆.၂၅% လို့ ခန့်မှန်းတာဟာ ကျနော်ကတော့ လုံးဝကို ဖြစ်နိုင်တယ်လို့ ထင်တယ်လေ။ ကျနော်တို့က plan အနေနဲ့ ၆.၇ လို့ ခန့်မှန်းခဲ့တာကိုး။ ဒါပေမဲ့ အခုက ၆.၂၅ ဆိုတာကတော့ ကျနော် ထင်ပါတယ်။ reasonable ပေါ့။ ဖြစ်နိုင်တဲ့နှုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ .၂၅ ပဲ။
“အခြေအနေကတော့ မနှစ်ကနဲ့ ဒီနှစ်က လုံးဝကို မတူပါဘူး။ ပြောင်းလဲမှုကတော့လေ ကျနော်တို့ ဒီ ရင်းနှီးမြှုပ်နှံမှုမှာ၊ ကုန်သွယ်မှုတွေမှာလည်း တက်လာတယ်။ ရင်းနှီးမြှုပ်နှံ မှုလည်း ဘာပဲဖြစ်ဖြစ်ပေါ့လေ တကယ် အမှန်အကန် ၀င်မလာသေးပေမဲ့ တော်တော်လေး စိတ်ဝင်တစားနဲ့ လာနေကြတာတွေ၊ စုံစမ်းနေကြတာတွေ၊ ၀င်ဖို့ ပြင်ဆင်နေတာတွေက အများကြီးပဲရှိတယ်။ အဲဒီတော့ ကျနော်တို့ကလည်း တကယ်တော့ ဒီ ၆.၂၅ ဆိုတာက ကျနော်တို့ရဲ့ မျှော်မှန်းချက်က ၆.၂၅ နဲ့ထားရင်တောင်မှ အမှန်တကယ်ဆိုရင် နည်းတယ်။ ကျနော်တို့က ခုနကပြောသလို ၈%၊ ၉% လောက်ကို ရအောင် လုပ်နိုင်မှ။ ဒါပေမဲ့ ကျနော်တို့ ရနိုင်သလားဆိုတော့ ရဖို့ အခွင့်အလမ်းတွေရော၊ အခြေအနေတွေရော ရှိပါတယ်။”

ဒီသီတင်းပတ် အစောပိုင်းကပဲ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခဲ့ တာနဲ့အတူ မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အထိုက်အလျောက် ဖြေလျှော့ပေးခဲ့တာတွေကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာအပေါ်မှာ ယုံကြည်မှု ပိုပြီး ဖြစ်လာစေတာကြောင့်မို့လို့ ဒီအချက်ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့မှာ အထောက်အကူတရပ် ဖြစ်စေတယ်လို့လည်း ဦးကျော်မင်းထွန်းက သုံးသပ် ပါတယ်။

ဒီလို အလားအလာကောင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရေရှည် ဖြစ်လာနိုင်ပါလား။ ဒီလိုဖြစ်ဖို့မှာ ဘယ်အရာတွေကို အဓိက ပြုပြင် ပြောင်းလဲသင့်ပါလဲ။ ဦးကျော်မင်းထွန်းက တော့ ခုလို ထောက်ပြပါတယ်။

“ဘာတွေ လိုလဲဆိုတော့ ဘာတွေလိုသလဲဆိုတာကို Pin-Point တခုချင်း ပြောစရာ မလိုဘူး။ ဘာတွေလိုလဲဆို အကုန်လုံး လိုတာပဲ။ ကျနော်တို့မှာ ငွေရေးကြေးရေးကဏ္ဍ၊ အဲဒီအပိုင်းထဲမှာ ဘဏ်တွေ၊ နောက် taxation system (အခွန်စနစ်) တွေ၊ legal framework (ဥပဒေပိုင်းဆိုင်ရာ ချမှတ်ဆောင်ရွက်မှု) တွေ၊ regulatory practice (စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်မှု) တွေ။

