Pages

Thursday, January 17, 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင် ပြည်ပတင်ဒါ စိစစ် ပညာရှင်နှစ်ဦး ရွေးချယ် ချပေးမည်

(ရန်ကုန်၊ ဇန်နဝါရီ ၁၅)
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကို အစိုးရ၏ စွက်ဖက်မှု မပါဘဲ အပြည်ပြည် ဆိုင်ရာ တင်ဒါ စိစစ်ရေး အဖွဲ့မှ ပညာရှင်နှစ်ဦးက ရွေးချယ်မည် ဟု နိုင်ငံတော် သမ္မတ ရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
နိုင်ငံတော် တစ်ဝန်းလုံး ဆက်သွယ်ရေး ဝန်ဆောင်မှု အတွက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု ကိုချထားပေးမည် ဖြစ်၍ ဇန်နဝါရီလ ၁၅ ရက်နေ့က တင်ဒါခေါ်ယူခဲ့ သည်။
”ကိုယ်တွေပဲဆို သိပ်မကျွမ်း တော့ မရွေးတတ်ဘူး။ ဒါ့ကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြား ပညာရှင် တွေကို လာပါဆိုပြီး ခေါ်လိုက်တယ်။ ၁၆ ဦး လာတယ်။ ဒီထဲ က နှစ်ဦး ရွေးလိုက်တယ်။ သူတို့က လုပ်ကိုင် ခွင့်ကို စနစ်တကျ ရွေးပေးကြမှာ ပါ” ဟု ၄င်းက ပြောသည်။
အမြတ်အစွန်း များခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လို သူများသည် ဆက်သွယ်ေ ရးဝန်ဆောင်မှု လုပ်ငန်း နှစ်ခုကို နိုင်ငံတော် အဆင့် သတ်မှတ်ကာ တင်ဒါခေါ်ယူ ခဲ့ခြင်း ဖြစ်ပြီး ပညာရှင် အဖွဲ့၏ ရွေးချယ်မှု ကိုလည်း ဝန်ကြီးဌာန အဖွဲ့မှ တာဝန် ပေးအပ်ထားသော အဖွဲ့နှင့် နိုင်ငံတော် အဖွဲ့က မှန်ကန်မှု ရှိ မရှိ စစ်ဆေး သွားမည် ဟု ပြည်ထောင်စု ဝန်ကြီးက ထပ်လောင်းဆိုသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် တင်ဒါ ရရှိမည့် ကုမ္ပဏီနှစ်ခုသည် ယခုနှစ်မှ စတင် ၍ မြန်မာ့ တယ်လီကွန်း၊ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီများနှင့် အပြိုင်ဖုန်း ရောင်းချခွင့် ရရှိမည် ဖြစ်ပြီး ရောင်းချခွင့် အရေအတွက် မှာမူ ယခင် ၂ဝ၁၂ ခုနှစ်က ရွေး ချယ်ထားသည့် မြန်မာ့ ဆက်သွယ် ရေးပိုင် တယ်လီကွန်း နှင့် ရတနာပုံ တယ်လီကွန်း ကုမ္ပဏီတို့ထက် လျော့နည်းမည် ဖြစ်ကြောင်း သိရ သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ် ငန်းမှ ဆက်သွယ်ရေး ကဏ္ဍအထိ အပြိုင်အဆိုင် ဝန်ဆောင်မှု ပေးခြင်း ကို ကုမ္ပဏီ လေးခု အထိသာ ခွင့်ပြု မည်ဟု သိရသည်။