“ကျနော်တို့မှာ regulation က တချိန်လုံး စိုးရိမ်တကြီးနဲ့ regulation တွေက များနေတော့ အဲဒါတွေလည်း ကျနော်တို့က ပြန်ပြီးတော့ ပြုပြင်ရမယ်။ ဆိုတော့ ကျနော်တို့ရဲ့ ပြုပြင်ရမယ့် ဟာတွေက အများကြီးပဲ။ နောက်ဆုံး ကျနော်တို့ ပညာရေးနဲ့ ကျန်းမာရေးမှာကိုက ကျနော် ထင်တယ်၊ အခု တော်တော်လေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပေမဲ့ လုပ်စပြုလာတဲ့ အချိန်ပဲ၊ စရုံပဲ။ just starting point ပဲ။

“အခု ဒီ နိုင်ငံတကာအဖွဲ့တွေက ပြောသလိုပေါ့ human capital ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာ ရေးကိုတော့ ကျနော်တို့က ပိုပြီးတော့ လုပ်ပေးရမှာပေါ့။ ဒါမှ ကျနော်တို့က ယုတ်လျော့နေတဲ့ တိုးတက်မှုမျိုး မဟုတ်ဘဲနဲ့ သူက အရှိန်အဟုန်နဲ့ တိုးတက်မှုကိုရဖို့က ပညာရေးနဲ့ ကျန်းမာရေးကိုတော့ အဓိက လုပ်ရမယ်။ သို့သော် အဲဒါတွေတင်ပဲ လုပ်လို့လည်းမရဘူး။ တဘက်က ဘဏ္ဍာရေးဆိုင်ရာမှာလည်း အများကြီးကို လိုအပ်ချက်တွေရှိတယ်။”

ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းကို ဆက်သွယ် မေးမြန်းခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်လာခဲ့တဲ့အပေါ်မှာ အနောက်နိုင်ငံတွေကလည်း ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာ အပေါ် အရေးယူပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးခဲ့သလို IMF အပါအ၀င် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ပြီး ငွေကြေးနဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ အကူအညီတွေ ပြန်ပြီး ပေးအပ်လာတာလည်း ဖြစ်ပါတယ်။
VOA

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်၌ နောက်ကွယ်မှ ကြိုးကိုင်ကာ လှုံ့ဆော် မှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်သည့် သူများကို တရားဥပဒေအရ အရေးယူရန် ထိန်းသိမ်းထား

 
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်၌ နောက်ကွယ်မှ ကြိုးကိုင်ကာ လှုံ့ဆော်မှုများတွင် တိုက်ရိုက်ပါဝင် ပတ်သက်သည့် သူများကို တရားဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားသည်ဟု နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

'' နောက်ကွယ်က ကြိုးကိုင်သူက နှစ်ဘက်စလုံးမှာ ရှိနေပြီး အချို့သော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် ဖော်ထုတ်နေဆဲလဲ ဖြစ်ပါတယ်။ တိုက်ရိုက်ပါဝင် ပတ်သတ်သူတွေကို ထိန်းသိမ်းထားပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းက ဒေသခံများကိုသာမက လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးသူများကို ကာကွယ်ပေးထားပြီး ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ချထားပြီး ဖြစ်ကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့လည်း ရှိနေကြောင်း၊ အခြား အကြမ်းဖက်မှုများ ဖြစ်မလာစေရန် ကြိုတင် ကာကွယ်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ဒီအချိန်မှာ လက်လုပ်လက်နက်ပေါင်း ၇၂၆ ခုကို သိမ်းဆည်း ရမိပြီးလည်း ဖြစ်ပါတယ်။ အရေးယူဖို့ကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ တရားဥပဒေ စိုးမိုးမှုအတွက် အခုလို လုပ်ဆောင်နေတာဖြစ်ပြီး လုံခြုံရေးကို အချိန်နဲ့အမျှ တိုးမြှင့်ချထားပါတယ်'' ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် အင်မတန်မှ အငြင်းပွားစရာဖြစ်သည့် အသုံးအနှုန်း ဖြစ်ကြောင်း၊ မိမိတို့ပြည်ထောင်စု အစိုးရအနေနှင့်ရော၊ ရှေးက အစိုးရအဆက်ဆက် အနေနှင့်ရော ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်ကို သော်လည်းကောင်း၊ တိုင်းရင်းသားဆိုသည့် အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား အကြမ်းဖက်မှုများကြောင့် လူသေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန်လနှောင်းပိုင်းတွင် ဒေသအခြေအနေ ပြန်လည်တည်ငြိမ်စ ပြုလာခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://onekokoaung.blogspot.com မှ

အိုအိုင်စီ နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ခိုးဝင်ဘင်္ဂါလီအရေး လာရောက်လည်ပတ် စွက်ဖက် ဆွေးနွေးမယ်

ရခိုင်ပြည်တွင်းမှာရောက်နေကြတဲ့ ဘင်္ဂါလီတွေ အရေးကို လာရောက်လည်ပတ် ဆွေးနွေးဖို့ အိုအိုင်စီ (Organization of Islamic Coperation) အဖွဲ့က စီစဉ်နေတယ် လို့ မလေးရှားအစိုးရပိုင် ဘာနားမား သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ရေးသားထား ပါတယ်။

အိုအိုင်စီရဲ့ အဆိုအရ အဲသလိုဆွေးနွေးဖို့လာမယ့်အဖွဲ့ကို အိုအင်စီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အတူလိုက်ပါလာမယ် လို့ဆိုပါတယ်။

အဲသည်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဆူပူမှုကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပိုင်းအရ ဘာတွေလိုအပ်နေသလဲဆိုတာကို သုံးသပ်လေ့လာမှုပြုလုပ်သွားမှာဖြစ်ပြီး၊ အကူအညီ ပေးရေး ဆိုင်ရာ စီမံချက်တစ်ခုကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းရေးဆွဲသွားမယ်လို့ အဖွဲ့ဝင် ၅၇-နိုင်ငံပါ အိုအိုင်စီရဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုမှာ ဖော်ပြထားတယ်။

ဒီအလည်အပတ် ခရီးစဉ်ဟာ ဒဂျီဘိုတီနိုင်ငံ (Djibouti)မှာ ကျင်းပသွားခဲ့တဲ့ အိုအိုင်စီ နိုင်ငံခြားရေး ၀န်ကြီးများ ကောင်စီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ စီစဉ်နေကြ တာဖြစ်တယ်။

ကျင်းပပြီးစီးခဲ့တဲ့ (၃၉) ကြိမ်မြောက် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ သူတို့သုံးတဲ့အသုံးအနှုန်းအတိုင်း အတိအကျ ဘာသာပြန်ရမယ်ဆိုရင် “ရိုဟင်ဂျာ မူဆလင်တွေကို တိုင်းရင်းသားနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပြန်လည် အပ်နှင်းပေးနိုင်ဖို့ (restoration of the Rohingya Muslims' nationality and citizenship rights)” အရေးကို ပိုမိုအားတိုက် ဖိအားပေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဆိုပါ တယ်။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်အပတ်မ၀င်သွားခင် နိုဝင်ဘာ (၁၆) ရက်နေ့က မြန်မာနိုင်ငံအကြီးအကဲ သမ္မတ ဦးသိန်းစိန်ဟာ ဆရာတော်အချို့နဲ့ မူဆလင်ခေါင်းဆောင်အချို့ကို တွေးနွေးတင်ပြတဲ့ စကားတွေထဲမှာ လေသံတော်တော် ပြောင်းနေတာကို တွေ့ရပြီး၊ “တန်းတူရည်တူ” အစရှိတဲ့စကားလုံးတွေကို သုံးနှုန်းထားတဲ့အပြင် ယူအန်ကထုတ်တဲ့ Rakhine Response Plan ပါ ကိန်းဂဏန်း အချို့ ရှုထောင့်အချို့ကို ယူငင်သုံးစွဲ ပြောဆိုခဲ့တာကို တွေ့ရတဲ့အတွက်၊ နိုင်ငံတကာမှာ မျက်နှာရဖို့ လိုလားနေပုံပေါက်တဲ့အတွက်၊ နောက်ထပ် ရခိုင်တွေ သွေးမြေကျနိုင်တဲ့ အလားအလာ ရှိနိုင်တယ်လို့ ဒေသခံ အကဲခတ်တချို့က Coral Arakan ကို ပြောနေကြပါတယ်။
 Coral Arakan News Agency shared a status.via Ko Aung(Facebook)

အရေးမပါတာကို အရာပေးနေကြသူများသို့........

လွင်ပြင် - ရေးသည်

အခု ဘက်စုံ တောင်းဆိုမှုမျိုးက ဘတ်ကျပ်ပြသနာပဲ အရင်က စားထားဝါးထားသမျှတွေဟာ အခု လုပ်ချင်ပြီ ဆိုမှ မရှိတော့ ဘူး ။
ဘယ်မလဲ နှစ်တွေအကြာကြီး ပိတ်လှောင်ခံထားရတော့ ပြည်သူအများစုမှာလဲ အမှန်အမှား အကျိုးအကြောင်း ထောက်ပြတတ်တဲ့ good thinking ပျောက်နေပြီ အတန်းပညာတွေ ပြီးဆုံးပေမဲ့ ဘာမှမတတ်ဘူး။
ပညာမတတ်သူတွေကို ဦးချခဲ့ရတဲ့ ခေတ်ကာလတွေ။ အိုဘားမားက ဒေါ်စုကို သူတို့ယဉ်ကျေးမှုအရ နမ်းတာကို အရေးလုပ်ပြီး ဖြေရှင်းနေရတဲ့ ခေတ်။

အ မေနဲ့ သားအရွယ်ပါ။ လူအများရှေ့မှာပါ။ အဲလောက်တော့ ဝေဖန်သူများ ခေါင်းနဲ့ စဉ်းစားစမ်းပါ။

မြန်မာက အမေရိကန်ကို ဒီနှစ်ချက်ပဲ တောင်းဆိုတာ မဟုတ်ပါဘူး။ အပြုသဘော တောင်းခံလိုက်တာပါ။ အိုဘားမား လာတာကိုက ဒါပထမဆုံး ခြေလှမ်းပဲ ရှိသေးတယ်လေ အကုန်လျှောက်တောင်းနေတော့ အိုဘာမား လဲ ထွက်ပြေးမှာပဲ။ ပြီးတော့ အရမ်းအားကိုး ဖို့ ဆိုတာ စောင့်ကြည့်ရမှာ ။ တရုတ်အားကိုး လို့ တရုတ်စိမ့်ဝင်လာတယ်။ ဒါဆို နောင်အခါ ဥရောပ သတွေ တလိမ့်လိမ့် ဝင်လာတဲ့အခါရော တို့တွေ က ဒုံရင်း ပဲ တော့ မဖြစ်စေရဘူး။

ဒီတော့ အစွန်းရောက်တဲ့ တွေးခေါ်မှုမျိုး ရှောင်ရမယ်။
အခု ရခိုင်မှာ NLD ထောက်ခံမှု မရှိတော့ဘူး။ ဒေါ်စု ကြောင့် ဒီမို လမ်းကြောင်း ပေါ်ခဲ့တာ မမေ့သင့်ဘူး။ ဒါပေမဲ့ သူမှားနေတာ ဝေဖန်ပါ။ ထောက်ပြပါ။
ဧရာဝတီ သတင်းဌာနက တင်ပြတဲ့ ပုံတစ်ခုမှာ အိုဘားမားလာဖို့ အစောင့်ကြနေတဲ့ ရဲဘော်တယောက် ငိုက်နေတာ ရိုက်ပြထားတယ်။ ဒါကို အရေး လုပ်ပြီး ရဲဘော်တွေ ကို ကဲ့ရဲ့ ရှုတ်ချပြတယ်။ မေးပါရစေ။ ရဲဘော်လဲ လူပါဗျာ။ ပြီးတော့ ၅၀ကျော် အရွယ်ကြီး သူဘာကြောင့် ငိုက်နေရသလဲ။
ဒီလောက် လုံခြုံရေးကာလမှာ သူငိုက်နေတာ သူအတော်ပင်ပန်းနေတာလဲ ဖြစ်မှာပါ။ ဆိုလိုတာကဗျာ အရေး မပါတဲ့ ကိစ္စ တွေကို မြန်မာ လူမျိုးတွေ ဝေဖန်မယ် ။ အတင်းဖျင်းပြောမယ်။ ရှုတ်ချမယ်။
ကိုယ်တိုင်ကရော လုံးဝ အဖြူထည်ပဲလား။
အမှိုက်မပုံရ နေရာမှာ လူလစ်ရင် ပုံဖူးလား။
ဆေးသုတ်ထားပြီးတဲ့ လမ်းပေါ်မှာ ကွမ်းတံတွေးလေး တခါ မသိလောက်ပါဘူး ဆိုပြီး ထွေးဖူးလား။
ပြည်သူတွေ ကျင့်သုံးရမဲ့ ဝတ္တရားမှာ ကျုပ်တို့ ဘယ်လောက်ကျေနေကြပြီလဲ။ ကျနော် စစ်သားဆို အသေမုန်းတဲ့ကောင်ပါ။

ရွှေဝါရောင်တော်လှန်ရေးကတည်းက ရယ် အရပ်ထဲမှာ အပွင့်အခက်တွေနဲ့ လူတွေက မတရား ကျင့်ကြံနေတာတွေ ရှိပါတယ်။ သူတို့လမ်းသူတို့သွားမှာပါ။

လောကမှာ ကိုယ့်ဟာ ကိုယ်မကြည်ညိုမှု မှုဟာ အဆိုးဆုံးပဲ။ စဉ်းစားတွေခေါ်တတ်သော အဆင့်အတန်းမြင့်သော မြန်မာနိုင်ငံသားများ ထွက်ပေါ်လာရေး ဦးတည်ပါသည်။

ကျနော်ကတော့ ရေးပြီးပြီ ။ အောက်က ကွန်မန်းထဲ ဘယ်သူတွေဘယ်လို ဆဲဦးမလဲ စောင့်ကြည့်လိုက်တော့မယ်။
လွင်ပြင်(Facebook)

ထိုင်းနိုင်ငံမှ ၁၂၀မီဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံးအား အခမဲ့ကူညီ မည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရ

Photo From :sinsin20003.trustpass.alibaba.com
 ထိုင်းနိုင်ငံမှ ၁၂၀ မီဂါဝပ် ဂတ်စ်တာဘိုင် မီးစက်နှစ်လုံးအား မြန်မာနိုင်ငံသို့ အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့သို့ အဓိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအအဝေးတွင် ပြောကြားချက်အရ သိရသည်။ အဆိုပါစက်များအား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စက်နှစ်လုံး၏ တစ်နေ့တာမောင်းနှင်ရန်အတွက် သဘာဝ ဓာတ်ငွေ့ကုဗပေ ၈၀ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့သော်လည်း အရန်ဓာတ်အားပေးစက်အဖြစ် သာ အသုံးပြုထားသည့်စက်ဖြစ်ကြောင်း၊ စက်အသုံးပြုနိုင်သည့် သက်တမ်းမှာ နှစ်သုံးဆယ်ခန့်ဖြစ်ပြီး လက်ရှိအထိ ၁၇ နှစ်အတွင်း မောင်းချိန် ၁၄၄၀၀နာရီ ၁.၈၂ နှစ်ခန့်သာ အသုံးပြုထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်ထပ် ၂၈ နှစ် ခန့် မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ကာ ဓာတ်အား ၂၄၀ မီဂါဝပ် ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစက်နှစ်လုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့်ရှိပြီး Mitsubishi M701D ဒီဇယ်ဆီဖြင့် မောင်းနှင်ရသောစက်အမျိုး အစားဖြစ်ကာ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုမည် ဖြစ်သောကြောင့် ပြန်လည်ပြင်ဆင် အသုံးပြုရမည်ဖြစ်သည်။ ယင်းစက်နှစ်လုံးအား ထိုင်းနိုင်ငံမှ အခမဲ့ကူညီမည်ဖြစ်သော်လည်း ရန်ကုန်ဆိပ်ကမ်းမှ စက်တပ်ဆင်မည့် နေရာသို့ သယ်ယူစရိတ်နှင့် စက်တပ်ဆင်ကုန်ကျစရိတ်ကိုမူ မြန်မာအစိုးရကသာ ကျခံရမည်ဖြစ်ကြောင့် သယ်ယူတပ်ဆင်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၃.၁၆၂ သန်းနှင့် မြန်မာကျပ်သန်း ၁၃၀၀ အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားမှုကို လွှတ်တော်မှ အတည်ပြုပေးပါရန် တင်ပြထားခြင်းလည်းဖြစ်သည်။ လွှတ်တော်မှ ကုန်ကျစရိတ်များအား အတည်ပြုပေးပါက ထိုင်းနိုင်ငံ STFE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပထမအရစ် ငွေစတင်ပေးချိန်မှစ၍ ခြောက်လ အတွင်း ပထမစက်တစ်လုံးကိုလည်းကောင်း၊ နောက်ထပ်နှစ်လအတွင်း ဒုတိယစက်တစ်လုံးကိုလည်းကောင်း အပြီးတပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 
Eleven Media Group
 Photo From :sinsin20003.trustpass.alibaba.com

မပြီးဆုံးသေးတဲ့ တော်ဝင်


တော်ဝင်အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးက ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်ပေမယ့် တော်ဝင်ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထား တာကြောင့် အလုပ်သမားတွေဟာ လုပ်ငန်းခွင် ၀င်လို့မရသေးဘူးလို့ သိရပါတယ်။ 

ရက်ပေါင်း ၁၈ ရက်ုကြာအောင် ဆန္ဒပြတောင်းဆိုနေတဲ့ တော်ဝင်အလုပ်သမားတွေ ကို ရန်ကုန် တိုင်း ဒေသကြီး ခုံသမာဓိ အဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချပေးခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ နေပြည်တော် ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး ကိုယ်တိုင် အလုပ်သမားတွေ ကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 
အလုပ်ရှင်ဘက်က လုပ်ငန်းခွင်ကို ၀င်ခွင့်မပေးခဲ့ရင် ပြန်ပြီးအရေးယူ ပေးမယ်လို့လဲ ပြောသွားပါတယ်တဲ့။ 



ဦးကိုကိုထွေးက အယူခံဝင်နေတာကြောင့် အလုပ်သမားတွေကို အလုပ်ထဲဝင်ခွင့်မပေးခဲ့ပါဘူး။ အလုပ်သမားတွေကလည်း နေ့တိုင်းအလုပ်ကို သွားနေတယ်လို့ ဆိုပါတယ်။ တော်ဝင်သစ်အချော ထည်စက်ရုံဟာ အခုတော့ စက်ရုံအ၀င်လမ်းကိုပါ စည်းရိုးကာပြီး ပိတ်ထားလိုက်ပါပြီ။ 

 ( အလုပ်သမား ကိုယ်စားလှယ် ၇ဦး ခုံအဖွဲဝင်များရှေ့ ကြားနာစစ်ဆေးနေပုံ) 

 ( လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ် ၅ ဦးကို ကြားနာစစ်ဆေးနေပုံ ) 
မနေ့က ခုံသမာဓိကောင်စီက အငြင်းပွားမှုတွေကို ကြားနာစစ်ဆေးဖို့ အလုပ်သမားကိုယ်စားလှယ် ၇ဦးနဲ့ လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ် ၅ ဦးကို ကြားနာစစ်ဆေးခဲ့ပါတယ်။ 

ဒီစစ်ဆေးချက်တွေကို ၁၄ ရက်အတွင်း ဆုံးဖြတ်ပေးမယ်လို့ ပြောဆိုသွားပါတယ်။ အလုပ်သမားတွေ ကတော့ ဥပဒေနဲ့ လုပ်ငန်းရှင်တို့ လွန်ဆွဲပွဲမှာ သူတို့အတွက် အများကြီး ထိခိုက်လာနေ တယ်လို့ ဆိုပါတယ်။ 

စာချုပ်ထဲမှာဘဲ ရှိနေတဲ့ သဘောတူညီချက်တွေကိုလည်း ခံစားခွင့်မရသေးပါဘူး။ ဒါကြောင့် ဥပဒေက သူတို့အတွက် မလုပ်ပေးနိုင်ဘူးဆိုရင် ဆန္ဒပြတာကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 


ရွှေပြည်သာ အလုပ်သမားရုံးကလည်း ၀င်းလဲ့ဝတီ ငါးပုစွန်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား ပြဿာနာ ကိုဘဲ ဖြေရှင်းပေးနိုင်ခဲ့ပြီး တော်ဝင်အရေးကိုတော့ မဖြေရှင်းနိုင်ဘူးလို့ သိရပါတယ်။ 


မှောင်ခိုနှိမ်နင်းမှုအစပြုနေသည့် မြ၀တီကုန်သွယ်ရေးဇုန် အနေအထား

အင်္ဂါနေ့ကစတင်သည့် တရားမ၀င်သွင်းကုန် ဖမ်းဆီးမည့် အထူးစီမံချက်ကြောင့် မြ၀တီနယ်စပ်တွင် ကုန်သွယ်မှုထက်ဝက်ကျော် ရပ်ဆိုင်းသွားသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နေ့ညနေပိုင်းကတွေ့ရသည့် မြ၀တီကုန်သွယ်ရေးဇုန် (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
”ကုန်သည်အများစုက ပစ္စည်းတွေအောက်မပို့တော့ဘူး။  အခုဆိုရင် မြ၀တီမှာက ကုန်တွေ အောက်ကကို မဆင်းကြတော့ဘူး။ တမြို့လုံး ခြောက်ကပ်နေပြီး ခရီးသည်တင်ကားတွေပဲ အောက်ကိုဆင်းကြတယ်” ဟု မြန်မာကုန်သည်ဦးမာမက်က ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်မှ ၀န်ထမ်းတဦးကထိုင်းဘက်သွားမည့် မြန်မာကုန်များသာ ပုံမှန်ဝင်ရောက်မှုရှိပြီး မြန်မာနိုင်ငံအတွင်းပိုင်းသို့ ပို့မည့် ထိုင်းကုန်များ ယမန်နေ့က စတင်ကာ အနည်းအကျဉ်းသာ ၀င်ရောက်မှုရှိသည်ဟု ပြောသည်။

၎င်းက”မှောင်ခိုပစ္စည်းလိုက်ဖမ်းမဲ့ အထူးအဖွဲ့ကိုဖွဲ့စည်းထားပေမဲ့ ဒီနေ့အထိလုပ်ငန်းမစရသေးဘူး။ ကုန်သည်တွေကတော့ အခုထဲကစပြီး ကုန်သွယ်မှု ရပ်နားထားတယ်၊   အများစု ကုန်သွယ်နေတာတွေက တရားမ၀င်ကုန်သွယ်မှုတွေ ဖြစ်တော့ ရပ်နားထားကြတယ်လို့ ထင်တယ်” ဟု ဆိုသည်။


 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက တရားမ၀င်သွင်းကုန်  ဖမ်းဆီးအရေးယူမည့် အကြောင်း ယခုလ ၁၆ ရက်နေ့တွင် က မြန်မာကုန်သည် ၁၀၀ ကျော်ကို ဖိတ်ခေါ်ပြီး အသိပေးပြောဆိုခဲ့သည်။

ထိုင်းပစ္စည်း ၀င်ရောက်မှု နည်းပါးသွားသော်လည်း မြန်မာပြည်မှ ရေထွက်ကုန်၊ လယ်ယာ ထွက်ကုန်၊ သစ်တောထွက်ကုန်များ၊ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ထိုင်းဘက်ခြမ်း မဲဆောက်ဘက်သို့ ပုံမှန် တင်ပို့လျက်ရှိသည်ဟု ဂဏန်းကုန်သည် ကိုနိုင်က ပြောသည်။

မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောမှတဆင့် ထိုင်းကုန်ပစ္စည်းများ မြန်မာဘက် တင်ပို့မှုမှာ လစဉ် ဘတ် သန်း ၃,၀၀၀ ဘိုး ရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းက ဆိုသည်။

သို့သော် ထိုင်းကုန်သည်ကြီးတဦး၏အဆိုအရ လစဉ် မြန်မာဘက်ပို့သည့် ထိုင်းကုန်ပစ္စည်းပမာဏမှာ  ဘတ်ငွေ သန်း ၅၀၀၀ ဘိုးခန့် ရှိသည်ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှကုန်သွယ်မှု အသာရနေခြင်းသည် ထိုင်းသို့တင်ပို့နေသည့်  သဘာဝဓါတ်ငွေ့ကြောင့်ဖြစ်သည်ဟုလည်း အဆိုပါထိုင်းကုန်သည်က ဖြည့်စွက် ပြောကြားသည်။

ပြည်တော်မြင့် ~ဧရာဝတီblog

မလေးရှား လူမှောင်ခို သင်္ဘောသို့ လူတင်ပို့ရန်သွားသည့် စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထားသော လူမှောင်ခို သင်္ဘောပေါ်သို့  လူတင်ပို့ရန် သွာသည့် စက်လှေနစ်မြုပ်သွားသဖြင့် လူ ၁၀ နီးပါး ပျောက်ဆုံး နေသည်ဟု သိရသည်။
ယနေ့ နံနက်က ပျောက်ဆုံးနေသူများကို လိုက်ရှာနေသော ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့များ။
နိုဝင်္ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက လူပေါင်း ၄၀ ကို စိန်မာတင်ကျွန်းမှ တင်ဆောင်လာသော အဆိုပါ စက်လှေသည် ကျွန်းအလွန်တွင် ရုတ်တရက် နစ်မြုပ်သွားရာ လူပေါင်း ၃၀ မှာ ရေကူး၍ ကမ်းသို့ ရောက်ရှိလာသော်လည်း နောက်ထပ် ၁၀ ဦးမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
ရှင်မဖြူကျွန်းမှ မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
“ ဒီကနေ့ နံနက် စောစောက စိန်မာတင်ကျွန်းက ပင်လယ်ထဲကို အသွားမှာ နစ်သွားတာ ဖြစ်ပါတယ်။ လူပေါင်း ၄၀ မှာ ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ပင်လယ်ထဲမှာ ရပ်ထားတဲ့ သင်္ဘော ပေါ်ကို လူတွေ သွားတင်တာမှာ နစ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လူမှောင်ခို သင်္ဘောမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့မှ မလေးရှားသွားလိုသူများကို အခကြေးငွေ ယူဆောင်ပြီး ပို့ဆောင်ပေးနေသည်ဟု သိရသည်။
“ ပျောက်ဆုံးနေသူတွေထဲမှာ ဘင်္ဂလာဒေခ်ျ့က လူတွေလည်း ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ လူပေါင်းစုံ ပါဝင်ပါတယ်။ သင်္ဘောပေါ်မှာ လူပေါင်း ၇၀၀ ခန့်ပါတယ်လို့ ကြားပါတယ်။ ဒီကနေ ထိုင်းကို သွားမယ်။ ထိုင်းကနေ မလေးကို ဆက်ပို့မယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံ ဌာန တစ်ခုမှ ထုတ်လွှင့်သော သတင်းတစ်ခုတွင် ဘင်္ဂလာဒေခ်ျ့မှ  မလေးသို့ သွားနေသည့် လူမှောင်ခိုလမ်းကြောင်းကို မြေပုံများနှင့် တကွ ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့မှ တဆင့် ရန်ကုန်သို့ သင်္ဘောဖြင့် ပို့ဆောင်ပြီး ရန်ကုန်မှ တဆင့် ထိုင်းနှင့် မလေးရှားသို့ ပို့ဆောင်သည်ဟု ဖေါ်ပြသည်။ လူတစ်ဦး အနေဖြင့် ခရီးစရိတ်ငွေ တာကာငွေ ၂၀၀၀၀ မှ (၁) သိန်းထိ လူမှောင်ခိုသမားများကို  ပေးရကြောင်း သိရသည်။
ထိုသို့ လူမှောင်ခို တင်ပို့ရာ အထဲတွင် ပါဝင်သူများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အများစု ဖြစ်ပြီး ၆၀ နှင့် ၆၅ ရာခိုင်နုန်း အကြားပါဝင်သည်ဟု ဘင်္ဂလာဒေခ်ျ့မှ သတင်းဌာနကြီး တစ်ခု ဖြစ်သော UNB ယနေ့တွင် ဖေါ်ပြသည်။

ဟိုတယ်ပရိဝုဏ်တွင်း ကိန်းဝပ်စံပယ်နေရသည့် ပေါက္ကံပြည် ရှေးစေတီဟောင်းများ

““ကျွန်တော်တို့ ပုဂံမြို့မှာ ဟိုတယ် ကုမ္ပဏီကြီး တွေက မြေနေရာတွေ အပြင် ဘုရားတွေကိုပါ ၀ယ်လိုက်တယ် ထင်တယ်”” ဟု ဆို့နင့်စွာ ပြောလာသူက ပုဂံသား စစ်စစ်၊ နရပတိစည်သူ မင်းကြီး ကုသိုလ်တော် ဓမ္မရာဇက စေတီဂေါပက အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးသန်းလွင်"" - ပြဿနာ၏ အရင်းစစ်တော့ နိုင်ငံတော် သူဌေးကြီး တချို့၏ ဟိုတယ် ပရိဝုဏ်များ အတွင်း၌ပင် ပုဂံရှေးဟောင်း သမိုင်းဝင် စေတီများ တည်ရှိနေခြင်းကို လေ့လာ တွေ့ရှိရသည်။












သတင်းဓာတ်ပုံများ -ဆန်းဝင်းထွန်း